Sunday, May 27, 2018


“အဖေနဲ့သားများ ဇာတ်ကားက ကျနော့် ဘဝအစပါပဲ” ဆိုတဲ့ နေဆန်း သရုပ်ဆောင်နေဆန်းက နှစ်ပေါင်း ၂၅ နှစ်နီးပါး အနုပညာလောကမှာ ကျင်လည်ခဲ့ပြီး သရုပ်ဆောင်အလုပ်ကို လုပ်ကိုင် နေသူပါ။ ကျရာ ဇာတ်ရုပ်များကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သူတဦး လို့ပရိသတ်များက လက်ခံထားကြပါတယ်။ သရုပ်ဆောင် မင်းသားအဖြစ် သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဗီလိန်ရော၊ ဟာသရော၊ ဇာတ်ပို့ အဖြစ်နဲ့ပါ ပါဝင်ရိုက်ကူးခဲ့သူတဦးပါ။ လက်ရှိမှာ “နယူးချစ်တီး” ဆိုတဲ့ ထမင်းဆိုင်ကို ဖွင့်လှစ်ထားပြီး တဖက်မှာလည်း ဝါသနာတဲ့ သရုပ်ဆောင်အလုပ်ကို လုပ်ကိုင်နေတဲ့ သရုပ်ဆောင် နေဆန်းရဲ့ ဖြတ်သန်းလာတဲ့ အနုပညာလမ်းခရီး ၊အနုပညာလောကအပေါ်အမြင်နဲ့ မိသားစု အကြောင်းကို ဧရာဝတီ အနုပညာသတင်းထောက် ချစ်ပိုးက အခုလိုတွေ့ဆုံ မေးမြန်းထားပါတယ်။ မေး။ ။အခု လတ်တလော အနုပညာလှုပ်ရှားမှုလေး ပြောပေးပါဦး။ ဖြေ။ ။ ကျနော် ကိုသားညီနဲ့ 25% ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်မယ်။ ဒါရိုက်တာ ဂျိုးနဲ့လည်း Cover ဇာတ်ကား ရိုက်ကူးမယ်။ ဇာတ်လမ်းတွဲ ရိုက်ကူးမှု မရှိသေးပါဘူး။ မေး။ ။ ကိုနေဆန်းက အနုပညာလောကထဲကို ဘယ်လိုဝင်ရောက်လာခဲ့တာလဲ။ ဖြေ။ ။ အဲဒါက ကျနော်က ကြောက်တတ်တယ်။ ကျနော် မိဘအလုပ်ဖြစ်တဲ့ ဈေရောင်းတာကို လုပ်ပေးတယ်။ အဲ့လိုလုပ်ရင်း မိဘတွေက ရုပ်ရှင်ရိုက်မလားမေးတာနဲ့ ရုပ်ရှင်ရိုက်တာဘာခက်လို့လဲ ဆိုပြီး ကျနော် ဒီလောကထဲ ဝင်ရောက်လာတာ။ “အဖေနဲ့ သားများ” ဇာတ်ကားက ကျနော်ဘဝအစပါပဲ။ ဒီလောကထဲ ပထမဆုံးဝင်ရောက်တဲ့အခါ ရိုက်ဖြစ်တဲ့ ဇာတ်ကားလေးပါ။ မေး။ ။ အနုပညာ သက်တမ်းကကော ဘယ်လောက်ရှိသွားပြီလဲ။ ဖြေ။ ။ အနုပညာ သက်တမ်း ၂၅ နှစ် ရှိသွားပါပြီ။ မေး။ ။ အနုပညာသက်တမ်း ၂၅နှစ် ရှိပြီဆိုတော့ ကိုနေဆန်းဖြတ်ကျော်ခဲ့တဲ့ အခြေအနေကို သိချင်ပါတယ်။ နောက်ပြီး အရင်ခေတ်နဲ့ အခုခေတ်ရုပ်ရှင်လောကကိုရော ဘယ်လိုမြင်ပါသလဲ။ ဖြေ။ ။ ကျနော် ပထမ ၁၉၉၃ ခုနှစ်ကနေ ၁၉၉၈ ခုနှစ် လောက်အထိပဲ မင်းသားလုပ်တယ်။ ပြီးတော့ ကျနော် နားလိုက်တယ်။၂၀၀၆ ခုနှစ်မှာ အနုပညာအလုပ် ပြန်လုပ်တယ်။ အဲ့ဒီအချိန်ကျမှ ကျနော်က ဇာတ်ပို့အနေနဲ့ ပြန်ဝင်တယ်။ မင်းသား လုပ်တုန်းကလည်း မင်းသားလုပ်တုန်းကလို တာဝန်ကြီးပါတယ်။ ဇာတ်ပို့လုပ်တော့လည်း ဇာတ်ပို့အလျောက် တာဝန် ပေါ့ပါတယ်။ အသက်ကြီးလာတော့ ငယ်ငယ်တုန်းကထက်တော့ အတွေ့အကြုံတွေ ပိုရှိလာတာပေါ့။ အခုချိန်ထိလည်း သင်ယူနေရတုန်းပါပဲ။ အနုပညာ အရမ်းကွာခြားသွားတာက ပစ္စည်းပဲ။ စက်ပစ္စည်းတွေကတော့ အရမ်းကွာသွားတယ်။ အခုကားကြီးရိုက်ရတာ အဆင်ပြေတယ်။ အရင်တုန်းက ဖလင်တွေနဲ့ ရိုက်ရတာလေ။ ဖလင်တွေကလည်း ရှားတော့ အမှား မခံနိုင်တော့ Rehersal (အစမ်းလေ့ကျင့်မှု) တွေ တအားလုပ်ရတယ်။ အဲ့တော့ Tension (စိတ်ပင်ပန်းမှု) ပိုများတယ်။ မီးထိုးမှန်ထိုးရင်လည်း အဲ့မီးတွေ ကနည်းနည်းနောနော အီစိမ့်တာ မဟုတ်ဘူး။ အခုမီးတွေက အရမ်းတိုးတက်လာတော့ ရိုက်ရတာ သက်သာလာတယ်။ ဒီဘက်ခေတ်က နည်းပညာပိုင်းမှာလည်း ကောင်းလာတယ်၊ တော်တဲ့ တတ်တဲ့ သူတွေလည်း ပေါလာတော့ ဒီဘက်ခေတ် ရုပ်ရှင်လောကြီး ကပိုကောင်းလာပါတယ်။ ဒီထက်လည်း ပိုကောင်းလာဦးမှာပါ။ မေး။ ။ အရင်ကမ င်းသားလုပ်ခဲ့ပြီးမှ နောက်ပိုင်းဘာလို့ ဇာတ်ပို့လုပ်တာလဲ။ မင်းသားရော ပြန်မလုပ်ဘူးလား။ ဖြေ။ ။ ကျနော်က ဇာတ်ပို့နေရာကို ကျနော်လုပ်မယ်ဆိုပြီးလုပ်ခဲ့တာ မဟုတ်ဘူး။ ကျနော်က မင်းသားနေရာ မရရင် မလုပ်ဘူးလို့ စိတ်ရှိလို့ရှိရင် ကျနော် သရုပ်ဆောင် လုပ်ရတော့မှာ မဟုတ်ဘူးလေ။ ကျနော်ကို ဒီနေရာမှာ သရုပ်ဆောင်ပါ ဆိုပြီး ရွေးရင်းရွေးရင်းနဲ့ ဇာတ်ပို့ဖြစ်သွားတာ။ မင်းသား မလုပ်ရလည်း လုပ်လို့ရတဲ့နေရာ လုပ်မှာပဲလေ။ ကျနော်က အနုပညာလုပ်တဲ့စိတ်ကတော့ သေတဲ့အထိ လာငှားတဲ့ သူတွေရှိနေတဲ့ အထိလုပ်ဦးမှာပါ။ မင်းသားနဲ့ ဇာတ်ပို့နဲ့ကလည်း ကွာတာပေါ့။ ငွေရေးကြေးရေး တွေကလည်း ကွာတာပေါ့။ ဒါပေမယ့် တာဝန်တွေလည်း အများကြီး ကွာပါတယ်။ ဇာတ်ပို့ ဇာတ်ရံက မင်းသားလောက် တာဝန်မကြီးပါဘူး။ မင်းသားပြန်လုပ်မလား ဆိုရင်တော့ ကျနော်မှ မဟုတ်ပါဘူး။ဘယ်သူ့ကိုမေးမေးပါ မင်းသားပြန်လုပ်လို့ရရင် လုပ်ချင် တာပေါ့ ဖြေကြမှာပါ။ ဒါပေမယ့် စိတ်ထဲမှာတော့ မလုပ်ချင်တော့ဘူး။ ပျင်းလာပြီ။ မဖြစ်မနေ ကြိုးစားရမယ်ဆို ကြိုးစား ကြည့်ချင်တယ်။ ဒီဇာတ်ပို့နေရာလေးက အစ်ကိုနဲ့ တန်တဲ့နေရာလေးပါ။ ကျနော် အနုပညာ ပြန်မလုပ်ခဲ့ရင် ဒီနေရာတောင် ပြန်ရချင်မှ ရမှာပါ။ မေး။ ။လက်ရှိ ရုပ်ရှင်လောကအပေါ် အမြင်လည်း ပြောပေးပါဦး။ ဖြေ။ ။ ရုပ်ရှင်လောကကြီးက တိုးတက်နေတာ ဒီထပ်လည်း ပိုတိုးတက်ဖို့ပဲ ရှိတယ်။ အရင်လို နွေးထွေးမှု မရှိဘူး ဆိုပေမယ့် ကျနော့်အမြင်မှာတော့ လမ်းကြောင်းအမှန်ပေါ် တဖြည်းဖြည်း ရောက်သွားလိမ့်မယ်လို့ ကျနော်ထင်တယ်။ အနှေးနဲ့ အမြန်တိုးတက်မှာပါ။ မေး။ ။ အရင်တုန်းက ဇာတ်ကားကောင်းတွေ အများကြီး ထွက်လာတယ်။ အခုနောက်ပိုင်းပေါကား တွေ ထွက်လာတယ် ဆိုပြီး ပရိသတ်တွေ ပြောနေတဲ့အပေါ် ကိုနေဆန်း အနေနဲ့ ဘာပြောချင်လဲ။ ဖြေ။ ။ဈေးကွက်နဲ့ဆိုင်သွားတယ်။ အရင်တုန်းဈေးကွက်က ဇာတ်ကား ကောင်းကောင်း၊ မကောင်းကောင်း ဒီဈေးကွက်ပဲ ရုပ်ရှင်ဆိုလည်း မညံ့ရင်တောင် မရှုံးဘူး။ အခုကညံ့ရင် ရှုံးပြီဆိုတော့ ဘယ်စီးပွားရေးသမား မဆို ကောင်းအောင် လုပ်ပြီး ရိုက်တော့မှာလေ။ ကျနော်ပြောသလို လမ်းကြောင်းမှန်ပေါ် စပြုနေပြီလို့ ကျနော် ထင်ပါတယ်။ လုပ်ရဲရင်လုပ်လေ ပေါကား၊ ပေါကားလို့လည်း ကျနော် မပြောချင်ပါဘူး။ သူများတွေ ပေါကားလို့ပြောပေမယ့် ပေါက်တဲ့ ကားတွေလည်း အများကြီးပါ။ ကံနဲ့လည်း ဆိုင်တယ်။ တချို့က ကားကောင်းရဲ့သားနဲ့ ပိုက်ဆံ မရတာလည်း ရှိတယ်။ ခုက မကောင်းရင် ပိုက်ဆံမရဘူးလို့ တွက်လို့ ရသွားပြီ။ အဲ့တော့ ဘယ်သူမှ မကောင်းရင် မရိုက်ဘူး။ အတတ်နိုင်ဆုံး ကောင်းအောင် ရိုက်ကြတော့မှာ။ စိတ်တွေကလည်း ကောင်းအောင်ရိုက်ကြတော့မယ်ဆိုတဲ့ စိတ်တွေဖြစ်လာပြီ။ ပေါချောင်ကောင်း ရိုက်ရင်တော့ ပေါချောင်ကောင်းပဲ ဖြစ်မှာပေါ့။ သိပ်ကံကောင်းရင်တော့ မပြောတတ်ဘူး။ ကံဆိုတာလည်း ကျနော်တို့ လောကနဲ့ ဆိုင်တယ်။ မေး။ ။ ကိုနေဆန်း မိသားစုအကြောင်းလည်း သိချင်ပါတယ်။ ဖြေ။ ။ ကျနော်မှာ သားတယောက်၊ သမီးတယောက် ရှိပါတယ်။ သားက အသက် ၇ နှစ်နဲ့ သမီးကအသက် ၅ နှစ်ပါ။ မေး။ ။ သားနဲ့ သမီးကိုရော အနုပညာ လုပ်စေချင်လား။ သူတို့ဝါသနာပါရင်ရော ကိုနေဆန်း အနေနဲ့ ပေးလုပ်မလား။ ဖြေ။ ။ သားနဲ့ သမီးက ငယ်တုန်းကတော့ သီချင်းတွေဆိုကြတယ်။ ကျနော်ပါတဲ့ ကားကိုမှ သူတို့ကြိုက်ရင် အလွတ်နီးပါး ရအောင် ကြည့်ကြတယ်။ ကျနော်က အနုပညာကို ဝါသနာပါစေချင်တယ်။ သူတို့ဝါသနာပါတဲ့ လိုင်းကို ဝင်ရင်လည်း အလုပ်က မြေတောင်မြှောက်ပေးမှာပါ။ အနုပညာကို ဝင်စေချင်တာက ကျနော်က သူတို့ကို ထဲထဲဝင်ဝင် ထောက်ပံ့ ပေးနိုင်တာပေါ့။ အနုပညာ မဟုတ်ဘဲ အခြား ပညာဘက်၊ စီးပွားရေးဆိုလည်း ကျနော် အတတ်နိုင်ဆုံးတော့ လုပ်ပေးမှာပါ။ သူတို့ ဝါသနာပါတဲ့ အပေါ်ကို ကျနော် နောက်ကနေ ထောက်ပံ့ပေးသွားမှာပါ။ ပညာရေးကိုတော့ ကျနော် အဓိကထားပြီး လုပ်ပေးမှာပါ။ ။ The post “အဖေနဲ့သားများ ဇာတ်ကားက ကျနော့် ဘဝအစပါပဲ” ဆိုတဲ့ နေဆန်း appeared first on ဧရာဝတီ.
Source : https://ift.tt/2Lwebd4
via IFTTT

No comments:

Post a Comment