စိတ်ဖိစီးမှုတွေ များလာတဲ့အခါ စိတ်သက်သာအောင် နေနည်း နေ့စဉ် ကြုံတွေ့နေရတဲ့ လူမှုဘဝမှာ စိတ်ဖိစီးမှုဆိုတာ မရှောင်လွှဲနိုင်တဲ့ အရာ တခုပါ။ အခြေအနေ အမျိုးမျိုးအပေါ် မူတည်ပြီး စိတ်ဖိစီးမှုတွေကလည်း ကွဲပြားကြပါတယ်။ ရည်းစားနဲ့ လမ်းခွဲတာ၊ အလုပ်တွေများလို့ စိတ်ညစ်တာ၊ မိသားစု ပြဿနာနဲ့ ပညာရေးကြောင့်လည်း စိတ်ဖိစီးမှုမျိုးစုံ ကြုံတွေ့ရမှာပါ။ စိတ်ဖိစီးမှုတွေ များလာတဲ့အခါ သွေးဖိအား မြင့်တက်ခြင်း၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အဝလွန်ခြင်း စတဲ့ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးမှုဆိုတာ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာပါ ဆိုးကျိုးပေးနိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုမှာတောင် ဆိုးတာရယ်၊ ကောင်းတာရယ်ဆိုပြီး ၂ ခုရှိပါတယ်။ ချစ်သူဆီက မထင်မှတ်ထားတဲ့ အရာတခု ရလိုက်တာမျိုး၊ အနှစ်နှစ် အလလက စောင့်မျှော်နေတဲ့ ရည်မှန်းချက် ပြည့်သွားတဲ့အခါ ပုံမှန်ထက်ပိုပြီး စိတ်လှုပ်ရှားတာက ကောင်းတဲ့ စိတ်ဖိစီးမှုလို့ဆိုနိုင်ပါတယ်။ စိတ်ဖိစီးမှုမှာ ကာလတို စိတ်ဖိစီးမှုနဲ့ ကာလရှည် စိတ်ဖိစီးမှုဆိုပြီး ၂ ခု ထပ်ရှိပါသေးတယ်။ ကာလတို ဆိုတာက သင် Presentation လုပ်ဖို့အတွက် စိတ်လှုပ်ရှားနေတာမျိုး၊ အဆူခံလိုက်ရတာမျိုးကြောင့် ခံစားရတဲ့ စိတ်ဖိစီးမှုက ကာလတို ဖြစ်ပြီး အကြွေးတွေ နစ်နေပြီး ရှင်းမရ ဖြစ်နေတာမျိုးက ကာလရှည် စိတ်ဖိစီးမှု ဖြစ်ပါတယ်။ ကာလရှည်ကြာ ခံစားရတဲ့ စိတ်ဖိစီးမှုက သင့်အတွက် ကျန်းမာရေးထိခိုက်မှု ပိုဖြစ်စေပါတယ်။ ဘယ်လို အကျိုးဆက်တွေ ဖြစ်လာစေသလဲ စိတ်ဖိစီးမှု ခံစားရတဲ့အခါ အသက်ရှူ မဝခြင်း၊ အိပ်မပျော်ခြင်း၊ ဗိုက်အောင့်ခြင်း၊ သွားကြိတ်ခြင်း၊ လက်သည်း ကိုက်ခြင်း၊ မေးရိုး နာကျင်ခြင်း၊ လည်ပင်းနဲ့ နောက်ကျော နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်းစတဲ့ ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးမှု လျော့ကျစေမယ့် နည်းလမ်း (၁) အရင်ဆုံး စွန့်လွှတ်တတ်ဖို့ သင်ယူပါ အလုပ်က သင့်အတွက် စိတ်ညစ်စရာ အရမ်းကောင်းနေပေမယ့် မိသားစုကြောင့် အားတင်းပြီး လုပ်နေရတယ် ဆိုပါစို့။ သင်မပျော်ရွှင်နိုင်မှန်း သေချာနေတဲ့ အရာကနေ စွန့်ခွာလိုက်ပါ။ အချစ်ရေးမှာလည်း ဒီအတိုင်းပါပဲ။ သင့်ကိုအမြဲ စိတ်ညစ်မှုတွေ ပေးတဲ့သူကို စွန့်လွှတ်လိုက်ပါ။ နာကျင်နေမှန်းသိရက်နဲ့ ဆွဲထားတာက သင့်ကို တကယ့်လွတ်လပ် ပျော်ရွင်မှု မပေးနိုင်ပါဘူး။ (၂) ပတ်ဝန်းကျင်ကို လေ့လာပါ ခေါင်းတွေ တအားရှုပ်ပြီး ဘာလုပ်ရမှန်း မသိဖြစ်နေတဲ့ အခါမျိုးမှာ သစ်ပင်တွေကိုကြည့်ပါ။ လေညင်းခံပါ။ သဘာဝတရားက ပေးတဲ့ အလှအပတွေကို လိုက်ပါစီးမျောပြီး သာယာငြိမ့်ညောင်းတဲ့ သီချင်းနားထောင်ပါ။ (၃) လုပ်လက်စရာ အရာတွေ ခဏရပ်ပါ စိတ်ရှုပ်စရာတေ ွများလာတဲ့အခါ လုပ်လက်စ အရာတွေကို ခဏ ရပ်ထားလိုက်ပါ။ ရန်ဖြစ်စကား များနေတဲ့အခါ ခဏရပ်ပြီး စကားမပြောတော့တာမျိုး လုပ်ပါ။ ကွန်ပျူတာအရှေ့ မှာ ခေါင်းပေါက်မတတ် စဉ်းစားပေမယ့် အဖြေ မရတဲ့အခါ ခဏနားပါ။ (၄) စိတ်ပျော်ရွှင်ပါစေ အချိန်ရှိရင် ခရီးသွားပါ။ စာအုပ်ဖတ်ပါ။ တရားထိုင်ပါ။ ဒီလိုအရာတွေက စိတ်ကို အမှန်တကယ် ပျော်ရွှင်မှု ပေးစွမ်း ပါတယ်။ ကဲ စိတ်ဖိစီးမှုများလာရင် ဆိုးကျိုးတွေပဲ ဖြစ်လာနိုင်တာမို့ ကိုယ့်ကိုကိုယ် ပျော်ရွှင်အောင် ထားပါလို့ အကြံပြုလိုက်ပါတယ်။ The post စိတ်ဖိစီးမှုတွေ များလာတဲ့အခါ စိတ်သက်သာအောင် နေနည်း appeared first on ဧရာဝတီ.
Source : https://ift.tt/2sbEptA
via IFTTT
No comments:
Post a Comment