Monday, May 28, 2018


မန္တလေးမြို့ရွှေဆိုင် အနုကြမ်းစီးမှုလက်သည်တရားခံများကို ရှာဖွေနေ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ ရွှေစင်မြင့်မိုရ် ရတနာရွှေဆိုင်တွင် ယနေ့ မေလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခန့် က ဓားထောက် လုယက် အနုကြမ်းစီးမှုတခု ဖြစ်ပွားခဲ့သဖြင့် လက်သည်တရားခံများကို ရဲတပ်ဖွဲ့က ပိတ်ဆို့ ရှာဖွေနေကြောင်း သိရသည်။ “ဖြစ်စဉ်ဖြစ်တာကို သိသိချင်း ကျနော်တို့အဖွဲ့တွေ အားလုံးခွဲပြီးတော့ လိုက်နေတယ်၊ တရားခံတွေက စစ်ကိုင်း-မန္တလေး လမ်းအတိုင်း တောင်ဘက်ကိုမောင်းပြေးသွားတယ်လို့ သိရတာကြောင့် သူတို့ပြေးနိုင်မယ့် လမ်းကြောင်းတွေအတိုင်း ချိတ် ဆက်ပြီးတော့လည်း ပိတ်ဆို့ရှာဖွေတာတွေ လုပ်နေပါတယ်”ဟု အမှတ် ၁၀ မြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။ ဖြစ်စဉ်မှာ အမည်မသိ လူ ၂ ဦးသည် အဆိုပါရွှေဆိုင်အတွင်းသိ့ု ဝင်ရောက်ကာ ရွှေထည်များ ကြည့်မည့်ပုံစံဖြင့် လာရောက်ခဲ့ကြောင်း၊ ထို့နောက် ဓားဖြင့် ခြိမ်းခြောက်ကာ ရွှေဆိုင်ကောင်တာမှန်ကို ရိုက်ခွဲကာ လက်ကောက် ဆယ်ကွင်း စုစုပေါင်း ရွှေချိန် ၇ ကျပ်သားခန့် လုယူသွားပြီး ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြောင်းသိရသည်။ “သူက အထည်ကြည့်ဖို့ ပုံစံနဲ့လာတာ၊ အထည်ကြည့်ဖို့ ပုံစံနဲ့လာတာကို ကိုယ်ကလည်း သိပ်မသင်္ကာတာနဲ့ ထုတ်မပြခဲ့ ဘူး၊ အဲဒီအချိန်မှာ ဧည့်သည် ၂ယောက်က ထပ်ဝင်လာတယ်၊ ဧည့်သည် ၂ ယောက်နဲ့စကားပြောနေချိန်မှာ သူက ခါးကြား ကနေ ဓားထုတ်ပြီးတော့ ခြိမ်းခြောက်တယ်၊ ပြီးတော့ ကောင်တာမှန်ကို လှမ်းခွဲပြီး ပစ္စည်းကို နှိုက်ယူသွားတာပါ၊ သူ အဲဒီလို လုပ်သွားတာကို ဆိုင်ထဲမှာ ရောက်နေတဲ့ ဧည့်သည်က အော်လို့ ရပ်ကွက်ကလူတွေလည်း အုံလာတော့ သူက ရတဲ့ဟာ ကိုပဲ ဆွဲယူပြီးတော့ ပြေးတော့တာ”ဟု ရွှေစင်မြင့်မိုရ်ရွှေဆိုင် ပိုင်ရှင် ဒေါ်မာလာက ပြောသည်။ ဆက်လက်ပြီး ၎င်းက “လက်ကောက်ထဲက အကြီးတွေပဲ လှမ်းနှိုက်သွားတာ၊ အားလုံး ၇ ကျပ်သားလောက်ပါသွားတယ်၊ သိန်း ၆၀ ကျော်ဖိုး လောက် ပါသွားတယ်၊ ပစ္စည်းမှာလည်း ဆိုင်တံဆိပ်တွေပါပါတယ်၊ လက်ရှိလည်း ရဲစခန်းမှာ အမှုဖွင့်ထားတယ်၊ လိုက် လည်းလိုက်နေကြပါတယ်။ အနီးအနားက ဝိုင်းဖမ်းပေးဖို့ လုပ်ကြသေးတယ်၊ သူက ဓားနဲ့ လိုက်ရမ်းပြီး ဆိုင်ကယ်အတင်းမောင်းသွားကြတာ၊ တယောက် က ခြေထောက်သိပ်မသန်တဲ့ပုံစံပဲ၊ အဲဒီအချိန်မှာ မီးကလည်း ပျက်နေတာကြောင့် CCTV မှတ်တမ်းလည်း မရလိုက်ပါဘူး၊”ဟု ရှင်းပြသည်။ လုယက်မှုဖြစ်စဉ်တွင် ရွှေစင်မြင့်မိုရ်ရွှေဆိုင်မှ ကျပ် ၃၆ သိန်းခန့် တန်ဖိုးရှိ ရွှေ ၁၅ ပဲရည်၊ အလေးချိန် ၂ ကျပ်သားခန့်ရှိ ဖွေးဖွေးလက်ကောက် ၂ကွင်း၊ ကျပ် ၉ သိန်းခန့် တန်ဖိုးရှိ ရွှေရည် ၁၅ ပဲရည်၊ အလေးချိန် ၅ မူးသားခန့်ရှိ ပိုက်လုံးလက်ကောက် ၂ ကွင်း၊ ကျပ် ၁၈ သိန်းခန့် တန်ဖိုးရှိ ရွှေရည် ၁၅ ပဲရည်၊ အလေးချိန် ၆ ပဲသားခန့်ရှိ ပိုက်ဆက်ဖြတ်ပုံ လက်ကောက် ၆ ကွင်း၊ စုစုပေါင်းရွှေထည်အလေးချိန် ၇ ကျပ်သားခန့်၊ ကာလတန်ဖိုး ၆၃သိန်းခန့် ပါရှိသွားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ ဓားဖြင့်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများ လုယူထွက်ပြေးသွားသူများမှာ လူငယ်များဖြစ်ပြီး လုယက်သူများကို ချမ်းမြသာ စည်မြို့နယ်၊ အမှတ်၁၀ မြို့မရဲစခန်းတွင် (ပ)၁၅၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်လှစ်၍ တရားခံများ အမြန်ဆုံးဖမ်းမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မန္တလေးမြို့တွင် ပြီးခဲ့သည့် မေလ၂၃ ရက်နေ့က လည်း ဓားကိုင်ရမ်းကားလုယက်မှု ၃ မှု တရက်ထဲ ဖြစ်ပွားခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ The post မန္တလေးမြို့ရွှေဆိုင် အနုကြမ်းစီးမှုလက်သည်တရားခံများကို ရှာဖွေနေ appeared first on ဧရာဝတီ.
Source : https://ift.tt/2kwFHek
via IFTTT

No comments:

Post a Comment