ခန္ဓာကိုယ်မှာ သကြားဓာတ် များနေကြောင်း သိနိုင်တဲ့ လက္ခဏာများ သကြားဓာတ်ဟာ လူ့ခန္ဓာကိုယ် လှုပ်ရှား မောင်းနှင်နိုင်ဖို့အတွက် အခြေခံကျတဲ့ လောင်စာဓာတ်လို့ ပြောလို့ရပေမယ့် တန်ဆေးလွန်ဘေး ဆိုသလိုပဲ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေထဲမှာ သကြားဓာတ် ပါဝင်မှု လွန်ကဲနေရင်တော့ ရေရှည်မှာ ကျန်းမာရေးအတွက် ဆိုးကျိုးတွေသာ ဖြစ်ပေါ်စေနိုင်ပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာက သင့်ခန္ဓာကိုယ်မှာ ဒီလို လက္ခဏာတွေ ဖြစ်ပေါ်နေပြီဆိုရင် ဒါဟာ သကြားဓာတ် လွန်ကဲနေခြင်းရဲ့ လက္ခဏာဖြစ်တာကြောင့် ဆင်ခြင်သတိပြုနိုင်ဖို့အတွက် ရေးသား ဖော်ပြ လိုက်ပါတယ်။ (၁) ခန္ဓာကိုယ်ထဲမှာ သကြားဓာတ် များနေတဲ့အခါ ဦးနှောက်ထဲကို အာဟာရဓာတ်တွေ ဝင်ရောက်မှုကို အဟန့်အတား ဖြစ်စေနိုင်တာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို နှောင့်နှေးစေတဲ့အပြင် အာရုံစူးစိုက်မှုကို လျော့နည်း စေပါတယ်။ အကြောင်းအရင်း တစုံတရာ မရှိဘဲ သင်ဟာ အာရုံစူးစိုက်မှု အားနည်းနေပြီဆိုရင်တော့ ဒါဟာ သကြားဓာတ် လွန်ကဲနေခြင်းရဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ (၂) သကြားဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ အလုပ်လုပ်နိုင်စွမ်းတွေကို တိုးမြှင့်ပေးနိုင်သလို သွေးတွင်းမှာ သကြားဓာတ် လွန်ကဲ နေတဲ့ အခါမျိုးမှာတော့ ခန္ဓာကိုယ်ကို ရုတ်ချည်းဆိုသလို အားအင်ကုန်ခမ်းသလို ခံစားရစေပါတယ်။ သင့်ခန္ဓာကိုယ်ဟာ မကြာခဏ လန်းဆန်းတက်ကြွ လွယ်သလို ခံစားရပြီးမှ ရုတ်တရက် မလှုပ်ချင် မကိုင်ချင်လောက်အောင် နုံးချိသွားသလို ခံစားနေရပြီဆိုရင်တော့ ဒါဟာ ခန္ဓာကိုယ်ထဲမှာ သကြားဓာတ် လွန်ကဲနေလို့ပဲ ဖြစ်ပါတယ်။ (၃) နောက်ထပ် ထင်ရှားတဲ့ လက္ခဏတခုကတော့ သွားတွေ ထိခိုက်ပျက်စီးလာတာပဲ ဖြစ်ပါတယ်။ သကြားဓာတ် စားသုံးမှု လွန်ကဲခြင်းကြောင့် သွားပိုးစားတာနဲ့ သွား မကြာခဏ ကိုက်ခြင်းတို့ဟာလည်း သကြားဓာတ် လွန်ကဲနေခြင်းကြောင့် ဖြစ်ပါတယ်။ (၄) သင်ဟာ ခန္ဓာကိုယ် အလေးချိန် လျှော့ချနေသူလည်း မဟုတ်သလို ခံတွင်းပျက်တာမျိုးလည်း မရှိဘဲ ရုတ်တရက်ကြီး ကိုယ်အလေးချိန် ကျဆင်းသွားရင်တော့ ဒါဟာ သွေးတွင်း သကြားဓာတ ်များခြင်းကြောင့် ဖြစ်ပါတယ်။ (၅) မကြာခဏ ဆိုသလို အအေးမိ နှာစေးဖြစ်ခြင်းဟာလည်း ခန္ဓာကိုယ်တွင်း သကြားဓာတ်များခြင်းရဲ့ လက္ခဏာ တရပ်ပဲ ဖြစ်ပါတယ်။ သကြားဓာတ်များခြင်းဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို လျော့ကျစေတာကြောင့် မကြာခဏ အအေးမိ၊ နှာစေး ဝေဒနာ ခံစားရတာပဲ ဖြစ်ပါတယ်။ Ref: brightside.me The post ခန္ဓာကိုယ်မှာ သကြားဓာတ် များနေကြောင်း သိနိုင်တဲ့ လက္ခဏာများ appeared first on ဧရာဝတီ.
Source : https://ift.tt/2kza9o9
via IFTTT
No comments:
Post a Comment