Sunday, October 1, 2017


ဒေါ်အောင်ဆန်းစုကြည်နှင့် ရှိတ်ခ်ဟာစီနာတို့၏ တူညီသော နောက်ခံနှင့် မတူသော အခြေအနေများ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ နှင့် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့သည် သူတို့၏ ရွေးကောက်ခံ အစိုးရ ၂ ရပ်လုံး လက်ရှိ ရင်ဆိုင်နေရသည့် ရိုဟင်ဂျာဟုခေါ်နေသည့် မွတ်ဆလင် ဒုက္ခသည်ပြဿနာအပြင် တူညီသော နေရာများစွာ ရှိနေပါသည်။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ နှင့် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့သည် သူတို့၏ ရွေးကောက်ခံ အစိုးရ ၂ ရပ်လုံး လက်ရှိ ရင်ဆိုင်နေရသည့် ရိုဟင်ဂျာဟုခေါ်နေသည့် မွတ်ဆလင် ဒုက္ခသည်ပြဿနာအပြင် တူညီသော နေရာများစွာ ရှိနေပါသည်။ ခေါင်းဆောင် ၂ ဦးလုံးသည် သူတို့၏ တိုင်းပြည်များ အချုပ်အခြာ အာဏာပိုင် လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ရာတွင် ဦးဆောင်ခဲ့သူများ၏ သမီးများ ဖြစ်ကြပါသည်။ သူတို့ ဖော်ဆောင်ခဲ့သော နိုင်ငံများအပြည့်အဝ လွတ်မြောက်ခွင့်နှင့် အုပ်ချုပ်ခွင့်များ မရမီ အချိန်မတန်ဘဲ သေဆုံးခဲ့ရသည့် နိုင်ငံတည်ထောင်သူ ဖခင်များကို ဒေါ်အောင်ဆန်းစုကြည် ရော ရှိတ်ခ်ဟာစီနာ ပါ ဆုံးရှုံးခဲ့ရသည်။ ဖိနှိပ်ချုပ်ချယ်သော စစ်အစိုးရများကို ဆန့်ကျင်၍ ဒီမိုကရေစီပြန်လည်ရရှိရန် ဒေါ်အောင်ဆန်းစုကြည် ရော၊ ရှိတ်ခ်ဟာစီနာ ပါ ကာလရှည်ကြာစွာ တိုက်ပွဲဝင်ခဲ့ကြရသည်။ ရွေးကောက်ခံအစိုးရများ ဖြစ်လာကြချိန်တွင်လည်း သူတို့ ၂ ဦးလုံးသည် သူတို့၏ အာဏာပြင်းသော စစ်တပ်များကို သိမ်းသွင်းရေးနှင့် တခါတရံတွင် ယူနီဖောင်းဝတ် အမျိုးသားများက ကျော ထောက် နောက်ခံပေးထားသည့် ဘာသာရေး အခြေခံဝါဒီ အင်အားစုများကို တိုက်ဖျက်ရေးတို့ကို အားထုတ်ရာတွင် အောင်မြင်မှု အတိုင်းအတာ အမျိုးမျိုးရှိခဲ့ကြသလို သူတို့ကို ဖယ်ရှားမည့် လျှို့ဝှက်ကြံစည်ချက် ဇာတ်လမ်းများ၏ ခြိမ်းခြောက်မှုများ နှင့် အတူ နေထိုင်နေကြရသည်။ သို့သော်လည်း လွတ်လပ်ရေး သူရဲကောင်းများ၏ သမီးများက အရေးပါသော နေရာများတွင် ကွဲပြားခဲ့သည့် အတွက် နိုင်ငံတကာ၏ အမြင်တွင် သူတို့ကို ကွဲပြားစေခဲ့သည်။ သံတမန်တဦး၏ သမီးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် က အိန္ဒိယတွင် ပညာသင်ကြားခဲ့ပြီး အောက်စ်ဖို့ ကဲ့သို့သော ဗြိတိန်ထိပ်တန်း တက္ကသိုလ်ဆင်း တယောက် ဖြစ်ခြင်းကြောင့် မြန်မာထက် ဗြိတိသျှ ပိုဆန်နေခဲ့သည်။ ဒီမိုကရေစီ ပုံရိပ် တခု အနေဖြင့် အများ၏ လေးစားချစ်ခင်မှုကို ရရှိခဲ့သော်လည်း သူ၏အထက်တန်းကျသော နောက်ခံကြောင့် သာမန် လူတန်းစားများနှင့် ထိတွေ့နားလည်ရေးကို အကန့်အသတ် ဖြစ်စေခဲ့သည်။ သူ၏ တိုင်းပြည်တွင် အမြစ်တွယ်နေသော ပဋိပက္ခ၊ ဆင်းရဲ နွမ်းပါးမှုများနှင့် သူ့ကို ကင်းလွတ်၍ အဆက်ပြတ်စေခဲ့သည် ဟု ဝေဖန်သူများက ပြောကြသည်။ စစ်အစိုးရ၏ နိုင်ငံရေး အကျဉ်းသားတဦး အနေဖြင့် ၁၅ နှစ်ကြာ နေအိမ် အကျယ်ချုပ် (အကြမ်းမဖက်ဘဲ ဆန့့်ကျင်သည့် ထိုကာလကြောင့် သူ့ကို နိုင်ငံတကာ၏ လေးစား တန်ဖိုးထားမှု များစွာ ရရှိခဲ့သည်) ဖြင့် နေထိုင်ခဲ့ရသော်လည်း ရွေးကောက်ပွဲတွင် အနိုင်ရ၍ အာဏာရရှိခဲ့သည့် အချိန်မှ စ၍ တပ်မတော်အပေါ် ဂရုတစိုက် ညင်ညင်သာသာ ကိုင်တွယ်သည့် ချဉ်းကပ်မှုကို ဒေါ်အောင်ဆန်းစုကြည် က ကျင့်သုံးခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းမှာ နိုင်ငံရေး လိုအပ်အချက် အရ တစိတ်တပိုင်း ဖြစ်သလို သူ၏ ဖခင်ဖြစ်သူ မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း က မြန်မာနိုင်ငံ၏ တပ်မတော်ကို ထူထောင်ခဲ့သူတဦး ဖြစ်သောကြောင့်လည်း ဖြစ်သည်။ ရှိတ်ခ်ဟာစီနာက မိသားစု တခုလုံးနီးပါး အသတ်ခံရသည့် ဘေးမှလွတ်မြောက်လာခဲ့သူ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ပင် အိန္ဒိယတွင် နှစ်နှင့် ချီ၍ နေထိုင်ခဲ့ရပြီး နောက်ပိုင်းတွင် သူ့ဖခင်၏ အဝါမီလိဂ် ပါတီကို ပြန်လည် အသက်သွင်းရန် နှင့် ဗိုလ်ချုပ်ကြီး ဟူစိန် မိုဟာမက် အာရှတ် ဦးဆောင်သော စစ်အစိုးရကို တောင်အာရှတွင် တကြိမ်တခါမျှ မမြင်ဖူးသေး သည့် ကြီးမားသော ဆန္ဒပြပွဲများဖြင့် ဖြုတ်ချရန် ဘင်္ဂလားဒေ့ရှ်သို့ ပြန်ခဲ့သည်။ ၁၉၉၆ နှင့် ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲများတွင် သူ၏ ပါတီ အနိုင်ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပြီး ယခုအခါတွင် တတိယ သက်တမ်း အဖြစ် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ၂၀၂၁ ခုနှစ်တွင် ဝင်ငွေ အလယ်အလတ် ရရှိသည့် အဆင့်အတန်းသို့မြှင့်တင်နိုင်ရန် မျှော်လင့်ထားပြီး အမျိုးသမီးတို့၏လုပ်ပိုင်ခွင့်နှင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး တွင် ဦးဆောင်နေသည့် ရှိတ်ခ်ဟာစီနာက သူ၏ နိုင်ငံကို ဘာသာရေး စစ်ပွဲဝါဒီ (ဂျီဟတ်ဒစ်)များ၏ ဖျက်ဆီးမှုနှင့် ပါကစ္စတန်နိုင်ငံတွင် မြင်တွေ့နေရသည့် မတည်ငြိမ်မှုမျိုးများမှ ကာကွယ်နိုင်ခဲ့သည်။ တရုတ်၊ အမေရိကန်နှင့် အိန္ဒိယတို့ ကြားတွင် ဟန်ချက်ညီမျှစွာ ရှိနေအောင် ထိန်းသိမ်းနိုင်သည့် အတွက် ချီးကျူးခြင်း ခံခဲ့ရသည်။ အရေးအကြီးဆုံးမှာ အစ္စလမ်မစ် အစွန်းရောက် အဖွဲ့အစည်းများကို ဖော်ထုတ်နိုင်ရေး အတွက် တောင့်တင်းခိုင်မာသော လုံခြုံရေး အစီအမံများ ဆောင်ရွက်သည့် နေရာတွင် တချိန်က အလွန်အာဏာပြင်းခဲ့သော စစ်တပ်ကို အရပ်သား အစိုးရအဖွဲ့၏ ထိန်းချုပ်မှုအောက်၌ ခိုင်ခိုင်မာမာ ရှိနေအောင် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ရှိတ်ခ်ဟာစီနာသည် အိန္ဒိယနှင့် နီးကပ်လွန်းသည် ဟု ခံစားရသော ပါကစ္စတန်တွင် လေ့ကျင့်ခဲ့သည့်အရာရှိများ ကြားတွင် စိတ်မသက်မသာ ဖြစ်မှုများ ရှိသည် ဆိုသည့် သတင်းများ အခါအားလျော်စွာ ထွက်ပေါ် လာတတ်သော်လည်း ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲတွင် စစ်တပ်က ကျောထောက်နောက်ခံ ပေးထားသည့် အိမ်စောင့် အစိုးရက အာဏာ သိမ်းယူခဲ့သည့် နောက်ဆုံးဖြစ်ရပ်၏ နောက်ပိုင်းတွင် ရှိတ်ခ်ဟာစီနာ၏ အရပ်သားအစိုးရ အပေါ် ပွင့်ပွင့်လင်းလင်း စိန်ခေါ်မှုများ မရှိခဲ့ပါ။ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က ဒါကာမြို့၏ ကော်ဖီဆိုင်တဆိုင်ကို အကြမ်းဖက် တိုက်ခိုက်မှု ကြောင့် နိုင်ငံခြားသား အများစု အပါအဝင် လူ ၂၀ သေဆုံးခဲ့ရသည့် ဖြစ်ရပ်တွင် ရှိတ်ခ်ဟာစီနာ အသုံးပြုခဲ့သည့် ‘Tepid Punch’ အကြမ်းဖက် လှုပ်ရှားမှု ဆန့်ကျင် စစ်ဆင်ရေးက လူ ၁၂၀၀ ကို ဖမ်းဆီး၍ အစ္စလမ်မစ် စစ်သွေးကြွ ၉၀ ကို သုတ်သင်ခဲ့သည်။ ယင်းသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အတွင်းသို့ IS အဖွဲ့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာမည်ကို တားဆီးနိုင်ခဲ့သော ခက်ခဲသည့် စစ်ဆင်ရေး တခု ဖြစ်ပါသည်။ နှိုင်းယှဉ်ကြည့်ပါက တခါက ဒီမိုကရေစီအမှတ်တံဆိပ်တခုအဖြစ် ကမ္ဘာ၏ချစ်ခင်မှုကို ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည် သည် ထိုနေရာတွင် ယခုအချိန်အထိ အောင်မြင်မှု မရှိနိုင်သေးပါ။ သူ၏ အမှတ်အသား ဖြစ်သည့် အမျိုးသား ငြိမ်းချမ်းရေး ဆောင်ရွက်မှုများမှာလည်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ လက်နက်ကိုင်အဖွဲ့များ အပေါ် မြန်မာနိုင်ငံတွင် ကိုယ်ပိုင် စီမံအုပ်ချုပ်ခွင့် ရရှိထားသည့် တပ်မတော်၏ ထိုးစစ်များ တိုးလာနေမှုကြောင့် အဟန့်အတား ဖြစ်နေသည်။ ရိုဟင်ဂျာဟု မိမိကိုယ်ကို အမည်ပေးထားသည့် ဘင်္ဂလီ စစ်သွေးကြွများကို တိုက်ခိုက်သည့် တပ်မတော်၏ နယ်မြေ ရှင်းလင်းသည့် စစ်ဆင်ရေးများကြောင့် အရပ်သားများ နေရပ်စွန့်ခွာ ထွက်ပြေးမှုများ ကြီးမားစွာ ပေါ်ပေါက်ခဲ့ပြီး လူ့အခွင့် အရေး ချိုးဖောက်မှု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခြင်းက မြန်မာနိုင်ငံကို စစ်အစိုးရ အုပ်ချုပ်စဉ် ဆယ်စုနှစ်များ အတွင်းရှိခဲ့သည့် အပယ်ခံ အနေအထားတခုသို့ လျင်လျင်မြန်မြန် ပြန်ရောက်သွားစေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သူမ၏ တပ်မတော်ကိုထိန်းချုပ်နိုင်စွမ်း မရှိသည့် အခြေအနေကြောင့် ရှိတ်ခ်ဟာစီနာ အတွက်လည်း သူ၏ ခေါင်းဆောင်မှုကို နောက်ဆုံးတွင် ပေးဆပ်ရနိုင်သည် ဟု လေ့လာဆန်းစစ်သူများက ယူဆထားကြ သည်။ ရှိတ်ခ်ဟာစီနာ က နောက်လာမည့်နှစ်တွင် ပါလီမန်ရွေးကောက်ပွဲကိုရင်ဆိုင်ရမည် ဖြစ်ပြီး သူမ အစိုးရ၏ နည်းပါးနေပြီ ဖြစ်သည့်အရင်းအမြစ်များက မြန်မာနိုင်ငံမှ ရောက်ရှိလာသည့် ဒုက္ခသည် အသစ် ၄သိန်းကျော်ကို ထောက်ပံ့ရာတွင် အခက်အခဲရှိသည်နှင့် အမျှ ဒုက္ခသည် အကျပ်အတည်းက စိတ်ဝမ်းကွဲပြားစရာ ပြဿနာတခုလို ဖြစ်လာစေသည်။ ထိုအခြေအနေက အမျိုးသမီးခေါင်းဆောင် ၂ ဦးကို ပုဂ္ဂိုလ်ရေး ပဋိပက္ခ အတွင်းသို့ ရောက်ရှိစေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် သည် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တဦး ဖြစ်သော်လည်း သူ၏ လက်နက်ကိုင်တပ်ဖွဲ့များကို ကုလသမဂ္ဂက “လူမျိုးဖြုတ်သန့်စင်မှု” နှင့် အလားတူသည် ဟု ပြောခဲ့သော “နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများ” ၏ တစိတ်တပိုင်း အနေဖြင့် တားမြစ်ရန် ပျက်ကွက်ခဲ့သည်။ နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ်မှ တဆင့် ဒေါ်အောင်ဆန်းစုကြည် ၏ အစိုးရက ဒုက္ခသည် မည်မျှ ပြန်လည်လက်ခံမည် ဆိုသည်ကလည်း မသဲကွဲသေးပါ။ ARSA လို့ ခေါ်ဆိုနေသည့် ဘင်္ဂလီအကြမ်းဖက်သမားများက မြန်မာအစိုးရ၏ ရဲကင်းများနှင့် စခန်းများကို တိုက်ခိုက်ပြီး နောက်မှာတော့ ရှိတ်ခ်ဟာစီနာသည် မကြာမီ ကျရောက်တော့မည့် အကျပ်အတည်း တခုကို သိရှိသည့် အနေဖြင့် ၂ နိုင်ငံနယ်စပ် တလျှောက်တွင် ပူးတွဲစစ်ဆင်ရေးများ ပြုလုပ်ရန် ကမ်းလှမ်းခဲ့သည်။ ထိုကဲ့သို့သော ပူးပေါင်းစစ်ဆင် ရေးမျိုး ုပြုလုပ်ရန် မြန်မာနိုင်ငံက ဆန္ဒမရှိကြောင်း သိသိသာသာ ရှိနေခဲ့ခြင်းက ပဋိပက္ခကို အရှိန်မြင့်တက်စေရာတွင် အထောက် အကူ တခုသဖွယ် ဖြစ်ခဲ့ရသည့် ညွှန်ပြနေသည်။ မြန်မာ့ တပ်မတော်၏ ရှင်းလင်းမှုက ကမ္ဘာပေါ်မှ ဘာသာရေးစစ်ပွဲဝါဒီများကို တိုက်ပွဲအတွင်းသို့ ဝင်လာအောင် ဆွဲဆောင် သလို ဖြစ်သွားနိုင်သည် ဟု လေ့လာသုံးသပ်သူ တချို့က ယုံကြည်ကြသည်။ ရှိတ်ခ်ဟာစီနာ ၏ နိုင်ငံတကာ အကူအညီများ၊ ဘင်္ဂလီမွတ်ဆလင်များအတွက် ဘေးကင်းဇုန်များနှင့် မြန်မာ့တပ်မတော်ကို ကန့်သတ်ရေး တောင်းဆိုမှုများက နိုင်ငံတကာ အသိုင်းအဝိုင်း၏အမြင်တွင် များစွာ နှစ်လိုဖွယ်ရာ ဖြစ်နေခဲ့သည်။ ရိုဟင်ဂျာ ဒုက္ခသည် စခန်းသို့ သွားရောက်ခဲ့စဉ် အတွင်းတွင် တွေ့ခဲ့ရသည့် အခြေအနေကြောင့် သူ့မှာ ပြောစရာ စကားလုံးပင် မရှိတော့ ဟု ရှိတ်ခ်ဟာစီနာကဆိုလိုက်သေးသည်။ သူနှင့် နှိုင်းယှဉ်လျှင် ဒေါ်အောင်ဆန်းစုကြည် က လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းက အရေးအကြီးဆုံး အခြေအနေသို့ ရောက်ရှိနေသည့် အချိန်တွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို ရှောင်ရှားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်မှုက အချို့အမျိုးသားရေး အဖွဲ့များနှင့် မနီးယိုးစွဲ ဖြစ်နေသည်ဟု ဝေဖန်သုံးသပ်သူ တချို့က သူ၏ ငြိမ်းချမ်းရေးဆုကို ပြန်လည် ရုပ်သိမ်းရန် နိုဗယ်ဆုပေးရေးအဖွဲ့ သို့ တိုက်တွန်းမှုများ ရှိလာသည်။ တချိန်တည်းမှာပင် ရှိတ်ခ်ဟာစီနာကို ရာသီဥတုပြောင်းလဲမှု၊ မကြာခဏ ကြုံတွေ့နေရသည့် သဘာဝ ဘေးအန္တရယ်များနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး တို့တွင် ထူးခြား ပြောင်မြောက်သော ခေါင်းဆောင်မှုများကြောင့် အလားတူ အဆင့်အတန်း မြင့်မားသော ဆု အတွက် အမည်စာရင်း တင်သွင်းခြင်း ခံထားရသည်။ လာမည့် ရွေးကောက်ပွဲ ရာသီတွင် အစ္စလမ်ဘာသာရေး အခြေခံဝါဒီများက ကျောထောက်နောက်ခံ ပေးထားသည့် နိုင်ငံရေး အတိုက်အခံများက ဘာသာရေး နှင့် အမျိုးသားရေး ရမှတ်များ ရယူနိုင်ရေး အတွက် ရိုဟင်ဂျာ ပြဿနာကို အခွင့်အလမ်းတရပ် အဖြစ် ရယူလာသည့် အချိန်တွင် အကယ်၍ ရိုဟင်ဂျာအရေးတွင် ဒေါ်အောင်ဆန်းစုကြည် ၏ မတက်ကြွမှုက နောက်ဆုံးတွင် ရှိတ်ခ်ဟာစီနာ၏ ဘာသာရေးနှင့် ကင်းလွတ်သည့် အစိုးရကို ရွေးကောက်ခံအာဏာမှ ပြုတ်ကျစေခဲ့သည် ဆိုလျှင် အလွန်ပင်ကြီးမားသော ကမောက်ကမ တခု ဖြစ်ပါလိမ့်မည်။ ရိုဟင်ဂျာဟု သူတို့ကိုယ်သူတို့ ခေါ်ဆိုနေသူများနှင့် ပတ်သက်၍ ရှိတ်ခ်ဟာစီနာ က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အမျိုးသားရေး ဂုဏ်သိက္ခာ ပြန်လည် ရရှိရေး အတွက် လုပ်ခဲ့ပြီး ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အလားတူ ရိုဟင်ဂျာ ပြဿနာကို ကိုင်တွယ်ပုံက သူ၏ ပုံရိပ်၊ ငြိမ်းချမ်းရေးနှင့် ပိုမိုကောင်းမွန်ရေး အတွက် အကြမ်းမဖက်သည့် အင်အားတခုဆိုသည့် အမွေအနှစ်ကို မှေးမှိန်စေခဲ့သည်။ ။ Asia Times တွင် ဖော်ပြထားသည့် SubirBhaumik ၏ Will Myanmar’s SuuKyi bring down Bangladesh’s Hasina? ကို ဘာသာပြန်သည်။ The post ဒေါ်အောင်ဆန်းစုကြည်နှင့် ရှိတ်ခ်ဟာစီနာတို့၏ တူညီသော နောက်ခံနှင့် မတူသော အခြေအနေများ appeared first on ဧရာဝတီ.
Source : http://ift.tt/2yPsW4B
via IFTTT


ပြင်သစ်ထိပ်တန်းကလပ်အသင်းတခုဖြစ်တဲ့ Olympique de Marseille ပြင်သစ် ပြည်တွင်းအမှတ်ပေးဘောလုံး ပြိုင်ပွဲ Ligue 1ဆိုတာက ဥရောပအဆင့်မှာဆိုရင် အင်္ဂလန်၊ စပိန်၊ အီတလီ၊ ဂျာမ နီတွေပြီးရင် သတ်မှတ်ချက်အဆင့် အမြင့်ဆုံးနဲ့ လူစိတ်ဝင်စားမှု အများဆုံးဘောလုံး ပြိုင်ပွဲတပွဲပါ။ အထူးသဖြင့်တော့ ဘောလုံးလောကနဲ့ အလှမ်းဝေးသူတချို့တောင်မှ PSG ဆိုတဲ့အသင်းကို ကြားဖူးသလိုသူနဲ့အတူ ပြင်သစ် အမှတ်ပေးပွဲကိုလည်း သိကြပါတယ်။ အခုပြောမယ့်အသင်းကတော့ မာဆေးလို့ ပြည်တွင်းမှာ လူသိများတဲ့ Olympique de Marseille ဖြစ်ပါတယ်။ အသင်းကိုနာမည်ပြောင်အဖြစ် The Olypmians အဖြစ်ရော The Phocians အဖြစ်ရော ခေါ်ကြပါတယ်။ နာမည်အ တိုကောက်မှတ်ယူမှု အဖြစ် OM လို့ခေါ်ပါတယ်။ အသင်းကို ၁၈၉၉ခုနှစ် သြဂုတ်လ ၃၁ရက်နေ့ လွန်ခဲ့တဲ့ ၁၁၈နှစ်ကစတင် တည်ထောင်ဖွဲ့စည်းခဲ့ပါတယ်။ အိမ်ကွင်းအဖြစ် StadeVelodrome ကို အသုံးပြု လက်ခံကစားပါတယ်။ ဒီကွင်းက ပြင်သစ်မှာရှိတဲ့ ဘောလုံးကွင်းတွေထဲမှာအကြီးဆုံး စာရင်းဝင် ကွင်းတကွင်း ဖြစ်ပြီး ပရိတ်သတ် ၆၇၃၉၄ ဦး ထိအောင် ဆံ့ပါတယ်။ အသင်းကို Frank McCourt ကနေ ပိုင်ဆိုင်ထားပြီး အသင်းဥက္ကဌအဖြစ် Jaccques-Henri Eyraudက တာဝန်ယူနေသလို အသင်းနည်ပြအဖြစ်တော့ လက်ရှိမှာ Rudi Garciaက တာဝန်ယူ ကိုင်တွယ်နေတာ ဖြစ်ပါတယ်။ လက်ရှိ ပြင်သစ် အမှတ်ပေးပြိုင်ပွဲတွေထဲမှာအမြင့်ဆုံးအမှတ်ပေးပြိုင်ပွဲ ဖြစ်တဲ့ Ligue 1မှာ ကစားနေပြီး အရင်နှစ်ကအဆင့် ၅နဲ့ ရာသီသိမ်းနိုင်သည်ထိအောင် ဇယားထိပ်ပိုင်းမှာ ရပ်တည်နိုင်ထားတာလည်း ဖြစ်ပါတယ်။ အိမ်ကွင်းအဖြစ် အဖြူရောင်ပေါ်မှာအပြာရောင် လိုင်းစင်းပါ အကျီ ၤ၊ ဘောင်းဘီနဲ့ ခြေအိတ်တွေကို ဝတ်ဆင်ကစားပါတယ်။ အဝေးကွင်းမှာတော့ အကျီ ၤက အပြာနုရောင်၊ ဘောင်းဘီက အပြာ ရောင်နဲ့ ခြေအိတ်ကအပြာနုရောင် ခြေအိတ်မှာ အပြာရောင် လည်ပင်းအရစ်နဲ့ ဝတ်ဆင်ကစားတာဖြစ်ပါတယ်။ တတိယဝတ်စုံအဖြစ်နဲ့တော့ ခရမ်ရောင်ပေါ်မှာ အဖြူရောင် အစင်းလေးတွေ ပါရှိတဲ့အကျီ ၤ၊ ဘောင်ဘီးနဲ့ ခြေအိတ်တွေကို ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။ အခုချိန်ထိအောင် စာရင်းတွေ အရ ကြည့်မယ် ဆိုရင် ပြင်သစ်ရဲ့ အမြင့်ဆုံးအမှတ်ပေးချန်ပီယံအဖြစ် ၁၀ ကြိမ်ထိ အောင် ဖြစ်ခဲ့ဖူးပြီး Ligue 1အမည်နဲ့ ပွဲစဉ်တွေ ကျင်းပနေချိန်အတွင်းမှာ ၉ ကြိမ်ထိအောင် ချန်ပီယံ ဖြစ်ခဲ့တာတွေ့ ရပါ တယ်။ ပြင်သစ် ပြည်တွင်းဖလားတခုဖြစ်တဲ့ Coupe de France ကိုလည်း ၁၀ကြိမ်ထိ ရယူပြီး စံချိန်တင်ထားတာတွေ့ရပါတယ်။ ပြီးတော့ ၁၉၉၃ခုနှစ် အတွင်းက နည်းပြ Raymond Goethals လက်ထက်မှာအသင်းက ပြင်သစ် အခြေစိုက်အ သင်းတွေထဲက ပထမဆုံးနဲ့ တကြိမ်တည်းသော ဥရောပချန်ပီယံလိဂ်ဖလားကို ရယူထားနိုင်တာတွေ့ရပါတယ်။ ဒါဟာPSG နဲ့ မိုနာကိုလို နာမည်ကျော် အသင်းတွေကို ကျော်ဖြတ်ပြီး ပြင်သစ်အသင်းတွေထဲက ဥရောပ အဆင့် အောင် မြင်ရယူထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အသင်းနဲ့ ပတ်သက်တဲ့ နောက်ထပ်စံချိန်တခုကိုလည်း ပြောရမယ်ဆိုရင် မာဆေးက ပရိတ်သတ် အများဆုံးရှိတဲ့ ပြင်သစ် အသင်းအဖြစ် ရပ်တည်နေပြီး ပျမ်းမျှတပွဲအတွက် ပရိတ်သတ်အများဆုံးလာရောက် အားပေးတဲ့အသင်းအဖြစ်လည်း ရပ်တည်နေတာပါ။ ဒါကြောင့်လည်း အဆိုပါ ပရိတ်သတ်တွေဆီကနေ ဝင်ငွေရရှိမှုအရ ၂၀၁၂ ခုနှစ်ကထုတ်ပြန်တဲ့ စာရင်းတွေအရဆိုရင်ပဲ အသင်းကတစ်နှစ် ဝင်ငွေ ယူရို ၁၃၅.၇သန်းလောက် ရှိပြီး ဝင်ငွေ အကောင်းဆုံးအသင်းစာရင်းမှာ ကမ္ဘာ့အဆင့် ၁၆ ဆင့်မြောက် ဝင်ငွေအကောင်းဆုံးအသင်း ဖြစ်လာပါတယ်။ မာဆေးရဲ့ အိမ်ကွင်း အကြောင်းပြောရရင် ၁၉၀၄ခုနှစ်ကနေ ၁၉၃၇ခုနှစ်ထိအောင် Stade de I’Huveaune မှာ လက်ခံ ကစားခဲ့ပါတယ်၊ အဆိုပါ ကွင်းက ပရိတ်သတ် ၁၅၀၀၀လောက် ဆံ့ခဲ့ပါတယ်။ အဲဒီနောက်နှစ်မှာတော့ အခုအိမ်ကွင်း StadeVelodrome ကို ရောက်လာပါတယ်။ ဒီကွင်းက အစပိုင်းမှာ ပရိတ်သတ် ၄၀၀၀၀ ဆံ့ပေမယ့် ၂၀၁၁ခုနှစ်မှာတော့ တိုးချဲ့မှုတွေ လုပ်ဆောင်ခဲ့ပြီး ပရိတ်သတ် ၆၀၀၃၁ထိအောင် ဆံ့လာတယ်၊ အ ပြီးသတ် ပြင်ဆင်မှုတွေ ၂၀၁၄ခုနှစ်မှာ ပြီးမြောက်သွားခဲ့ပြီး နောက်ဆုံးပရိတ်သတ် ၆၇၀၀၀ကျော်ထိအောင် ဆံ့လာတာ ဖြစ်ပါတယ်။ အောင်မြင်မှု ရရှိမှုအပိုင်းမှာတော့ အထက်မှာပြောခဲ့တဲ့ အောင်မြင်မှုတွေအပြင် Ligue 2ကို တန်းဆင်းကစားရချိန် ၁၉၉၄-၉၅ခုနှစ်မှာဖလားရတယ်၊ Championnate de France Amatureကို ၁၉၂၉ခုနှစ်က ရဖူးတယ်၊ Coupe de la Ligueကို ၃ ကြိမ်ရဖူးတယ်၊ Trophee des championsကို ၃ ကြိမ်၊ Coupe Charles Dragoကို တကြိမ်ရဖူးတာ တွေ့ရပါတယ်။ နိုင်ငံတကာပြိုင်ပွဲမှာတော့ ချန်ပီယံလိဂ် ဖလားရဖူးသလို ၁၉၉၀-၉၁ခုနှစ် ရာသီမှာလည်း ချန်ပီယံလိဂ်မှာ ဒုတိယရ ဖူးသေးတာတွေ့ရပါတယ်။ ယူရိုပါလိဂ်မှာတော့ ဖလားမရဖူးပေမယ့် ဒုတိယ ၂ကြိမ်ရဖူးတယ်၊ IntertotoCup ကို ၂၀၀၅နဲ့ ၂၀၀၆ခုနှစ်တွေမှာလည်း ၂နှစ်ဆက် ရဖူးတာလည်းတွေ့ရပါတယ်။ အသင်းသားတွေထဲကအောင်မြင်မှုမှာဆိုရင်လည်း ဒီနေ့ခေတ် ဘောလုံးသမားတွေထဲမှာ သြဇာအကြီးဆုံးဆုဖြစ်တဲ့ Ballond’Orဆုကို ပြင်သစ် ကစားသမား Jean Pierre Papin က မာဆေးမှာ ကစားနေစဉ် ၁၉၉၁ ခုနှစ်က ရရှိဖူးတာ လည်းတွေ့ရပါတယ်။ http://ift.tt/2eDNd6B The post ပြင်သစ်ထိပ်တန်းကလပ်အသင်းတခုဖြစ်တဲ့ Olympique de Marseille appeared first on ဧရာဝတီ.
Source : http://ift.tt/2g1dgDt
via IFTTT


Porsche က ဒေါ်လာ ၁၆သန်းတန် သင်္ဘောကို ထုတ်ဖော်မိတ်ဆက်ရောင်းချ ဂျာမနီ အခြေစိုက် Porsche က အခုတော့ ကားတွေအပြင် နောက်ထပ် စွမ်းဆောင်ရည်မြင့် Hybridစနစ်နဲ့ ကိုယ်ပိုင်ဒီဇိုင်း ထွင် ဖန်တီးထားတဲ့ သင်္ဘောကို မိတ်ဆက်ရောင်းချလာတာ တွေ့ရပါတယ်။ ဒီမော်ဒယ်ကို စက်တင်ဘာ ၂၇ ရက်နေ့က မိုနာကို ရွက်လှေပြပွဲမှာ ထည့်သွင်းပြသမှာ ဖြစ်ပြီး ဇိမ်ခံမော်ဒယ်အနေနဲ့ သုံးနိုင် အောင် ဖန်တီးထားတာလည်း တွေ့ရပါတယ်။ မော်ဒယ်ကို GT 115လို့ အမည်ပေးထားပြီး ပင်လယ်ပြင်အတွက် Gran Turismo လို့ သတ်မှတ်ရလောက်အောင် စွမ်း ဆောင်ရည် အထူးကောင်းမွန် မြင့်မားတာ တွေ့ရပါတယ်။ စွမ်းဆောင်ရည်မြင့် ကားတွေကို ထုတ်လုပ်နေကျ ကုမ္ပဏီက အခုလည်း ပင်လယ်ပြင်မှာ အမြန်ဆုံး၊ အသွက်လက်ဆုံးနဲ့ စိတ် ချယုံကြည်မှုအပြည့်နဲ့ သွားနိုင်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။ ကုမ္ပဏီရဲ့ CEO ဖြစ်သူ Roland Heiler ကတော့ Porscheရဲ့ကားချစ်သူတွေအတွက် နောက်ထပ် တံဆိပ်တူ၊ အရည် အသွေးတူ ပင်လယ်ပြင်သွားကို ထုတ်လုပ်နိုင်လိုက်ဖြစ်ပြီး ဈေးကွက်အောင်မြင်မှု ရမယ်လို့ ယူဆမိကြောင်း ပြောပါတယ်။ ကုမ္ပဏီက မော်ဒယ်ကို လျှို့ဝှက်စွာ ဖန်တီးခဲ့တာ ဖြစ်ပြီး ကားကုမ္ပဏီတခုအနေနဲ့ အခုလို မော်ဒယ် ဖန်တီးနေလိမ့်မယ်လို့ ထင်မထားခဲ့ကြသလို အခုမော်ဒယ်က ဒီဇိုင်းနဲ့ စမ်းသပ်အနေအထားမှာတင် မဟုတ်ဘဲ တပါတည်း ဈေးကွက်တင် ရောင်း ချနိုင်အောင် မိတ်ဆက်လာပြီလည်း ဖြစ်ပါတယ်။ အတွင်းခန်း ပရိဘောဂတွေ ကြမ်းခင်းနဲ့ မျက်နှာကြက်တွေ အားလုံးက သစ်မွှေးသား၊ အကြမ်းခံ သစ်တွေနဲ့ ဖန်တီးထား တယ်၊ မှန်တွေက ရေလုံ၊ ကျည်ကာမှန်တွေ ဖြစ်မယ်။ ဈေးနှုန်းအနေနဲ့ကလည်း ယူရိုနဲ့ ဆိုရင် ၁၃.၉ သန်းကျမှာ ဖြစ်ပြီး ဒေါ်လာနဲ့ကတော့ ၁၆ သန်းထိအောင် တန်မှာလည်း ဖြစ် ပါတယ်။ နောက်ထပ် ထူးခြားတာတချက်က အခု မော်ဒယ်ကို ၇ စီးပဲ ထုတ်လုပ်ရောင်းချလာမှာလည်း ဖြစ်ပါတယ်။ မော်ဒယ်က အင်ဂျင်ပိုင်းမှာ Hybridစ နစ်နဲ့ ဖြစ်ပြီး ဆီစား အလွန်နည်းပါးသလို ဆီအပြည့်နဲ့ဆိုရင် ရေမိုင် ၃၄၀၀ လောက် ထိအောင် ခရီးရောက်နိုင်ပြီး အမြန်ဆုံး မောင်းနှင်နိုင်မှုနှုန်း အနေနဲ့လည်း တနာရီ ၂၁မိုင်ထိအောင် အကောင်းဆုံး ဇိမ်ခံပုံစံ သွားလာမောင်းနှင်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အရောင်အနေနဲ့ တရောင်ပဲ ထုတ်လုပ်ရောင်းချမယ်၊ မီးခိုးဖျော့ရောင် ဖြစ်ပြီး အလျား အရှည် ၃၅မီတာ (၁၁၅ပေ)ခန့် ရှိမှာ လည်း ဖြစ်ပါတယ်။ မော်ဒယ်က ခရီးသည် လိုက်ပါနိုင်မှု အပိုင်းမှာ ဦးရေ ၅၀ စာလောက်ထိအောင် အိပ်ခန်း၊ ရေကူးကန်၊ နားနေခန်း၊ အစည်း အဝေးခန်း၊ ပါတီခန်းတွေနဲ့ အခန်းဖွဲ့ ဖန်တီးထားတာ တွေ့ရပြီး အရေးပေါ်စနစ်အတွက် အကူအညီပေး အချက်ပြစနစ်တွေ၊ အသက်ကယ်စနစ်တွေလည်း လိုက်ပါ ခရီးသည်အားလုံးအတွက် အလုံအလောက် ပါရှိမှာ ဖြစ်သလို ဂြိုလ်တုမြေပုံနဲ့ ထောက်လှမ်းရေးစနစ်တွေကနေလည်း ရာသီဥတု၊ သင်္ဘောရဲ့လုံခြုံရေးတွေကို စောင့်ကြည့် အကူအညီ ပေးနိုင်အောင် ချိတ်ဆက်ထားမှာ ဖြစ်ပါတယ်။ မိုနာကို ရွက်လှေပြပွဲမှာ မော်ဒယ်ကို မိတ်ဆက်ရောင်းချပြီး မှာယူသူတွေကို အခုနှစ်ကုန်ပိုင်း အတွင်းမှာ မော်ဒယ်တွေ လွှဲ ပြောင်းပေးနိုင်အောင် ဆောင်ရွက်ထုတ်လုပ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။ Ref: http://ift.tt/eKERsB The post Porsche က ဒေါ်လာ ၁၆သန်းတန် သင်္ဘောကို ထုတ်ဖော်မိတ်ဆက်ရောင်းချ appeared first on ဧရာဝတီ.
Source : http://ift.tt/2x5HMXa
via IFTTT


HIV ပိုးရဲ့ဗီဇကို ၉၉ ရာခိုင်နှုန်းထိအောင် တိုက်ဖျက်ပေးနိုင်တဲ့ ပဋိဇီဝတွေ့ရှိ HIV ရောဂါပိုး တိုက်ဖျက်ရေးနဲ့ ကာကွယ်ဆေး ဖန်တီးထုတ်လုပ်မှုဆိုင်ရာ ဆေးပညာရှင်တွေက မကြာသေးခင်ကပဲ HIV ပိုးရဲ့ ဖြစ်တည်မှုဗီဇကို ရာခိုင်နှုန်း ၉၉ ထိအောင် တိုက်ဖျက်ပေးနိုင်မယ့် ပဋိဇီဝပစ္စည်းကို ဖန်တီးနိုင်ပြီ ဖြစ်တယ်လို့ ပြောခဲ့ ကြပါတယ်။ အဆိုပါ ပဋိပစ္စည်းက ရောဂါပိုး စတင် ကူးစက်ခံရသူတွေကို ပိုမို ထိရောက်အောင် ရောဂါပြန့်ပွားမှုနှုန်း လျော့ကျ၊ နှေးကွေး အောင် တားဆီးပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပဋိပစ္စည်းက ဓာတ်သဘောတခုအနေနဲ့ HIV ရဲ့အဓိက အစိတ်အပိုင်း ၃ခုကို တိုက်ခိုက်ဖျက်ဆီးမှာ ဖြစ်ပြီး ရောဂါပိုး ပြန့်ပွားမှုကို နှောင့်နှေးစေပြီး ဖြစ်တည်လာမှုတွေကို ဟန့်တားပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အခု စမ်းသပ်ချက်ကို အမေရိကန်နိင်ငံ ကျန်းမာရေးဆိုင်ရာ ဆေးပညာအဆင့်မြင့်ကျောင်းနဲ့ ပုဂ္ဂလိက ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီ Sanofi တို့ ပူးပေါင်းစမ်းသပ် အောင်မြင်လာတာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ HIV ရောဂါသည်များ အကူအညီပေးရေးအဖွဲ့ကတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့သတင်းတခုပါလို့ ပြောပါ တယ်။ အများပြည်သူကြားကိုတော့ အခု ပဋိဇီဝဆေးကို ၂၀၁၈ ခုနှစ်လောက် အတွင်းမှာ စတင် ဖြန့်ချိနိုင်ဖို့ ပြင်ဆင်နေတာ တွေ့ရ ပါတယ်။ ကျနော်တို့ ခန္ဓာကိုယ်က HIV ပိုးကို တိုက်ထုတ်နိုင်ဖို့ နည်းနည်း ခက်ပါတယ်။ အကြောင်းကတော့ အခု ပိုးက ကိုယ်တွင်းမှာ သေစေနိုင်လောက်အောင် တိုက်ဖျက်နိုင်မှု မရှိလို့ပါ၊ ကိုယ်ခန္ဓာကလည်း HIV ပိုးသေစေနိုင်လောက်အောင် ပဋိပစ္စည်း ထုတ်လုပ်ပေးနိုင်မှု မရှိပါဘူး။ အခု ဆေးအကူသဘောမျိုး ပဋိဇီဝပစ္စည်းကတော့ HIV ပိုးရဲ့ဗီဇကို ရာနှုန်းပြည့်နီးပါးထိအောင် တိုက်ဖျက်ပေးနိုင်မှာ ဖြစ်လို့ အထူးသဖြင့် အခုမှ စတင် ကူးစက်ခံရသူတွေကို ရောဂါပျံ့နှံ့မှု အားနည်းအောင်၊ နှေးအောင် အကောင်းဆုံး ဟန့်တားပေးနိုင်မှာ ဖြစ်ပါတယ်လို့ ဆိုပါ တယ်။ တကယ်ဆိုရင် ကိုယ်ခန္ဒာတွင်းက လှုံ့ဆော်စနစ်က ထွက်ရှိတဲ့ ဟော်မုန်းဆန်ဆန် ဓာတ်အနေနဲ့ HIV ပိုးရဲ့ဗီဇကို တိုက်ဖျက် နိုင်မှု ရှိပါတယ်။ ဒါပေမယ့် အဆိုပါ စနစ်ကို အားကောင်းအောင် အခုလို ဟော်မုန်းဓာတ် အားကောင်းဖို့ ပဋိပစ္စည်း ထပ်ထည့် ပေးဖို့ ဖန်တီးမှုမှာ အောင်မြင်မှု ရလာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ Science ဂျာနယ်မှာ ဖော်ပြမှု အရတော့ ပဋိဇီဝဆေး ဖန်တီးမှုမှာ ရောဂါတိုက်ဖျက်ရေး ပဋိဇီဝပစ္စည်းတမျိုးတည်းကို ပေါင်းစပ် ထားတာ မဟုတ်ဘဲ အခြား တိုက်ဖျက်မှု အားပေးပစ္စည်း ၃ခုကို သုံးမျိုးစပ် ပုံစံ ဖန်တီးထားတာ ဖြစ်တယ်လို့ ဖော်ပြထားတာ လည်း တွေ့ရပါတယ်။ Sanofi ရဲ့ပညာရှင်ဦးဖြစ်တဲ့ ဒေါက်တာ Gary Nabel ကတော့ ကျနော်တို့ စမ်းသပ်ဖန်တီးခဲ့သမျှ ပဋိဇီဝပစ္စည်းတွေထဲမှာ တော့ အခုဆေးက အကောင်းဆုံး ဖြစ်ပြီး ရောဂါစတင် ကူးစက်ခံရသူတွေအတွက် အကောင်းဆုံး အကူအညီ ပေးနိုင်မှာပါလို့ ပြောပါတယ်။ သူကပဲ ဆက်ပြီးတော့ အများစုသော ဖန်တီးသူတွေက ရာခိုင်နှုန်း ၉၀ လောက်သော HIV ရဲ့ဗီဇကို တိုက်ဖျက်နိုင်ဖို့ ဖန်တီး နေတာ ဖြစ်ပေမယ့်အခု ကျနော်တို့ရဲ့ဖန်တီးမှုကတော့ ၉၉ ရာခိုင်နှုန်းထိ အောင်မြင်အောင် တိုက်ဖျက်ပေးနိုင်လာပါတယ်လို့ ဆက်ပြောပါတယ်။ မျောက် ၂၄ ကောင်ကို ရောဂါပိုး ထိုးသွင်း စမ်းသပ်မှုတွေနဲ့ အတူ ပဋိဇီဝပစ္စည်းက အကောင်းဆုံး ကာကွယ်မှုနဲ့ ဟန့်တား ပေးနိုင်တာ တွေ့ရပါတယ်လို့ သူက ရှင်းပြပါတယ်။ အခု စမ်းသပ်ချက်ကို Sofani ကုမ္ပဏီနဲ့အတူ အမေရိကန်ဆေးပညာကျောင်းတို့ ပူးပေါင်း စမ်းသပ်တယ် ဆိုပေမယ့် အဓိက အနေနဲ့ ဦးဆောင်သူတွေ ဖြစ်ပြီး အခြား ပူးပေါင်းသူတွေအဖြစ် ဟားဗက်ဆေးပညာကျောင်း၊The Scripps Research Institute၊ မက်ဆီချူးဆက် နည်းပညာတက္ကသိုလ်တို့က ပညာရှင်တွေပါ ပူးပေါင်း ဖန်တီးပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန် ဆေးပညာနဲ့ ကူးစက်ရောဂါ ကာကွယ်ရေးသိပ္ပံက ဒေါက်တာ Anthony Fauci ကတော့ အခု ဖန်တီးနိုင်မှုက ရောဂါပျောက်ကင်းအောင် ကုသနိုင်မှုရဲ့အစလည်း ဖြစ်နိုင်ပါတယ်လို့ သုံးသပ်တာလည်း တွေ့ရပါတယ်။ သူကပဲ ဆက်ပြီး အခု ရောဂါကို ဟန့်တားနိုင်ပြီ၊ ဗီဇကိုလည်း အားလုံးနီးပါး တိုက်ဖျက်နိုင်ပြီဆိုရင် ရောဂါပျောက်ဆေးက ဖော်စပ်နိုင်ဖို့ တော်တော်ကို နီးစပ်လာပါပြီလို့ ပြောပါတယ်။ www.bbc.com The post HIV ပိုးရဲ့ဗီဇကို ၉၉ ရာခိုင်နှုန်းထိအောင် တိုက်ဖျက်ပေးနိုင်တဲ့ ပဋိဇီဝတွေ့ရှိ appeared first on ဧရာဝတီ.
Source : http://ift.tt/2wqUOdK
via IFTTT


နှလုံးခုန်ခြင်း၊ အသက်ရှူခြင်းတွေကိုပါ ထောက်လှမ်းနိုင်တဲ့ ဒရုန်း လာပြီ သြစတြေးလျ တောင်ပိုင်း တက္ကသိုလ်မှ သုတေသီ ပညာရှင်များ အဆင်မြှင့် တီထွင်လိုက်တဲ့ ဒရုန်း (Drone) ဟာ လူရဲ့ နှလုံးခုန်နှုန်းကိုသာ မက အသက်ရှုမှု ပမာဏကိုပါ တိုင်းတာနိုင်တယ် လို့ ဆိုပါတယ်။ အဲဒီ ဒရုန်းတွေဟာ ပျံသန်းနေရင်းနဲ့ ပုံရိပ်ဖမ်းစနစ်ကို အသုံးပြုပြီး လူအများအပြားကို အသက်ရှင်နေ သလား၊ နှလုံးခုန်နေသလား၊ အသက်ရှူနေသေးလား ဆိုတာကို တချိန်တည်းမှာ တိတိကျကျ ထောက်လှမ်းပေးနိုင်ပါတယ်။ အဆိုပါ ဒရုန်းတွေကို လူအိုရုံများ၊ ဆေးရုံများနဲ့ စစ်မြေပြင်များပါ မကျန် ပျံသန်း အသုံးပြုနိုင်ဖို့လည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။ အဆိုပါ ဒရုန်းတွေ အလုပ် လုပ်ဆောင်ပုံနဲ့ ပတ်သက်ပြီး သုတေသီ တဦး ဖြစ်တဲ့ ပါမောက္ခ ဂျာဗန်ချာဟလ် က “ဒရုန်းတွေဟာ ပျံသန်းနေရင်း လူတဦးချင်းစီရဲ့ မျက်နှာနဲ့ လည်ပင်း လှုပ်ရှားမှုတွေကို ထောက်လှမ်းပြီး နှလုံးခုန်နှုန်းနဲ့ အသက်ရှုမှုတွေကို တိတိကျကျ တွက်ချက်ပေးတာပါ။ အဲဒီလို လုပ်ဆောင်ဖို့ အတွက် ဒရုန်းဟာ လူတွေနဲ့ ၃ မီတာ အကွာမှာ ရှိနေဖို့တော့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။ “နောက်ပိုင်းမှာတော့ ယခုထက် ပိုဝေးဝေးကနေ တွက်ချက်ခန့်မှန်းနိုင်အောင်လည်း လုပ်ဆောင် နေပါတယ်။ လူသားတွေ အတွက် အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်တွေမှာ ဒရုန်းတွေဟာ တကယ့်ကိုမှ အသုံးဝင်လှပါတယ်။ ဥပမာ-သမုဒ္ဒရာထဲမှာ ဒုက္ခရောက်နေသူတွေ အတွက်ဆိုရင်တော့ ဒရုန်းဟာ လျင်လျင်မြန်မြန်နဲ့ ရောက်ရှိနိုင်မှာပါ” ဆိုပြီး သူက ဆက်လက် ပြောကြားပါတယ်။ ဆက်လက်ပြီး သုတေသနပညာရှင်များဟာ ဒရုန်းများမှာ အာရုံခံကိရိယာတမျိုးကို တပ်ဆင် နိုင်ဖို့ကိုလည်း ကြိုးပမ်းလျက် ရှိပါတယ်။ အဆိုပါ အာရုံခံကိရိယာတွေဟာ လေထုထဲမှ ရောဂါပိုး ကူးစက်မှုနဲ့ ပတ်သက်ပြီး ထောက်လှမ်းနိုင်မှာ ဖြစ်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။ လန်ဒန် “Imperial” ကောလိပ်မှ နည်းပညာ ဆရာတဦးမှလည်း အဆိုပါ တီထွင်မှုနဲ့ ပတ်သက်လို့ “လူသားတွေ လက်လှမ်း မမီနိုင်တဲ့ ပတ်ဝန်းကျင်တွေမှာ ဒရုန်းတွေကို စမ်းသပ်အသုံးပြုဖို့ လိုအပ်ချက်တွေ တော့ ရှိပါသေးတယ်။ ဒါပေမယ့်လည်း ရေရှည်မှာ မော်တော်ယာဉ် မတော်တဆမှု လို အရေးပေါ် အခြေအနေတွေမှာ ဒရုန်းတွေဟာ လူနာတင်ကားများရဲ့ ရှေ့ပြေးအနေနဲ့ ရောက်ရှိနေပြီး ထိခိုက်ခံရသူများရဲ့ အခြေအနေ အချက်အလက်တွေကို သုံးသပ်နိုင်မှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။ www.bbc.com တွင်ဖော်ပြထားတဲ့ Drone detects heartbeat and breathing rates ဆိုတဲ့ ဆောင်းပါးကို ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ The post နှလုံးခုန်ခြင်း၊ အသက်ရှူခြင်းတွေကိုပါ ထောက်လှမ်းနိုင်တဲ့ ဒရုန်း လာပြီ appeared first on ဧရာဝတီ.
Source : http://ift.tt/2yfJrtH
via IFTTT

တရားမ၀င် တရုတ် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကို အစိုးရက ကြပ်မတ်ပေးရန်လို

တရားမဝင် တရုုတ် ပိုုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကို အစိုးရက ကြပ်မတ်ပေးရန်လို ရှမ်းပြည်နယ် မြောက်ပိုုင်းတွင် တရုတ်နိုင်ငံမှ တရားမဝင် တင်သွင်းလျက်ရှိသည့် ပိုုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ ကြောင့် ဒေသတွင်းရှိ လယ်မြေများ ပျက်စီးခြင်းနှင့် လူထုု၏ ကျန်းမာရေးကို ထိခိုက်ခြင်းများ ဖြစ်ပေါ်လျက်ရှိရာ အစိုးရက ဥပဒေအရ တင်းကြပ်မှုများ လုပ်ဆောင်ပေးရန် ဒေသခံတောင်သူများနှင့် ရှမ်းပြည်အခြေစိုုက် လူမှုအဖွဲ့များက အစိုးရကို တောင်းဆိုလိုက်သည်။ “တရုုတ်နိုုင်ငံထုုတ် တရားမဝင် ပိုုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေကို သေချာစိစစ်ပြီးမှ ဒေသတွင်းမှာ အသုံုးပြုခွင့် ပေးသင့်ပါတယ်။ တောင်သူတွေ အလွယ်သုံုးပြီး လယ်ယာမြေတွေ ပျက်စီးမှု များလာပါတယ်” ဟု ကွတ်ခိုင်မြို့နယ် အခြေစိုက် ဘေးမဲ့မြေနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အဖွဲ့မှတာဝန်ခံအရာရှိကိုခွန်ဖုုန်းကပြောသည်။ စက်တင်ဘာလ ၂၃ ရက်နေ့၊ လားရှိုးမြို့တွင် ကျင်းပ ပြုလုပ်ခဲ့သော ဒေသတွင်း လယ်ယာမြေ ပြဿနာများ ဖြေရှင်းနိုုင်မည့် နည်းလမ်းများ ရရှိရေး ရည်ရွယ်သည့် တောင်ယာနှင့် သဘာဝအရင်းအမြစ် ဆိုင်ရာ ပြသနာများ အဖြေရှာ ဆွေးနွေးပွဲသိုု့ ရှမ်းပြည်နယ် မြောက်ပိုုင်း မြို့နယ် ၁၂ မြို့နယ်တွင် အခြေစိုုက်သည့် လူမှုအဖွဲ့အစည်း ၃၉ ဖွဲ့မှ ကိုယ်စားလှယ်များအပြင် ဒေသခံ တောင်သူ ကိုယ်စားလှယ်များ စုုစုုပေါင်း ၁၀၈ ဦးတက်ရောက်ခဲ့ပြီးနောက် ထိုသို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။ အချို့သော နေရာများတွင် မြက်ပင်များ မရှင်သန်နိုင်လောက်အောင် မြေအကြီးအကျယ် ပျက်စီးနေသည် ဟု ကိုခွန်ဖုုန်းက ဧရာဝတီသိုု့ ပြောပြသည်။ ထိုညီလာခံတွင် ဆွေးနွေးချက်များအရ ယင်း ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများသည် မြန်မာနိုင်ငံတွင် တရားမဝင်သော်လည်း ဒေသဈေးကွက်များတွင် အလွယ်တကူ ဝယ်ယူနိုင်ပြီး တောင်သူများကို အကြွေး စနစ်ဖြင့် ရောင်းချမှုများလည်း ရှိနေသည် ဟု သူက ဆိုသည်။ ယင်း ပေါင်းသတ်ဆေး၊ ပိုုးသတ်ဆေးများတွင် အညွှန်းစာများကို တရုတ်ဘာသာဖြင့် ရေးသားထားပြီး ဒေသခံများက နားမလည်ကြဘဲ အချိန်အဆမသိ အလွန်အကျွံ အသုံးပြုကြသည် ဟု ကိုခွန်ဖုန်းက ပြောသည်။ “ကျနော် သတိထားမိသလောက်တော့ ဓာတုပစ္စည်းတွေကြောင့် မြေယာတွေ ပျက်စီးနေပြီး တောင်သူတော်တော်များများ အရေပြား ယားယံတာ၊ ဓာတ်မတည့်တာ စတဲ့ ဓာတုုပစ္စည်းကြောင့် ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်နေရတယ်” ဟု ရှမ်းပြည်နယ် မြောက်ပိုုင်းတွင် လယ်ယာမြေ သုတေသန လုပ်ငန်းများလုပ်ဆောင်ခြင်း၊ တောင်သူများကို အသိပညာ ပေးခြင်း စသည်တို့ကို လုပ်ဆောင်နေသူ ကိုဖောနောင်ကလည်း ဧရာဝတီသို့ပြောသည်။ ဒေသသီးနှံမျိုးဗီဇကို ထိန်းသိမ်းနိုင်ရန် အတွက်ဒေသတွင်းမျိုးစေ့ဘဏ်များ တည်ထောင်ရေးနှင့် မြေယာဥပဒေများ ပြဋ္ဌာန်း ရာတွင် အစိုးရနှင့် အတူ ဒေသခံများ၊ လယ်သမားများနှင့် မြေယာအခွင့်အရေး လှုပ်ရှားသူများကို ပါဝင်ခွင့် ပေးရေး စသည်တို့ကိုလည်း ဒေသခံတောင်သူများနှင့် ရှမ်းပြည်အခြေစိုုက် လူမှုအဖွဲ့များက တောင်းဆိုသည်။ ဒေသခံများသည် တရုတ်နိုင်ငံမှ အထွက်နှုန်းကောင်းသော မျိုးစေ့များကိုသာ ဝယ်ယူ အသုံးပြုနေရသောကြောင့် ဒေသခံ မျိုးရင်းများ ဖြစ်သည့် ရှမ်းပြောင်းမျိုးစေ့မှာ လတ်တလောတွင် ရရှိရန် ခက်ခဲနေပြီး အခြားနာမည်ကြီးရှမ်းဆန် မျိုးများမှာ လည်း ပျောက်ဆုံးလုနီးပါး ကြုံတွေ့နေရသဖြင့် အစိုးရက ဒေသမျိုးရင်းများ စနစ်တကျ စုဆောင်းရန်လိုသည် ဟု ကိုခွန်ဖုန်းက ပြောသည်။ လက်ရှိအခြေအနေတွင် ရှမ်းပြောင်းနှင့် ရှမ်းဆန်မျိုးစေ့များကို ရရှိရန် ခက်ခဲနေပြီး ပြည်နယ်နယ် အစိုးရသည် ဗီဇမျိုးစေ့များ ထိန်းသိမ်းထားရန် တာဝန်ရှိသည် ဟု ဖေါနောင်ကလည်း ထပ်မံ ပြောဆိုသည်။ “လယ်ယာကဏ္ဍမှာ မျိုးရင်းမျိုးစေ့ စိုုက်ပျိုးရေး အသုံုးပြု ပစ္စည်းနဲ့ ဈေးကွက် စတာတွေကို တခြားနိုင်ငံကို မှီခိုနေရတာ အလွန် အန္တရာယ်များတယ်။ အဲဒီအချက်တွေ အပေါ် မူတည်ပြီး တဖက်က ဈေးကစားတာတွေ၊ ဈေးကွက် ချုပ်ကိုင်တာ တွေ လည်း မကြာခဏဆိုသလိုု ဒေသခံတွေ ကြုံတေ့ွနေရပါတယ်” ဟုလည်း သူက ပြောသည်။ ဒေသခံများ အကျိုးရှိစေမည့် ခိုင်မာသော စိုုက်ပျိုးရေး ဈေးကွက်တခု ဒေသတွင်းမှာ ပေါ်ပေါက်ရေး အတွက်မူဝါဒ ချမှတ် လုပ်ဆောင်ပေးရန်လည်း ညီလာခံ တက်ရောက်သူများက အစိုးရကို တောင်းဆိုသည်။ (ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် သူသူအောင်၏ Northern Shan State Farmers Demand Crackdown on Illegal Pesticides ကို ဘာသာပြန်သည်။) The post တရားမဝင် တရုုတ် ပိုုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကို အစိုးရက ကြပ်မတ်ပေးရန်လို appeared first on ဧရာဝတီ.
Source : http://ift.tt/2fz8o7G
via IFTTT


UNFC နှင့် အစိုးရ NCA နှစ်ပတ်လည်တွင် အပစ်ရပ်လက်မှတ် ထိုးဖြစ်တော့မည်မဟုတ် အစိုးရနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစုတို့ အကြား တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် လက်မှတ် ရေးထိုးဖြစ်တော့မည် မဟုတ်ကြောင်း သတင်းရရှိသည်။ အစိုးရက NCA လက်မှတ်ရေးထိုးထားသည့် ၂ နှစ်ပြည့် အထိန်းအမှတ်ဖြစ်သည့် အောက်တိုဘာ ၁၅ ရက်နေ့တွင် အပစ် မရပ်ရသေးသော UNFC တပ်ပေါင်းစုနှင့် လက်မှတ်ထိုးဖြစ်ရန် မူလက ရည်ရွယ်ထားသော်လည်း အကြောင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ခြေ မရှိတော့ဟု နှစ်ဘက်တာဝန်ရှိသူများထံမှ သိရသည်။ အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) နှင့် UNFC က ဖွဲ့စည်းထားသော နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ကိုယ်စားလှယ် အဖွဲ့ (DPN) တို့အကြား NCA နှစ်ပတ်လည်ရက်မတိုင်မီ အောက်တိုဘာ ၇ ရက်နေ့တွင် နှစ်ဘက် တရားဝင် တွေ့ဆုံဆွေးနွေးရန် ရွေးချယ်ထားသော်လည်း အစိုးရဘက်က ထိုရက်ကို ရွှေ့ဆိုင်းလိုက်သည်ဟု ဆိုသည်။ DPN အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေး က “၁၅ ရက်နေ့ နောက်ပိုင်းမှ ဖြစ်နိုင်မယ်တဲ့ ဒီနေ့ (စက်တင်ဘာ ၃၀) ပဲ အကြောင်း ကြားလာတယ်။ ၁၅ ရက်နေ့က လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရဲ့ နှစ်ပတ်လည်လေ။ အကြောင်းပြချက်က ကျနော်တို့ ပြောထားတဲ့ ၇ ရက်နေ့က သတင်းကျွတ် အားလပ်ရက်နဲ့ ဆုံသွားလို့ မဖြစ်နိုင်ဘူး” ဟု သတင်းမီဒီယာများကို ပြောသည်။ နှစ်ဘက်တရားဝင် တွေ့ဆုံရန် သဘောတူထားသော ရက်ကို ရွှေ့ဆိုင်းလိုက်ရသလို နှစ်ပတ်လည်ရက်မတိုင်မီ ကြားရက်များ တွင်လည်း နှစ်ဘက်လုံး မအားလပ်ကြသဖြင့် အောက်တိုဘာ ၁၅ ရက်နောက်ပိုင်းမှသာ တွေ့ဆုံဆွေးနွေးကြရန် အကြောင်း ပြန်လိုက်သည်ဟု သိရသည်။ ထို့ကြောင့် အစိုးရနှင့် UNFC တို့အကြား NCA နှစ်ပတ်လည်နေ့တွင် လက်မှတ်ရေးထိုးရေးမှာ ဖြစ်မလာနိုင်တော့ပေ။ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့အကြား ယခုလ ၂၅ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် UNFC မှ အဆိုပြုထားသော အချက် ၈ ချက်အပေါ် အဓိကထား ဆွေးနွေးခဲ့ကြရာတွင် ပြီးပြတ်မှုမရှိခဲ့ဘဲ ရန်ကုန်တွင် ပြုလုပ်မည်ဖြစ်သော ၇ ကြိမ်မြောက် တရားဝင် ဆွေးနွေးပွဲ၌ ဆက်ဆွေးနွေးရန် သဘေားထား ရှိခဲ့ကြသည်ဟု သိရသည်။ ထိုဆွေးနွေးပွဲအပြီးတွင် နိုင်အောင်မငေး က “အခုက ဒီ ၈ ချက်ပေါ်မှာတောင်မှ အသေအချာ မရှိသေးဘူးဆိုတဲ့အခါကြတော့ ကျနော်တို့ သတ်မှတ်ထားတဲ့ အရင်က မျှော်လင့်ထားတဲ့ အောက်တိုဘာ ၁၅ ကတော့ ကျနော်ထင်တယ်။ ရက်နီးကပ်လာပြီ ဆိုတော့ ဖြစ်ဖို့ ဝေးသွားပြီထင်တယ်” ဟု သတင်းထောက်များကို ပြောသည်။ UNFC ဘက်က ၎င်းတို့ အဆိုပြုချက် ၈ ချက်ကို သဘောတူညီမှုရလျှင် NCA လက်မှတ်ကို ရေးထိုးမည်ဟု ယတိပြတ် ထုတ်ပြောထားပြီးဖြစ်သည်။ သို့သော်လည်း အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့အကြား မူအားဖြင့် သဘောတူထားပြီး ဖြစ်သော အချက် ၄ ချက်ကိုပင် တပ်မတော်ဘက်မှ ပြန်ပြင်လိုကြောင်း သဘောထားပေးလာသဖြင့် UNFC အနေဖြင့် NCA ထိုးရေးမှာ နှေးကွေးသွားနိုင်သည်ဟု ထိုအစည်းအဝေးကို တက်ရောက်ခဲ့သူ တိုင်းရင်းသား ခေါင်းဆောင် အချို့က ဆိုသည်။ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုး က “၁ ကနေ ၄ အထိကတော့ အရင် ၆ ကြိမ်မြောက်ကတည်းက အကြမ်းမျဉ်း မူအရ သဘောတူညီခဲ့ပြီးပြီ။ အခု ဒီနေ့ ကျနော်တို့ဘက်ကလည်း ပြုပြင်ချင်တာလေးတွေ ပါလာတယ်။ ပါလာတော့ ညှိနှိုင်းလို့ ၁ ကနေ ၄ ထိပြီးတယ်။ ၅-၆-၇-၈ ကတော့ ကျနော်တို့နဲ့ ဆုံးဖြတ်လို့မပြီးတဲ့ ကိစ္စတွေပါတယ်” ဟု ၂၅ ရက်နေ့ အစည်းအဝေး အပြီးတွင် သတင်းထောက်များကို ပြောသည်။ UNFC တပ်ပေါင်းစုတွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ လားဟူ ဒီမိုကရက်တစ် ယူနီယံ (LDU) နှင့် ရခိုင်အမျိုးသားကောင်စီ (ANC) တို့ပါဝင်သည်။ The post UNFC နှင့် အစိုးရ NCA နှစ်ပတ်လည်တွင် အပစ်ရပ်လက်မှတ် ထိုးဖြစ်တော့မည်မဟုတ် appeared first on ဧရာဝတီ.
Source : http://ift.tt/2kd7Fyb
via IFTTT