မုန်တိုင်းကြောင့် တိုင်းနှင့် ပြည်နယ် ၈ ခု မိုးကြီးနိုင်ကြောင်း မိုး/ဇလ သတိပေး ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်း၌ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အသွင်ဖြင့် မေလ ၂၉ ရက်တွင် ရခိုင်ကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်သဖြင့် တိုင်းနှင့် ပြည်နယ် ၈ ခု မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) က သတိပေးထားသည်။ မုန်တိုင်းငယ် ဖြတ်ကျော် ဝင်ရောက်မှုကြောင့် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း နှင့် ပဲခူးတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးခြင်း ဒေသအလိုက် မိုးကြီးနိုင်ကြောင်း မိုး/ဇလ က ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဧရာဝတီသို့ ပြောသည်။ ဦးကျော်မိုးဦးက “လေဖိအားနည်းရပ်ဝန်းက နောက်ရက်ဆိုရင် ပိုပြီးတော့ အားကောင်းလာနိုင်တယ်။ ပြီးရင်တော့ မုန်တိုင်း ငယ် အဆင့်လောက်နဲ့ ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်သွားနိုင်တဲ့ အနေအထားကို တွေ့ရပါတယ်။ လေဖိ အားနည်းရပ် ဝန်း ဝင်သွားတဲ့ နေရာတွေမှာတော့ မိုးသက်လေပြင်း ကျတာတွေ ရှိတယ်” ဟု ဆိုသည်။ မုန်တိုင်းငယ် အဆင့် ရောက်ပါက လေတိုက်နှုန်းသည် တနာရီ မိုင် ၄၀ မှ ၅၀ အထိ တိုက်နိုင်ကြောင်း နှင့် လေပြင်း တိုက် ခတ်မှု၊ မိုးရွာသွန်းမှု၊ မြေပြိုမှု၊ မြစ်ရေ မြင့်တက်မှုတို့ကို သတိပြု နေထိုင်ရန်လိုအပ်ကြောင်း မိုး/ ဇလ က သတိပေးထား သည်။ ယနေ့ (မေ ၂၈) ညနေပိုင်း၌ မြစ်ဝကျွန်းပေါ် အနောက်ဖက် ကမ်းရိုးတန်းနှင့် ကမ်းလွန်ဒေသတို့တွင် မိုးသက်လေပြင်းများ ကျ ရောက်နိုင်ပြီး လေတိုက်နှုန်းမှာ ၁ နာရီလျှင် ၃၅ မိုင် မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း မကြာခဏ လှိုင်းကြီး နိုင် ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်က ခန့်မှန်းထားသည်။ ထိုကဲ့သို့ မကြာခဏ လှိုင်းကြီးမှုကြောင့် ပင်လယ် ရေလှိုင်းအမြင့် ၁၀ ပေမှ ၁၅ ပေ အထိ ရှိနိုင်ကြောင်း ဒေါက်တာ ထွန်း လွင် က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ တိုင်းဒေသကြီးများနှင့် ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကရင် နှင့် မွန် စသည့် ပြည်နယ်တို့တွင် ရက်၂၀ မှ ၂၆ ရက် အထိ အချိန်ကြာကြာ မိုးဆက်တိုက် ရွာနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။ ထို့ပြင် စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းနှင့် ကယားပြည်နယ် တို့တွင် ၁၃ ရက်မှ ၁၉ ရက်အထိ မိုးရွာနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။ The post မုန်တိုင်းကြောင့် တိုင်းနှင့် ပြည်နယ် ၈ ခု မိုးကြီးနိုင်ကြောင်း မိုး/ဇလ သတိပေး appeared first on ဧရာဝတီ.
Source : https://ift.tt/2IWNn49
via IFTTT
No comments:
Post a Comment