Tuesday, May 29, 2018

7Day News Journal

မြန်မာနိုင်ငံဒေသအနှံ့ မိုးကောင်းနေစဥ် ဧရာဝတီနှင့် ချင်းတွင်းမြစ်အပါအဝင် မြန်မာ နိုင်ငံဒေသအနှံ့အပြားရှိ မြစ် ၁၂ စင်းသည် လက်ရှိရေမှတ်ထက် မြင့်တက်လာနိုင်ကြောင်း မိုးဇလဌာနက သတိပေးချက်ထုတ်ပြန် သည်။ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဇွန်လအ တွင်း မြစ်ရေမြင့်တက်လာနိုင်မှု ကို မေလ ၂၈ ရက်တွင် ထုတ်ပြန် ရာ ဧရာဝတီ၊ ချင်းတွင်း၊ မြစ်သာ၊ ဒုဋ္ဌဝတီ၊ စစ်တောင်း၊ ရွှေကျင်၊ ပဲခူး၊ သံလွင်၊ ငဝန်၊ တိုး၊ ကုလား တန်နှင့် လေးမြို့မြစ်တို့သည် ဇွန် လဆန်းတွင် စတင်မြင့်တက်လာ နိုင်သည်ဟု သတိပေးထားသည်။ ဧရာဝတီမြစ်ရေသည် အမြင့်ဆုံးရေမှတ်အဖြစ် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာနှင့် သပိတ်ကျင်းမြို့တို့တွင် ၁၂ ပေမှ ၁၅ ပေခန့်၊ မန္တလေး၊ စစ်ကိုင်းနှင့် မြင်းမူမြို့တွင် ၉ ပေမှ ၁၂ ပေခန့် နှင့် ပခုက္ကူနှင့် ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် ၁ဝ ပေမှ ၁၅ ပေခန့် မြင့်တက်လာနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။ စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း စီးဆင်းကာ ဧရာဝတီမြစ် နှင့် ထိစပ်နေသော ချင်းတွင်းမြစ် ရေသည် ခန္တီး၊ ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့တွင် ၁၄ ပေမှ ၁၆ ပေခန့်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနှင့် မုံရွာမြို့တို့တွင် ၁ဝ ပေမှ ၁၃ ပေခန့် မြင့်တက်လာနိုင် ကြောင်း သတိပေးထားသည်။ ‘‘မြစ်ရေတွေက နွေရာသီမှာ ကျနေရာကနေ ဇွန်လရောက်တာ နဲ့ အရှိန်များများနဲ့ ပြန်တက်လာ တယ်။ ဒီအချိန်က မြစ်ကမ်းဘေး နေသူရော မြစ်ကြောင်းသွားရေ ယာဥ်တွေပါ သတိပြုဖို့ လိုတယ်။ မိုးကလည်း ကောင်းနေတယ်’’ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြော ကြားသည်။ အခြားမြစ်များဖြစ်သည့် မြစ် သာမြစ်ရေသည် ပြင်သာမြို့တွင် ၆ ပေမှ ၈ ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေ သည် သီပေါမြို့တွင် ၂ ပေမှ ၃ ပေခန့်နှင့် ရွှေစာရံနှင့်မြစ်ငယ်မြို့ တို့တွင် ၇ ပေမှ ၉ ပေခန့်၊ စစ် တောင်းမြစ်ရေသည် တောင်ငူနှင့် မဒေါက်မြို့တို့တွင် ၄ ပေမှ ၆ ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေ ကျင်မြို့တွင် ၃ ပေမှ ၄ ပေခန့် မြင့်တက်လာနိုင်ကြောင်း သတိ ပေးထားသည်။ ပဲခူးမြစ်ရေသည် ဇောင်းတူနှင့် ပဲခူးမြို့တို့တွင် ၅ ပေမှ ၇ ပေခန့်နှင့် သံလွင်မြစ်ရေ သည် ဘားအံမြို့တွင် ၅ ပေမှ ၇ ပေခန့် မြင့်တက်နိုင်သည်ဟု ဆို သည်။ ပင်လယ်ဝနှင့် ထိစပ်နေပြီး စိုးရိမ်ရေမှတ်အထက်တွင် ကာလ အတန်ကြာမြင့်တက်လေ့ရှိသော ငဝန်မြစ်ရေသည် ငါးသိုင်းချောင်း မြို့တွင် ၁ဝ ပေမှ ၁၂ ပေခန့်၊ ပုသိမ်မြို့တွင် ၂ ပေမှ ၃ ပေခန့်နှင့် တိုးမြစ်ရေသည် မအူပင်မြို့တွင် ၃ ပေမှ ၄ ပေခန့် မြင့်နိုင်သည်ဟု သတင်းထုတ်ပြန်ထားသည်။ ချင်းနှင့် ရခိုင်ပြည်နယ်အ တွင်းရှိ ကုလားတန်မြစ်ရေသည် ပလက်ဝမြို့တွင် ၁၅ ပေမှ ၂ဝ ပေခန့်နှင့် ကျောက်တော်မြို့တွင် ၆ ပေမှ ၇ ပေခန့်၊ လေးမြို့မြစ်ရေ သည် မြောက်ဦးမြို့တွင် ၇ ပေမှ ၉ ပေခန့်မြင့်တက်လာနိုင်ကြောင်း သတိပေးထားသည်။ ဧရာဝတီမြစ်အပါအဝင် ဒေ သတွင်း မြစ်များအားလုံးသည် မိုးလွန်ကာလဖြစ်သည့် ဒီဇင်ဘာက စတင်ကာ ပြန်လည်ကျဆင်းပြီး နွေရာသီကာလတစ်လျှောက် ရေနည်းသတိပေးချက်ထုတ်ပြန် ရသည်အထိ ရေနည်းလေ့ရှိသည်။ မိုးဦးကာလဖြစ်သည့် မေလ တွင် အနည်းငယ် ပြန်မြင့်တက် လာပြီး မိုးကောင်းလေ့ရှိသော ဇွန် လတွင် ရုတ်တရက်မြင့်တက်လာ လေ့ရှိသောကြောင့် မြစ်ကမ်းဘေး ဒေသများ၌ နေထိုင်သူများနှင့် မြစ်ကြောင်းသွား ရေယာဥ်များ သတိပြုမောင်းနှင်ရန် လိုအပ် သည်။ မြစ်ရေမြင့်တက်ချိန်နှင့် မိုးသည်းထန်စွာ ရွာသွန်းသည့် ရက်တိုက်ဆိုင်ပါက ဆိုးရွားသော ရေဘေးနှင့် ရင်ဆိုင်ရလေ့ရှိသည်။
Source : https://ift.tt/2GZjtdD
via IFTTT

No comments:

Post a Comment