ဦးကိုနီ ဆုံးတာ တနှစ်ပြည့်ပေမယ့် မေ့မရသေး ထင်ရှားသော မွတ်ဆလင် ရှေ့နေ ဦးကိုနီသည် ဆယ်စုနှစ် ၄ ခုကျော် မရေမတွက်နိုင်သော မိသားစုများ၊ လူပုဂ္ဂိုလ်များအတွက် အမှုများ လိုက်ပါဆောင်ရွက်ပေးခဲ့သူတဦး ဖြစ်သည်။ သို့သော် တနေ့နေ့တွင် သူကိုယ်တိုင် ထိပ်တန်းရာဇဝတ်မှုတခု၏ သားကောင်ဖြစ်လာလိမ့်မည်ဟု မည်သည့်အချိန်ကမျှ တွေးခဲ့လိမ့်မည် မဟုတ်ပါ။ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ ၊ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်၊ လူမြင်ကွင်းတွင် ဦးကိုနီသည် သေနတ်သမားတဦး၏ အနီးကပ်ပစ်ခြင်းကို ခံခဲ့ရသည်။ ဦးကိုနီ သတ်ဖြတ်ခံခဲ့ရမှုသည် သတင်းများတွင် ဆွေးနွေးပြောဆိုမှု အများဆုံး ကိစ္စများအနက် တခုဖြစ်ခဲ့သည်။ ဦးကိုနီသည် သေဆုံးချိန်တွင် အသက် ၆၃ နှစ် ရှိပြီဖြစ်သည်။ ဦးကိုနီသတ်ဖြတ်ခံခဲ့ရမှုက ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ၁ နှစ်တင်းတင်းပြည့်ပြီ ဖြစ်သော်လည်း လုပ်ကြံမှု၏ နောက် ကွယ်မှ အကြောင်းရင်းက ယနေ့အထိ မသဲကွဲသေးပါ။ အာဏာရအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဥပဒေ အကြံပေးတယောက် ဖြစ်ခဲ့သော ဦးကိုနီသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူ တယောက်လည်း ဖြစ်သည်။ တပ်မတော်က ရေးဆွဲခဲ့ပြီး ဒီမိုကရေစီနည်းလမ်းနှင့်မညီဟု ဝေဖန်ခံနေရသည့် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲနိုင်ရေး ကာလရှည်ကြာစွာ တောင်းဆိုကြိုးပမ်းခဲ့သည်။ အခြေခံဥပဒေပြင်ဆင်ရေးအပေါ် သူ၏ စိတ်အားထက်သတ်မှုက သူသေဆုံးခဲ့ရသည့် အကြောင်းရင်း ဖြစ်သည်ဟု အများစုက ထင်ကြေးပေးခဲ့ကြသည်။ လုပ်ကြံသတ်ဖြတ်ရခြင်း အကြောင်းရင်းနှင့် ပတ်သက်၍ ကျေနပ်လောက်စရာအဖြေ ယခုအချိန်အထိ မရှိသေးသော်လည်း ပြည်ထဲရေးဝန်ကြီးကမူ အမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် သံသယရှိသူများ၏ ပုဂ္ဂိုလ်ရေးမုန်းတီးမှုတခုဖြစ်ပြီး ဦးကိုနီ၏ နိုင်ငံရေးလုပ်ဆောင်မှုများကို မုန်းတီးခဲ့ကြသည်ဟု ဆိုသည်။ သို့သော်လည်း NLD ဥပဒေအကြံပေး၏ ပြုပြင်ပြောင်းလဲရေး အားထုတ်မှုများကို အဆုံးသတ်သွားစေချင်သည့် ပိုမိုသြဇာကြီးမားသူများ ပါဝင်ပတ်သက်နေနိုင်သည်ဟု အများစုက သံသယရှိကြသည်။ စစ်ကိုင်းတိုင်း၊ ကသာဇာတိ ဦးကိုနီသည် ရန်ကုန်တက္ကသိုလ်သို့ ၁၉၇၁ ခုနှစ်တွင် ဥပဒေပညာသင်ယူရန် ရောက်ရှိခဲ့သည်။ ဆင်းရဲနွမ်းပါးသော မိသားစုမှ မွေးဖွားလာခဲ့သူဖြစ်သည့်အတွက် တက္ကသိုလ် ပညာသင်ယူစဉ်ကာလတလျှောက်လုံး ကျောင်းစရိတ်အတွက် ကိုယ်တိုင်အလုပ်လုပ်ကာ ရှာဖွေခဲ့ရသည်။ ၁၉၇၆ ခုနှစ်တွင် ဦးကိုနီ ဥပဒေပညာဘွဲ့ရရှိခဲ့သည်။ မောင်ကိုနီ ကလောင်နာမည်ဖြင့် ဥပဒေနှင့်သက်ဆိုင်သည့် ဆောင်းပါးနှင့် စာအုပ်အများအပြား ရေးသားခဲ့ပြီး အများပြည်သူကို ဥပဒေအကြောင်း အသိပညာပွားစေခဲ့သည်။ ဝါရင့်သတင်းစာဆရာနှင့် စာရေးဆရာ မောင်ဝံသက ဦးကိုနီ၏ ခက်ခက်ခဲခဲ လိုက်ပါဆောင်ရွက်ခဲ့ရသော တရားမမှုများအကြောင်း ဖတ်ရှုရင်း ဦးကိုနီက သူ့ကို နာမည်ကြီး အမေရိကန် စုံထောက်ဝတ္ထုများ၏ ဇာတ်ကောင် ပယ်ရီမေဆင် Perry Mason ကို သတိရမိစေသည်ဟု ချီးမွမ်းရေးသားဖူးသည်။ ဦးကိုနီက တရားမမှုများကို အဓိကလိုက်ပါဆောင်ရွက်ပြီး ပယ်ရီမေဆင်က ရာဇဝတ်မှုများကို အဓိကကိုင်တွယ်ခြင်းကတော့ ကွာခြားသည်ဟု ဆိုထားသည်။ ဦးကိုနီ သေဆုံးအပြီး ဥရောပသမဂ္ဂမှ ပေးသော Schuman Award ဆု/မျိုးမင်းစိုး/ဧရာဝတီ “တရားမမှုတွေ လိုက်ပါဆောင်ရွက်တဲ့အခါမှာ ဦးကိုနီဟာ ရှေ့နေကြီးပယ်ရီမေဆင်လိုပဲ မတရားသဖြင့် ခံရသူဘက်က လိုက်ပါလေ့ရှိတယ်။ လူလိမ်၊ လူကောက်တွေဘက်က မှားယွင်းပြီး မလိုက်မိအောင် ရှောင်ရှားသူ၊ ဓမ္မနဲ့ အဓမ္မမှာ ဓမ္မသမားဘက်ကပဲ အမြဲရပ်တည်ခဲ့သူလို့ ဂုဏ်သတင်း ထင်ရှားပါတယ်” ဟု မောင်ဝံသက ချီးမွမ်းရေးသားခဲ့ဖူးသည်။ ဦးကိုနီ ကွယ်လွန်သည့်အခါ ဇနီးနှင့် သားသမီး ၃ ယောက် ကျန်ရစ်ခဲ့သည်။ အသက် ၃၄ နှစ် အရွယ် မယဉ်နွယ်ခိုင်က သမီးအကြီးဆုံး သမီး ဖြစ်သည်။ မယဉ်နွယ်ခိုင်နှင့် ကွယ်လွန်သူဖခင် ဦးကိုနီတို့ နောက်ဆုံးပြောဆိုခဲ့သည့် အကြောင်းအရာမှာ ချယ်ရီသီးများအကြောင်း ဖြစ်သည်။ ထိုနေ့က အင်ဒိုနီးရှားနိုင်ငံမှ ပြန်လာသူဖခင်ကို ကြိုရန် မယဉ်နွယ်ခိုင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရှိနေခဲ့သည်။ ဦးလေးဖြစ်သူက လေဆိပ်ကို ကားမောင်းပို့ပေးခဲ့ပြီး သူနှင့်အတူ တူဖြစ်သူကိုလည်း လေယာဉ်ကွင်းသို့ ခေါ်လာခဲ့သည်။ ဦးကိုနီ ဂိတ်ပေါက်မှ ထွက်လာပြီးနောက် မြေးဖြစ်သူအတွက် ချယ်ရီသီးများ ဝယ်လာခဲ့ကြောင်း ပြောပြပြီး “ချယ်ရီသီး ဒီကောင် မစားဖူးသေးဘူးနော်” ဟု သမီးဖြစ်သူကို မေးသည်။ “ပါးပါးရယ် ချယ်ရီသီးက ချဉ်တယ်နော် သူ စားပါ့မလား” ဟု မယဉ်နွယ်ခိုင်က ဆိုသော်လည်း ဦးကိုနီက ယင်းချယ်ရီသီးများကို မြည်းကြည့်ပြီး ဖြစ်သဖြင့် မချဉ်ကြောင်း၊ မြေးဖြစ်သူ ကြိုက်လိမ့်မည်ဟု ပြောသည်။ အဖြစ်အပျက်များ အားလုံးက လျှင်မြန်စွာပင် ဖြစ်ပျက်သွားခဲ့သည်။ မယဉ်နွယ်ခိုင်က ဦးလေးဖြစ်သူကို Terminal အပေါက်ဝရှေ့ တွင် ဖုန်းခေါ်နေချိန် ဖောက်ကနဲ အသံတခုကို ကြားလိုက်ရပြီး ဖခင်ဖြစ်သူကလည်း ကလေးကိုချီထားရင်း လဲကျသွားသည်ကို တွေ့လိုက်ရသည်။ ဆရာဝန်တယောက်ဖြစ်သည့်အလျောက် ပထမဆုံးတွေးမိသည်က ဖခင်ဖြစ်သူ ရုတ်တရက် လေဖြတ်သွားသည်လားဟု ဖြစ်သည်။ ချက်ချင်း အနားသို့ ပြေးသွားလိုက်သည်။ ဦးကိုနီ၏ ဦးခေါင်းမှ သွေးများယိုစီးထွက်လာသည်ကို မြင်သည့်တိုင် သူကြားလိုက်သော အသံသည် ဖခင်ဖြစ်သူ၏ ဦးခေါင်းထဲ ဖောက်ဝင်သွားကာ အသက်ကို နှုတ်ယူသွားသော သေနတ်သံဟု သူ မတွေးခဲ့မိပါ။ “သေနတ်ဆိုလည်း မမြင်ဖူးဘူး အပြင်မှာ။ ပစ်တာ၊ ခတ်တာတွေလည်း မမြင်ဖူးဘူးလေ။ ချက်ချင်းကျတော့ မဆက်စပ်မိဘူး” ဟု မယဉ်နွယ်ခိုင်က ဖခင် သေနတ်အပစ်ခံရသည့်အချိန်က အကြောင်းကို ပြန်ပြောပြသည်။ ယင်းအဖြစ်အပျက်သည် သူ့ဘဝအတွက် အလွန်ကြီးမားသော ရိုက်ခတ်မှုတခု ဖြစ်ခဲ့သော်လည်း တည်တည်ငြိမ်ငြိမ်နှင့် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်ဟု မယဉ်နွယ်ခိုင်က ဆိုသည်။ “လက်ခံလိုက်တယ် ပြီးသွားပြီပေါ့။ It’s finished. ဘယ်သူပဲ လုပ်သွား၊ လုပ်သွား။ သေသွားပြီဆိုတာ အမှန်တရား၊ လက်ခံရမယ့်ကိစ္စ။ အခု လူတယောက်က သေသွားပြီဆိုတော့ ဒါကို အမတို့က ဘာဆက်လုပ်မှာလဲ၊ ဒီကိစ္စကို အခုလောလောဆယ် ဘယ်လိုဆက်ကိုင်တွယ်မလဲ။ ဒါကို အမ ငိုနေလို့ မရဘူး” ဟု မယဉ်နွယ်ခိုင်က ဖခင်ဖြစ်သူ အသတ်ခံရပြီးပြီးချင်း အချိန်တွင် သူ့ကိုယ်သူ မည်ကဲ့သို့ တည်ငြိမ်အောင် ပြုလုပ်ခဲ့ရသည် ဆိုသည်ကို ပြန်ပြောပြသည်။ ဖခင်ဖြစ်သူ သေဆုံးသွားခြင်းသည် သူ့အတွက် အရာရာဆုံးရှုံးသွားခြင်း ဖြစ်သည်ဟု သူကပြောသည်။ “ခိုင်းနှိုင်းစရာ စကားလုံးမှ မရှိတာ။ အစားလည်း ပြန်မရနိုင်တဲ့ အရာမျိုးလေ။ ဒါက လူတိုင်းနားလည်နိုင်တဲ့ ခံစားမှုမျိုးပါ” ဟု မယဉ်နွယ်ခိုင်က ဆိုသည်။ Laurel Law Firm ရုံးခန်းတွင် ယခု ဆောင်းပါးအတွက် ဓာတ်ပုံရိုက်ခံသော မယဉ်နွယ်ခိုင်/ တင်ထက်ပိုင် “မူနှင့်နေသူ” အခြားသော မွတ်ဆလင် သားသမီးများကဲ့သို့ပင် မယဉ်နွယ်ခိုင်က သူ၏ ဖခင်ကို “ပါပါ” ဟု ခေါ်သည်။ ဖခင် ဦးကိုနီသည် မျက်နှာထားတည်တည်နှင့် နေတတ်သူ ဖြစ်ပြီး သားသမီးများနှင့် ရောရောနှောနှောနေကာ နွေးထွေးမှုကို “ပြ” တတ်သူ မဟုတ်ဟု ဆိုသည်။ ဆူပူ အော်ငေါက်ခြင်း မရှိသော်လည်း ခပ်တည်တည်နေတတ်မှုကြောင့် ဖခင်ဖြစ်သူကို ကြောက်ရသည်ဟု မယဉ်နွယ်ခိုင်က သူငယ်စဉ်က ဖခင်ဦးကိုနီ၏ ပုံရိပ်ကို ပြန်ပြောင်းပြောပြသည်။ မယဉ်နွယ်ခိုင်သည် လက်ရှိတွင် ရန်ကုန် သူနာပြုတက္ကသိုလ်၌ လက်ထောက်ကထိကအဖြစ် တာဝန်ထမ်းဆောင်နေပြီး သူ၏ အသက်မွေးဝမ်းကျောင်းတလျှောက် ထောက်ခံခဲ့ခြင်းနှင့် သားသမီးများ ဆုံးဖြတ်ချက်ချရာတွင် မည်သည့်အခါကမှ ဖိအားမပေးခဲ့သည့်အတွက် ဖခင်ဦးကိုနီကို ကျေးဇူးတင်ရသည်ဟု ဆိုသည်။ ဆရာဝန်တယောက် ဖြစ်ချင်ကြောင်း ပြောပြသည့်အခါ ဖခင်ဦးကိုနီ တုံ့ပြန်ခဲ့ပုံကို ယနေ့တိုင် အသေးစိတ်မှတ်မိနေဆဲ ဖြစ်သည်။ “လောကမှာ အလုပ်နှစ်မျိုးက သူများအပူ ကိုယ့်အပူဖြစ်တယ်၊ ဆရာဝန်နဲ့ ရှေ့နေတဲ့။ တသက်လုံးစာ သူများအပူကို ကိုယ့်အပူ ယူနိုင်တယ်ဆိုရင် လုပ်၊ မတားဘူး။ ဘဝမှာ ကိုယ့်ဘာသာကိုယ် ရွေးချယ်၊ ကိုယ်လုပ်တဲ့အလုပ်ကို ကိုယ်တာဝန်ယူရမယ်ပေါ့” ဟု ဦးကိုနီ၏ ဆုံးမစကားကို မယဉ်နွယ်ခိုင်က ပြောပြသည်။ “စည်းကမ်းနဲ့ ဘောင်ကို သူ့ရဲ့ လုပ်ဆောင်မှုတွေကနေတဆင့် သင်တဲ့ အဖေမျိုးနဲ့တူတယ်” ဟု ဦးကိုနီကို မယဉ်နွယ်ခိုင်က အဓိပ္ပါယ်ဖွင့်ဆိုသည်။ “စကားတွေအများကြီး ပြောပြီး မသင်ဘူး။ အော်တာ၊ ရိုက်တာ၊ ဆူတာမျိုးတွေနဲ့လည်း မသင်ဘူး။ သူက စကားနည်းနည်းပဲ ပြောတယ်။ သူလုပ်စေချင်တဲ့ဟာကို အမတို့ကို မသိမသာနဲ့ လေ့ကျင့်ပေးသွားတယ်” ဟု ပြောသည်။ Laurel Law Firm ရုံးခန်းတွင် ယခု ဆောင်းပါးအတွက် ဓာတ်ပုံရိုက်ခံသော ကိုစန်းနိုင်/ တင်ထက်ပိုင် ဖခင်တယောက်သဖွယ် ဦးကိုနီ၏ တပည့်သားအဖြစ် နှစ်ပေါင်း ၂၀ ကျော် အနီးကပ်နေခဲ့သော ကိုစန်းနိုင်က မယဉ်နွယ်ခိုင်၏ ဆုံးရှုံးမှုကို ပဲ့တင်ထပ်သည်။ ၁၉၉၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဦးကိုနီထံ ကိုစန်းနိုင်ရောက်ရှိလာခဲ့သည်။ မိခင်ဖြစ်သူ ကွယ်လွန်သွားပြီးစတွင် ပညာရေးအပေါ် အာရုံမစူးစိုက်နိုင်သောကြောင့် ဦးကိုနီ၏ ရုံးခန်းတွင် အလုပ်လုပ်ရန် ရောက်ရှိလာခြင်းဖြစ်သည်။ ထိုနေ့မှ စ၍ ၂၀၁၇ ခုနှစ် ဦးကိုနီ သေဆုံးသည်အထိ ယင်းအလုပ်ကို ကိုစန်းနိုင် မထွက်ဖြစ်တော့ပါ။ သူ့အတွက် ဦးကိုနီက ဖခင်တယောက်သဖွယ်ဖြစ်သည်ဟု ကိုစန်းနိုင်က ဆိုသည်။ “သူက ကိုယ့်ကို မိဘမေတ္တာပေးတယ်။ မိဘလိုပဲ ဆက်ဆံတယ်။ ကိုယ်လည်း မိဘမေတ္တာ ငတ်နေတဲ့အချိန် သူ့ရဲ့ မေတ္တာနဲ့ တွေ့တယ်ထင်တယ်။ (အလုပ်) မထွက်ဖြစ်တော့ဘူး” ဟု ကိုစန်းနိုင်က ပြောပြသည်။ ကိုစန်းနိုင်သည် ရှေ့နေတဦးမဟုတ်သော်လည်း ဦးကိုနီ၏ အမှုကိစ္စများစွာအတွက် ကူညီဆောင်ရွက်ပေးခဲ့သည်။ ဦးကိုနီသည် ကျီးပေါင်းရှိသည့်အတွက် စာကြာကြာမရေးနိုင်သဖြင့် ဦးကိုနီ နှုတ်ကခေါ်သည့်စာများကို ကိုစန်းနိုင်က ချရေးပေးခဲ့ရသည်။ ဦးကိုနီ၏ စာအုပ်အမှာစာများတွင် သူ့ကို “အကြိမ်ကြိမ် စိစစ်ပေးခဲ့သော ရုံးအဖွဲ့မှူး ဦးစန်းနိုင်” ဟု ထည့်သွင်းဖော်ပြလေ့ရှိသည်ကို တွေ့နိုင်မည်ဖြစ်သည်။ ဦးကိုနီ၏ တရားရုံးလျှောက်လဲချက်များ၊ ဆောင်းပါးများ၊ စာအုပ်များအတွက် ကူညီပေးခဲ့ရသည့် နေ့ရက်များကို ကိုစန်းနိုင်က အမှတ်ရကာ ပြန်ပြောင်းပြောပြသည်။ အနီးကပ်ဖြတ်သန်းခဲ့ရသည့် နှစ်ပေါင်းများစွာကာလအတွင်း ဦးကိုနီသည် ကိုစန်းနိုင်အတွက် မိဘသဖွယ်၊ မိတ်ဆွေသဖွယ်၊ ဆရာသဖွယ်၊ လုပ်ဖော်ကိုင်ဖက်သဖွယ်၊ တိုင်ပင်ဖော်တိုင်ပင်ဖက်သဖွယ် ရှိခဲ့သည်ဟု ဆိုသည်။ ကိုစန်းနိုင်က သူ၏ အချစ်ရေးကိစ္စများကိုပင် ဦးကိုနီနှင့် တိုင်ပင်ခဲ့ဖူးပြီး ချစ်သူမိန်းကလေးနှင့်ပင် မိတ်ဆက်ပေးခဲ့ဖူးသည်ဟု ဆိုသည်။ သိကျွမ်းခဲ့သည့် ကာလများအတွင်း အမှတ်အရဆုံး အဖြစ်အပျက်များထဲမှ တခုမှာ ကိုစန်းနိုင် တက္ကသိုလ်နောက်ဆုံးနှစ် စာမေးပွဲ ထပ်မံကျသည့်နေ့ ဖြစ်သည်။ ရုံးခန်းတွင် စောင့်နေခဲ့သူ ဦးကိုနီကို ကိုစန်းနိုင်က စာမေးပွဲကျသည်ဟု ပြောလိုက်သည့်အခါ ဦးကိုနီတယောက် မျက်နှာနီမြန်းကာ ဒေါသတကြီးနှင့် တုံ့ပြန်ခဲ့သည်။ “မင်းကွာ ဒီတက္ကသိုလ် ဖိုင်နယ်ကို ပထမနှစ်လည်း ကျတယ်။ အခုလည်း ကျတယ်ဆိုတော့ မင်းက ဒီစာမေးပွဲတောင် အောင်အောင် မဖြေနိုင်ဘူးဆိုပြီး အသားကုန်ဆူတာ” ဟု ကိုစန်းနိုင်က ပြန်ပြောပြသည်။ ဒေါသတကြီး ဆူပြီးသည့်နောက် ဦးကိုနီက သူ၏ သူငယ်ချင်း ပါမောက္ခတဦးထံ ဖုန်းဆက်ကာ ကိုစန်းနိုင်ကို အပ်နှံပေးသည်ဟု ဆိုသည်။ “နောက်နှစ်မှာ အောင်ရင်အောင် မအောင်ရင် ဒီမှာ ငါ့သားသမီးကိုတောင် ပြောတာ မဟုတ်ဘူး။ ငါ မင်းကို ပြောမယ်နော်တဲ့ ဟိုမှာတွေ့လား တုတ်တဲ့၊ ငါရိုက်မှာ ၊ ငါ မင်းကို တကယ်ရိုက်မှာ၊ ငါညှာမယ်မထင်နဲ့ ဆိုပြီး အဲဒီဆရာကို ချက်ချင်း ဖုန်းလှမ်းဆက်ပေးတယ်” ဟု ကိုစန်းနိုင်က ရယ်ပြုံးပြုံးနှင့် ပြန်ပြောင်းပြောပြသည်။ “မိဘမရှိတော့တော့ နောက်ပိုင်း သူပဲတွယ်တာစရာ ရှိတာ။ အရင်က အလုပ်လည်း ရှိတယ်၊ ဆရာလည်း ရှိတယ်။ စာရေးလိုက်ကြ၊ စကားပြောကြ၊ ဆိုကြပေါ့။ အခုကျတော့ တော်တော်ဟာပါတယ်။ နေလို့ထိုင်လို့လည်း မထိဘူး။ အခုလည်း မထိပါဘူး” ဟု ကိုစန်းနိုင်က မျက်ရည်ဝဲရင်း ပြောပြသည်။ သူတို့နှစ်ဦး တယောက်ကိုတယောက် ၂၂ နှစ်ကြာ သိကျွမ်းခဲ့သော်လည်း နှစ်ဦးအတူတူ ရိုက်ထားသည့် ဓာတ်ပုံတပုံမျှ မရှိခဲ့ပါ။ ဦးကိုနီ အမှုတွင် တရားလို ဥပဒေအကျိုးတော်ဆောင် အဖြစ် လိုက်ပါနေသူလည်းဖြစ် ဦးကိုနီ၏ သူငယ်ချင်းဖြစ်သူ ရှေ့နေ ဦးနေလ/ တင်ထက်ပိုင် တရားမျှတမှု တိုက်ပွဲ ကြိုးတပ်မျက်မှန်နှင့် အမြဲတွေ့ရတတ်သည့် အရပ်ထောင်ထောင်မောင်းမောင်း ဦးကိုနီသည် တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုအတွက် အမြဲတောင်းဆိုခဲ့သူတဦး ဖြစ်သော်သည်း သူသေဆုံးပြီး ၁ နှစ်ကြာသည့် အချိန်ထိ သူ့အတွက် တရားမျှတမှုကို မရရှိသေးပါ။ သေနတ်နှင့် ပစ်ခတ်ခဲ့သူ ကြည်လင်းနှင့် လုပ်ကြံမှုတွင် ပါဝင်ပတ်သက်သည်ဟု သံသရှိသူ အခြား ၃ ဦးကို ရုံးတင် စစ်ဆေးနေသည်မှာ ၁၀ လ ရှိပြီ ဖြစ်သည်။ သို့သော်လည်း လုပ်ကြံမှု၏ နောက်ကွယ်တွင် အဓိက ပူးပေါင်းကြံစည်သူတဦး အဖြစ် ရဲအဖွဲ့က ဝရမ်းထုတ်ခဲ့သော ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်မှာ လွတ်မြောက်နေဆဲ ဖြစ်သည်။ ဝရမ်းပြေး ဖြစ်နေသည့် အောင်ဝင်းခိုင်နှင့် ပတ်သက်ပြီး သဲလွန်စအသစ် မတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က ဇွန်လ အတွင်းတွင် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် ပြောကြားခဲ့သည်။ ယခုအချိန်အထိ တရားရုံးက သက်သေ ၈၀ အားလုံးနီးပါးကို စစ်ဆေးပြီး ဖြစ်သည်။ ဦးကိုနီ လုပ်ကြံခံရမှုအတွက် တရားမျှတမှု ရရှိရေး ကြိုးစားနေသည့် ရှေ့နေ ၂ ဦးမှာ ဦးကိုနီ၏ လုပ်ဖော်ကိုင်ဖက် ဦးခင်မောင်ဌေး နှင့် သူငယ်ချင်းဖြစ်သူ ဦးနေလတို့ ဖြစ်သည်။ ဦးနေလ နှင့် ဦးကိုနီတို့သည် ဥပဒေကျောင်းသားများအဖြစ် ရန်ကုန်တက္ကသိုလ်တွင် ၁၉၇၃ ခုနှစ် ကတည်းက စတင်သိကျွမ်းခဲ့ကြသည်။ ဦးကိုနီက ဦးနေလ ထက် ၂ နှစ်စော၍ တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သော်လည်း နှစ်ဦးလုံးသည် နာမည်ကျော် ရှေ့နေကြီးဦးကိုယု၏ ရုံးခန်းတွင် အလုပ်သင် ဆင်းခဲ့ကြသည်။ ရှေ့နေအဖြစ် အသက်မွေးဝမ်းကျောင်းပြုရန် အတူတူရုန်းကန်ကြရင်း ဥပဒေသင်တန်းတခုတွင် ၃ နှစ်ခန့် အတူတူ သင်တန်းပို့ချပေးခဲ့ကြဖူးသည်။ ယင်းနောက် ဦးကိုနီက ဥပဒေသင်တန်းများနှင့် ရန်ကုန်အဝေးသင်တက္ကသိုလ်တို့တွင် ဆက်လက်၍ စာသင်ပေးနေခဲ့သော်လည်း ဦးနေလက ၁၉၈၂ ခုနှစ်တွင် စာသင်ခြင်းကို ရပ်နားလိုက်ပြီး အမှုလိုက်ခြင်းကိုသာ အာရုံစိုက်ခဲ့သည်။ တခါတရံတွင် တရားရုံးများ၌ အမှုတခုတည်းကို သူတို့ ၂ ယောက်က တဘက်စီမှ ရှေ့နေလိုက်ကြရသည်များလည်း ရှိခဲ့ဖူးသော်လည်း တရားခွင် အပြင်ဖက်တွင် သူငယ်ချင်းကောင်းများအဖြစ် ရှိနေခဲ့ကြသည်ဟု ဦးနေလက ပြောပြသည်။ “တရားခွင်မှာ စစ်တဲ့ ဆေးတဲ့အပိုင်းမှာ အကြိတ်အနယ်တွေ ဖြစ်ခဲ့ကြပေမယ့် လူချင်းတွေ့တဲ့အခါကျရင်တော့ အဲဒီအမှုကိစ္စကို ဘယ်တော့မှာ မဆွေးနွေးဘူး” ဟု ဦးနေလက ပြောသည်။ ရှေ့နေအဖြစ်အသက်မွေးဝမ်းကျောင်းတလျှောက် အဆက်အသွယ်ရှိခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားမှုဖြင့် မြန်မာနိုင်ငံ၏ တရားစီရင်ရေး ပြုပြင်ပြောင်းလဲရေးအတွက် ရည်ရွယ်၍ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်းကို အတူတကွ ပူးပေါင်းတည်ထောင်ခဲ့ကြသည်။ အသက်အရွယ်ကြီးလာချိန်အထိ ရည်ရွယ်ချက်တူ၊ ဆန္ဒတူသည့် အလုပ်များကို နီးနီးကပ်ကပ် လုပ်ကိုင်နေချိန်တွင် ယခုကဲ့သို့ ဆုံးရှုံးရခြင်းအတွက် ဖော်မပြနိုင်လောက်အောင် စိတ်ထိခိုက်ရသည်ဟု ဦးနေလက ဆိုသည်။ “ကိုယ့်သူငယ်ချင်း အသတ်ခံရတဲ့ကိစ္စကို (လိုက်ရမယ်လို့) ဘယ်တုန်းကမှ မစဉ်းစားခဲ့မိဘူး။ ကိုနီအသတ်ခံရလို့ သူ့အမှုကို တရားလိုဘက်က လိုက်ရမယ်လို့ကို တခါမှ မစဉ်းစားမိဘူး” ဟု ဦးနေလက ပြောသည်။ အမှုကို လိုက်ပါဆောင်ရွက်ပေးရန် ဦးကိုနီ၏ ကျန်ရစ်သူ မိသားစုဝင်များနှင့် တိုင်ပင်ပြီး ဦးကိုနီ၏ Laurel Law Firm မှ ရုံးအဖွဲ့သားများက လာရောက်ညှိနှိုင်းသည့်အခါ မတုံ့မဆိုင်း လက်ခံကတိပေးခဲ့သည်ဟု ဦးနေလက ပြောသည်။ ဦးကိုနီအမှုကိစ္စသည် ဦးကိုနီတယောက်တည်း၏ ကိစ္စမဟုတ်ဘဲ ရှေ့နေအသိုင်းအဝိုင်းတခုလုံး၏ ကိစ္စဖြစ်ခြင်း၊ ဦးကိုနီ၏ သားသမီးများကိုလည်း ၎င်း၏သားသမီးများသဖွယ် သဘောထားကာ လိုက်ပါဆောင်ရွက်ပေးရန် လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဒီအမှုကို သူ့အတွက် လိုက်ပါဆောင်ရွက်ပေးတဲ့ ကိစ္စဟာ သေဆုံး၊ အသတ်ခံရတဲ့သူ၊ ကွယ်လွန်သွားတဲ့သူအတွက် ပြီးပြည့်စုံအောင် မလုပ်ပေးနိုင်သေးဘူးလို့ အခုချိန်အထိ ခံယူထားတယ်။ သူသာ သက်ရှိထင်ရှား ရှိနေသေးရင် သူကျေနပ်နိုင်လောက်အောင် စွမ်းဆောင်မပေးနိုင်သေးဘူးလို့ ယူဆတယ်” ဟု ဦးနေလက ပြောသည်။ ဦးကိုနီသေဆုံးမှုက လူများစွာအပေါ် သက်ရောက်ခဲ့ပါက သူ၏ လုပ်ဖော်ကိုင်ဖက် ဦးခင်မောင်ဌေး အတွက်လည်း ခြွင်းချက်မရှိပါ။ ရန်ကုန်တက္ကသိုလ်တွင် ဥပဒေပညာမေဂျာဖြင့် ပညာသင်ကြားနေရင်း အလုပ်သမားသပိတ်ကိစ္စနှင့် ၁၉၇၅ ခုနှစ်တွင် အဖမ်းခံခဲ့ရသည်။ ၁၉၇၇ ခုနှစ်တွင် ထောင်မှပြန်ထွက်လာခဲ့ကာ ဦးကိုနီ၏ ဥပဒေသင်တန်းတွင် တက်ရောက်ခဲ့သည်။ ရှေ့နေဖြစ်လာသည့် ၁၉၈၀ ခုနှစ်မှစကာ ဦးကိုနီသည် သူ၏ အသက်မွေးဝမ်းကျောင်းအတွက် များစွာ လမ်းညွှန်ပုံဖော်ပေးခဲ့သည်ဟု ဦးခင်မောင်ဌေးက ပြောသည်။ ၁၉၉၅ ခုနှစ်တွင် ဦးကိုနီ၊ ဦးခင်မောင်ဌေးနှင့် အခြား ဝါရင့် ရှေ့နေတဦးတို့ ပူးပေါင်းကာ Laurel Law Firm ကို စတင်မှတ်ပုံတင် တည်ထောင်ခဲ့သည်။ “တဖက်သားကို အမြဲတန်းတူရည်တူ သဘောထားပြီး သူဆောင်ရွက်တယ်။ ကျနော်နဲ့ သူနဲ့ဆို ဆရာ၊ တပည့် ဆက်ဆံရေးလည်း ရှိတယ်။ လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေးလည်း ရှိတယ်။ သူငယ်ချင်းဆက်ဆံရေးလည်း ရှိတယ်။ များသောအားဖြင့် သူနဲ့ ကျနော်နဲ့ ကြားထဲမှာ ဆရာ၊တပည့်ဆက်ဆံရေးဆို သူမကြိုက်ဘူး။ အားလုံးတန်းတူရည်တူပဲ။ ရှေ့နေကြီးတွေ အချင်းချင်း ဆရာ၊ တပည့်မဟုတ်ပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေပါတဲ့” ဟု ဦးခင်မောင်ဌေးက ဦးကိုနီ၏ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်သော စိတ်အရင်းခံကို ပြောပြသည်။ ဦးကိုနီကို ဆုံးရှုံးလိုက်ရခြင်းသည် သူ့ကို အစဉ် ကြည့်ရှုစောင့်ရှောက်နေသော “အကိုကြီးတယောက်” မရှိတော့သကဲ့သို့ ဖြစ်သည်ဟု ဦးခင်မောင်ဌေးက ပြောပြသည်။ “သူ့အကူအညီဘယ်တော့မှ မရနိုင်တော့ဘူးဆိုတဲ့ အနေအထား ဖြစ်သွားတာပေါ့။ ကျနော်ဆို အသက်အရွယ်လည်း ရလာပြီဆိုတော့ ဆုံးမမယ့်သူက မရှိဘူး။ သူဆိုရင်တော့ အမြင်မတည့်တာရှိရင် တန်းပြောတာ။ မောင်ဌေး မင်းကတော့ ဘာဖြစ်နေပြီပေါ့။ အဲလို ဆုံးမမယ့်သူ၊ ဝေဖန်ပိုင်းခြားပြီး ပြောမယ့်သူ မရှိတော့ဘူး” ဟု ပြောသည်။ မွတ်ဆလင်ဖြစ်ခြင်းအတွက် ခွဲခြားဆက်ဆံခံရမှုများ ရင်ဆိုင်ခဲ့ရသော်လည်း ဦးကိုနီသည် သူ၏ ရှေ့နေအလုပ်ကို အောင်မြင်အောင် လုပ်နိုင်ခဲ့သည်ဟု ဦးနေလက ပြောသည်။ “အန်ကယ်ရော သူရော ဆင်းရဲတာခြင်း အတူတူ သူ့ရဲ့ ရုန်းကန်လှုပ်ရှားမှုက အန်ကယ်တို့ထက် အများကြီးမြင့်တယ်။ ရှေ့နေလုပ်ငန်း လုပ်တဲ့အခါမှာလည်း ဘာသာခြားမို့လို့ အနှိမ်ခံရတဲ့ကြားက အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်” ဟု ဦးနေလက ပြောသည်။ အမျိုးသားရေးဝါဒီများက သူ၏ ကိုးကွယ်ယုံကြည်ရာ အစ္စလာမ်ဘာသာကို အစဉ်ထိုးနှက်ခဲ့ပြီး ဘုံရန်သူအဖြစ် ပုံဖော်ခဲ့သည့်တိုင် ဦးကိုနီက ပြန်လည်အာဃာတ မထားဘဲ သူသည် မြန်မာနိုင်ငံတွင် မွေး၊ မြန်မာနိုင်ငံသားတယောက်ဟုသာ ခံယူထားရှိသူဖြစ်သည်။ “ငါတို့အားလုံးဟာ မြန်မာနိုင်ငံသားဆိုတဲ့ စိတ်ဓာတ်ရှိဖို့ အင်မတန်အားပေးတဲ့သူ” ဟု ဦးခင်မောင်ဌေးက ဦးကိုနီ၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် စိတ်ထားကို ပြောပြသည်။ မယဉ်နွယ်ခိုင်ကလည်း သူငယ်စဉ်ဘဝမှစကာ ဖခင်၏ အုပ်ထိန်းမှုအောက်တွင် ကြီးပြင်းလာသည့်တလျှောက် ဖခင်ဖြစ်သူက မတူသည့် ဘာသာ သို့မဟုတ် ကိုးကွယ်ယုံကြည်မှုတခုခုကို အပြစ်တင်၊ မုန်းတီးခြင်းမျိုး မကြားခဲ့ရဖူးပါဟု ဆိုသည်။ ဘာသာတရားတိုင်းကို လေးစားရန်နှင့် ဘာသာတိုင်းတွင် ကောင်းသည်ကို လုပ်ပြီး၊ မကောင်းမှုကို ရှောင်ကျဉ်ရန်ဟူသည့် အခြေခံမှာ တူတူပင် ဖြစ်ကြောင်း သူ၏ သားသမီးများကို ဦးကိုနီက သွန်သင်ခဲ့သည်ဟု မယဉ်နွယ်ခိုင်က ပြောသည်။ “ကိုယ်မကောင်းရင် ဘာသာက မကောင်းတာ မဟုတ်ဘူး။ ကိုယ်က မကောင်းတာပဲ ဖြစ်မယ်” မယဉ်နွယ်ခိုင်က ဦးကိုနီ သားသမီးများကို သွန်သင်ခဲ့သည့်စကားကို ပြန်ပြောင်းပြောပြသည်။ ဖခင်ဖြစ်သူ လုပ်ကြံခံရမှုကို တရားရုံးက စစ်ဆေးနေပြီး အမှုပြီးဆုံးသည့်အခါ မည်သည့် ရလာဒ်မှုမျိုးကို မျှော်လင့်ထားသနည်းဟု မေးသည့် အခါ တရားဥပဒေစိုးမိုးမှုနှင့် တရားဥပဒေမျှတမှုကို လိုချင်ကြောင်း မယဉ်နွယ်ခိုင်က ပြောသည်။ သူ၏ဖခင် အသက်ရှိစဉ်က စဉ်ဆက်မပြတ် ပြောဆိုခဲ့သည့်အတိုင်း “တရားဥပဒေကတော့ စိုးမိုးရမယ်” ဟု ချက်ချင်း တုံ့ပြန်သည်။ “လူတယောက်ကို နေ့ခင်းကြောင်တောင် ဒီလိုမျိုးလုပ်လို့ရတယ်။ ပြီးတော့ ဘာမှလည်း ဖြစ်မလာဘူးဆိုရင် အမတို့ မိသားစုအတွက်က အကြီးကြီး နစ်နာမှုဖြစ်သလို နိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု ပုံရိပ်ကြီး အရမ်းထိသွားမှာပေါ့” ဟု မယဉ်နွယ်ခိုင်က ဆိုသည်။ “အဖေက ပြန်လည်း မရနိုင်တော့ဘူး။ ဒီကိစ္စအပေါ်မှာ မျှော်လင့်နိုင်တာဆိုလို့ တရားမျှတမှု။ ဒီတရားမျှတမှုဆိုတာ အားလုံးအတွက် အဖြေတခု ဖြစ်သင့်တယ်” ဟု သူက ဆိုသည်။ (တင်ထက်ပိုင်သည် ရန်ကုန် အခြေစိုက် အလွတ်တန်း သတင်းထောက်တဦး ဖြစ်သည်။ ယခင်က ဧရာဝတီသတင်းဌာနတွင် သတင်းထောက် အဖြစ် ၃ နှစ် ကြာလုပ်ကိုင်ခဲ့သည်။) The post ဦးကိုနီ ဆုံးတာ တနှစ်ပြည့်ပေမယ့် မေ့မရသေး appeared first on ဧရာဝတီ.
Source : http://ift.tt/2GBAifB
via IFTTT
Thursday, February 1, 2018
အကြမ်းမဖက် တော်လှန်ရေး ဝါဒသမား ဂျင်းရှပ် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က Boston အရှေ့ပိုင်းရှိသူ၏ နေအိမ်တွင် ဒေါက်တာ ဂျင်းရှပ် (Gene Sharp) ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း Albert Einstein Institution က ကျေညာခဲ့သည်။ မကြာသေးခင် ရက်ပိုင်းကမှ သူ၏ အသက် ၉၀ ပြည့် မွေးနေ့ကို ဆင်နွဲခဲ့သေးသည်။ ဒေါက်တာဂျင်းရှပ်သည် အကြမ်းဖက်မှု နှင့် စစ်ပွဲကို အစားထိုးပေးနိုင်မည့် အကြမ်း မဖက်သည့် နည်းလမ်းများဖြင့် ရင်ဆိုင်ခြင်းနှင့် ပတ်သက်၍ သုတေသနပြုခြင်းနှင့် ရေးသားခြင်းများတွင် သူ၏ ဘဝကို ဆယ်စုနှစ် ၇ ခု နီးပါး မြှုပ်နှံထား ခဲ့သူ ဖြစ်သည်။ သူ၏ အဓိကအယူအဆမှာ နိုင်ငံရေးအာဏာကို အုပ်ချုပ်သူများက မဟုတ်ဘဲ ပြည်သူတို့၏ ခွင့်ပြုလိုသော ဆန္ဒနှင့် သူတို့ (အုပ်ချုပ်သူများ) ကိုထောက်ခံသည့် အဖွဲ့အစည်းများက ထိန်းချုပ်ထားခြင်း ဖြစ်သည်။ အဆိုပါ အဖွဲ့အစည်းများကို ထိုးနှက်နိုင်မည့် နည်းလမ်းများကို လေ့လာခြင်း နှင့် ၎င်းတို့ကို ဒီမိုကရေစီဘက် အခြမ်းသို့ ဆွဲယူခြင်းတို့က အုပ်ချုပ်သူကို အာဏာမဲ့စွာ ကျန်ခဲ့စေနိုင်သည် ဟူ၍ ဖြစ်သည်။ ခရစ်ယာန် နယ်လှည့် တရားဟောဆရာ ပေါလ်ရှပ် (Paul Sharp) နှင့် ကျောင်းဆရာမ အီဗာရှပ် (Eva Sharp) တို့က ၁၉၂၈ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့တွင် မွေးဖွားခဲ့သော Gene Sharp သည် အိုဟိုင်အို ပြည်နယ် တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး နိုင်ငံရေးလေ့လာမှု ဘာသာရပ်ဖြင့် မဟာဘွဲ့အထိ ရရှိခဲ့သည်။ ထို့နောက် New York သို့ပြောင်းရွှေ့၍ သူ၏ ပထမဆုံးစာအုပ်ကို ရေးသားခဲ့ရာ ဂန္ဒီ၏ အကြမ်းမဖက်ရေး လှုပ်ရှားမှုကို အသုံးပြုပုံ အကြောင်း ဖြစ်သည်။ ၁၉၅၃ ခုနှစ်တွင် ကိုရီးယားစစ် ပွဲအတွင်း စစ်မှုမထမ်းမနေရ ဆင့်ခေါ်ခြင်းကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့ခြင်းကြောင့် ကွန်နက်တီကတ်ပြည်နယ်၊ ဒန်ဘာရီတွင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခြင်း ခံရသည်။ သူ့ကို ရုံးတင် စစ်ဆေးခြင်း မပြုမီအချိန်တွင် သူက ပရင့်စတန်တွင် ရှိသော အဲလ်ဘတ် အိုင်းစတိုင်း (Albert Einstein) ထံသို့ စာတစောင် ရေးသား၍ ကိုရီးယားစစ်ပွဲ နှင့် ပတ်သက်သည့် သူ့ အယူအဆကို ပြောပြခဲ့သည်။ ဂန္ဒီအကြောင်း စာအုပ်တွင် အမှာစာ ရေးပေးရန်လည်း မေတ္တာရပ်ခံခဲ့သည်။ အမှာစာရေးပေးမည် ဖြစ်ကြောင်း ချက်ချင်း အကြောင်းပြန်ခဲ့ သလို သူ့စာများကို တရားခွင်၌ ကိုးကားနိုင်ရန်လည်း ခွင့်ပြု ပေးခဲ့သည်။ “မင်းနဲ့ အလားတူ အခြေအနေမျိုး ငါကိုယ်တိုင် တွေ့ရမယ် ဆိုရင် မင်းလိုမျိုး လုပ်မိမှာလား ဆိုတာငါတကယ် မသိပေမယ့် မင်းရဲ့ ကိုယ်ကျင့်တရားခိုင်မာမှု အတွက် မင်းကို တကယ်ကို လေးစားပါတယ်။ ငါ့အနေနဲ့ မျှော်လင့်ရုံပဲ မျှော်လင့်နိုင် ပါတယ်” ဟု အိုင်းစတိုင်းက စာပြန်ခဲ့သည်။ ထောင်ဒဏ် ချမှတ်ခံရပြီး နောက်တွင်လည်း အိုင်းစတိုင်းက ဂျင်းရှပ်၏ မိခင် ထံသို့ အားပေးစာများ ရေးသားပေးပို့ ခဲ့သည်။ ထောင်မှ ပြန်လည် လွတ်မြောက်ပြီးနောက် ဂျင်းရှပ်က အမေရိကန်နိုင်ငံ၏ အထင်ရှားဆုံး စစ်ဆန့်ကျင်ရေးဝါဒီ အေ ဂျေ မတ်စတီ (A.J Muste) နှင့် အတူ အလုပ် လုပ်ခဲ့သည်။ ထို့နောက် လန်ဒန်သို့ ရောက်သွား၍ Peace News တွင် လက်ထောက် အယ်ဒီတာ ဖြစ်လာခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် နျူကလီးယားလက်နက် ဆန့်ကျင်သည့် ပထမဆုံးသော အယ်လ်ဒါမတ်စ်တန် (Aldermaston) ချီတက်ပွဲကို စီစဉ်ခဲ့သည်။ ချီတက်ပွဲ အတွင်းတွင် အကြမ်းမဖက်ရေး စည်းမျဉ်းများကို ထိန်းသိမ်းကြရန် တောင်းဆိုထားသည့် ဂျင်းရှပ်၏ လက်ကမ်း စာစောင်များက ဂျရဲဟော်လ်တန် (Gerald Holtom) ၏ ငြိမ်းချမ်းရေး သင်္ကေတကို ပထမဆုံး အဖြစ် ပုံနှိပ်ဖော်ပြသော စာစောင်များ ဖြစ်ခဲ့သည်။ Oslo သို့သွားရောက်၍ Institute of Ideas တွင် ပါမောက္ခ အာနာနေးဇက် (Arna Naess) ၏ လက်အောက်တွင် ပညာသင်ကြားခဲ့သည်။ အောက်စ်ဖို့ဒ် တက္ကသိုလ်မှလည်း သူ၏ အသိအမှတ်ပြု အခံရဆုံး အားထုတ်မှု ဖြစ်သည့် ‘The Politics of Nonviolent Action’ (အကြမ်းမဖက်နိုင်ငံရေး) အမည်ရှိ စာတမ်းဖြင့် ဒေါက်တာဘွဲ့ ရရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းက နော်ဝေနိုင်ငံတွင် Vidkun Quisling ၏ ဖက်ဆစ် အစိုးရကို ဆန့်ကျင်သော ကျောင်း ဆရာများ၏ သပိတ်ကို လေ့လာပြီးနောက် ဂျင်းရှပ်က ဆိုဗီယက် ကျူးကျော်ဝင်ရောက်မှုကို ကာကွယ်တားဆီးခြင်း တခုအနေဖြင့် အကြမ်းမဖက်ဘဲ ဗျူဟာမြောက် လှုပ်ရှားခြင်းကို စတင်လေ့လာသူ ဖြစ်လာခဲ့သည်။ အကြမ်းမဖက်ဘဲ ခုခံရေးကို ကောင်းစွာ လေ့ကျင့်ထားသည့် ပြည်သူများက ကျူးကျော်သိမ်းပိုက်လာသည့် တပ်ဖွဲ့ တခုကို တားဆီးနိုင်သည်၊ နျူကလီးယား လက်နက်များ လိုအပ်မှုကို အစားထိုးနိုင်သည် ဟု သူက ပြောသည်။ ၁၉၉၁ ခုနှစ်က ဘောလ်တစ် (Baltic) နိုင်ငံများတွင် ဆိုဗီယက် တပ်ဖွဲ့များနှင့် ထိုနှစ် အတွင်း မော်စကို၌ ဂေါ်ဘာချက်ဗ် (Gorbachev) ကို ဆန့်ကျင်သည့် အာဏာသိမ်းယူခြင်းတို့ကို အရပ်သားများ၏ ကာကွယ်မှု အောင်မြင်ခဲ့ခြင်းများတွင် သူ၏ စာအုပ်က အသုံးဝင်ခဲ့သည်။ နောက်ပိုင်းတွင် လစ်သူရေနီးယန်း ကာကွယ်ရေးဝန်ကြီး အော်ဒရီယပ် ဘတ်ကီဗီရှပ်စ် (AudriusButkevicius) က “နျူကလီးယားဗုံးထက် အဲဒီစာအုပ်ကို ကျနော် ပိုလိုချင်တယ်” ဟု မှတ်ချက် ပြုခဲ့သည်။ သူ၏ အကြမ်းမဖက်သော နည်းလမ်း ၁၉၈ ခုကြောင့်လည်း ဂျင်းရှပ်ကို သိကြသည်။ နှစ်ပေါင်းရာနှင့် ချီသော သမိုင်းအတွင်းမှ အကြမ်းမဖက်သည့် ဖြစ်ရပ်များကို ဆယ်စုနှစ်များစွာ အချိန်ယူ လေ့လာခဲ့ ခြင်း ၏ ရလဒ် တခုလည်း ဖြစ်ပါသည်။ သားရေကွင်းများနှင့် ချည်ထားသည့် ကတ်ပြားငယ်လေးများ ပေါ်တွင် သူရေးချ မှတ်သားခဲ့သည့် နည်းလမ်းများက အောက်စ်ဖို့ တက္ကသိုလ်တွင် ပညာသင်ကြားသည့် အချိန်၌ မှတ်တမ်းတခုတည်း အဖြစ်သို့ ပူးပေါင်းသွားခဲ့ပြီး အကြမ်းမဖက်ဘဲ ဆောင်ရွက်ခြင်း နည်းလမ်းများမှာ လမ်းပေါ်ဆန္ဒပြပွဲများနှင့် ချီတက်ပွဲများထက် များစွာ ကျယ်ပြန့် လျက်ဖြင့် ရှိနေကြောင်း အတွေးအမြင်များကို ပေးခဲ့သည်။ အစ္စရေး-ပါလက်စတိုင်း ပထမဆုံးပဋိပက္ခ အတွင်းတွင် အရပ်သားအခြေပြု ကာကွယ်ရေးကို ဖော်ပြထားသော ဂျင်းရှပ် ၏ စာတမ်းများကို မူဘာရက်ဆု (Mubarak Awad) နှင့် ဆာရီညူစေးဘိတ်ချ် (Sari Nuseibeh) တို့ အပါအဝင် ကာကွယ်ရေး ခေါင်းဆောင်များက ပါလက် စတိုင်းလူမျိုးများ ကြားတွင် ဖြန့်ဝေခဲ့ကြသည်။ သူ၏ လေ့လာရေးသားမှုများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခြင်းကြောင့် ဂျင်းရှပ်နှင့် ပါလက်စတိုင်းခေါင်းဆောင် ရာဆာ အာရာဖတ် (Yasser Arafat) တို့ တူနီးရှားနိုင်ငံတွင် တွေ့ဆုံကြသည် အထိ ရောက်ရှိစေခဲ့ပြီး ဂျင်းရှပ်က အစ္စရေးကို ဆန့်ကျင်ရာတွင် အကြမ်းဖက်ခြင်းကို စွန့်လွှတ်ရန်နှင့် တနိုင်ငံလုံး အစာငတ်ခံ ဆန္ဒပြရန် တောင်းဆိုခြင်း အားဖြင့် အဆင့်သစ် တခုကို သတ်မှတ်ရန် ရာဆာအာရာဖတ်ကို တောင်းပန်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် တရုတ်လွတ်မြောက်ရေး တပ်မတော် (PLA) က တင့်ကားများဖြင့် ဆန္ဒပြကျောင်းသားများကို နင်းကြိတ် ဖြိုခွဲခဲ့စဉ် ကလည်း တီယန်နန်မင် (Tiananmen) ရင်ပြင်တွင် ဂျင်းရှပ် ရှိနေခဲ့သည်။ ဆန္ဒပြပွဲကို မဖြိုခွဲခင် ရက်များ အတွင်းတွင် သူက ကျောင်းသားခေါင်းဆောင်များနှင့် အင်တာဗျုးများ ပြုလုပ်ခဲ့ပြီး နောက် အသံဖမ်းထားသော ကက်ဆက်တိပ်ခွေများကို ပင့်ဖလွိုဒ် (Pink Floyd) ၏ သီချင်းခွေများ အဖြစ် တရုတ် လုံခြုံရေးများကို လှည့်ဖျား၍ ခိုးထုတ်ခဲ့သည်။ နောက် ၃ နှစ် အကြာ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံထားရရာမှ ပြန်လည် လွတ်မြောက် လာခဲ့ပြီး ကာလတွင် လည်း ဂျင်းရှပ်က မြန်မာနိုင်ငံသို့ ခိုးဝင်လာခဲ့ပြီး ဒီမိုကရေစီ အင်အားစုများနှင့် မြန်မာနိုင်ငံမှ လူနည်းစု တိုင်းရင်းသား များကို သူတို့၏ တောတွင်းခံတပ် ဖြစ်သည့် မာနယ်ပလောတွင် အကြမ်းမဖက်ဘဲ ခုခံရေးသင်တန်းများ ပေးခဲ့သည်။ စစ်အစိုးရကို ဆန့်ကျင်ရန် ပေါ်ပေါက်လာနိုင်သည့် တော်လှန်ရေး တခုကို လမ်းညွှန်ရန် အတွက် သင်တန်းသားများကို မြို့ကြီးများသို့ ပြန်လည် စေလွှတ်ခဲ့သည်။ စီမံကိန်းက သေးငယ်သော်လည်း အကြမ်းမဖက်သော လှုပ်ရှားမှု တခု အတွက် မြန်မာများကို သင်ကြားပေးရန် ပြင်ဆင်သည့် အနေဖြင့် သူရေးသားခဲ့သော စာအုပ်က ရေးခဲ့ဖူးသမျှသော အကြမ်းမဖက်ဘဲ ခုခံရေး လမ်းညွှန်များ ထဲတွင် အအောင်မြင်ဆုံး ဖြစ်ခဲ့ရသည်။ From Dictatorship to Democracy (အာဏာရှင်လက်အောက်မှ ဒီမိုကရေစီသို့) စာအုပ်က မြန်မာနိုင်ငံမှ ခုခံရေး အတွက် ယေဘုယျ လမ်းညွှန် တခုအနေဖြင့် ရည်ရွယ်ခဲ့ခြင်း ဖြစ်သော်လည်း ရိုးရှင်းသော အရေးအသားနှင့် အရွယ် အစား သေးငယ်မှု တို့ကြောင့် အလားတူ ဖိနှိပ်ကန့်သတ်မှုများ အောက်ရှိ နိုင်ငံများမှ အခြားသော ဒီမိုကရေစီ အဖွဲ့ အစည်းများက လျင်မြန်စွာပင် ဘာသာပြန်ဆို ခဲ့ကြသည်။ အဆိုပါ စာအုပ်ကို ဘာသာစကား ၃၄ မျိုးကျော်ဖြင့် ဘာသာပြန်ဆိုခဲ့ကြသည်။ မြန်မာနိုင်ငံ၏ တောတောင်များ အတွင်းမှသည် ဆာဗီးယားလမ်းများနှင့် အာရပ်နွေဦးအထိ အာဏာရှင်ကို တော်လှန် နေသည့် နေရာတိုင်းမှ ပြည်သူများက ဖတ်ရှု အသုံးပြုခဲ့ကြသည်။ တချို့သော နေရာများတွင် အကြမ်းဖက်လှုပ်ရှားမှုများ အစား အကြမ်းမဖက်သည့် နည်းလမ်းများ အသုံးပြုရန် အတိုက်အခံ လှုပ်ရှားသူများက ဆုံးဖြတ်ခဲ့ခြင်းများ၌ ဂျင်းရှပ်၏ စာအုပ်က အဓိကနေရာမှ ပါဝင်ခဲ့သည်။ ဆာဗီးယားအဖွဲ့တခု ဖြစ်သည့် OTPOR က သမ္မတ ဆလိုဘိုဒန်မီလိုစဗစ် (Slobodan Milosevic) ကို ဖြုတ်ချသော ၎င်းတို့၏ လှုပ်ရှားမှုတွင် ဂျင်းရှပ်၏ စာအုပ်ကို ဂုဏ်ပြု မှတ်တမ်းတင်ခဲ့သည်။ ၂၀၀၃ ခုနှစ်က ဂျော်ဂျီယာနှင့် ၂၀၀၄ ခုနှစ်က ယူကရိန်းမှ လိမ္မော်ရောင် တော်လှန်ရေးတို့ အပါအဝင် ဆိုဗီယက် ယူနီယံမှ ခွဲထွက်လာသည့် နိုင်ငံများမှ အရောင် တော်လှန်ရေးများ၏ ခေါင်းဆောင်များကလည်း ထိုနည်းတူပင် ဖြစ်သည်။ အဆိုပါ တော်လှန်ရေးများမှ ခေါင်းဆောင်များက သူ၏ စာအုပ်ကို ပို၍ ဝေးဝေးရောက်အောင် ဖြန့်ချိခဲ့ကြသည်။ OTPOR မှ တက်ကြွလှုပ်ရှားသူဟောင်းများက ဧပြီလ ၆ ရက် အီဂျစ် လူငယ်လှုပ်ရှားမှု ခေါင်းဆောင်များ နှင့် ဆီးရီးယား မှ အလားတူ အဖွဲ့များ၏ အဖွဲ့ဝင်များကို လေ့ကျင့်ပေးခဲ့ကြသည်။ အသုံးပြုခဲ့သည့် နိုင်ငံများထဲတွင် ဟောင်ကောင်၊ ဗင်နီဇွဲလားနှင့် မြန်မာတို့လည်း ပါဝင်သည်။ နိုဘဲလ်ငြိမ်းချမ်းရေးဆု အတွက် ဂျင်းရှပ်ကို အမည်စာရင်း တင်သွင်းခြင်း အနည်းဆုံး ၃ ကြိမ် ရှိခဲ့သည်။ Right Livelihood ဆု အပါအဝင် နိုင်ငံတကာဆု အများအပြားလည်း ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ၂၀၁၂ ခုနှစ်တွင် သူ၏ ဆောင်ရွက်မှုကို ရိုက်ကူးထားသော မှတ်တမ်းတင် ရုပ်ရှင်တခု ဖြစ်သည့် ‘How to Start a Revolution’ က British Academy of Film and Television Arts (BAFTA) က ပေးသည့် ဆုတဆု ရရှိခဲ့သည်။ နိုင်ငံတကာတွင် ပြသခဲ့သည်။ ထိုရုပ်ရှင်ကို ကမ္ဘာတလွှားမှ သပိတ်စခန်းများတွင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ Albert Einstein Institution မှ ထုတ်ပြန်သည့် ကြေညာချက် တစောင်တွင် “ဂျင်းရှပ်က အနားယူရန် ငြင်းဆန်၍ သေဆုံးသည် အထိ အလုပ် လုပ်သွားခဲ့သည်။ သူ့အိမ် အပေါ်ဆုံးထပ်တွင် စုဆောင်းထားသော ရှားပါးသစ်ခွများက သူ၏ ပျော်ရွှင်မှုနှင့် အပန်းဖြေမှု ဖြစ်သည်။ သူက တိရစ္ဆာန်များကို ထိန်းသိမ်း စောင့်ရှောက်ရခြင်းကို နှစ်သက်သည်။ အထူးသဖြင့် သူ၏ ခွေးများ ဖြစ်သည်။ နော်ဝေနှင့် ကနေဒါမှ သဘာ၀ တောရိုင်းနေရာများသို့ သွားရောက်ရခြင်းကို သဘောကျသည်။ သူဘယ်တော့မှ လက်မထပ်ခဲ့ပါ၊ သို့မဟုတ် သူ့တွင် သားသမီးများ မရှိခဲ့ပါ။ သို့သော်လည်း သူက ချစ်တတ်သည်။ အချစ်ခံရသူ ဖြစ်သည်။ သူ့စာပေများကို လေ့လာကြသော၊ နိုင်ငံရေး လွတ်လပ်ခွင့်ကို ရရှိရန်နှင့် ဖိနှိပ်မှုကို ဆန့်ကျင်ရန် ယခင်ကထက် ပို၍ ကောင်းစွာ လုပ်ဆောင်နိုင်ကြပြီ ဖြစ်သော ကမ္ဘာတလွှားမှ ကျောင်းသား မျိုးဆက်များကို သူထားရစ်ခဲ့ပြီ ဖြစ်သည်။ သူ၏ ကလောင်ကို နောက်ဆုံး အနေဖြင့် စွန့်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူ့လုပ်ရပ်များက ထာဝရ ဆက်လက် ရှိနေမည် ဖြစ်သည်” ဟု ဖော်ပြထားပါသည်။ ။ (Ruaridh Arrow ၏ Gene Sharp, Godfather of nonviolent revolution dies at 90 years old ကို ဘာသာပြန် သည်။) The post အကြမ်းမဖက် တော်လှန်ရေး ဝါဒသမား ဂျင်းရှပ် appeared first on ဧရာဝတီ.
Source : http://ift.tt/2nqOtfF
via IFTTT
Source : http://ift.tt/2nqOtfF
via IFTTT
ကြွေပြလာတဲ့ အိန္ဒိယနဲ့ အထာပြန်ပေးတဲ့ အာဆီယံ တရုတ်နိုင်ငံကို အာဏာချိန်ခွင်လျှာညှိရန် ရှာဖွေသည့် သင်္ကေတအနေဖြင့် အိန္ဒိယနိုင်ငံသည် အရှေ့တောင်အာရှအတွက် နောက်ကျသော အားထုတ်မှု ပြုလုပ်လာသည်။ ယင်းမှာ ဇန်နဝါရီလ ၂၆ ရက်နေ့က နယူးဒေလီတွင် ကျရောက်သော အိန္ဒိယနိုင်ငံ၏ ၆၉ ကြိမ်မြောက် သမ္မတ နိုင်ငံတော်နေ့ အခမ်းအနားသို့ အရှေ့တောင်အာရှ နိုင်ငံများ အသင်း (အာဆီယံ) ၁၀ နိုင်ငံမှ နိုင်ငံအကြီးအကဲများ တက်ရောက်လာခြင်း ဖြစ်ပြီး ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်္ကာပူ၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဘရူနိုင်းနိုင်ငံများမှ အစိုးရ အကြီးအကဲများ အင်အားကြီးမားစွာ တက်ရောက်ခဲ့ခြင်းကြောင့် အိန္ဒိယနိုင်ငံသည် အစဉ်အလာ လမ်းကြောင်းမှ ခွဲထွက်လာပြီ ဖြစ်ကြောင်း ပြသနေသည်။ ယခင်က ထိုကဲ့သို့သော အခမ်းအနားအတွက် အဓိက ဧည့်သည်တော် တဦးတယောက်လောက်သာ ဖိတ်ကြားလေ့ရှိသည်။ ဝန်ကြီးချုပ် နေရိန်ဒြာမိုဒီ၏ ရေဒီယို မိန့်ခွန်းတွင် “ယခုအကြိမ်တွင် အဓိက ဧည့်သည်တော် တဦးတည်း မဟုတ်ဘဲ ၁၀ ဦးက သမ္မတနိုင်ငံတော်နေ့ကို ကျက်သရေဆောင်မည်။ ထိုသို့ ဖိတ်ကြားခြင်းမှာ အိန္ဒိယနိုင်ငံ၏ သမိုင်းတွင် ယခင် မကြုံဘူးသော ဖြစ်ရပ်ဖြစ်သည်” ဟုပြောကြားခဲ့သည်။ ထို အခမ်းအနားသည် အဓိကအားဖြင့် သင်္ကေတ သဘောသာ ဖြစ်သော်လည်း ဒေသတခုလုံးကို ချည်နှောင်မည့် ကြီးမားလှသော ရုပ်ဝန်းတခု၊ လမ်းတခု (One Belt, One Road) အခြေခံ အဆောက်အအုံ စီမံကိန်းနှင့် အတူ တရုတ်နိုင်ငံ၏ သြဇာကြီးထွားလာခြင်းကို ချိန်ခွင်လျှာညှိရန် အာဆီယံက စိတ်ဝင်စားကြောင်းနှင့် ယခင် အမေရိကန် သမ္မတ ဘားရက်အိုဘားမား ပြောကြားခဲ့သည့် အင်ဒို-ပိစိဖိတ် အယူအဆသည် အရှိန်အဟုန်ရလာပြီဖြစ်ကြောင်း ပြသနေသည်။ အိန္ဒိယနိုင်ငံသည် ပထဝီ နိုင်ငံရေးကစားပွဲတွင် နောက်ကောက်ကျနေသည်။ တရုတ်နိုင်ငံ၏ ရပ်ဝန်းတခု၊ လမ်းတခု စီမံကိန်းကို လွန်ခဲ့သော ၅ နှစ်က စတင်ခဲ့ပြီး နိုင်ငံပေါင်း ၇၀ ပါဝင်ကာ တရားလွန်နီးပါး မြင့်မားသော အတိုးနှုန်းနှင့် ထုတ်ချေးသည့် တရုတ် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄ ထရီလီယံ ပါဝင်သောကြောင့် ခေတ်သစ်သမိုင်းတွင် ရည်မှန်းချက် အမြင့်မားဆုံး ပထဝီစီးပွားရေး ရည်မှန်းချက်ဟု ဝါရှင်တန်ဒီစီ အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာနက ဆိုသည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က လမ်းများ အားလုံးသည် ရောမသို့ ဦးသည်သကဲ့သို့ ထိုစီမံကိန်းမှ လမ်းများ အားလုံးကိုလည်း ဘေကျင်းသို့ ဦးတည်ရန် ပုံစံရေးဆွဲထားသည်။ သို့သော် သေးငယ်လှသော ဘူတန်နိုင်ငံသည် အိန္ဒိယနိုင်ငံထံမှ ပြည်ပ အကူအညီအများဆုံး ရရှိသော နိုင်ငံဖြစ်နေပြီး အာဖဂန်နစ္စတန်ထက် များစွာ လျှော့နည်းရရှိသည်။ အိန္ဒိယသည် ထိုနေ့ အထိမ်းအမှတ် အဖြစ် အိန္ဒိယ-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု ၂၅ နှစ်ပြည့် ထိပ်သီးဆွေးနွေးပွဲကို ကျင်းပခဲ့သော်လည်း ထိုကာလတလျှောက်အတွင်း အများအားဖြင့် ပူးပေါင်းဆောင်ရွက်မှု မရှိသလောက်ပင် ဖြစ်ခဲ့သည်။ ထို ထိပ်သီး ဆွေးနွေးပွဲတွင် အဓိကကျသော နယ်ပယ်များ ဖြစ်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ လုံခြုံရေးနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် စစ်ရေး အင်အားကြီးထွားလာခြင်းကို ခုခံရန် လမ်းပမ်းဆက်သွယ်ရေး တိုးမြှင့်ရေး တို့ကို အာရုံစိုက် ဆွေးနွေးခဲ့သည်။ ထိုနိုင်ငံများသည် ၎င်းတို့ရင်ဆိုင်နေရသည့် သမားရိုးကျနှင့် သမားရိုးကျ မဟုတ်သော ဘုံစိန်ခေါ်မှုများကို ရင်ဆိုင်ရန် ရေကြောင်း ပူးပေါင်းဆောင်ရွက်ရေး ယန္တယားတရပ် ထူတောင်ရေး ကိုလည်း သဘောတူခဲ့ကြသည်။ မျှော်လင့်ထားသည့် အတိုင်းပင် ထိုအခမ်းအနားကို တရုတ်နိုင်ငံက အနီးကပ် စောင့်ကြည့်နေခဲ့ပြီး “တရုတ်နိုင်ငံဟာ နိုင်ငံတွေ အားလုံး ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး ထူထောင်တာကို လမ်းဖွင့်ထားပေးပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံဟာ အိန္ဒိယနဲ့ အာဆီယံ နိုင်ငံတွေ ချစ်ကြည်ရင်းနှီး ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးထူထောင်တာကို လက်ခံပါတယ်ဟု” တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟွာချွန်ရင်း (Hua Chunying) က သတင်းထောက်များကို ပြောသည်။ သို့သော် နိုင်ငံခေါင်းဆောင် အများအပြား အိန္ဒိယနိုင်ငံသို့ သွားရောက်ခြင်းသည် အာဆီယံနိုင်ငံများ အနေနှင့် တရုတ်နိုင်ငံ၏ သြဇာ သိသိသာသာ တိုးတက်လာချိန်တွင် အိန္ဒိယနိုင်ငံကို လက်ခံရန် စိတ်အားထက်သန်ကြောင်း ပြသနေသည် ဟူသော အချက်ကို မငြင်းပယ်နိုင်ပေ။ အိန္ဒိယနိုင်ငံသည် အာဆီယံ နိုင်ငံများကို အိန္ဒိယနိုင်ငံမှ ခွဲဖြာထွက်လာသော လမ်းပမ်းဆက်သွယ်ရေး အစီအစဉ်များသာမက အိန္ဒိယနိုင်ငံ အတွင်းရှိ အခြေခံ အဆောက်အအုံ စီမံကိန်းများတွင်လည်း ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများ ဖန်တီးပေးသည်။ ထိုသို့ လုပ်ဆောင်ခြင်းကြောင့် အာဆီယံ နိုင်ငံများ အနေဖြင့် တရုတ် တနိုင်ငံတည်းကို မှီခိုအားထားရခြင်းကို ရှောင်ရှားနိုင်ရန် အထောက်အကူပြုသည်။ တရုတ်နိုင်ငံ၏ စီးပွားရေး အင်အား ကြီးထွားလာခြင်း၊ အမေရိကန်နိုင်ငံ၏ အရေးပါမှု သိသိသာသာ လျော့ကျလာခြင်းနှင့် အရှေ့အလယ်ပိုင်း ပဋိပက္ခ ရှုပ်ထွေးကျယ်ပြန့်လာခြင်းတို့က အရေးပါသော အပြောင်းအလဲ ဖြစ်သည်ဟု ဆောင်းပါးရှင် ဗီနေး ကော်ရာ (Vinay Kaura) က First Post တွင် ထောက်ပြရေးသားသည်။ “ထိုအချက်များ အားလုံးသည် ထွန်းသစ်စ အင်အားကြီး နိုင်ငံများကို မိတ်ဖက်နိုင်ငံသစ်များ၊ ဈေးကွက်သစ်များ၊ မဟာမိတ်သစ်များ ရှာဖွေရန် တွန်းအားပေးလာသည်။ ထိုသို့အလျင်အမြန် ပြောင်းလဲနေသော ဖြစ်စဉ်တွင် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ ရှေ့တန်းမှ ပါဝင်သော အာရှ၏ အခန်းကဏ္ဍကို ရှောင်လွှဲနိုင်မည် မဟုတ်ပေ” ဟု ၎င်းက ရေးသားခဲ့သည်။ တရုတ်နိုင်ငံက စည်းရုံးရန် ကြိုးစားသော်လည်း ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ်တွင် ပါဝင်ခြင်း မရှိသောကြောင့် အိန္ဒိယနိုင်ငံကို အာဆီယံ နိုင်ငံများက လေးစားကြသည်။ တရုတ်နိုင်ငံ၏ ရပ်ဝန်းတခု၊ လမ်းတခုစီမံချက်သည် အိန္ဒိယနိုင်ငံ၏ အတောင်ပံကို ဖြတ်တောက်ပြီး တရုတ်ဗဟိုပြု ကမ္ဘာစနစ်တခု ထူထောင်ရန် အားထုတ်မှု အဖြစ် အိန္ဒိယနိုင်ငံက ယုံကြည်သည်။ ဒေသတွင်းတွင် အင်အားကြီးမားလာသောကြောင့် အိန္ဒိယနိုင်ငံသည် ၎င်း၏ ပတ်ဝန်းကျင်တွင် တရုတ်နိုင်ငံက လွှမ်းမိုးလာသည်ကို လက်မခံနိုင်ပေ။ တရုတ်နိုင်ငံသည် အရှေ့တောင်အာရှနှင့် အိန္ဒိယနိုင်ငံ၏ အနီးရှိ နိုင်ငံများ ဖြစ်သော ပါကစ္စတန်နှင့် သီရိလင်္ကာကဲ့သို့သော နိုင်ငံများတွင် ဓာတ်အားပေး စက်ရုံများ၊ ဆိပ်ကမ်းများ တည်ဆောက်ပြီး ၎င်း၏ သြဇာနယ်ပယ်ကို ချဲ့ထွင်နေသည်။ ထိုသို့သော လုပ်ရပ်များကို ရင်ဆိုင်ရန် အိန္ဒိယနိုင်ငံသည် မိမိ၏ အခြေခံ အဆောက်အအုံများကို မြှင့်တင်ပြီး နိုင်ငံ၏ အရှေ့မြောက် နယ်စပ်ဒေသများနှင့် အာဖဂန်နစ္စတန် နိုင်ငံများတွင် တရုတ်နိုင်ငံ၏ ထိုးဖောက်မှုကို ခုခံသည်။ နယူးဒေလီသည် အမေရိကန် သြဇာကျဆင်း နေချိန်တွင် တရုတ်ကို ခုခံရန် အိန္ဒိယနိုင်ငံကို ခံတပ်သဖွယ် သဘောထားနေသော ဂျပန် နိုင်ငံတို့နှင့်လည်း ဆက်သွယ်ဆောင်ရွက်နေသည်။ အိန္ဒိယ ၊ ဂျပန်၊ သြစတြေးလျနှင့် အမေရိကန်တို့ဖြင့် အသစ် ဖွဲ့စည်းထားသော လေးနိုင်ငံ မဟာမိတ်က ထိုအချက်ကို အောင်မြင်ရန် ရည်မှန်းသည်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံ အများအပြားသည် တရုတ်နိုင်ငံနှင့် ရေပိုင်နက် အငြင်းပွားမှုလည်း ရှိနေပြီး ၎င်းတို့သည် အိန္ဒိယကဲ့သို့သော နိုင်ငံများနှင့် အဆက်အသွယ် တိုးချဲ့ခြင်းကို အားထားနေရသည်။ အိန္ဒိယနိုင်ငံ တခုတည်းတွင်သာ အရွယ်အစား၊ လူမှုဖွဲ့စည်းမှု၊ စီးပွားရေး အလားအလာ၊ စစ်ရေးစွမ်းရည်နှင့် လူအဖွဲ့အစည်းဆိုင်ရာ နက်ရှိုင်းမှုများအရ တရုတ်နိုင်ငံ၏ ဗိုလ်ကျစိုးမိုးမှုကို ချိန်ခွင်လျှာ ညှိနိုင်သော အင်အားရှိသည်။ “အိန္ဒိယနိုင်ငံသည် ဒေသတွင်း ဖွဲ့စည်းပုံကို လမ်းဖွင့်ပေးပြီး၊ ချိန်ခွင်လျှာညှိကာ အားလုံးပါဝင်နိုင်စေပြီး ဒေသတွင်းရေးရာ များတွင် အဓိက အကျိုးဆောင်သည်” ဟု လက်ရှိ အာဆီယံ၏ ဥက္ကဌ တာဝန်ယူထားသည့် စင်ကာပူနိုင်ငံ၏ ဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong) က ပြောသည်။ အိန္ဒိယနှင့် အာဆီယံ နိုင်ငံများအကြားတွင် ဆုံမှတ်များစွာ ရှိသည်။ အိန္ဒိယနိုင်ငံသည် အာဆီယံ၏ စည်းမျဉ်းအခြေပြု လူ့အဖွဲ့အစည်း နှင့် ငြိမ်းချမ်းရေးကို လက်ခံနိုင်သည် ဟုလည်း မိုဒီက အလေးအနက်ထား ပြောသည်။ “လွတ်လပ်စွာ ရေကြောင်း သွားလာခွင့်ဟာ အိန္ဒိယ- အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ အဓိက အာရုံစိုက်တဲ့ အချက်ဖြစ် ပါတယ်။ ပင်လယ် သမုဒ္ဓရာတွေမှာ စည်းမျဉ်း အခြေပြု စနစ်က တဆင့် ငြိမ်းချမ်းကြွယ်၀ ချမ်းသာစေရေး အတွက် အာဆီယံရဲ့ ရည်မှန်းချက်ဟာ အိန္ဒိယနိုင်ငံရဲ့ ရည်မှန်းချက်နဲ့လည်း တူညီပါတယ်။ နိုင်ငံတကာ ဥပဒေကို လေးစားလိုက်နာ ရေး အထူးသဖြင့် ပင်လယ်ပြင်ဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်ကို လေးစားလိုက်နာရေးဟာ အဲဒီရည်မှန်းချက် အတွက် လွန်စွာ အရေးပါပါတယ်။ ကျနော်တို့ ထိစပ်နေတဲ့ ရေကြောင်း နယ်ပယ်တွေမှာ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပူးပေါင်း အောင်မြင်မှု အတွက် အာဆီယံ နိုင်ငံများနဲ့ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု မိုဒီက ပြောသည်။ အိန္ဒိယနိုင်ငံသည် အာဆီယံ နိုင်ငံ အားလုံးနီးပါးနှင့် သံတမန်ရေးနှင့် စစ်ရေး ဆက်သွယ်မှုများကို တိတ်ဆိတ်စွာ တည်ဆောက်ခဲ့သည်။ နယူးဒေလီသည် အရှေ့တောင်အာရှရှိ အဓိက နိုင်ငံအားလုံးနှင့် မဟာဗျူဟာဆိုင်ရာ ဆွေးနွေးမှုများလည်း ရှိပြီး စစ်ရေးလေ့ကျင့်မှုများလည်း ပြုလုပ်သည်။ အိန္ဒိယရေတပ် သင်္ဘောများသည် ထိုနိုင်ငံဆိပ်ကမ်းများသို့ သွားရောက်လည်ပတ်သည်။ တပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးပြီး လက်နက်ကိရိယာ ပြုပြင်မှုများလည်း ပြုလုပ်ပေးသည်။ လက်နက်များကိုလည်း ရောင်းချပြီး အချို့နိုင်ငံများကို စစ်ရေးအရ ယုံကြည်မှုကိုလည်း တည်ဆောက်ပေးသည်။ ၎င်းသည် အချို့သော လက်ရွေးစင် နိုင်ငံများနှင့် ထောက်လှမ်းရေး သတင်းများလည်း ဖလှယ်နိုင်သည်။ ၂၀၀၄ ခုနှစ် ဆူနာမီအတွင်းက အိန္ဒိယနိုင်ငံရေတပ်သည် အမေရိကန်၊ သြစတေးလျနှင့် ဂျပန်ရေတပ်များနှင့် အတူ ထိုဒေသသို့ သွားရောက် ကယ်ဆယ်သည်” ကန်တီ ဘာ့ဂျ်ပိုင် (Kanti Bajpai) က The Times of India စာစောင်တွင်ရေးသားသည်။ အိန္ဒိယနိုင်ငံသည် အရှေ့တောင်အာရှနှင့် နိုင်ငံရေး စီးပွားရေး ဆက်စပ်မှုများ ထူထောင်ရေးဆိုင်ရာ အရှေဘက်သို့ လှမ်းမျှော် အကောင်အထည်ဖော်ရေး မူဝါဒကို အကောင်အထည်ဖော်နေပြီ ဖြစ်သည်။ သို့သော် အိန္ဒိယနိုင်ငံ၏ အားထုတ်မှုများသည် တရုတ်နိုင်ငံကဲ့သို့ စိတ်အားထက်သန်မှုနှင့် ရည်မှန်းချက် ကြီးမားမှု မရှိပေ။ တရုတ်နိုင်ငံ၏ အာဆီယံ နှင့် ၂၀၁၆-၁၇ က ကုန်သွယ်မှုသည် အိန္ဒိယနိုင်ငံ၏ ပမာဏ ၆ ဆနှင့် ညီမျှပြီး အမေရိကန်ဒေါ်လာ သန်း ၄၇၀ ဖိုးရှိသည်။ တရုတ်နှင့် အာဆီယံ ကုန်သွယ်မှုသည် အာဆီယံ ၏ကုန်သွယ်မှု စုစုပေါင်း၏ ၁၅ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး အိန္ဒိယနှင့် အာဆီယံ ကြားကုန်သွယ်မှုမှာ ၂ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိသည်။ ထို့အပြင် အိန္ဒိယနှင့် အာဆီယံတို့သည် အာဆီယံ ၆ နိုင်ငံအကြား လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် ဆိုင်ရာ အဆိုပြုချက်ဖြစ်သော ဒေသတွင်း ကျယ်ပြန့်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) ကိုလည်း လုပ်ဆောင်နိုင်ခြင်း မရှိပေ။ အခြားသော ၅ နိုင်ငံတွင် သြစတေးလျ၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် နယူးဇီလန်တို့ ပါဝင်သည်။ RCEP ၏ ထူးခြားသော အချက်မှာ ကုန်သွယ်သည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အများစုတွင် အခွန်လျှော့ချပြီး ၎င်းတို့၏ ထုတ်ကုန်များ အတွက် နိုင်ငံတခုနှင့် တခုအကြား ဈေးကွက်များကို ပိုမိုချဉ်းကပ်ခွင့်နှင့် ပိုမိုကောင်းမွန်သော ရေလမ်း၊ ကုန်းလမ်းများ အသုံးပြုခွင့်များ ရရှိမည် ဖြစ်သည်။ ထိုဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၏ အစိတ်အပိုင်းတခုမှာ ၁၃၆၄ ကီလိုမီတာ ရှည်သော အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံအဝေးပြေး လမ်းမကြီးသည် မဏိပူရပြည်နယ် ချန်ဒယ်ခရိုင်ရှိ မိုရေးမှ မြန်မာနိုင်ငံတမူးမြို့ကို ဖြတ်ကာ ထိုင်းနိုင်ငံ မဲဆောက် အထိ ဆက်သွယ်ပေးမည် ဖြစ်သည်။ ထိုစီမံကိန်းတွင် ထိုလမ်းကို ကမ္ဘောဒီးယား၊ လာအိုနှင့်ဗီယက်နမ်တို့ အထိ တိုးချဲ့ ဆက်သွယ်ရန်လည်း ပါဝင်သည်။ ဖြစ်နိုင်ခြေရှိသည်များ ဖြစ်လာရန် အတွက် ပြင်ဆင်မှုများသည် လူအမြင်တွင် ကောင်းသော်လည်း တရုတ်နိုင်ငံ၏ ထိုးနှက်ချက်ကို ယှဉ်ပြိုင်ပြီး ဒေသအတွင်း သြဇာ လွှမ်းမိုးရန်မှာ အိန္ဒိယနိုင်ငံအနေဖြင့် လေးနက်သော အားထုတ်မှုများ ပြုလုပ်ရန် လိုသည်။ လက်ရှိ အခြေအနေမှာ အစမျှသာ ရှိသေးပြီး ဆက်လက်လုပ်ဆောင်ရန် လိုအပ်ချက်များ များစွာ ရှိနေသေးသည်။ (Neeta Lal ၏ India Woos ASEAN, ASEAN Flirts Back ကို ဘာသာပြန်သည်။ ၎င်းသည် ဒေလီအခြေစိုက် ဝါရင့်သတင်းသမားဖြစ်ပြီး Asia Sentinel အတွက် နှစ်ပေါင်းများစွာ ပါဝင်ရေးသားခဲ့သည်။) The post ကြွေပြလာတဲ့ အိန္ဒိယနဲ့ အထာပြန်ပေးတဲ့ အာဆီယံ appeared first on ဧရာဝတီ.
Source : http://ift.tt/2rRuFGW

Subscribe to:
Posts (Atom)