ဥပဒေက အမျိုးသမီးတွေကို ကာကွယ်ပေးနိုင်သလား အရင်တုန်းက တက္ကဆီနဲ့ပဲ အိမ်ပြန်လေ့ ရှိပေမယ့် ဒီရက်ပိုင်းမှာ ဘတ်စကားနဲ့ပဲ အိမ်ပြန်မယ် လို့ မတင်ဇာညိမ်း ဆုံးဖြတ်ထားပါတယ်။ မကြာသေးမီကပဲ တက္ကဆီငှားစီးတဲ့ မိန်းကလေးတယောက် မတရားပြုကျင့်ခံရပြီး အသတ်ခံလိုက်ရတဲ့ အဖြစ်ဟာ သူမ အပါအဝင် မိန်းကလေးတွေကြား စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ မတင်ဇာညိမ်းက ပုဂ္ဂလိက ကုမ္ပဏီတခုမှာ စာရင်းကိုင်လုပ်ရတာကြောင့် ရုံးနဲ့ အိမ်သွားရင် မြန်မြန်ပြန် ရောက်အောင် တက္ကဆီ ငှားလေ့ရှိပါတယ်။ ရုံးက ရန်ကုန်မြို့ထဲမှာ သူမနေတာက သင်္ကန်းကျွန်းစံပြဈေးအနီးမှာ ဖြစ်ပါတယ်။ “ညီမ မိဘတွေက အခုဆို တတွတ်တွတ်မှာတယ်၊ သမီး ဘတ်စ်ကားပဲ စီးနော်၊ တက္ကဆီမငှားနဲ့တဲ့။ အရင်ကတော့ ဘတ်စ်ကားက မနက်ရုံးသွားရင်လည်းကျပ်၊ ရုံးပြန်ရင်လည်း ကျပ် ဖြစ်နေလို့ပေါ့။ ဒါပေမယ့် အခုတော့ ဘတ်စ်ကားပဲ တိုးစီးတော့မယ်၊ ပန်းဆိုးတန်းမှတ်တိုင်ကနေ စံပြဈေးမှတ်တိုင်ကို YBS (၇) စီးပြီးပဲ ပြန်တော့မယ်၊ ဘတ်စ်ကားပေါ်မှာ ပိုလုံခြုံတယ် လို့ ယူဆလို့ပါ” လို့ ပြောပြပါတယ်။ လုပ်ငန်းသဘောအရ ဖြစ်စေ၊ တခြားသော အကြောင်းတွေကြောင့် ဖြစ်စေမိုးချုပ်မှ အိမ်ပြန်ရတဲ့ မိန်းကလေးတွေ လုံခြုံရေး ရွေးချယ်စရာက များများစားစား မရှိလှပါဘူး။ ကိုယ်ပိုင်ကားစီးပြီး အိမ်ပြန်နိုင်သူက အနည်းစုပဲ ဖြစ်တာမို့ အငှားကား ဖြစ်စေ၊ ဘတ်စ်ကား ဖြစ်စေ စီးပြီး အိမ်ပြန်ကြရတာပါ။ ရန်ကုန်မြို့နေ လူထုကြား ထိတ်လန့်တုန်လှုပ်သွားစေတဲ့ သတင်းက ဇန်နဝါရီလ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့တာကြောင့် တက္ကဆီငှားပြီး အိမ်ပြန်ဖို့ မဝံ့မရဲ ဖြစ်နေတာလည်း ဖြစ်ပါတယ်။ အသက် ၂၅ နှစ်ပဲ ရှိသေးတဲ့ မရွှေရည်ဝင်း (ခ) ရွှေရည်ဟာ တက္ကဆီငှားစီးရင်း တက္ကဆီယာဉ်မောင်းဖြစ်သူရဲ့ အဓမ္မ ပြုကျင့်မှု ခံခဲ့ရရုံသာမက ရက်ရက်စက်စက် သတ်ဖြတ်တာကိုပါ ခံခဲ့ရပါတယ်။ မရွှေရည်ဝင်းဟာ လှည်းတန်းစင်တာ ကနေ ဈေးဝယ်ပြီး အပြန် ညဘက် ဖြစ်နေလို့ သူမ နေထိုင်တဲ့ ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်ပြန်ဖို့ ကားငှားစီးရင်း သတ်ဖြတ်ခံ ခဲ့ရတာပါ။ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ရး၃၀ အချိန်မှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၃၃ တိုးချဲ့ရပ်ကွက်၊ ငါးမာန်အောင် ဘုရားလမ်း၊ ဖူဆယ်မိုးလုံလေလုံ အားကစားရုံအနီး၊ ငမိုးရိပ်ချောင်းဘေး ချောင်းရေကျော်တံတား အစပ် ကုလားမန်ကျည်းပင် အောက်မှာ သူမရဲ့အလောင်းကို ရပ်ကွက်နေပြည်သူတဦးက တွေ့ရှိခဲ့တာပါ။ မရွှေရည်ဝင်းရဲ့ လည်ပင်းမှာ ဝက်အူလှည့်နဲ့ ထိုးထားတဲ့ ဒဏ်ရာကို တွေ့ရရုံသာမက အဓမ္မပြုကျင့်ခံရပြီးမှ သတ်ဖြတ်ခံရတာ ထင်ရှားနေပါတယ်။ သူမ ဝတ်ဆင်ထားတဲ့ ပလက်တီနမ် ဆွဲကြိုး၊ နားကပ် အပါအဝင် လက်ကိုင်ဖုန်းကိုပါ သတ်ဖြတ်သူက ယူဆောင်သွားခဲ့ပါတယ်။ ဇန်နဝါရီ ၂၄ ရက်နေ့မှာတော့ ပြစ်မှုကျူးလွန်သူ မျုးိဇော်ဦး ဆိုသူကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ ပါတယ်။ ပြစ်မှုကျူးလွန်သူကနေ ရဲတပ်ဖွဲ့ထံ ထွက်ဆိုချက်တွေမှာလည်း ရှေ့ နောက် မညီတာတွေကို တွေ့ရသလို အဲယားကွန်းဖွင့် ပေးရလို့ ကျပ် တထောင် ပိုမိုတောင်းခံရာကနေ စကားများခဲ့ရတယ် ဆိုတာ ယုတ္တိမတန်တဲ့ အချက်တခု ဖြစ်နေပါတယ်။ ဘယ်သူမဆို တက္ကဆီ မငှားခင်ကတည်းက ဈေးစကား ပြောပြီး ဈေးအဆင်ပြေမှသာ ငှားကြစမြဲပါ။ ဒါအပြင် မရွှေရည်ဝင်းနဲ့ စကားများပြီး ဝက်အူလှည့်နဲ့ ထိုးလိုက်လို့ သတိမေ့သွားကြောင်း၊ သတိမေ့သွားပြီးမှ အဓမ္မပြုကျင့်ခဲ့တယ် ဆိုတဲ့ အချက်ဟာလည်း ယုတ္တိ မတန်ပါဘူး၊ ဘာလို့လဲ ဆိုတော့ တရားခံမျိုးဇော်ဦးမှာ လက်သည်းနဲ့ ကုတ်ခြစ်ဒဏ်ရာ၊ သွားနဲ့ ကိုက်ခဲ့တဲ့ ဒဏ်ရာတွေ တွေ့ရှိခဲ့တာကြောင့် အစွမ်းရှိသလောက် ပြန်လည်ခုခံခဲ့တာကို မှန်းဆနိုင်ပါတယ်။ သတိမေ့နေသူ တယောက်ကို အဓမ္မပြုကျင့်တယ် ဆိုတာလည်း မဖြစ်နိုင်တဲ့ အချက်ဖြစ်ပါတယ်။ ဒီသတင်းဟာ အမျိုးသမီးတွေကြားမှာ ဒေါသထွက်စရာ ဖြစ်ရပ်ဖြစ်ခဲ့ရသလို ရန်ကုန်လို မြို့ကြီးမှာတောင် မလုံခြုံမှုတွေ ပိုများလာတာကို သက်သေပြနေပါတယ်။ ရန်ကုန်မှာသာ မကပါဘူး၊ မြန်မာနိုင်ငံ တဝှမ်းမှာ မိန်းကလေးတွေ အပေါ် ကျူးလွန်တဲ့ အဓ္မပြုကျင့်မှုတွေ များပြားလာနေ တာဟာ ကျူးလွန်သူတွေ အပေါ် ထိရောက်တဲ့ ဖြစ်ဒဏ်တွေ မချမှတ်နိုင်သေးဘူး လို့ ဝေဖန်သံတွေပါ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်လာနေပါတယ်။ လက်ရှိအနေအထားမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ ထောင်ဒဏ်အနှစ် ၂၀ အထိပဲ ချမှတ် နိုင်ပါသေးတယ်။ ဒီလို ဖြစ်စဉ် ဖြစ်ရပ်မျိုးတွေကို ထိထိရောက်ရောက် အပြစ်မပေးနိုင်သေးတာကြောင့် အမျိုးသမီးတွေ အပေါ် အဓမ္မပြုကျင့်မှုတွေ ဆက်ရှိနေမှာကို မလိုလားကြပါဘူး။ ဒီလိုအဓမ္မပြုကျင့်၊ လုယက်၊ လူသတ်မှု ကျူးလွန်သူကို သေဒဏ်အထိ ချမှတ်ဖို့ လှုပ်ရှားမှုတွေ ပြုလုပ်သွားမယ် လို့လည်း အမျိုးသမီးအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ပြစ်မှုကျူးလွန်တဲ့ မျိုးဇော်ဦးကို လက်ရှိမှာ လူသတ်မှု ပုဒ်မ ၃၀၂၊ လုယက်မှု ပုဒ်မ ၃၉၂၊ မုဒိန်းမှု ပုဒ်မ ၃၇၆၊ ဓမ္မတာနှင့် ဆန့်ကျင်ကာ ပြစ်မှုပုဒ်မ (၃၇၇) တို့နဲ့ အမှုဖွင့်ထားတယ် လို့ သိရပါတယ်။ အလားတူ အဖြစ်မျိုး တခုက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ တုန်းက ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ထဲမှာ အသက် ၁၈ နှစ်အရွယ်ပဲ ရှိသေးတဲ့ “လားဟူ” တိုင်းရင်းသူ “မအေပီလှ” ဟာ ရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့ အပြင် မီးရှို့အလောင်းဖျောက်ဖျက်တာပါ ခံခဲ့ရပါတယ်။ သူမနဲ့ ခင်မင်တဲ့ အမျိုးသမီးတဦးရဲ့ ခင်ပွန်းက ငါးကင်စားချင်လို့ လာပို့ပေးပါ ဆိုပြီး ဖုန်းဆက်တဲ့ အတွက် မအေပီလှ သွားပို့ပေးရာမှာ သတ်ဖြတ် ခံခဲ့ရတာပါ။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့က ကျိုင်းတုံလွယ်မွေဘက် သွားတဲ့ လမ်းဘေးတနေရာမှာ မီးရှို့ခံထားရတဲ့ သူမရဲ့ အလောင်းကို တွေ့ခဲ့ရပြီး သူမလက်မှာ တွေ့တဲ့ လက်စွပ်ကနေ တဆင့် ကျူးလွန်သူကို ခြေရာခံဖမ်းမိခဲ့တာ ပါ။ ဘာရန်ငြိုး ရန်စမှ မရှိဘဲနဲ့ ငါးကင်ပို့ ဆိုလို့ လာပို့တဲ့ မိန်းကလေးကို “စိုးလွင်” နဲ့ “အိုက်တီ (ခ) စိုင်းရှန်” တို့က သတ်ဖြတ် အလောင်း ဖျောက်ဖျက်ခဲ့တာ ဖြစ်ပါတယ်။ အခုလို ရန်ကုန်မှာရော၊ နယ်မှာပါ အမျိုးသမီးတွေရဲ့ ဘဝ လုံခြုံမှုမရှိဘဲ ရက်ရက်စက်စက် သတ်ဖြတ်ခံနေရတဲ့ ကိစ္စတွေ အပေါ် ထိရောက်တဲ့ ပြစ်ဒဏ် ဘယ်လိုပေးမလဲလို့ “အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ ကော်မတီအတွင်းရေးမှူး” ဒေါ်စူစန်နာလှလှစိုးကို မေးမြန်းကြည့်တော့ သူမရဲ့အမြင်ကို အခုလို ပြောပြပါတယ်။ “ကျူးလွန်သူကို သေဒဏ်အထိ ပေးဖို့ ပြောနေတာ ကျမလည်း ကြားပါတယ်၊ မရွှေရည်ဝင်းရဲ့ ကိစ္စမှာလည်း လူသတ်၊ ပစ္စည်းယူ၊ မုဒိန်းကျင့်တာ ဖြစ်တဲ့အတွက် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိ ချမျတ်နိုင်ပါတယ်၊ ဒီလိုအမှုတွေမှာ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်ဖို့လည်း ဆက်ပြီး ကြိုးစားသွားရမှာပါ” လို့ ဆိုပါတယ်။ အမျိုးသမီးအရေး လှုပ်ရှားနေတဲ့ ဒေါ်ခင်လေးကလည်း “အမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှု အတွက် အားလုံးမှာ တာဝန်ကိုယ်စီ ရှိပါတယ်၊ အစိုးရ တာဝန်ရှိသူတွေတောင် ကိုယ့်ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အားနည်းတာ၊ ပျက်ကွက်တာ၊ တာဝန်မကျေတာတွေ ဖြစ်နေတဲ့ အချိန်မှာ ပြည်သူ အချင်းချင်းပဲ ကူညီဖေးမ စောင့်ရှောက်ကြရမှာပေါ့၊ အထူးသဖြင့် ဂုဏ်သိက္ခာရှိတဲ့ အမျိုးသားတွေက အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက် ပေးစေချင်ပါတယ်” လို့ ပြောပြပါတယ်။ အမျိုးသမီးတွေ အနေနဲ့လည်း တခုခု အန္တရာယ် ကျရောက်ခဲ့ရင် ဘယ်လို ကာကွယ်နိုင်မလဲ ဆိုတဲ့ အစီအမံလေးတွေ ရှိထားသင့် ပါတယ်။ တယ်လီဖုန်း အားသွင်းကြိုး၊ နားကြပ်ကြိုး၊ ဘီး၊ ထမင်းချိုင့်၊ ထီးတွေကို အသုံးပြုပြီး အန္တရာယ် ပြုလာသူကို အနိမ့်ဆုံး အဆင့် ဘယ်လို တုံ့ပြန်နိုင်မလဲ ဆိုတာ သိအောင် ပြင်ဆင်ထားဖို့ လိုလာပါပြီ။ အမျိုးသမီးတွေ အနေနဲ့ တယောက်တည်း သွားလာရင် ငရုတ်ကောင်း၊ စပရေးဘူး၊ Alarm ဘောလုံး၊ အိတ်ဆောင် ဓာတ်မီးကျဉ်စက်တွေ ကို ဆောင်ထားသင့်တယ် လို့ အကြံပြုတာတွေလည်း ရှိလာပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အတွင်းမှာလည်း လူသတ်မှုနဲ့ မုဒိန်းမှုတွေ များလာခဲ့တာ အမှန်ပါ။ အရေးကြီးတာက ပြစ်မှုကျူးလွန်သူတွေ အပေါ် သေဒဏ်အထိ ချမှတ်နိုင်တဲ့ ဥပဒေပြဋ္ဌာန်းဖို့ လိုအပ်နေတာပါ။ တကယ်လို့ ဥပဒေအရ ထိရောက်တဲ့ ပြစ်ဒဏ်တွေ မချမှတ်နိုင်ခဲ့ရင် တဖက်ကလည်း အစိုးရအနေနဲ့ အမျိုးသမီးတွေရဲ့ လုံခြုံမှု အတွက် အာမ မခံနိုင်ရင် ဒီလို လက်ရဲဇက်ရဲ ကျူးလွန်မှုတွေ ဆက်လက် ဖြစ်နေဦးမှာမို့ ပြည်သူတွေ ဘက်က ဆန့်ကျင်တဲ့ အသံတွေ၊ လှုပ်ရှားမှုတွေ ပြုလုပ်ရမှာပါ။ ဒါအပြင် အမျိုးသမီးတွေ အနေနဲ့လည်း လုံခြုံရေး သတိ အမြဲရှိထားသင့်ပါတယ်။ “အသက်ထက်ပိုပြီး ဘာကမှ အရေးမကြီးလို့ ဘတ်စ်ကားပဲ စီးမယ်၊ နောက်ပြီး မဖြစ်မနေပဲ တက္ကဆီ ငှားစီးရရင်တောင် ငရုတ်ကောင်း စပရေးဘူးဆောင်ထားမယ် လို့ စဉ်းစားထားတယ်” လို့ မတင်ဇာညိမ်းက ပြောပါတယ်။ (သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်။) The post ဥပဒေက အမျိုးသမီးတွေကို ကာကွယ်ပေးနိုင်သလား appeared first on ဧရာဝတီ.
Source : http://ift.tt/2FvCR1C
via IFTTT
Wednesday, January 31, 2018
Tuesday, January 30, 2018
စီးတီးတက္ကစီ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း မလုပ်လျှင် အငှားယာဉ်များ လိုင်စင် ဖျက်သိမ်းခံရမည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလကုန် အထိ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အငှားယာဉ်များ အားလုံး City Taxi အဖြစ် မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း မရှိလျှင် လုပ်ငန်းလိုင်စင်များ ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က ထုတ်ပြန်သည်။ အဆိုပါ တက္ကစီများအားလုံးသည် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေး အတွက် YRTA သို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ စီးတီးတက္ကစီ ယာဉ် များ အဖြစ် မှတ်ပုံတင်ရမည် ဖြစ်ပြီး ယင်းသတ်မှတ် ကာလအတွင်း ဆောင်ရွက်ခြင်း မရှိသည့် တက္ကစီယာဉ်များ အားလုံး ကို လုပ်ငန်းလိုင်စင် ဖျက်သိမ်းသည်အထိ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၃၀ ရက် ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။ အငှားယာဉ်မောင်းဖြစ်သူ ကိုဆန်းမင်းက “ကျနော်တို့ စီးတီးတက္ကစီ မှတ်ပုံတင်ရင် ပေးထားတဲ့အချိန်က နည်းနေတော့ နည်းနည်းလေး အခက်အခဲတော့ ဖြစ်ရတယ်။ ဒီမှာရှိနေတဲ့ အငှားကား အစီး အရေအတွက်က များနေတယ်။ ပေးတဲ့ အချိန်က နည်းနေတော့ မှတ်ပုံတင်တဲ့ နေရာမှာ ခက်ခဲတယ်။ စပြီးကြေညာထဲက အခုချိန်ထိ မှတ်ပုံတင်လုပ်ဖို့ ကား တွေက တန်းစီ နေတာ။ တနှစ်လောက်တော့ အချိန်ယူရမယ် ထင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။ ယင်းကဲ့သို့ အငှားကားများကို စီးတီးတက္ကစီများ အဖြစ် မှတ်ပုံတင်လိုက်လျှင် ခရီးသည်များ အတွက် ယခုထက် ပို၍ လုံခြုံ စိတ်ချရမည်ဖြစ်ပြီး လိုင်စင် အနက်နှင့်မောင်းနှင်ခြင်း၊ လိုင်စင်မရှိဘဲ အငှားများ မောင်းနှင်ခြင်း စသည့် တို့ ပျောက်သွားနိုင်မည်ဟု ထင်ကြောင်းလည်း ၎င်းက ပြောသည်။ ဆက်လက်၍ ကိုဆန်းမင်းက “စီးတီးတက္ကစီ မှတ်ပုံ တင်လုပ်လိုက်ပြီ ဆိုရင် တက္ကစီ မောင်းတဲ့သူဆိုပြီး သီးသန့် ဖြစ် သွားမယ်။ City Taxi လုပ်လိုက်ရင် ကားသမားနာမည်နဲ့ ကားနံပါတ်ကို လှမ်းကြည့်လိုက်တာနဲ့ မြင်ရပြီ ဆိုတော့ မှတ်ထားလို့ ရတယ်။ ခရီးသည် အတွက်လည်း အခုထက် ပိုပြီး လုံခြုံတာပေါ့” ဟု ပြောဆိုသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း အငှားယာဉ် အစီးရေ ၆ သောင်း ၈ ထောင်ကျော် ရှိနေပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ စီးတီးတက္ကစီ အဖြစ် မှတ်ပုံတင်ထားသည့် ကားအစီးရေမှာ ၃ သောင်း ၅ ထောင်ကျော် ရှိနေကြောင်း သိရသည်။ ယင်းအပြင် စီးတီးတက္ကစီအဖြစ် ထပ်တိုးမှတ်ပုံတင်ရန်အတွက် YRTA သို့ စာရင်း ပေးသွင်းထားသည့် အငှားတက္ကစီ အစီးရေမှာ ၅ သောင်းအထိ ရှိနေပြီး ယင်း စီးတီးတက္ကစီ (ရန်ကုန်တိုင်းအတွင်း အသိအမှတ်ပြု အငှားတက္ကစီ) ပြုလုပ် မည်ဆိုလျှင် အင်းစိန်မြို့နယ်နှင့် တာမွေမြို့နယ်ရှိ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) ရုံးသို့ လာရောက် ပြုလုပ်နိုင်သည်ဟု ဆိုသည်။ The post စီးတီးတက္ကစီ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း မလုပ်လျှင် အငှားယာဉ်များ လိုင်စင် ဖျက်သိမ်းခံရမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2rUh1mo
via IFTTT
Source : http://ift.tt/2rUh1mo
via IFTTT
မောင်တောတွင် လုံခြုံရေးတိုးချဲ့ရန် အစီအစဉ်မရှိသေးဟု ပြည်ထဲရေးပြော ရခိုင်ပြည်နယ် မောင်တော မြို့နယ်တွင် တပ်မတော် နှင့် ရဲတပ်ဖွဲ့များပူးပေါင်း၍ နယ်မြေလုံခြုံရေး ပေးနေသည့် အတွက် မြို့နယ် ရဲစခန်းများ တိုးချဲ့ ဖွင့်လှစ်ခြင်းနှင့် ပြည်သူ့စစ် ဖွဲ့စည်းပေးရန် အစီအစဉ် မရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဗိုလ်ချူပ် အောင်စိုးက ပြောသည်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ဇန်နဝါရီလ ၃၀ ရက်နေ့က ပြုလုပ်သော အမျိုးသားလွှတ်တော်တွင် မောင်တော မြို့နယ် လုံခြုံရေးနှင့် ပတ်သက်ပြီး မေးခွန်းမေးမြန်းမှုအပေါ် ယင်းသို့ ပြေဆိုသွားခြင်းဖြစ်သည်။ ဗိုလ်ချူပ် အောင်စိုး က “ဘူးသီးတောင် မောင်တောဒေသများတွင် လက်နှက်တပ်ဆင်ထားသည့် ပြည်သူ့ ပြည်သူ့စစ် ဌာနေအဖွဲ့ ၃ ဖွဲ့ အပါ အဝင် ပြည်သူ့စစ် ဌာနေ ၃၄ ဖွဲ့ နယ်မြေလုံခြုံရေးနှင့် နယ်စပ်ဒေသလုံခြုံရေးအတွက် တပ်မတော် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်တို့နှင့် ပူးပေါင်း၍ တာဝန်ထမ်းဆောင်လျှက် ရှိပါတယ်” ဟုမေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက မောင်တောမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်နိမိတ် အတွင်း မြို့နယ် ရဲစခန်းများ တိုးချဲ့ ဖွင့် လှစ်ပေးရန်နှင့် လုံခြုံရေး လုံး၀ မရှိသည့် ဒေသခံတိုင်းရင်းသားကျေးရွာများ၌ ပြည်သူ့ စစ် ဖွဲ့စည်းပေးရန် အစီစဉ် ရှိမရှိ မေးခွန်းကိုမေးမြန်းခဲ့ ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ဖွင့်လှစ်ထားသော မြို့မရဲစခန်း ၁၇ ခု၊ နယ်မြေရဲစခန်း ၃၂ ခု၊ ရဲကင်းစခန်း ၄၃ခု စုစုပေါင်း ၉၂ ခုရှိသည့် အနက် မြို့မရဲစခန်း ၁၇ ခု၊ နယ်မြေရဲစခန်း ၂၃ ခု၊ ရဲကင်း ၃၁ ခု၊ စုစုပေါင်း ၇၁ ခု ဖွင့်လှစ်ခဲ့ပြီး၊ နယ်မြေစခန်း ၉ခု၊ ရဲကင်းစခန်း ၁၂ခု စုစုပေါင်း ၂၁ ခုတို့ ဖွင့်ရန် ရဲစခန်းများ ကျန်ရှိကြောင်း လုံခြုံရေး အင်အား အခြေအနေကို ရှင်းပြသည်။ အနောက်ပိုင်းတိုင်း စစ်ဌာနချူပ် နယ်မြေတွင် မြန်မာနိုင်ငံ ရဲတပ်ဖွ့ဲ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ လုံခြုံရေး၊ နယ်မြေ တည်ငြိမ်ရေး၊ နယ်မြေဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် အတွက် ပြည်သူ့ စစ်ဌာနအဖွဲ့ ၅၉၆ ဖွဲ့အား ဖွဲ့စည်းထားရှိပြီး၊ ဘူးသီးတောင် နှင့် မောင်တော မြို့နယ်တို့တွင် ပြည်သူ့စစ်ဌာနေအဖွဲ့ ၃၄ ဖွဲ့ထားကြောင်း၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့များနှင့် အတူတွဲဘက်တာဝန်များ ထမ်ဆောင်လျှက် ရှိခြင်းကြောင့် လတ်တလောတွင် ပြည်သူ့စစ် ဌာနအဖွဲ့များ ထပ်မံဖွဲ့စည်းရန် မလိုအပ်သေးကြောင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ် က “အကြမ်းဖက် တွေက ညပိုင်းဆို ဝင်ချင်သလိုဝင်၊ ထွက်ချင်သလို ထွက်နေကြတယ်။ သူတို့က ရွာထဲဝင်ပြီး တောထဲကို ဝင်သွားတာ၊ လုံခြုံရေးက ကားလမ်းမ တလျောက်ပဲလေ၊ အဲ့တေ့ာ မြေပြင်ပေါ်မှာက ခဏခဏ ဖြစ်နေတာလေ၊ ပြောရရင် လုံခြုံရေး အင်အားသောင်းနဲ့ ချီပြီးလိုသေးတယ်” ဟု ဧရာဝတီ သို့ ပြောသည်။ ရခိုင်ပြည်နယ် ပေါက်တော မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင် က “ဘူးသီးတောင်၊ မောင်တော ဘက်မှာ လုံခြုံရေး အခက်ခဲဖြစ်တာ ကြာနေပြီ၊ ဒေသခံတွေ လက်ထဲမှာ ကာကွာနိုင်ဖို့ ပြည်သူ့စစ်က အရေးကြီးတယ်။ လုံခြုံရေး အင်အားနည်းတာ၊ များတာထက် တိုင်းရင်းသား ဒေသခံတွေမှာ ပြည်သူ့စစ် အနေနဲ့ လုပ်ပေးနိုင်ရင် ဒေသလုံခြုံမှု ရှိလာနိုင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။ The post မောင်တောတွင် လုံခြုံရေးတိုးချဲ့ရန် အစီအစဉ်မရှိသေးဟု ပြည်ထဲရေးပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2nrAJAB
via IFTTT
Source : http://ift.tt/2nrAJAB
via IFTTT
စစ်ကိုင်းပညာရေး တက္ကသိုလ်ကျောင်းတွင် ကျောင်းသားများ ဆန္ဒပြ မန္တလေး ရတနာပုံ တက္ကသိုလ်တွင် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့မှုကြောင့် ကျောင်းထုတ် ခံလိုက်ရသည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြန်တက်ခွင့် ရရေးနှင့် ပညာရေး အသုံးစရိတ် တိုးမြှင့်ပေးရေး အတွက် စစ်ကိုင်း ပညာရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ဆန္ဒဖော်ထုတ်ခဲ့သည်။ “ပညာရေး ဘက်ဂျက်တိုးမြှင့်ပေး”၊ “Justice For Students” အစရှိသည့် စာရွက်စာတမ်းများကို ကိုင်ဆောင်ထားသည့် ကျောင်းသူ၊ ကျောင်းသားများ က စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ပေါ်ရှိ ပညာရေး တက္ကသိုလ် ကျောင်းဝန်းထဲတွင် ဇန်နဝါရီလ ၃၀ ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ စစ်ကိုင်းပညာရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ပညာရေးတာဝန်ခံ ကိုဖြိုးသူကျော်က “ကျနော်တို့ ကျောင်းသားတွေ က ပညာရေးရဲ့ လိုအပ်ချက်ကို တောင်းဆိုတာဖြစ်တယ်။ ကျနော်တို့ ကျောင်းဆိုရင် အတော်လေး လိုအပ်ချက်တွေ ရှိနေတယ်။ ကျောင်းသားတွေက ကိုယ်ကျိုးစွန့်ပြီး တောင်းဆိုတယ်။ ဒါကို ကျောင်းထုတ်တာ မဖြစ်သင့်ဘူး။ ကျောင်းမှာ တကယ်ဆိုးပေ နေရင်တော့ တစ်မျိုးပါ့” ဟု ဧရာဝတီသို့ ပြောသည်။ စစ်ကိုင်း ပညာရေးတက္ကသိုလ်တွင် ဆန္ဒပြနေသည့် ကျောင်းသားများ (ဓာတ်ပုံ – ဒီလှိုင်းဝင်း၊ ဧရာဝတီ) ဆန္ဒပြပွဲတွင် စစ်ကိုင်းပညာရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင်များသာမ က အခြားကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၀ ကျော် ပါဝင်ခဲ့သည်။ ကျောင်းထုတ်ခံထားရသော ကျောင်းသူ၊ ကျောင်းသားများသည် ရတနာပုံ တက္ကသိုလ်တွင် ပညာရေး ဘက်ဂျက်တိုးမြှင့်ပေးရေး ဆန္ဒပြမှုဖြင့် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ပါ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ အပိုင် (ဃ)၊ အပိုဒ် ၁၊ အကျင့် စာရိတ္တ ပျက်ပြားမှုဆိုင်ရာ ပြစ်မှုများ အမှတ်စဉ် ၆၊ ကျောင်းစည်းကမ်း ဖောက်ဖျက်မှု ဆိုင်ရာပြစ်မှုများ အမှတ်စဉ် (၁) တို့ကိုဖောက်ဖျက် ကျုးလွန်သည်ဟုဆိုကာ ထိုသို့ အရေးယူမှု ခံခဲ့ရခြင်း ဖြစ်သည်။ စစ်ကိုင်း ပညာရေးတက္ကသိုလ်တွင် ဆန္ဒပြနေသည့် ကျောင်းသားများ (ဓာတ်ပုံ – ဒီလှိုင်းဝင်း၊ ဧရာဝတီ) ပညာရေး အသုံးစရိတ် တိုးမြှင့်ပေးရေး တိုက်ပွဲကော်မတီဝင် ကိုအောင်ပြည့်ဖြိုး က “ပညာရေးဘက်ဂျက် တိုးမြှင့်တောင်းဆိုလို့ ကျောင်းသားတွေကို ကျောင်းထုတ်တာဟာ ဒီမိုကရေစီ ယဉ်ကျေးမူကျင့်ဝတ်ကို ဖောက်ဖျက်တာပါပဲ။ ကျောင်သားတွေကို ကျောင်းထုတ်တာဟာ ကျောင်းသားထုကို စိန်ခေါ်လိုက်တာပါပဲ။ ကျောင်းသားတွေကို ဦးချိုးချင်တဲ့ပုံစံပါ။ ကျောင်းထုတ်တယ် ပြီးရင် ခံဝန်ကတိထိုးခိုင်းမယ်။ ဒါဟာ ခေတ်အဆက်ဆက်က ကျင့်သုံးလာတဲ့ နည်းလမ်းပဲ” ဟု ပြောသည်။ ၎င်းက ဆက်၍ “ကျောင်းသားဆိုတာ အမှန်တရားကိုမြတ်နိုးတယ်။ ကိုယ်ယုံကြည်ရာကို ရိုးသားမူနဲ့လုပ်တယ်။ ဒီအတွက် ကြောင့်မို့ ခံဝန်ကတိ ထိုးပြီး ဘယ်တော့မှ ကျောင်းပြန်တက်မှာ မဟုတ်ပါဘူး။ ကျောင်းထုတ်ခြင်း အပေါ်မှာ ကျောင်းထုတ်ခံရတဲ့ ကျောင်းသားတွေဟာ ဝမ်းနည်းနေမှာ မဟုတ်ပါဘူး။ ကျန်ရှိခဲ့တဲ့ ရဲဘော်တွေကိုပဲ ပညာရေးဘက်ဂျက် တိုးမြှင့်တောင်းဆိုဖို့ တိုက်တွန်းနှိုးဆော် ဝန်းရံပေးရုံ ပဲရှိတော့တယ်” ဟု ဆိုသည်။ စစ်ကိုင်း ပညာရေးတက္ကသိုလ်တွင် ဆန္ဒပြနေသည့် ကျောင်းသားများ (ဓာတ်ပုံ – ဒီလှိုင်းဝင်း၊ ဧရာဝတီ) ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရန် တောင်းဆိုမှုကို ကျောင်းသားသမဂ္ဂ အဖွဲ့ပေါင်း၂၀ က ရတနာပုံ တက္ကသိုလ်ကျောင်း အတွင်း ဇန်နဝါရီလ ၂၂ ရက်နေ့ က စတင်ကာ ပူးပေါင်းတောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့အား ဇန်နဝါရီ ၂၆ ရက်နေ့မှ စတင်၍ ပညာသင်ခွင့်များ ရပ်စဲခဲ့ရာ ယနေ့အထိ တက္ကသိုလ် ကောလိပ် ၇ ခုမှ ၄၈ ဦး ကို ပညာသင်ကြားခွင့်ရပ်စဲခဲ့ပြီး ရတနာပုံ တက္ကသိုလ်မှ ၁၄ ဦး၊ ရမည်းသင်း နည်းပညာတက္ကသိုလ်မှ ၁၁ ဦး၊ မိတ္ထီလာ နည်းပညာ တက္ကသိုလ်မှ ၁ ဦး၊ မိတ္ထီလာ စီးပွားရေး တက္ကသိုလ်မှ ၆ ဦး၊ မိုးညှင်း ဒီဂရီကောလိပ်မှ ၄ ဦး၊ စစ်ကိုင်း ပညာရေး တက္ကသိုလ် မှ ၃ ဦး နှင့် မိတ္ထီလာ တက္ကသိုလ် မှ ၉ ဦး တို့ဖြစ်ကြောင်းသိရသည်။ The post စစ်ကိုင်းပညာရေး တက္ကသိုလ်ကျောင်းတွင် ကျောင်းသားများ ဆန္ဒပြ appeared first on ဧရာဝတီ.
Source : http://ift.tt/2FtQUos
via IFTTT
Source : http://ift.tt/2FtQUos
via IFTTT
Du Fu စားသောက်ဆိုင်, တရုတ်နှစ်သစ်ကူး
ဆီဒိုးနား “Du Fu စားသောက်ဆိုင်”မှ တရုတ်နှစ်ကူးအတွက် အထူးဟင်းလျာများ ရရှိ လာမယ့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ တရုတ်နှစ်သစ်ကူး ကျရောက်လာပါတော့မယ်။ ဒီနှစ်ဟာ တရုတ်ရိုးရာ ပြက္ခဒိန်အရ “ခွေးနှစ်” ကျတဲ့နှစ်ပါ။ ဒီနှစ် ၂၀၁၈ ခုနှစ်၊ တရုတ်နှစ်သစ်ကူး ကာလအတွင်း ရန်ကုန်မြို့ရဲ့ နာမည်ကြီး ဟိုတယ်၊ ဆီဒိုးနားမှာရှိတဲ့ “Du Fu စားသောက်ဆိုင်”ကနေ ချက်ပြုတ်ရောင်းချသွားမယ့် တရုတ်ဟင်းလျာတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။ တရုတ်နှစ်သစ်ကူးအချိန်ခါ ရောက်လာပြီဆိုရင် တရုတ်လူမျိုးတွေက နှစ်သစ်မှာ တဦးနဲ့တဦး ကျန်းမာရေး ကောင်းမွန်စေကြောင်း၊ စီးပွားလာဘ်လာဘ တိုးတက်စေကြောင်း ဆုတောင်းပေးဖို့အတွက် မိသားစုတွေ၊ လုပ်ဖော်ကိုင်ဖက် ချစ်ခင်ရသူတွေနဲ့အတူ နှစ်သစ်ကူး ညစာစားပွဲတွေ ပြုလုပ်လေ့ရှိကြပါတယ်။ တရုတ်နှစ်ကူးပွဲတော် ကာလအတွင်း ဆီဒိုးနားဟိုတယ်၊ “Du Fu စားသောက်ဆိုင်” ရဲ့ စားဖိုမှူးကြီး Edmund Ng နဲ့ အဖွဲ့သားများ အထူးပြင်ဆင်ချက်ပြုတ်ထားတဲ့ ညစာဟင်းပွဲ Set Menu ၂ မျိုးကို ဖေဖော်ဝါရီလအတွင်း “Du Fu စားသောက်ဆိုင်”မှာ အထူးရောင်းချသွားမယ်လို့ သိရပါတယ်။ ကကတစ် ငါးကြော်ချက် / Sedona Hotel Yangon Set Menu ဟင်းပွဲ ၂ မျိုးကတော့ “ကြွယ်ဝချမ်းသာခြင်း” နဲ့ “သက်ရှည် ကျန်းမာခြင်း” အတိတ်နမိတ် ဟင်းပွဲတို့ပဲ ဖြစ်ပါတယ်။ Set Menu ဟင်းပွဲ ၂ မျိုးလုံးမှာ တရုတ်နှစ်ကူး ပွဲတော်အတွင်း မိသားစုများ၊ အပေါင်းအသင်း မိတ်ဆွေများ မပါမဖြစ် ပြုလုပ်ရတဲ့ အောင်မြင်တိုးတက်ခြင်းနဲ့ ကံကောင်းခြင်းတို့ ရရှိစေမယ်လို့ ယုံကြည်ထားတဲ့ “ယူရှန်း” အသုပ်ကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။ ပင်လယ်မျှော့ ဟင်းရွက်စုံ ကြော်ချက် / Sedona Hotel Yangon “ကြွယ်ဝချမ်းသာခြင်း” ဟင်းပွဲ Set Menu မှာ အထူးဟင်းလျာတွေဖြစ်တဲ့ ရီဆန် အက်ဘလွန်ခရုသုပ်၊ ဝက်ကောင်လုံးကင်၊ ဂုံးခြောက် ပင်လယ်စာဟင်းရည်နဲ့ ဆေးမြစ်စုံ ကြက်ကောင်လုံးကြော်ချက် အပါအဝင် အထူးဟင်းလျာ ၉ မျိုးပါဝင်ပြီး အထူးအစီအစဉ်အနေနဲ့တဦးကို အမေရိကန်ဒေါ်လာ ၄၈ ဒေါ်လာ (အနည်းဆုံး ၆ ဦးစာ) ဟင်းပွဲများ မှာယူ သုံးဆောင်နိုင်တယ်လို့ သိရပါတယ်။ ရေချို ပုဇွန်ထုပ် ထောပတ်ဆီကြော် / Sedona Hotel Yangon ဟင်းပွဲမှာ အခြား ပုံမှန်တရုတ်နှစ်ကူးဟင်းလျာများဖြစ်တဲ့ ကြံမဆိုင် ကျောက်ငါးပေါင်း၊ ပုဇွန်ကျား ဒယ်အိုးပူကြော်၊ ဆားဘဲဥ ငရုတ်သီး နှစ်ဟင်း၊ ပင်လယ်မျှော့ဟင်းရွက်စုံကြော်ချက်၊ ကမာကောင် ထမင်းကြော်နဲ့ အုန်းနို့ ဟက်စ်မာ ခြောက်ပြုတ်တို့ ပါဝင်ပါတယ်။ ဟောင်ကောင် ခေါက်ဆွဲနဲ့ ဝက်သားကင် / Sedona Hotel Yangon “သက်ရှည်ကျန်းမာခြင်း” အတိတ်နမိတ် ဟင်းပွဲ Set Menu မှာ ရီဆန် အက်ဘလွန်ခရုသုပ်၊ စီချွမ် ပင်လယ်စာချဉ်စပ် ကြော်ချက်၊ ပဲပိစပ်ဆီမွှေး ကြက်သားဟင်း၊ ကကတစ် ငါးကြော်ချက်တို့ ပါဝင်ပြီး အထူးဟင်းလျာ ၈ မျိုး ပါဝင်ပြီး အထူးအစီအစဉ်အနေနဲ့ တဦးလျှင် အမေရိကန်ဒေါ်လာ ၃၈ ဒေါ်လာ (အနည်းဆုံး ၆ ဦးစာ) ဟင်းပွဲများ မှာယူ သုံးဆောင်နိုင်ပါတယ်။ ရီဆန် အက်ဘလွန် ခရုသုပ် / Sedona Hotel Yangon အဆိုပါ ဟင်းပွဲ Menu မှာ ရေချိုပုဇွန်ထုပ်ကြော်၊ ပင်လယ်မျှော့ တရုတ်မှိုခြောက် ကြော်ချက်၊ သက်ရှည်ကျန်းမာခြင်း အတိတ်နမိတ်အဖြစ် ဟောင်ကောင်ခေါက်ဆွဲနဲ့ ဝက်သားကင်၊ ဂျင်းပြုတ်ရည်နဲ့ ချက်ထားတဲ့ ကောက်ညှင်းဆန်လုံးတို့ ပါဝင်ပါတယ်။ တရုတ်နှစ်ကူးဟင်းပွဲ Set Menu ၂ မျိုးလုံးကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ရောင်းချသွားမှာဖြစ်ပြီး ဟင်းပွဲများကို Set Menu အနေနဲ့ မဟုတ်ဘဲ အခြားသော တရုတ်ရိုးရာဟင်းပွဲများကို မိမိ နှစ်သက်သလို ရွေးချယ်မှာယူနိုင်တယ်လို့လည်း သိရပါတယ်။ “Du Fu စားသောက်ဆိုင်”ကို ဆီဒိုးနားဟိုတယ်၊ Level 2 မှာ ဆိုင်ဖွင့်ချိန် နေ့စဉ် နေ့လည် ၁၁ နာရီမှ ၂ နာရီခွဲ၊ ညနေ ၆ နာရီမှ ည ၁၀ နာရီခွဲအထိ ဖွင့်လှစ်ထားပြီး တရုတ်ရိုးရာ နှစ်ကူးကာလအတွင်း မိသားစုစုံညီ ညစာစားပွဲများ၊ မိတ်ဆုံ ညစာစားပွဲများအတွက် သီးသန့် စားသောက်ခန်းများ ကြိုတင်စာရင်းပေး ငှားရမ်းနိုင်တယ်လို့ သိရပါတယ်။ ။ The post ဆီဒိုးနား “Du Fu စားသောက်ဆိုင်”မှ တရုတ်နှစ်ကူးအတွက် အထူးဟင်းလျာများ ရရှိ appeared first on ဧရာဝတီ.
Source : http://ift.tt/2DX12J3
via IFTTT
Source : http://ift.tt/2DX12J3
via IFTTT
တရားစီရင်ရေးစနစ် လွတ်လပ်မှု အခြေအနေ တရားလွှတ်တော်ချုပ် လေ့လာဆန်းစစ်မည် မြန်မာနိုင်ငံ တရားစီရင်ရေး စနစ်၏ လွတ်လပ်မှု အခြေအနေကို လေ့လာဆန်းစစ်မှုများ ပြုလုပ်ရန် တရားလွှတ်တော် ချုပ် က စီစဉ်လျက် ရှိကြောင်း သတင်းရရှိသည်။ တရားသူကြီး တဦးချင်းစီ၏ လွတ်လပ်စွာ ဆုံးဖြတ်နိုင်မှု နှင့် အဖွဲ့အစည်း၏ လွတ်လပ်မှု တို့ကို တိုင်းတာနိုင်ရန် အတွက် သုတေသန ပြုလုပ်သွားမည်ဟုလည်း ဆိုသည်။ ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် တရားစီရင်ရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၈-၂၀၂၂) မိတ်ဆက် ရှင်းလင်းပွဲ တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး ဒုညွှန်ချုပ် ဒေါ်တင်နွယ်စိုးက မီဒီယာများကို အထက်ပါအတိုင်း ပြောဆို ခြင်း ဖြစ်သည်။ တရားစီရင်ရေး၏ လွတ်လပ်မှုကို မြှင့်တင်နိုင်ရေးနှင့် ပတ်သက်ပြီး ယခု စီမံကိန်းတွင် အထူးအလေးထား လုပ်ဆောင်ရ မည့် လုပ်ငန်းတရပ် ဖြစ်ကြောင်းလည်း သိရသည်။ “လက်ရှိ တရား စီရင်ရေးရဲ့ လွတ်လပ်မှု အခြေအနေကို ကျမတို့ သုတေသနပိုင်းအရ လေ့လာဆန်းစစ်ပါမယ်။ စစ်ဆေး ပြီးတော့ ဒီလို လွတ်လပ်မှု ရှိဖို့ဆိုတာက အစိုးရရဲ့ တခြား Branches တွေပေါ့နော်။ အုပ်ချုပ်ရေးတွေ၊ ဥပဒေပြုရေးတွေ ဒီအဖွဲ့က တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးတာတွေ၊ လူမှု အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဆွေးနွေးတာတွေ အများကြီး လုပ်သွားဖို့ ရှိပါတယ်”ဟု ဒေါ်တင်နွယ်စိုးက ပြောသည်။ ယခင်က တရားရုံးများသည် လွတ်လပ်မှု မရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် တစုံတရာ လွတ်လပ်မှု ရှိလာကြောင်း၊ သို့သော် အုပ်ချုပ်ရေးပိုင်း၏ သြဇာကြီးမှု၊ ဖိအားတို့ကို စိုးရိမ်နေဆဲ အနေအထားတွင် ရှိနေသေးကြောင်း၊ တရားသူကြီး များ နှင့် အဂတိတရား ဆက်စပ်မှုသည်လည်း လွတ်လပ်သည့် တရားစီရင်ရေးစနစ် ဖြစ်နိုင်ရန် စိန်ခေါ်နေဆဲ ဖြစ်ကြောင်း ရှေ့နေ အသိုင်းအဝိုင်းက ပြောဆိုကြသည်။ တရားလွှတ်တော် ရှေ့နေ ဦးခင်အောင်ဇော်က“တချို့ကိစ္စတွေမှာ တရားရုံးက သိပ်ပြီးတော့ လွတ်လပ်မှု မရှိသေးဘူး။ ဥပမာဆိုပါတော့ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ဖြစ်တဲ့ အခါမျိုးတွေမှာ တရားသူကြီးတွေ အနေနဲ့က ငွေကြောင့် မဟုတ်ဘူး။ သို့သော် သူတို့အနေနဲ့ အုပ်ချုပ်ရေးကို ထိပါးမှာ စိုးတဲ့အတွက်ကြောင့် စိုးရိမ်မှုနဲ့ မလိုအပ်ဘဲ တရားခံ အပေါ်မှာ ဖိတာတို့၊ တရားခံရဲ့ အခွင့်အရေးကို ထိပါးမိတာတို့ ရှိတယ်”ဟု ယင်း အခမ်းအနားတွင် သတင်းထောက်များ ကို ပြောသည်။ ယခင်က တံခါးပိတ် တရားခွင်များ ရှိခဲ့သော်လည်း ယနေ့ မရှိတော့ကြောင်း၊ တရားရုံး၏ တရားခွင်တွင် တရားသူကြီး နှင့် ရှေ့နေတို့၏ ဆက်ဆံရေး တဖက်စောင်းနင်း ရှိခဲ့သော်လည်း ယခုအခါ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် ဆွေးနွေးမှုများ ရှိလာပြီ ဖြစ်ကြောင်း ယင်းပွဲသို့ တက်ရောက်လာသူများက ပြောဆိုသည်။ ရန်ကုန် ရှေ့နေအသင်းမှ ဦးချစ်ကိုကိုက “ရှေ့နေတယောက် အနေနဲ့ တရားရုံးတွေထဲ ဝင်ပြီး သွားလာနေတာ သိရ တာကတော့ အပေါ် ဖိအား မရှိပါဘူး။ မြို့နယ်ကအစ ပြည်ထောင်စု အဆင့်အထိ မရှိဘူး။ အရင်တုန်းကတော့ မှန် တယ်။ ဘယ်သူက ဘာပြောထားလို့ ဆိုပြီး အမှုတွေမှာ အခက်အခဲတွေ အများကြီး ကြုံခဲ့တယ်”ဟု ပြောသည်။ ၂၀၁၆ ခုနှစ်၏ တရားရုံးနှစ်စဉ် အစီရင်ခံစာ တစောင်ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ထုတ်ပြန်နိုင်ခဲ့ရာ ထို အစီရင် ခံစာတွင် တရားရုံးများ၏ ဆောင်ရွက်ချက်များ၊ စီမံခန့်ခွဲရေးပိုင်းအရ တရားသူကြီးများကို ကြီးကြပ်၍ အရေးယူ အပြစ်ပေးနိုင်ခဲ့မှုများကို ကိန်းဂဏန်းဖြင့် ဖော်ပြနိုင်ခဲ့ကြောင်း သိရသည်။ “တရားသူကြီးတွေကို အရေးယူတယ်ဆိုတာက အဂတိရယ်လို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ တရားရုံး လုပ်ထုံး လုပ် နည်း နဲ့ မညီတာပေါ့။ မမှားသင့်တဲ့ အမှားမျိုး၊ ရုံးလုပ်ငန်းမျိုး မှားယွင်းတာကအစ ကျမတို့က ကြီးကြပ်ဆောင်ရွက်တဲ့ အပိုင်းမှာ ပါတဲ့အခါကျတော့ အဲဒီ အချက်အလက်တွေ ကျမတို့ ဌာနရဲ့ Web Page မှာ Assess လုပ်ယူလို့ ရပါတယ်” ဟု ဒုညွှန်ချုပ် ဒေါ်တင်နွယ်စိုးက ပြောသည်။ တရားရုံးချုပ်က အကောင်အထည်ဖော်မည့် စီမံကိန်းတွင် အမှုပြီးပြတ်မှုနှုန်း လျော့ကျရန်၊ တရားရုံးများတွင် အမှုများ မစစ်ဘဲ ရွှေ့ဆိုင်းရခြင်းများ လျော့နည်းစေရန်၊ ကြန့်ကြာနေသည့် အမှုများ အမြန်ဆုံး ပြီးပြတ်ရန်နှင့် တရားရုံး၏ ဝန်ဆောင်မှုကို ပြည်သူများ ကျေနပ်စေရန် တိုင်းတာချက်များ ပြုလုပ်မည်ဟုလည်း ဆိုသည်။ ထို့ပြင် တရားသူကြီးများ၏ ကျင့်ဝတ်ဆိုင်ရာနှင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု မြှင့်တင်နိုင်ရေးအတွက် ၂၀၁၇ ခုနှစ်က တရားသူကြီးများ လိုက်နာရမည့် တရားရေး ကျင့်ဝတ်များကို ထုတ်ပြန် ကြေညာခဲ့ပြီး ဖြစ်ကြောင်း၊ အဂတိ လိုက်စား ခြင်း မဟုတ်ဘဲ ကျင့်ဝတ်ဖောက်ဖျက်သည့် တရားသူကြီး များစွာရှိနေ၍ ကျင့်ဝတ်ကို တရားသူကြီးများ ကိုယ်တိုင် လိုက်နာဆောင်ရွက်ခြင်းက အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း တရားရုံးချုပ်မှ သိရသည်။ ယခု စီမံကိန်းကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ကြီးကြပ်ရေးဆွဲ ခဲ့သော်လည်း တရားရုံး အဆင့်ဆင့်၏ တာဝန် သိမှု၊ တာဝန်ခံမှု၊ အနီးကပ် ကြီးကြပ်မှု၊ စိတ်ရောကိုယ်ပါ ပါဝင် ဆောင်ရွက်မှုများဖြင့်သာ အောင်မြင်စွာ အကောင် အထည် ဖော်နိုင်မည်ဟု တရားသူကြီးချုပ်က ယနေ့ အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ပြောသည်။ ယင်း စီမံကိန်းနှင့် ပတ်သက်ပြီး အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ၊ တရား ဥပဒေ စိုးမိုးမှု မြင့်တင်ရေး စီမံကိန်း (USAID-PRLP) ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်၊ ဒိန်းမတ်နိုင်ငံ သံရုံး၊ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ ဆိုင်ရာ အကူအညီပေးရေး နိုင်ငံတကာအဖွဲ့ (IDEA International)၊ အစိုးရ ဌာနများနှင့် လူမှု အဖွဲ့ များ၊ တိုင်းနှင့် ပြည်နယ် တရားလွှတ်တော်များနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများက ပါဝင်ကူညီခဲ့ကြကြောင်း သိရသည်။ The post တရားစီရင်ရေးစနစ် လွတ်လပ်မှု အခြေအနေ တရားလွှတ်တော်ချုပ် လေ့လာဆန်းစစ်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2ns8FNl
via IFTTT
Source : http://ift.tt/2ns8FNl
via IFTTT
ဘားအံခရိုင် အုပ်ချုပ်ရေးမှူးအား ဦးဆောင်ဆန္ဒပြသူ အဖမ်းခံရ ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်တွင် ဘားအံခရိုင် အုပ်ချုပ်ရေးမှူးကို ဆန္ဒသည့် အဖွဲ့အား ဦးဆောင်သည့် ၈၈ မျိုးဆက် (ကရင်) ကျောင်းသားများ၏ လူမှုဖွံ့ဖြိုးရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဦးစောမောင်ကြီး ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ လူပုဂ္ဂိုလ် ၃၀ ကျော်က ဘားအံခရိုင် အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း ဇန်နဝါရီ ၃၀ ရက်နေ့နံနက် ၈ နာရီခွဲဝန်းကျင်တွင် ဆန္ဒပြခဲ့ကြရာ ဘားအံမြို့နယ် ရဲတပ်ဖွဲ့က သတိပေးစည်းမျဉ်း သုံးခုတား၍ ၎င်းအား ဖမ်းဆီးပြီး လူစုခွဲခဲ့ကြောင်း အာမခံနှင့် ပြန်လည် လွတ်မြောက်လာသည့် ဦးစောမောင်ကြီး က ပြောသည်။ စောမောင်ကြီး က “ပထမစည်းမှာ မြို့မစခန်းမှူးက ဒေသန္တရ အမိန့်အရ ခွင့်ပြုချက်မပေးပါဘူး။ မကျော်ဖို့ တားပါတယ်။ ဒုတိယစည်းမှာ မြို့နယ်မှူးကိုယ်တိုင်တားပါတယ်။ ကျနော်တို့ ဆက်ပြီးသွားတယ်။ တတိယစည်းမှာက ရဲအင်အား အပြည့်နဲ့ဆိုတော့ ကျနော်တို့ပါသွားတဲ့သူက နည်းတယ်။ တစ်ခုခုဖြစ်ရင် ရွာသားတွေ ထိခိုက်နစ်နာမယ်ဆိုတော့ ကျနော်တယောက်ပဲ ခေါင်းဆောင်အနေနဲ့ တာဝန်ယူမှု တာဝန်ခံမူနဲ့ အဖမ်းခံလိုက်တယ်”ဟု ပြောသည်။ လူစုခွဲခံလိုက်ရသည့် ဘားအံမြို့ပေါ် ဆန္ဒပြပွဲ / ဉာဏ်စိုးဝင်း၊ ဧရာဝတီ ဦးစောမောင်ကို ဘားအံမြိုမရဲစခန်းက ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံထားပြီးနောက် အာမခံပေးသဖြင့် ပြန်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ဆန္ဒပြပွဲ၌ ကော့ကဒါကျေးရွာ၊ လျာကမြင်ကျေးရွာ၊ ကျောက်ကလပ်ကျေးရွာနှင့် ကော့ထော်ကျေးရွာတို့မှ ဒေသခံ ၃၅ ဦးဝန်းကျင်က လိုက်ပါခဲ့ကြကြောင်း သိရသည်။ ဆန္ဒပြသူများသည် ပြည်သူ့အသံ နားမထောင်သော ခရိုင်အုပ်ချုပ်ရေးမှူး အလိုမရှိဆိုသည့် ကြွေးကြော်သံ အပြင် အကျင့်ပျက် ဝန်ထမ်းများအား ထိရောက်စွာ အရေးယူပေးရေး ဒို့အရေး၊ လယ်ယာမြေပြဿနာများ ထိရောက်စွာ ဖြေရှင်းပေးရေး ဒို့အရေး၊ အစိုးရ၏ လယ်ယာမြေမူဝါဒ လမ်းညွှန်အတိုင်း ဖြေရှင်းပေးရေး ဒိုအရေး စသည့် ကြွေးကြော်သံများဖြင့်လည်း ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း သိရသည်။ လူစုခွဲခံလိုက်ရသည့် ဘားအံမြို့ပေါ် ဆန္ဒပြပွဲ / ဉာဏ်စိုးဝင်း၊ ဧရာဝတီ လယ်ယာမြေပြဿနာနှင့် ပတ်သက်၍ ဘားအံခရိုင်အုပ်ချုပ်ရေးမှူးကို လယ်သမားများနှင့် တွေ့ဆုံညှိနှိုင်း အဖြေရှာရန် အတွက် ၄ ကြိမ် တိတိ ချိန်းဆိုခဲ့ကြောင်း သို့သော်လည်း ခရိုင်အုပ်ချုပ်ရေးမှူးက လယ်သမားများနှင့် တိုက်ရိုက် အတွေ့မခံဘဲ အကြိမ်ကြိမ် ရှောင်လွှဲသဖြင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း သိရသည်။ လူစုခွဲခံလိုက်ရသည့် ဘားအံမြို့ပေါ် ဆန္ဒပြပွဲ / ဉာဏ်စိုးဝင်း၊ ဧရာဝတီ ဆန္ဒပြပွဲမပြုလုပ်မီဇန်နဝါရီ ၂၆ ရက်နေ့တွင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ပြုရန် ဘားအံမြို့နယ် ရဲတပ်ဖွဲ့မှူးထံ အသိပေး အကြောင်းကြားခဲ့သည်ဟု ဆန္ဒပြသူများဘက်က ဆိုသည်။ လူစုခွဲခံလိုက်ရသည့် ဘားအံမြို့ပေါ် ဆန္ဒပြပွဲ / ဉာဏ်စိုးဝင်း၊ ဧရာဝတီ သို့သော်လည်း အရကျောင်းသား၊ ကျောင်းသူများစာမေးပွဲဖြေဆိုရန် စာကျက်၊ စာဖြေ ကြိုတင်ပြင်ဆင်ချိန် ဖြစ်နေသည့် အတွက်ကြောင့် လည်းကောင်း၊ ဘားအံမြို့တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုနေ့ အခမ်းအနားနှင့် အရေးကြီးပုဂ္ဂိုလ်ခရီးစဉ် လုံခြုံရေး အထူဂရုပြု ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ချိန် ဖြစ်နေသည့် အတွက်ကြောင့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းကို ခွင့်မပြုနိုင်ကြောင်း ဘားအံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၏ အသိပေးစာအရ သိရသည်။ ၈၈ မျိုးဆက် (ကရင်) ကျောင်းသားများ၏ လူမှုဖွံ့ဖြိုးရေး အသင်းမှ ဗဟိုအလုပ်အမှုဆောင် အထွေထွေ အတွင်းရေးမှူး နန်းမူခမ်း က “ဒီအကြောင်းပြချက်က ခိုင်လုံတယ်လို့ မမြင်ဘူး၊ ကျမတို့က ဆူပူအုံကြွမှုဖြစ်အောင် လုပ်တာလည်း မဟုတ်ဘူး၊ သိမ်းဆည်းခံ လယ်သမားတွေ ခံစားနေရတဲ့ ပြဿနာကို အထက်ကလူကြီးတွေ သိအောင်လို့ ပြည်သူ့အသံကို ကျမတို့ကထုတ်တာပေါ့နော်၊ ဒါနဲ့ပတ်သက်ပြီးတော့မှ မခိုင်လုံဘူးပေါ့” ဟု ဆိုသည်။ The post ဘားအံခရိုင် အုပ်ချုပ်ရေးမှူးအား ဦးဆောင်ဆန္ဒပြသူ အဖမ်းခံရ appeared first on ဧရာဝတီ.
Source : http://ift.tt/2ElApeF
via IFTTT
Source : http://ift.tt/2ElApeF
via IFTTT
Subscribe to:
Posts (Atom)