ရဲစခန်းကို ဖုန်းခေါ်ပေးမယ့် “Panic Button” ကို Application မှာ ထည့်ပေးလိုက်တဲ့ Uber အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ တခုဖြစ်တဲ့ Uber ဟာ ကုမ္ပဏီရဲ့ နာမည်ကျစ ပြုနေတဲ့ လုံခြုံရေးပိုင်းကို ပြန်အဖတ် ဆယ်ဖို့အတွက် အရေးပေါ်ခလုတ် အသစ်တစ်ခုကို Application အတွင်းမှာ ထည့်ပေးသွားမှာ ဖြစ်ကြောင်း ဧပြီလတုန်းက ကြေငြာခဲ့ပါတယ်။ မေလ ၂၉ ရက်နေ့မှာတော့ အဆိုပါ အရေးပေါ်ခလုတ်ကို US (အမေရိကန် ပြည်ထောင်စု) အတွက် စတင်ထည့်ပေးလိုက်ပြီ ဖြစ်ပြီး၊ “Panic Button” လို့ အမည်ပေးထားပါတယ်။ အခုဆိုရင် Uber Mobile Application Version အသစ်ရဲ့ Home Screen မှာ “Safety Center” ဆိုတဲ့ Menu အသစ်ပါဝင်လာတာ တွေ့မြင်ရပြီး၊ ခရီးသည်တွေအနေနဲ့ တစုံတခုအရေးပေါ် အခြေအနေ ကြုံတွေ့ လာရပါက နီးစပ်ရာ ရဲစခန်းဆီ အကူအညီ လှမ်းတောင်းနိုင်မှာ ဖြစ်ပါတယ်။ Safety Center မှာ Uber ယာဉ်မောင်းရဲ့ ကျွမ်းကျင်မှုနဲ့ နောက်ခံသမိုင်းအချက်အလက်တွေကို ကြည့်ရှုနိုင်မှာ ဖြစ်သလို၊ အာမခံထားရှိထားမှုနဲ့ ခရီးသည် လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတို့ကိုလည်း ဖော်ပြပေးထားမှာဖြစ်ပါတယ်။ 911 ကို ခေါ်ဆိုဖို့အတွက် Home Screen ပေါ်က Safety Center icon ကို နှိပ်ကာ၊ အောက်ဆုံးက 911 Assistance ကို ထပ်နှိပ် ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ 911 ကို ခေါ်ဖို့ သေချာလားဆိုတာ Confirm ထပ်လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလို နောက်တဆင့် Confirm လုပ်ပေးရတာက မှားနှိပ်ပြီး ခေါ်မိတာမျိုး မဖြစ်စေဖို့အတွက် ဖြစ်တယ်လို့ Uber ရဲ့ Product Management Director ဖြစ်သူ Sachin Kansal က ပြောကြားခဲ့ပါတယ်။ ခရီးသည်တွေ လုံခြုံရေးနည်းတူ ယာဉ်မောင်းတွေ အတွက်လည်း Panic Button တခု ထည့်ပေးသွားဦးမှာ ဖြစ်တယ်လို့ Kansal က ဆိုပါတယ်။ Uber ရဲ့ “Panic Button” လုပ်ဆောင်ချက် “လူတွေက သူတို့ကို စောင့်ကြည့် မနေမှန်းသိရင် တချို့အဖြစ်အပျက်တွေနဲ့ ရာဇဝတ်မှုမြောက် လုပ်ရပ်တွေ ပြုလုပ် တတ်မှန်း ကျနော်တို့ သတိထားမိပါတယ်။ အခုတော့ ကျနော်တို့ စတင် စောင့်ကြည့်တော့မှာဖြစ်ကြောင်း ပြောချင်ပါတယ်။ ယာဉ်မောင်းနဲ့ ခရီးသည် နှစ်ဖက်စလုံးကို အခု Features တွေ ထုတ်ပေးပြီး၊ ဒီ Features တွေကို အားလုံးသိရှိ အသုံးပြု နိုင်အောင် လုပ်ပေးလိုက်တာက ကျနော်တို့ အစီအစဉ်တွေရဲ့ တစိတ်တပိုင်းပဲ ရှိပါသေးတယ်”လို့ ၎င်းက ဆိုပါတယ်။ Uber ဟာ RapidSOS နဲ့ ပူးပေါင်းပြီး 911 အရေးပေါ်ဆက်သွယ်မှု နည်းပညာသစ် တခုကိုလည်း စမ်းသပ် လုပ်ဆောင်လျက် ရှိပါတယ်။ အဆိုပါ နည်းပညာမှာ Uber ရဲ့ “Panic Button” ကို နှိပ်လိုက်တာနဲ့ ခရီးသည်ရဲ့ တည်နေရာနဲ့ ခရီးစဉ် အသေးစိတ်တို့ကို 911 ဖုန်းလက်ခံသူဆီ အလိုအလျောက် ပေးပို့ပေးသွားမှာဖြစ်ပါတယ်။ Ref: The Verge The post ရဲစခန်းကို ဖုန်းခေါ်ပေးမယ့် “Panic Button” ကို Application မှာ ထည့်ပေးလိုက်တဲ့ Uber appeared first on ဧရာဝတီ.
Source : https://ift.tt/2LKVZN3
via IFTTT
No comments:
Post a Comment