ဧရာဝတီမြစ်ရေ တပတ်အတွင်း စိုးရိမ်ရေမှတ်အောက် ကျဆင်းနိုင် ဧရာဝတီ မြစ်ရေ ဝင်ရောက်နေသည့် မြို့အချို့သည် မြစ်ရေ စတင်ကျနေပြီဖြစ်ပြီး လာမည့် တပတ် အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အောက်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီး အထက်သို့ ၂ ပေခန့်စီ ကျော်လွန် နေပြီး ဟင်္သာတမြို့တွင် နောက် ၃ ရက်အတွင်းနှင့် ဇလွန်မြို့တွင် နောက်၄ ရက်အတွင်း ယင်းမြို့များ၏ စိုးရိမ် ရေမှတ်အသီးသီးအောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း သိရသည်။ “ဧရာဝတီဘက်ထဲမှာ ရှိတဲ့ ဟင်္သာတ၊ ဇလွန်၊ ဆိပ်သာ၊ မအူပင်တို့မှာ စကျနေပြီ။ အကျတော့ နှေးတယ်။ အဓိကက မြစ်ဝကျွန်းပေါ် ဖြစ်နေတော့ ဒီရေကလည်း တိုးတဲ့အတွက်ကြောင့်မို့လို့ နောက် ၃ရက်အတွင်းမှာ ၁ ပေလောက်ကျနိုင်တယ်။ နောက် ၆ ရက် ၇ရက်လောက်အတွင်းမှာ စိုးရိမ်ရေမှတ်အောက်ကို ရောက်သွားနိုင်တယ်” မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ မှ ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ဧရာဝတီသို့ ပြောသည်။ မြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ၂ ပေခန့်ကျော်လွန်နေသော ဟင်္သာတမြို့သည်လည်း မြစ်ရေ စတင်ကျနေပြီဖြစ်ပြီး ယခုရက်ပိုင်းတွင် တက်ခဲ့သော မြစ်ရေသည် ယခင်လက တက်ခဲ့သော မြစ်ရေလောက် မများသဖြင့် စိုးရိမ်စရာ မရှိကြောင်း ဟင်္သာတမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ဧရာဝတီသို့ ပြောသည်။ “ မြစ်ရေကတော့ ပြန်ကျနေတယ်။ တအိအိပြန်ကျနေတယ် ဝုန်းခနဲတော့ ပြန်မကျဘူးပေါ့ ။ စိုးရိမ်စရာ မရှိပါဘူး။ ပထမရေလောက်ကို မတက်သေးပါဘူး ပြန်လည်း ပြန်ကျနေပါပြီ” ဟု ၎င်းက ပြောသည်။ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် ဆက်လက်မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။ The post ဧရာဝတီမြစ်ရေ တပတ်အတွင်း စိုးရိမ်ရေမှတ်အောက် ကျဆင်းနိုင် appeared first on ဧရာဝတီ.
Source : http://ift.tt/2xyk82o
via IFTTT
Wednesday, August 30, 2017
အကြမ်းဖက်မှုကြောင့် မြန်မာ့အပြောင်းအလဲ မကျဆုံးပါစေနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ရဲနှင့် တပ်စခန်းများကို စစ်သွေးကြွများက သောကြာနေ့ သန်းခေါင်ယံအချိန် တိုက်ခိုက်မှုများနှင့် နောက်ဆက်တွဲ တိုက်ခိုက်မှုများသည် မြန်မာ့နိုင်ငံရေးတွင် တဆစ်ချိုး အလှည့်အပြောင်းတခု ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အစိုးရက ဖြစ်ပွားနေသော မငြိမ်မသက်မှုကို လှုံ့ဆော်နေသော Arakan Rohingya Salvation Army ကို အကြမ်းဖက်အုပ်စုအဖြစ် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ ကြေညာပြီး ထောက်ခံပံ့ပိုးသူများကိုလည်း အရေးယူမည်ဟု ကြေညာသည်။ ယင်းသည် အစိုးရနှင့် တပ်မတော်တို့ ကြုံနေရသော တိုင်းရင်းသား လက်နက်ကိုင် ပုန်ကန်မှုများနှင့်မတူသော စစ်ဆင်ရေးသစ်ကို ဆင်နွှဲရမည်ဖြစ်ကြောင်း တရားဝင် ကြေညာခြင်းဖြစ်သည်။ သို့သော် ယင်းအကြမ်းဖက်ဆန့်ကျင်ရေး စစ်ပွဲကို မည်သူက ဦးစီးပြီး မည်သို့ဗျူဟာများဖြင့် ဖြေရှင်းကိုင်တွယ်သွားမည် ဆိုသည်မှာ မရှင်းလင်းလှပေ။ နိုင်ငံတော် အတိုင်ပင်ခံ ရုံး၏ ထုတ်ပြန်ကြေညာချက်များအရ အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုမှ ဦးစီးကိုင်တွယ်မည့် အနေအထားဆီသို့ လမ်းကြောင်းနေသော်လည်း ယင်းအဖွဲ့တွင် မည်သူများပါဝင်ပြီး မည်သည့် လုပ်ပိုင်ခွင့်များရှိသည်ကို အများပြည်သူက မသိရှိရသေးပါ။ မြန်မာ့အနောက်တံခါးနှင့် အနီးဆုံးဖြစ်သော ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား နိုင်ငံရေးသမားများအနေဖြင့်မူ ကာ/လုံ ဟု အတိုကောက်ခေါ်ကြသော အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး အလျင်အမြန် ခေါ်ယူပြီး ယင်းမှတဆင့် ရခိုင်အရေးကို ကိုင်တွယ်ရန် လိုလားတောင်းဆိုနေသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ စစ်ဗိုလ်ချုပ်ဟောင်းများကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းကို အရေးပေါ်အခြေအနေ ကြေညာရန် တောင်းဆိုနေကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အဖွဲ့ဝင် ၁၁ ဦးပါ ကောင်စီသည် သမ္မတက ဦးစီး၍ အစည်းအဝေး ခေါ်ယူနိုင်ပြီး နိုင်ငံတဝန်း အရေးပေါ်အခြေအနေ ကြေညာခွင့်ကို ပေးထားသည်။ ကောင်စီတွင် သမ္မတ၊ ဒု သမ္မတ ၂ ဦး၊ နိုင်ငံခြားရေး ဝန်ကြီးနှင့် စစ်ဘက်က ခန့်အပ်သော ပြည်ထဲရေး ဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့အပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ ပါဝင်သောကြောင့် အချို့က တိုင်းပြည်ရေးရာများ ဆွေးနွေး အကောင်အထည်ဖော်ရန် စစ်ဘက် အရပ်ဘက် တွေ့ဆုံရန် အကောင်းဆုံးဟု မြင်ကြသည်။ ကာ/လုံ အစည်းအဝေးအပါအဝင် မည်သည့် နေရာတွင် တွေ့ဆုံဆွေးနွေးစေကာမူ နိုင်ငံရေးနှင့် စစ်ရေးအရ ဖြစ်ပေါ်လာသော စိန်ခေါ်မှုကို ရင်ဆိုင်ကိုင်တွယ်ရာတွင် အရပ်ဘက်ရော စစ်ဘက်ပါ ပူးတွဲလုပ်ဆောင်ရမည်မှာ သမိုင်း၏ တောင်းဆိုချက် ဖြစ်သည်။ ထို့ပြင် အရေးကြီးသည်မှာ အကြမ်းဖက်တိုက်ဖျက်ရေးစစ်ပွဲသည် မြန်မာနိုင်ငံ တနိုင်ငံတည်း ဖြစ်ပွားနေသည် မဟုတ်၊ နိုင်ငံတကာနှင့် ဒေသတွင်းတွင်ပါ ဖြစ်ပွားနေသည့်အတွက် အကြမ်းဖက်သမားများကို အောင်မြင်စွာ ထိန်းချုပ်နိုင်နေသော နိုင်ငံများ၏ နမူနာများကို အတုယူရမည့်အပြင် ၎င်းနိုင်ငံများ အထူးသဖြင့် ရခိုင်ဒေသနှင့် ကပ်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်လည်း လက်တွဲဆောင်ရွက်ရန် လိုသည်။ ခေတ်ပေါ် အကြမ်းဖက်တိုက်ဖျက်ရေး စစ်ပွဲသည် စစ်ရေးနည်းလမ်း သက်သက်ဖြင့် အနိုင်မတိုက်နိုင်ဘဲ နိုင်ငံရေး မဟာဗျူဟာပါမှ အောင်မြင်နိုင်မည်ဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေး အမြွှာညီနောင် အဆောက်အဦး တိုက်ခိုက်ခံရမှု နောက်ဆက်တွဲ အမေရိကန်ပြည်ထောင်စု၏ အကြမ်းဖက်တိုက်ဖျက်ရေး စစ်ပွဲကို ကြည့်လျှင်ပင် ဘာသာရေး၊ လူမျိုးရေး စစ်ပွဲအဖြစ် ပုံမသွင်းဘဲ အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်ဝါဒီများကိုသာ ပစ်မှတ်ထား ဖော်ထုတ်တိုက်ခိုက်ခြင်း၊ ဘေးထွက်ဆိုးကျိုး နည်းစေခြင်း၊ နိုင်ငံတကာ စံနှုန်းများနှင့် အညီ ဖြစ်စေခြင်း၊ မိမိနှင့် လက်တွဲမည့် မဟာမိတ် များနိုင်သမျှ များအောင် စည်းရုံးခြင်း၊ အကြမ်းဖက်ဝါဒ ပေါက်ဖွားရာ ရေခံမြေခံများကို ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် စီးပွားဖွံ့ဖြိုးမှုတို့ဖြင့် အစားထိုး တည်ဆောက်ပေးခြင်းစသည့် နိုင်ငံရေး မဟာဗျူဟာ၏ အရေးကြီးပုံကို တွေ့နိုင်သည်။ ရခိုင်ပြည်နယ်တွင် ကာလရှည်ကြာ ကြုံတွေ့နေရသော ဆင်းရဲနွမ်းပါးမှုကို ပိုမို နက်ရှိုင်းစေမည့် အကြမ်းဖက်မှုနှင့် အစွန်းရောက် လှုပ်ရှားမှုများ သံသရာလည်ဖြစ်ပွားနေခြင်းကို ရှောင်ရှားနိုင်ရန် ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က အစီရင်ခံ တင်ပြထားပြီး ဖြစ်သည်။ ရခိုင်လူမျိုးများ၏ ဘောင်ဝင်သည့် တရားမျှတမှုမရှိဟု ခံစားနေရမှုများကို ကိုင်တွယ်ဖြေရှင်းပေးရန်နှင့် တပြိုင်နက်တည်းတွင် မွတ်ဆလင်များ၏ နိုင်ငံသား ဖြစ်ပိုင်ခွင့်၊ နိုင်ငံရေးအရ ကိုယ်စားပြုပါဝင်ခွင့်၊ နိုင်ငံသားရပိုင်ခွင့်များကိုလည်း ဖော်ဆောင်ရန် ဖြစ်သည်။ ယခုနောက်ဆုံး အကြမ်းဖက်တိုက်ခိုက်မှုကြောင့် နှစ်ဘက်လူ့အသိုင်းအဝိုင်းကြား မယုံကြည်မှု မြင့်မားနေချိန်နှင့် အတိုက်အခံများ၏ နိုင်ငံရေးဖိအားများအောက်တွင် အစိုးရအနေဖြင့် ထိုအကြံပြုချက်များကို အကောင်အထည်ဖော်ရန် အလွန် အင်မတန် ခက်ခဲမည်ကို နားလည်၍ ရသည်။ The post အကြမ်းဖက်မှုကြောင့် မြန်မာ့အပြောင်းအလဲ မကျဆုံးပါစေနှင့် appeared first on ဧရာဝတီ.
Source : http://ift.tt/2vs0vLG
via IFTTT
Source : http://ift.tt/2vs0vLG
via IFTTT
ရခိုင်အရေး ကာလုံ အစည်းအဝေးခေါ်၍ တပ်မတော်အား စီမံခွင့်ပေးရန် မျိုးချစ်များတောင်းဆို ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသောအကြမ်းဖက်မှုများ လုံးဝကင်းရှင်းရေးအတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ကို အစည်းဝေးအမြန် ခေါ်ယူပြီး ဘူးသီးတောင်၊ မောင်တောဒေသ လုံခြုံငြိမ်းချမ်းသည်အထိ တပ်မတော်အားစီမံခွင့်ပေးရန် နိုင်ငံတော် သမ္မတ ဦးထင်ကျော်ထံ မျိုးချစ်အမည်ခံများက တောင်းဆိုလိုက်သည်။ အဆိုပါ မျိုးချစ်အမည်ခံ သံဃာများနှင့် လူပုဂ္ဂိုလ်အချို့ က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ၏ အစီရင်ခံစာအား ကန့်ကွက်ပွဲနှင့် ရခိုင်ပြည်နယ်မှ အကြမ်းဖက် အစွန်းရောက် ဘင်္ဂါလီတို့၏ လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချပွဲကို သြဂုတ် ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပြီး ထိုပွဲတွင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အကြမ်းဖက်မှုကို ရှုတ်ချကြောင်း၊ ကိုဖီအာနန်၏ အစီရင်ခံစာကို ကန့်ကွက်ကြောင်းနှင့် အကြမ်းဖက်မှုများကင်းရှင်းရေးအတွက် ကာလုံ အစည်းအဝေး ခေါ်ယူပေးရန် အတွက် ထိုပွဲသို့ တက်ရောက်ခဲ့သည့် ဆရာတော် ဦးဝီရသူ (အရှင်ဝိစိတ္တာဘိဝံသ)၊ အမတ်ဒိန်နှင့် ဦးကျော်သူငြိမ်း တို့က ဟောပြောခဲ့ကြသည်ကိုလည်း တွေ့မြင်ရသည်။ ဆရာတော် ဦးဝီရသူ က “မောင်တောမြို့ကြီးကို လွှဲပြောင်းပေးလိုက်ပါ။ အရေးပေါ်အခြေအနေ ပြဋ္ဌာန်းလိုက်ပါ။ ကြေညာလိုက်ပါ။ နန္ဒောပနန္ဒ (နဂါးမင်း) ကို ဆုံးမနိုင်တာ ရှင်မောဂ္ဂလာန်ပဲဖြစ်သလို ဘင်္ဂါလီကို ဆုံးမနိုင်တာလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တယောက်တည်း ရှိတယ်။ ရှင်မောဂ္ဂလာန်ဟာ နဂါးရဲ့ ဟိုဘက်နား ဒီဘက်နား ဝင်ထွက် သွားလာနိုင်သလို ရွာရဲ့ဟိုဘက် ဒီဘက်ဘင်္ဂါလီရွာတွေကို ထိုးဖောက် နိုင်တာလည်း တပ်ပဲရှိတယ်။ ရှင်မောဂ္ဂလာန်ဟာနဂါးရဲ့ဗိုက်ထဲကိုစင်္ကြန်လျှောက်နိုင်သလိုအဲဒီဘင်္ဂါလီတောင်တန်းတွေပေါ် စင်္ကြန် လျှောက်နိုင် တာလည်း စစ်တပ်ပဲရှိတယ်” ဟု မိန့်ကြားသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီးဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကိုထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေညာနိုင်ရာ လူအုပ်စုဖြင့် အကြမ်းဖက်ခံနေရသည့် မောင်တော ဒေသသည် ယင်းအခြေ အနေကို လိုအပ်နေပြီ ဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေး က ယမန်နေ့က နေပြည်တော်၌ မီဒီယာများသို့ ပြောဆိုခဲ့သည်။ မျိုးချစ်များထုတ်ပြန်သည့် ကြေညာချက်တွင် အစွန်းရောက် အကြမ်းဖက်သမားများကို ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် အကြမ်းဖက်အုပ်စု၊ အကြမ်းဖက်ဝါဒ မြန်မာ့မြေတွင် ကင်းရှင်းသွားသည်အထိ မြန်မာ့တပ်မတော်နှင့်အတူ ပြည်သူ့စစ်အဖြစ် ကျရာနေရာမှ ပါဝင်တိုက်ခိုက် ရှင်းသွားမည်ဟု လည်းဖော်ပြထားသည်။ “ကျနော်တို့ အခုအဖွဲ့မှာ လာရောက်ကြတဲ့ မျိုးချစ် ညီအစ်ကိုများရော တိုင်းနဲ့ ပြည်နယ်မှာရှိတဲ့ မျိုးချစ်ညီအစ်ကိုများ အားလုံးဟာ တကယ်လို့များ အကြမ်းဖက်သမားတွေကို တိုက်ခိုက်ဖို့ တပ်မတော်ကိုသာ တာဝန်မပေးဘူးဆိုရင် ရရာလက်နက်စွဲပြီး တိုက်ခိုက်မယ်ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ကျင်းပရေး ကော်မတီမှ ဦးရဲစိုးကပြောသည်။ ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ တင်သွင်းသောအပြီးသတ် အစီရင်ခံစာပါ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို ပြင်ဆင်ရန် အဆိုပြုချက်သည် အကြံပေးကော်မရှင်၏ လုပ်ပိုင်ခွင့်ကို ကျော်လွန်ကာ နိုင်ငံတခု၏ ဥပဒေပြုမှု အာဏာကို စွက်ဖက်ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။ ဆက်လက်၍ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေသည် နိုင်ငံ၏တည် ဆဲဥပဒေဖြစ်ပြီး နိုင်ငံ၏ လုံခြုံရေးအတွက် အခြေခံလိုအပ်ချက် ဖြစ်ခြင်း ကြောင့် ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကိုပြင်ဆင်ရန် သို့မဟုတ် ပြောင်းလဲရန် အကြံပြုခြင်းကို ကန့်ကွက်ကြောင်း ဖော်ပြထားသည်။ ဦးကျော်သူငြိမ်း က “ဆူးလေဘုရားနဲ့ လွတ်လပ်ရေး ကျောက်တိုက်ကြီးနဲ့ မြို့တော်ခန်းမကြီး တိုင်တည်ပြီး ကျနော်သစ္စာ ဆိုလိုက်မယ်။ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို ကျုပ်တို့မြန်မာပြည်သူတွေက အသက်နဲ့လဲပြီးကာကွယ်သွားမယ်” ဟုပြောဆိုသည်။ မျိုးချစ်များ၏ ထုတ်ပြန်ချက်တွင် ကုလသမဂ္ဂ အပါအဝင် မည်သည့် နိုင်ငံ၏ ဖိအားပေးမှုကိုမှ လက်မခံဘဲ မိမိကြမ္မာ မိမိဖန်တီးလျက် ရခိုင်အရေးကို အမျိုးသားရေး အမြင်ဖြင့် ဖြေရှင်းရန် နိုင်ငံတော်အစိုးရအား တောင်းဆိုထားသည်။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း ၂၀၁၇ သြဂုတ် ၂၅ ရက်က ရဲကင်း ၃၀ ကို ArakanRohingya Salvation Army (ARSA) အဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှုများ တပြိုင်တည်း ပြုလုပ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး၊ လဝက အရာရှိ ၁ ဦး၊ ဟိန္ဒူဘာသာဝင် ၆ ဦးတို့ သေဆုံးခဲ့သည်။ The post ရခိုင်အရေး ကာလုံ အစည်းအဝေးခေါ်၍ တပ်မတော်အား စီမံခွင့်ပေးရန် မျိုးချစ်များတောင်းဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2gq0UIb
via IFTTT
Source : http://ift.tt/2gq0UIb
via IFTTT
မောင်တောတွင် ဟိန္ဒူ ဘာသာဝင် ၁၇၀၀ ကျော် အကူညီလိုအပ်နေ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရမှုကြောင့် မောင်တောမြို့ပေါ် ရပ်ကွက် ၃ စာသင်ကျောင်းတွင် ဖွင့်လှစ်ထားသည့် ဟိန္ဒူ ကယ်ဆယ်ရေး စခန်းက ဟိန္ဒူဘာသာဝင် ၁၇၀၀ ကျော်မှာ အရေးပေါ် အကူညီလိုအပ်နေကြောင်း ထိုစခန်းတွင် ခိုလှုံနေကြသူများ ထံမှ စုံစမ်းသိရှိရသည်။ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကို ကိုယ်တိုင် ကြုံတွေ့ ခဲ့ရသူလည်းဖြစ်သည့် ဟိန္ဒူဘာသာဝင် ကိုကျော်ကျော်နိုင် က “အခုကတော့ အစိုးရနဲ့ အဖွဲ့အစည်းတွေက ကူညီပေးထားပါတယ်။ ဆန်တွေ လိုပါတယ်။ နေဖို့ ထိုင်ဖို့နဲ့ အိပ်ရတာ အဆင် မပြေဘူး။ နေရိပ်မရှိတော့ နေပူရင် အရမ်း ဒုက္ခရောက်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။ အဆိုပါ ဟိန္ဒူ ဘာသာဝင်များသည် မောင်တောမြို့ ရပ်ကွက် ၄ တွင် နေထိုင်သူများ ဖြစ်ပြီး သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက်မှု ဖြစ်စဉ်၌ ၎င်းတို့ရပ်ကွက်တွင် အတူနေထိုင်ကြသော ဘင်္ဂါလီ လူမျိုးများက လာရောက် တိုက်ခိုက်ခဲ့သဖြင့် ရွေ့ပြောင်း ရောက်ရှိလာခြင်း ဖြစ်သည်ဟု ဆိုသည်။ “အကြမ်းဖက်သမားတွေက ကျနော်တို့ အိမ်ကို မီးလာရှို့တယ်။ ဓါးတွေနဲ့ ခုတ်ဖို့ လုပ်တယ်။ တုတ်တွေပါတယ်။ အိမ်နဲ့ ခြံကို ဖျက်စီးပစ်တယ်။ အဲဒါနဲ့ ကျနော်တို့ မနေရဲတော့ဘဲ ထွက်ပြေးလာတာ” ဟု ကိုကျော်ကျော်နိုင် က ပြောသည်။ အကြမ်းဖက်မှုဖြစ်စဉ်၌ ဟိန္ဒူ ဘာသာဝင် များလည်း တိုက်ခိုက်ခံခဲ့ရပြီး လက်ရှိ သြဂုတ်လ ၃၀ ရက်နေ့အထိ စုစုပေါင်း ၃၀ ကျော် ပျောက်ဆုံးနေပြီး ၈ ဦး၏ ရုပ်အလောင်းကို တွေ့ရှိထားကြောင်း သိရသည်။ ဟိန္ဒူ ကယ်ဆယ်ရေး စခန်းတွင် ခိုလှုံနေသည့် ဒေါ်မချေ (ခ) ဆင်သော်နတ် ကလည်း “ကျမတို့ကို အကြမ်းဖက် သမားတွေက သေနတ်တွေနဲ့ လာပစ်ပါတယ်။ အခု ခမောင်ဆိပ်မှာ သွားအလုပ်နေတဲ့ ကျမ အစ်ကိုလည်း ဖုန်းအဆက်အသွယ်လည်း မရဘူး။ ဒီနေ့ ကြားတာက အသတ်ခံလိုက်ရပြီ လို့လည်းကြားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။ သြဂုတ် ၂၆ ရက်နေ့ကလည်း မောင်တောမြို့ ရပ်ကွက် ၄ တွင်နေထိုင်ကြသူ ဟိန္ဒူဘာသာဝင် ၁၂ ဦးမှာ မောင်တောမြို့နယ် မြင်းလွတ်ကျေးရွာမှ မောင်တောမြို့သို့ ပြန်လာစဉ် မြို့သူကြီးကျေးရွာအနီး၌ အကြမ်းဖက်သမားများ၏ ပစ်ခတ် တိုက်ခိုက်မှုနှင့် ကြုံတွေ့ခဲ့ရသည်ဟုဆိုသည်။ ယင်းတို့ တိုက်ခိုက်ခံရမှုကြောင့် အနီးရှိ ဆောက်လက်စ ခရိုင်တရားရုံးထဲသို့ ဝင်ရောက် ပုန်းခိုနေစဉ် အကြမ်းဖက်သမားများ၏ တိုက်ခိုက် သတ်ဖျက်ခြင်းကို ခံခဲ့ရပြီး ၆ ဦးသေဆုံးခဲ့ရသည်။ တကြော့ပြန် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် မောင်တောမြို့ပေါ်တွင် သာသနာ့ဗိမာန်ဓမ္မာရုံ၊ ရပ်ကွက် ၃ စာသင်ကျောင်း ၊ ၄ မိုင် စသည့်နေရာများတွင် ဒုက္ခသည်စခန်းများကို ဖွင့်လှစ်ထားရှိကာ လက်ရှိအချိန်တွင် ဒုက္ခသည် စုစုပေါင်း၅၀၀၀ ကျော်ရှိကြောင်း စုံစမ်းသိရှိရသည်။ The post မောင်တောတွင် ဟိန္ဒူ ဘာသာဝင် ၁၇၀၀ ကျော် အကူညီလိုအပ်နေ appeared first on ဧရာဝတီ.
Source : http://ift.tt/2xMrdLO
via IFTTT
Source : http://ift.tt/2xMrdLO
via IFTTT
ရန်ကုန်ကလေးဆေးရုံကြီးတွင် ကလေးငယ်တဦး H1N1 ဖြင့် ထပ်မံသေဆုံး ရန်ကုန်ကလေးဆေးရုံကြီး (ဟယ်လ်ပင်) တွင် H1N1ကြောင့် ကလေးငယ်တဦး ယနေ့ ထပ်မံ သေဆုံးခဲ့ကြောင်း နေပြည် တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ သေဆုံးကလေးငယ်သည် အသက် ၂ နှစ် ၆လရှိ ယောက်ျားလေးဖြစ်ပြီး ဧရာဝတီတိုင်းမှဖြစ်ကာ ဇူလိုင်လ ၂၈ ရက်နေ့မှ စကာ ရန်ကုန်ကလေးဆေးရုံကြီးတွင် ဆေးကုသခဲ့ပြီး သြဂုတ်လ ၁၅ ရက်နေ့ ညနေပိုင်း၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ဧရာဝတီသို့ ပြောသည်။ သြဂုတ်လ ၁၆ ရက်နေ့တွင် H1N1 သံသယလူနာ ၃၉ ဦးကို စစ်ဆေးရာ ဗိုင်းရပ်စ်ပိုးတွေ့သူ ၂၀ ဦး ထပ်မံ တိုးလာကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စာရင်းများအရ ဇူလိုင်လ ၂၁ရက်နေ့မှ သြဂုတ်လ၁၆ ရက်နေ့ နေ့လယ် ၂နာရီ အထိ စာရင်းများအရ ပြင်းထန်အသက်ရှူ လမ်းကြောင်းရောဂါဖြင့် ဆေးရုံတက်ရောက် ကုသနေသူ ၆၈၇ ဦးတွင် H1N1 Positive လူနာ၂၆၂ဦး ရှိလာပြီး သေဆုံးသူ၂၆ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ The post ရန်ကုန်ကလေးဆေးရုံကြီးတွင် ကလေးငယ်တဦး H1N1 ဖြင့် ထပ်မံသေဆုံး appeared first on ဧရာဝတီ.
Source : http://ift.tt/2iI0pJZ
via IFTTT
Source : http://ift.tt/2iI0pJZ
via IFTTT
ဘူးသီးတောင်ကိုလာသည့် မောင်တောဒေသခံများ တိုက်ခိုက်ခံရ၍ သေဆုံး ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားနေခြင်းကြောင့် မောင်တောမှ ဘူးသီးတောင် ဘက်သို့ ထွက်ပြေး တိမ်းရှောင်ရန် သွားသည့် ရခိုင်တိုင်းရင်းသားအချို့ အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခံရ၍ ၄ ဦး သေဆုံးသွားကြောင်း ရခိုင်အမျိုးသားပါတီ(ANP) မှ သိရသည်။ အဆိုပါ ရခိုင်တိုင်းရင်းသားများသည် မောင်တောမှ ဘူးသီးတောင်ဘက်သို့ လာစဉ် မောင်တောမြို့နှင့် ၃ မိုင်အကွာ ဇူလာ (ဘင်္ဂါလီ)ရွာ၌ သြဂုတ်လ ၃၀ ရက်နေ့တွင် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရ၍ ရခိုင်လူမျိုး ၄ ဦး သေဆုံးသွားခဲ့ကြောင်း ANP ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဧရာဝတီကို ပြောသည်။ “မောင်တောအခြေအနေက အဆိုးဆုံးပါ။ မောင်တောက ဘူးသီးတောင်ကို လာတဲ့ ရခိုင်လူမျိုးတွေကို ဝိုင်းခုတ်သတ်လို့ အခု ၄ ယောက် သေပါတယ်။ အခင်းဖြစ်တာ မောင်တော ၃ မိုင် ဇူလာကုလားရွာမှာပါ။ အခုပဲ အကူအညီ တောင်းပါ တယ်”ဟု ဆိုသည်။ မောင်တောမြို့နယ်၊ မြဝတီကျေးရွာနှင့် ၂ မိုင်အကွာရှိ လဘော်ဝါကျေးရွာ၌လည်း မြိုတိုင်းရင်းသား ၁၅၀ အဝိုင်းခံနေရပြီး အကူအညီ တောင်းနေ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြောင်းကြားထားကြောင်း ၎င်းက ပြောသည်။ ပဋိပက္ခဖြစ်ပွားရာ နယ်မြေအတွင်း ရောက်ရှိ သတင်းယူနေသော ဧရာဝတီသတင်းထောက်က “အသတ်ခံရတဲ့နေရာနားမှာ လုံခြုံရေး ၁၀ ယောက်ရှိတယ်။ ဘာမှ လုပ်မပေးနိုင်ဘူး။ သုံးမိုင် သာစည်ရွာနဲ့ ကပ်လျက်ရှိနေတဲ့ ဇူလာ မွတ်စလင်ရွာမှာ ၁၁ နာရီ လောက် မီးလောင်နေတာတွေ့လို့ လယ်ကွင်းနားကို ရွာသား၅ယောက်က သွားကြည့်တယ်။ အဲဒီအချိန်မှာ လယ်ကွင်းထဲ ပုန်းနေတဲ့ အကြမ်းဖက်သမား ၁၀ ယောက်လောက်က ရုတ်တရက် ခုန်ထွက်လာပြီး ဓားနဲ့ခုတ်တယ်။ အဓိက ခုတ်တာက ၄ ယောက် လောက်ပါပဲ။ ဖြစ်တာက ကားလမ်းမနဲ့ ဇူလာရွာကြားမှာ။ နည်းနည်းလှမ်းတော့ တပ်က မပစ်ရဲဘူး။ မိုးပေါ်ထောင်ပြီး လေးချက်ပစ်တယ်။ မပြေးကြဘူး။ တပ်ကလည်း အဲဒီကို မသွားရဲဘူး။ အဲဒီရွာက လူတွေမှာက သေနတ်ရှိတယ်” ဟု ပြောသည်။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း ၂၀၁၇ ခုနှစ်၊သြဂုတ်လ ၂၅ ရက်က ရဲကင်း ၃၀ ကို Arakan Rohingya Salvation Army(ARSA) အဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှုများ တပြိုင်တည်း ပြုလုပ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး၊ လဝက အရာရှိ ၁ ဦး၊ ဟိန္ဒိူဘာသာဝင် ၆ ဦးတို့ သေဆုံးခဲ့သည်။ လက်ရှိတွင် ရခိုင်အမျိုးသားပါတီ (ANP)သည် ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၇ ရက်က အစည်းအဝေး ကျင်းပပြီး ပိတ်မိနေသူများ ကယ်ထုတ်ရေး အပါအဝင် စားနပ်ရိက္ခာ လိုအပ်နေသောနေရာများသို့ ရိက္ခာထောက်ပံ့ပေး ရေးနှင့် စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးရေး အချက် ၃ ချက် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ANP မှ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က“ တစ် အချက်ကတော့ အခက်ခဲဆုံးပါ။ ကိုယ်တိုင် လုပ်ခွင့် မရှိဘူး။ လုံခြုံရေးနဲ့တပ်ကို ရရှိသတင်းကို အထပ်ထပ် စိစစ်ပြီး ပေးပို့ အကူအညီ တောင်းခံရပါတယ်။ မနေ့ (သြဂုတ် ၂၉ ရက်) က မြဝတီရွာအနားမှာ ကျန်ရှိနေတဲ့ မြို တိုင်းရင်းသားတွေကို တပ်ဖွဲ့တွေနဲ့ ချိတ်ဆက် ပေးရတယ်။ မောင်တော တောင်ပိုင်း ကျောက်ပန်းတူကျေးရွာမှာလည်း နေမကောင်းဖြစ်နေတဲ့ လူများနေကြောင်း ရခိုင်ရွာတခုခုကို ကယ်ထုတ် ပေးဖို့ ဆက်သွယ်တာ ရှိနေပါတယ်။ အဓိကအခက်အခဲက မောင်တော မြောက်ပိုင်းပါ။ လမ်းမှာ လက်လုပ်မိုင်း အပြည့် ထောင်ထားပါတယ်” ဟု ဧရာတီကို ပြောသည်။ ဘူးသီးတောင်မြို့နယ်သို့ ANP အတွင်းရေးမှူး ဦးသာထွန်းလှနှင့် အဖွဲ့က သွားရောက်၍ စားနပ်ရိက္ခာ ထောက်ပံ့ မှုများ ပြုလုပ်နေပြီး မောင်တောမြို့နယ်ကို ANP ဒုဥက္ကဋ္ဌ ခိုင်ပြည်စိုးနှင့် အဖွဲ့အပြင် မောင်တောမြို့ နယ် ANP အဖွဲ့ဖြင့် ပူးပေါင်းကာ စားနပ်ရိက္ခာထောက်ပံ့မှုများ ဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိ ANP ပါတီက လေးမိုင် ဒုက္ခသည်စခန်းနှင့် လေးမိုင် ရပ်ကွက် အထက ခွဲ-၂ ရှိ ရွှေရင်အေး၊ ခရေမြိုင်၊ ငွေတောင်၊ ကင်းချောင်း၊ ပြားသားရွာ၊ သာယာကုန်း၊ မကျည်း ကုန်း၊ သစ်တောရွာ၊ ရွှေဗဟို ကျေးရွာများမှ လာရောက် ခိုလှုံ နေကြသော ဒေသခံတိုင်းရင်းသားများထံ ဆန်၊ ဆီ၊ စား၊ ငရုတ် ၊ ငါးပိတို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ The post ဘူးသီးတောင်ကိုလာသည့် မောင်တောဒေသခံများ တိုက်ခိုက်ခံရ၍ သေဆုံး appeared first on ဧရာဝတီ.
Source : http://ift.tt/2gqIvLn
via IFTTT
Source : http://ift.tt/2gqIvLn
via IFTTT
လိပ်ကျွန်းလူသတ်မှု၌ ဗြိတိန်ရဲတပ်ဖွဲ ဥပဒေချိုးဖောက် ဗြိတိန် အမျိုးသားရာဇဝတ်မှု တိုက်ဖျက်ရေးဌာနသည် ဥပဒေ ချိုးဖောက်ကာ ထိုင်းရဲတပ်ဖွဲ့သို့ လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်သော အချက်အလက်များထောက်ပံခဲ့ကြောင်း လန်ဒန်မြို့ ရှိ တရားရုံးချုပ်က ရှာဖွေတွေ့ရှိခဲ့တယ် လို့ Bangkok Post သတင်းကဆိုပါတယ်။ The Guardian သတင်းစာကြီးရဲ့ အဆိုအရတော့ ဗြိတိန်ရဲတပ်ဖွဲ့ အနေနဲ့ သေဆုံးသူ ဒေးဗစ် မေလာရဲ့ ဖုန်းမှ အချက်အလက်များကို ထိုင်းစုံစမ်းစစ်ဆေးများအား ပေးအပ်ခဲ့တဲ့အတွက် သံသယ ရှိခံရသူ မြန်မာ ၂ဦးအား တရားစွဲဆိုရေးမှာ အထောက်အကူဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၄ ခုနှစ်က လိပ်ကျွန်းလို့ခေါ်တဲ့ ကော့တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ဦးဖြစ်တဲ့ အသက် ၂၄နှစ် အရွယ်ရှိ ဒေးဗစ်မေလာနဲ့ ၂၃နှစ်အရွယ်ရှိ ဟန်နာ ဝစ်သာရစ်ဂျ်တို့ စုံတွဲကို သတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံ သား ဇော်လင်းနှင့် ဝင်းဇော်ထွန်းကို ဖမ်းဆီးကာ သေဒဏ်ချမှတ်ခဲ့သည့်အတွက် ထိုင်းနိုင်ငံ၏ အဆင့်မြင်ဆုံးတရားရုံးချုပ်သို့ အယူခံလွှာတင်သွင်းထားပါတယ်။ The post လိပ်ကျွန်းလူသတ်မှု၌ ဗြိတိန်ရဲတပ်ဖွဲ ဥပဒေချိုးဖောက် appeared first on ဧရာဝတီ.
Source : http://ift.tt/2iHq19P
via IFTTT
Source : http://ift.tt/2iHq19P
via IFTTT
ရခိုင်အရေးဝေဖန်မှုကို အဆိုတော် သားငယ် ပြန်လည်ဖြေရှင်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ အရေးကိစ္စများနဲ့ ပတ်သက်လို့ ရခိုင်တိုင်းရင်းသားတယောက်အနေနဲ့ ငြိမ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို အဆိုတော် သားငယ်က သူ့ရဲ့ ကိုယ်ပိုင်ဖေ့ဘွတ် စာမျက်နှာမှာ ပြန်လည် ဖြေရှင်းပြောဆိုလိုက်ပါတယ်။ “ခု သားငယ် ကိုယ့် ရခိုင်လူမျိုးတွေ သေကြေတာကို ဘာမှမလှုပ်ရှားမပါဝင်ဘူးပေါ့ ပြောကြတယ်။ ကျနော် စစ်တွေမှာ ကိုယ့်ပြည်နယ်အတွက် (အဲဒီလိုပြောရင်လည်း တစ်နိုင်ငံလုံးက တဘို့တည်းသမားလို့ ပြောခံရပါလိမ့်မယ် နေပါစေ) လိုအပ်တဲ့နေရာမှာ ပါဝင်နိုင်အောင်လို့၊ အထူးသဖြင့် ခုလို အကြမ်းဖက်မှုတွေ ပေါ်ပေါက်ရင် ကူညီနိုင်ဖို့ “သားငယ်ဖောင်ဒေးရှင်း “ ဆိုတာ သပ်သပ်ရှိတယ်။အဖွဲ့ဝင်တွေကို မေးကြည့်နိုင်တယ်။ ဒါပေမယ့် စဖွဲ့တဲ့နေ့ကတည်းက ကျနော်သိုသိုသိပ်သိပ်ပဲထားတယ်။ ကြီးကြီးကျယ်ကျယ် လုပ်တယ်ဖြစ်မှာစိုးလို့ လိုအပ်ရင် အမြဲအသင့်ရှိပြီးသား၊ အခုလည်း စီစဉ်ပြီးသား၊ အဲဒါ ကျနော့်စေတနာ၊ အသိအမှတ်မပြုလည်း ကိစ္စမရှိပါဘူး။ ကိုယ့်လူမျိုးတွေ အဆင်ပြေရင် ကျနော်ကျေနပ်ပြီ။ မဝေဖန်ခင်တော့ အရင်လေ့လာပါဗျာ” လို့ ရေးသားထားပါတယ်။ အဆိုတော် သားငယ်ဟာ ရခိုင်တိုင်းရင်းသားတဦးဖြစ်ကာ ယခုလက်ရှိ ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုများနဲ့ပတ်သက်လို့ ပေါ်ပေါ်တင်တင် လှုပ်ရှားပါဝင်မှုမရှိတဲ့အပေါ် ပရိသတ်တချို့က ပြောဆိုဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ ဆက်လက်ပြီး သူက တခြားဝေဖန်မှုများကို ဖြေရှင်းလေ့မရှိပေမယ့် ရခိုင်အရေးနဲ့ပတ်သက်ပြီး ဝေဖန်ကြတဲ့အတွက် ပြန်လည်ဖြေရှင်းတာ ဖြစ်တယ်လို့လည်း ရေးသားပြောဆိုထားပါတယ်။ “တော်ရုံဝေဖန်တာတွေလောက်ကို ကျနော်ဖြေရှင်းလေ့မရှိပါဘူး။ ဒါပေမယ့် ခုတော့ နည်းနည်းရေးပါရစေ၊ ရခိုင်အရေးမှာ သားငယ်ငြိမ်လှပါလား၊ Vote ပေးရကျိုးမနပ်လိုက်တာ ဘယ်သူကတောင် ဘာလှူတာ၊ ဘယ်လောက် လှူတာ၊ ထားပါ။ဒါ သာဓုခေါ်သင့်တဲ့ကိစ္စလေ။ ကျနော် မုဒိတာပွားပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ (ဝေဖန်သူတွေကိုပြောတာ) ဘုမသိဘမသိ မှန်းရမ်းပြီး မစွပ်စွဲနဲ့ဗျ။ ကျနော် မြန်မာနိုင်ငံသား (ရခိုင်လူမျိုး) ကိုယ့်နိုင်ငံသားကို ထိရင်နာတယ် (ကိုယ့်လူမျိုး ထိတော့ ပိုဆိုးပေါ့)”လို့ လည်း သားငယ်က ရေးသားထားပါတယ်။ ရခိုင်တိုင်းရင်းသားတဦးဖြစ်တဲ့ အဆိုတော် သားငယ်ဟာ ပြီးခဲ့တဲ့ Myanmar Idol Season 2 တွင် ပရိသတ်အများဆုံး ကြိုက်နှစ်သက်သူတဦးဖြစ်ကာ အဆိုပါပြိုင်ပွဲရဲ့ Winner တဦးလည်းဖြစ်ခဲ့ပါတယ်။ The post ရခိုင်အရေးဝေဖန်မှုကို အဆိုတော် သားငယ် ပြန်လည်ဖြေရှင်း appeared first on ဧရာဝတီ.
Source : http://ift.tt/2xMaybi
via IFTTT
Source : http://ift.tt/2xMaybi
via IFTTT
ABSDF မှ ရဲဘော်မင်းဌေးအမှု အပြီးသတ် လွတ်မည်ဟု ယုံကြည် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) နှင့် ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ ဗဟိုကော်မတီဝင် ရဲဘော်မင်းဌေးအမှု အပြီးသတ် လွတ်မည်ဟု ယုံကြည်ကြောင်း ဇနီးဖြစ်သူ ဒေါ်နန်းယဉ်ကပြောသည်။ ရဲဘော်မင်းဌေးသည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်က ဗန်းမော်-လွယ်ဂျယ် ကားလမ်းပေါ်ရှိ စိန်လုံစစ်ဆေးရေးဂိတ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) နှင့် ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် ဗန်းမော်မြို့ရှိ ရဲစခန်းတွင် ဖမ်းဆီးထားခဲ့ပြီး တရားရင်ဆိုင်လာခဲ့ရာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်တွင် ၂၆ ကြိမ်မြောက် ရုံးချိန်းအဖြစ် စစ်ဆေးခံခဲ့ပြီး စက်တင်ဘာ ၁ ရက်နေ့(၂၇ ကြိမ်မြောက် ရုံးချိန်း) ၌ အပြီးသတ် အမိန့်ချမှတ် သွားမည်ဖြစ်ကြောင်း သိရသည်။ “အမှုက မခိုင်ဘူးလေ။ သက်သေတွေ ဘာမှ ပြနိုင်တာမရှိဘူး။ အတိုင်ပင်ခံနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ပြောတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ဆိုတဲ့ အပေါ်ပေါ့နော်။ ဒီဖြစ်စဉ်အပေါ်မှာ လိုက်နာပြီးတော့မှ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ လိုက်နာခဲ့တာ ဖြစ်တယ်။ ဘာပဲပြောပြော တရားရုံးက အမှန်တရားပဲ ဖြစ်သင့်တယ်။ ဒီလိုကိစ္စမျိုး နောက်ဖြစ်လို့ မရဘူး။ NCA ခိုင်မာမှု အပေါ်မှာလည်း လျော့နည်းစေတယ်”ဟု ရဲဘော်မင်းဌေး ၏ ဇနီးဒေါ်နန်းယဉ်က ပြောသည်။ ရဲဘော်မင်းဌေး ဖမ်းဆီးခံနေရသည့် အမှုသည် သက်သေခိုင်လုံခြင်း မရှိသကဲ့သို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားသော အဖွဲ့ဖြစ်၍ အပြီးသတ် လွှတ်ပေးရမည်ဖြစ်ကြောင်း၊ အပြီးသတ် လွှတ်ပေး လျှင်ပင် ဦးမင်းဌေးအနေဖြင့် အကျဉ်းစခန်းအတွင်း ၈ လလောက် နေထိုင်ခဲ့ရပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။ ရဲဘော်မင်းဌေးသည် ABSDF ၏ ဗဟိုကော်မတီဝင်ဖြစ်ပြီး ABSDF သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ ကရင်အမျိုးသား အစည်းအရုံး (KNU၊ KNU/KNLA – PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) ၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ ချင်းအမျိုးသား တပ်ဦး (CNF) ၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP) တို့နှင့်အတူ NCA ရေးထိုးထားသော အဖွဲ့ဖြစ်သည်။ ဖမ်းဆီးခံခဲ့ရသော ရဲဘော်မင်းဌေးက မိမိအား ဖမ်းဆီးခြင်းသည် ခိုင်လုံမှု မရှိကြောင်း၊ လွတ်လွတ်လပ်လပ် သွားလာသည့် နေရာများဖြစ်ကြောင်း၊ NCA ထိုးထားသော အဖွဲ့ဖြစ်သည့်အတွက် လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိသည်ဟု ၂၀၁၇ ခုနှစ် သြဂုတ်လ ၃၀ ရက် ၊၂၆ ကြိမ်မြောက် ရုံးချိန်းအပြီးတွင် ဧရာဝတီသို့ ပြောသည်။ “သူတို့ဖမ်းတုန်းက ကျနော်တို့ ဘတ်တံဆိပ်တွေ အပေါ်မှာ စစ်ဆေးမေးမြန်းလိုတယ် ဆိုပြီးခေါ်တယ်။ နောက် ကျနော့်ရဲ့ ထွက်ချက် သူတို့ စအဖမှာ စစ်တယ်လေ။ ၂ ည ၊ ၂ ညနဲ့ ၂ ရက် စစ်တဲ့ ကိစ္စတွေရှိတယ်။ အဲဒီဟာတွေရယ်၊ ကျနော့်ကို မေးတဲ့ဟာတွေ ရှိတယ်။ အဲဒါတွေကို ကျနော်က ပြန်ပြောပြတာ ရှိတယ်။ ကျနော့် ဖုန်းထဲက ဓာတ်ပုံတွေ ရိုက်ထားတာ ရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ KIA ပါ KIA နဲ့ ဆက်သွယ်တယ်ဆိုပြီး ပြောတာတွေရှိတယ်” ဟု ၎င်းက ပြော သည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး တည်ဆောက်နေချိန်၌ တဖက်အား အပြစ်ပုံစံမျိုး သံသယသိပ်မကြီးရန် လိုအပ်ပြီး ယခုလို ဖြစ်နေပါက ငြိမ်းချမ်းရေးမှာ ပါမလာသေးသော အဖွဲ့အစည်းများ ပါလာရန် ခက်ခဲသွားနိုင်ကြောင်း၊ ငြိမ်းချမ်းရေး တကယ်လိုချင်ပါက တပ်မတော်ဘက်မှ လျှော့သင့်သည့် ကိစ္စများ လျှော့ပေးသင့်ကြောင်းလည်း ၎င်းက တိုက်တွန်း ပြောကြားသည်။ NCA စာချုပ် အပိုဒ် ၈ (က) လုံခြုံရေးအရ ကန့်သတ်ထားသော နေရာများမှအပ မည်သည့်နေရာကိုမဆို လက်နက်ကိုင် ဆောင်ခြင်း မရှိဘဲ လွတ်လပ်စွာ သွားလာခွင့်ပြုရန်၊ (ခ) တဖက်အဖွဲ့အစည်းက ထိန်းချုပ်ထားသော နယ်မြေအတွင်း လက်နက်ဖြင့် သွားလာရန် လိုအပ်လာပါက နှစ်ဖက်ညှိနှိုင်းသဘောတူညီချက်ဖြင့် သွားလာရန်ဟု ဆိုထားသည်။ The post ABSDF မှ ရဲဘော်မင်းဌေးအမှု အပြီးသတ် လွတ်မည်ဟု ယုံကြည် appeared first on ဧရာဝတီ.
Source : http://ift.tt/2xMcgJM
via IFTTT
Source : http://ift.tt/2xMcgJM
via IFTTT
ပုဂံဘုရားများ ပြုပြင်မှု ၂၀၂၀ မတိုင်မီ အပြီးသတ်မည် ပုဂံဒေသရှိ စေတီပုထိုးနှင့် သာသနိက အဆောက်အအုံ အားလုံး၏ ပြုပြင်ထိန်းသိမ်းမှုကို ၂၀၂၀ ခုနှစ် မတိုင်မီတွင် အပြီးသတ် ဆောင်ရွက်မည် ဖြစ်ကြောင်း ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။ သြဂုတ်လ ၂၇ ရက်နေ့က ပုဂံဒေသတွင် နိုင်ငံပေါင်းစုံမှ ပညာရှင်များ ပါဝင်သည့် အစည်းအဝေးတခုကို ကျင်းပနိုုင်ခဲ့ပြီး တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ စပိန်နှင့် အီတလီနိုင်ငံတို့ က မြန်မာအစိုးရကို ကူညီကြမည် ဖြစ်ကြောင်း ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာနမှ သိရသည်။ “ပုဂံအစည်းအဝေးမှာလည်းပဲ နိုင်ငံပေါင်းစုံက ပညာရှင်ပေါင်းစုံ တက်ကြပါတယ်။ ဒါနဲ့ ပတ်သက်လို့ ခြုံပြီးပြောရမယ်ဆိုရင် ပုဂံမှာရှိတဲ့ သာသနိက အဆောက်အအုံတွေအားလုံးကို ၂၀၂၀ မတိုင်ခင်မှာ အားလုံး ပြင်ဆင်လို့ ပြီးမယ်လို့ ပြောနိုင်ပါတယ်”ဟု ဝန်ကြီး သူရ ဦးအောင်ကိုက ပြောသည်။ ၎င်း၏ ယခုပြောဆိုချက်သည် ငလျင်ဒဏ်ခံရသည့် ပုဂံဒေသ တနှစ်ပြည့် အချိန်နှင့် တိုက်ဆိုင်လျက်ရှိပြီး ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့က ပုဂံဒေသ အနီးရှိ ချောက်မြို့ ပတ်ဝန်းကျင်ကို ဗဟိုပြု၍ အင်အား ၆.၈ ရစ်ချက်စတာ စကေးရှိသည့် ပြင်းထန်သော ငလျင် ကြီးတခု လှုပ်ခတ်ခဲ့ရာ သမိုင်းဝင် စေတီပုထိုးများစွာမှာ ထိခိုက်ပျက်စီမှုများ ရှိခဲ့သည်။ သာမန် အသေးအဖွဲ ပျက်စီးမှုဖြစ်သည့် စေတီပေါင်း ၂၂၄ ဆူလုံးကို ပြုပြင်ပြီး ဖြစ်ကြောင်း၊ အလယ်အလတ် ပျက်စီးသည့် စေတီများ၏ ၅၀ ရာခိုင်နှုန်းခန့် ပြင်ဆင်ပြီး ဖြစ်သော်လည်း ထုထည် ကြီးမားသည့် အကြီးစား ပြင်ဆင်မှုများကိုမူ ရာနှုန်းအားဖြင့် ပြောဆိုရန် ခက်ခဲသေး ကြောင်းသိရသည်။ “ဥပမာ သဗ္ဗေညုစေတီဆိုရင် ငလျင်လှုပ်တုန်းက လဲကျသွားတာ၊ ပဲ့ကျသွားတာ မရှိပါဘူး။ ဒီတိုင်းပဲ နဂိုပကတိ ရပ်တည်လျှက် ရှိပါတယ်။ သို့သော်လည်း အခု နိုင်ငံတကာ ပညာရှင် ပါဝင်တဲ့ အဖွဲ့နဲ့ စစ်ဆေးလိုက်တဲ့ အခါကျတော့ X-ray တွေရော စစ်ဆေးလိုက်တဲ့ အခါကျတော့ ပဲ့တင်သံ ပြန်မလာတာ တွေ့ရပါတယ်”ဟု သူရ ဦးအောင်ကိုက ပြောသည်။ ထို့ကြောင့် ပျက်စီးခြင်း မရှိဟု ထင်ရသည့် သဗ္ဗေညု ပုထိုးတော်ကြီးမှာ အတွင်းပိုင်း ကြေသွားသဖြင့် တရုတ်နိုင်ငံမှာ ရှေးဟောင်း ဗိသု ကာ ပညာရှင်များက စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း၊ နံရံဆေးရေး ပန်းချီ ရှိသည့် စေတီဘုရားများကို အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ အီတလီနှင့် စပိန် နိုင်ငံများ ပါဝင်ပြီး ပြုပြင် ထိန်းသိမ်းရေးကိုလည်း ထိုနိုင်ငံများကပင် တာဝန်ယူထားကြောင်း သိရသည်။ The post ပုဂံဘုရားများ ပြုပြင်မှု ၂၀၂၀ မတိုင်မီ အပြီးသတ်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2vrdCgp
via IFTTT
Source : http://ift.tt/2vrdCgp
via IFTTT
ငေါ့ချမ်းခချောင်းပေါ်က ရေအားလျှပ်စစ်စီမံကိန်း အပြီးရပ်ဆိုင်းပေးရန် တောင်းဆို ကချင်ပြည်နယ်၊ အထူးဒေသ (၁)အတွင်းရှိ ငေါ့ချန်းခချောင်းပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်း ၄ခုမှာ ဒေသခံများ၏ ရိုးရာယဉ်ကျေးမှု သမိုင်းကြောင်းနှင့် စားဝတ်နေရေးများကို ဖျက်ဆီးမည် ဖြစ်သဖြင့် အပြီးသတ် ရပ်တန့်ပေးပါဟု အစီရင်ခံစာ တစောင်ထုတ်ပြန်ကာ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက် (KDNG) နှင့် ဒေသခံများက တောင်းဆိုလိုက်သည်။ KDNG မှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်မိုင်က “ငေါ့ချန်းခ ဒေသက အရမ်းဝေးတဲ့ နေရာဖြစ်တယ် ။ ချောင်ကျတယ်။ အဲဒါကို ဗဟိုအစိုးရက စီမံကိန်းကို ခိုးကြောင်ခိုးဝှက် စတယ်။ ခိုးကြောင်ခိုးဝှက် စတာကို ကျနော်တို့က အကုန်လုံး သိအောင် ဒီအစီရင်ခံစာကို လုပ်ဆောင်ပြီး တားမြစ်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။ ငေါ့ချမ်းခသည် ကချင်တိုင်းရင်းသား မျိုးနွယ်စုထဲမှ လော်ဝေါ်၊ လချိဒ်၊ ငေါ့ချန်း၊ လီဆူများ ဆင်းသက်လာသော မျိုး ဆက် အဆက်ဆက်နေလာခဲ့သည့် သမိုင်းဝင်နေရာဖြစ်သောကြောင့် အခြားနေရာများသို့ မပြောင်းလိုဘဲ စီမံကိန်းကို သာ အပြီးသတ် ရပ်ဆိုင်းပေးစေလိုကြောင်း ၎င်းက ပြောသည်။ ကချင်မျိုးနွယ်စုများအနက် လော်ဝေါ်၊ လချိဒ်၊ ငေါ့ချန်း၊ လီဆူတို့၏ သမိုင်းကြောင်း စတင်ရာ နေရာသည် ငေါ့ချန်းခ မြစ်ကြောင်းတလျှောက်တွင် တည်ရှိသည်။ သြဂုတ်လ ၂၉ ရက်တွင် ရန်ကုန်မြို့၌ “ငေါ့ချန်းခလွင်ပြင်ကို ထိန်းသိမ်းကာကွယ်ခြင်း”ဟူသည့် အမည်ဖြင့် KDNG က အစီရင်ခံစာ တစောင် ထုတ်ပြန်ပြီး KDNG တာဝန်ခံများနှင့် ဒေသခံများက ကန့်ကွက်ကြောင်း သတင်းစာ ရှင်းလင်းပွဲ တခုကိုလည်း ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဖော်ပြချက်အရ ငေါ့ချန်းခ ရေကာတာစီမံကိန်း ၄ခုကို ၂၀၂၆ -၂၀၂၇ ခုနှစ်တွင် အပြီးတည်ဆောက်ရန် ရည်မှန်းထားသည်ဟု KDNG၏ အစီရင်ခံစာတွင် ရေးသားထားသည်။ ထို့ကြောင့် ဒေသခံများက စိုးရိမ်ပူပန်မှု ဖြစ်လာပြီး ယခုကဲ့သို့ အစီရင်ခံစာဖြင့် ကန့်ကွက်ရခြင်း ဖြစ်သည်ဟု သိရသည်။ ငေါ့ချန်းခ ရေအားလျှပ်စစ် ရေကာတာစီမံကိန်းကို ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလက မြန်မာစစ်အစိုးရနှင့် တရုတ်နိုင်ငံမှ International Energy Cooperation and Development Corporation (YEIG) တို့ အကြား နားလည်မှု စာချွန်လွှာ (MOU) ထိုးပြီး အစိုးရက စီမံကိန်း လုပ်ဆောင်မည်ကို ကြေညာထားခြင်း ဖြစ်သည်ဟု KDNG ၏ အစီရင်ခံစာထဲတွင် ရေးသားထားသည်။ ၂၀၁၀ ခုနှစ်တွင် ငေါ့ချန်းခ ရေကာတာစီမံကိန်း ၄ခုကို အကောင်အထည်ဖော်ရန် YEIG နှင့် အစိုးရအကြား နားလည် မှု စာချွန်လွှာ (MOU) တခု ထပ်မံရေးထိုးပြီး ၂၀၁၀-၂၀၁၃ ခုနှစ်များတွင် ရေကာတာ တည်ဆောက်ရန် လေ့လာမှုများ ပြုလုပ်ခဲ့သည်။ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်နစ်နာမှုဆိုင်ရာ ဆန်းစစ် လေ့လာမှု (EIA/SIA) များကို တရုတ်နိုင်ငံမှ Power China Kunming Engineering Corporation (KHID) ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ Resource and Environment Myanmar (REM) တို့က စတင် ပြုလုပ်ကာ ၂၀၁၄ ခုနှစ်၊ ဧပြီလတွင် YEIG နှင့် မြန်မာအစိုးရအကြား နားလည်မှုစာချွန်လွှာ တခု ထပ်မံချုပ်ဆိုခဲ့သည်။ ၂၀၁၅ ခုနှစ်၊ မေလတွင် YEIG ကုမ္ပဏီဝန်ထမ်းများက မြေသား၊ ရေသား စမ်းသပ်မှုများပြုလုပ်ရန် ထပ်မံ ဆောင် ရွက်ရာ ထန်ဒုံးနှင့် ထွန်းရှိန်ကျေးရွာမှ ဒေသခံများက ဝိုင်းဝန်းပိတ်ဆို့ တားမြစ်ခဲ့သဖြင့် ကုမ္ပဏီဝန်ထမ်းများ ထပ်မံ ရောက်မလာတော့ဘဲ ဒေသခံများနှင့် တွေ့ဆုံသည့် ပွဲများ ပြုလုပ်ခဲ့သော်လည်း ဒေသခံများက ကန့်ကွက်ခဲ့ကြသည်။ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလက ရန်ကုန်မြို့၌ ပြုလုပ်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မဟာဗျူဟာကျသော ဆန်းစစ် လေ့လာမှု အလုပ်ရုံဆွေးနွေးပွဲတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တင်ပြသည့် ပြည်တွင်း လျှပ်စစ် ဓာတ်အား ထုတ်လုပ်မည့် ရေကာတာ ၅၀ စာရင်းတွင် ငေါ့ချန်းခ ရေအားလျှပ်စစ် ရေကာတာ စီမံကိန်း ၄ခု ပါဝင်နေသည်။ အဆိုပါ ရေကာတာ ၄ခုကို တည်ဆောက်ပါက ငေါ့ချန်းခချောင်းတလျှောက်ရှိ လောင်ဒင်း၊ မျော်ဂျောင်၊ မန်ဗျော၊ ဘွိုင်လက် ၊ ဆော့လော်၊ ဂန်ခွမ်း၊ ဂျိတ်ဂျော် ၊ ထွန်းရှိန်၊ နူဇွန်ဘောင်၊ ဂေါယွမ်၊ ချိဂေါ်၊ ကျွန်းရှန် ၊ ထန်ဒုံး၊ ဖိုမိုဂျန်၊ ဝါဇွပ်ဂျန် ၊ လာငေါ်ခေါ် ကျေးရွာတို့ရှိ အိမ်ခြေ ၇၁၆ အိမ် ပျက်စီးပြီး ထိုအိမ်များတွင် နေထိုင်ကြသည့် လူဦးရေ ၄၄၃၂ ဦးမှာလည်း နေရာရွှေ့ပြောင်းကြရမည် ဖြစ်သည်ဟု အစီရင်ခံစာက ဆိုထားသည်။ ထွန်းရှိန်ကျေးရွာမှ ဒေသခံ ဦးလငွါးတိုက်ဆောင်က “အစိုးရဘက်ကရော ကုမ္ပဏီဘက်ကရော ကျနော်တို့ ဒေသခံ သဘောထားကို ဂရုမစိုက်ဘူး။ တိုင်လည်း မတိုင်ပင်ဘူး။ ပြောပြလည်း မသိသလိုပဲ။ ဒါမလုပ်သင့်ဘူး။ ကျနော်တို့ ဒေသခံတွေ ဆန္ဒကို ကြည့်သင့်တယ်။ ကျနော်တို့ ဘယ်ကိုမှ မရွှေ့နိုင်ဘူး ဒီနေရာမှာပဲ နေမယ်။ ကျနော်တို့ ဘဝ တွေကို ဖျက်ဆီးမယ့် ကျနော်တို့ ငေါ့ချန်းခကို ဖျက်ဆီးမယ့် စီမံကိန်းကိုလည်း လုံးဝခွင့်မပြုနိုင်ဘူး” ဟု ပြောသည်။ ၎င်းတို့ ရွှေ့ပြောင်းရမည်ဆိုပါက ကျောက်တောင်များပေါ်တွင် စိုက်ပျိုးရေးနှင့် နေအိမ်တည်ဆောက်ရန် မဖြစ်နိုင် သကဲ့သို့ ငေါ့ချန်းခ မရှိလျှင် သောက်သုံးရေလည်း မရှိနိုင်သဖြင့် ၎င်းတို့ မျိုးနွယ်စုအားလုံး ပျောက်ဆုံးသွားနိုင် သည်ဟု ပြောသည်။ ဒေသခံများမှာ ငေါ့ချန်းခချောင်းတလျှောက်တွင် နေထိုင်ပြီး သောက်သုံးရေနှင့် ဟင်းလျာအတွက် ငါးကိုလည်း ငေါ့ချန်းခမှ ရယူကြသလို မြေသားတောင်များတွင် စပါး၊ လိမ္မော်၊ သစ်ကြားသီးများ စိုက်ပျိုးပြီး တောတွင်း ဆေးပင်များ ရှာကာ တရုတ်နယ်စပ်၌လည်း ရောင်းချကြသည်။ ဧရာဝတီက ၂၀၁၅ ခုနှစ်အတွင်း အထူးဒေသ (၁) အတွင်းရှိ ငေါ့ချန်းခချောင်း တလျှောက် သတင်းသွားယူရာ ထိုဒေသတွင် ကျောက်တောင်များ ပေါများပြီး မြေသားတောင် အနည်းငယ်သာရှိကာ ရွာတရွာလျှင် အိမ်ခြေ အနည်းငယ်သာ ရှိသည်ကို တွေ့ရသည်။ ၂၀၁၇ ခုနှစ်၊ မတ်လတွင်လည်း ဒေသခံများက စုပေါင်းပြီး “ငေါ့ချန်းခမြစ်ကို လွတ်လွတ်လပ်လပ် စီးဆင်းခွင့်ပေးပါ” ၊ “စီမံကိန်းကို ချက်ချင်းရပ်တန့်ပေးပါ”ဟု အော်ဟစ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဒေသခံများအနေဖြင့် ငေါ့ချန်းခ ရေအားလျှပ်စစ် ရေကာတာစီမံကိန်း ပြုလုပ်မည်ကို စိုးရိမ်နေရခြင်းမှာ ၂၀၁၃ ခုနှစ် တွင် China Power Investment (CPI) က အထူးဒေသ (၁) အတွင်း ချီဖွေငယ်ရေအားလျှပ်စစ် ရေကာတာကြီးတခု တည်ဆောက်ရာ ဒေသခံတို့၏ စိုက်ပျိုးမြေများ လျော်ကြေးမရဘဲ ဆုံးရှုံးကာ ရေနေငါးနှင့် သောက်သုံးရေများ ညစ်ညမ်းသွားခြင်းတို့ကြောင့် ဖြစ်သည်ဟုလည်း သိရသည်။ KDNG ၏အစီရင်ခံစာထဲတွင် ချီဖွေငယ် ရေအားလျှပ်စစ် ရေကာတာ ဆောက်လုပ်စဉ်က ဒေသခံများကို လျှပ်စစ် မီးပေးမည်ဟု အာဏာပိုင်များက ပြောဆိုခဲ့သော်လည်း ရေကာတာ ဆောက်လုပ်ပြီးစီးချိန်တွင် မီးပေးခဲ့သော်လည်း တယူနစ်လျှင် ၁၇၀ ကျပ် ပေးဆောင်ရကြောင်း၊ ရန်ကုန်၊ မန္တလေးမြို့ များတွင် တယူနစ်ကို ၅၀ ကျပ်သာ ပေးဆောင်ရ ကြောင်း၊ မိသားစု ၆ စု ပိုင်ဆိုင်သည့် မြေဧက ၂၀၀ ကျော် ဆုံးရှုံးခဲ့ပြီး ထိုမြေများအတွက် မိသားစု တစုလျှင် ကျပ် ၅သိန်းသာ ရရှိကြောင်း၊ ဟင်းလျာအတွက် အားထားရသည့် ငါးများ မျိုးတုံး သေဆုံးသွားပြီး သောက်သုံးရေလည်း အခက်အခဲ ဖြစ်သွားကြောင်း ရေးသားထားသည်။ The post ငေါ့ချမ်းခချောင်းပေါ်က ရေအားလျှပ်စစ်စီမံကိန်း အပြီးရပ်ဆိုင်းပေးရန် တောင်းဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2vIUmGA
via IFTTT
Source : http://ift.tt/2vIUmGA
via IFTTT
ရခိုင်အရေး ကာကွယ်ရန် အမျိုးသား သင့်မြတ်ရမည်ဟု သူရဦးအောင်ကို ပြော နိုင်ငံ၏ အနောက်ဘက် ခြံစည်းရိုးဖြစ်သည့် ရခိုင်ပြည်နယ် အပါအဝင် တိုင်းပြည်၏ နယ်နိမိတ်များကို ကာကွယ်နိုင်ရန် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို မဖြစ်မနေ တည်ဆောက်ရမည် ဖြစ်ကြောင်း ယဉ် ကျေးမှုနှင့် သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။ “အဲဒီလို တည်ဆောက်ဖို့အတွက်ကို ပါဝင် ပတ်သက်နေတဲ့ ၂ ဖက် အဖွဲ့အစည်းတွေက နိုင်ငံတော်နဲ့ နိုင်ငံသား၊ တိုင်းရင်း သားတွေရဲ့ အကျိုးစီးပွားအတွက်ကို တကယ့်ကို စေတနာသန့်သန့် ကောင်းမွန်စွာနဲ့ မျှော်မှန်းပြီးတော့မှ ကိုယ်ကျိုးစီးပွား စွန့်လွှတ်မှုတွေ လုပ်ရပါမယ်”ဟု သူရ ဦးအောင်ကိုက နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။ ယခု အကြမ်းဖက်ခံရမှု ပြဿနာသည် ရခိုင်ပြည်နယ်တွင် ခေတ်အဆက်ဆက် တာဝန်ကျခဲ့သည့် ဝန်ထမ်း၊ အဖွဲ့အစည်း များ၏ မသမာမှုများလည်း ပါဝင်ကြောင်း၊ ယခုအခါ လူကို လူနှင့် ပြန်ကာကွယ်ရမည် ဖြစ်၍ ကာကွယ်ရမည့် လူများကို လုံခြုံရေး အပြည့်အဝ ပေးရမည် ဖြစ်ကြောင်း၊ သို့မဟုတ်ပါက နောင် ၁၀ နှစ်၊ နှစ် ၂၀ တွင် သမိုင်းသင်ခန်းစာ ကောင်း ကောင်း ရသွားနိုင်ကြောင်း ၎င်းက ပြောသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်တို့ကြား ရခိုင်အရေးတွင် အပြည့်အဝ ပူးပေါင်း ဆောင်ရွက်နေသည်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ဧရာဝတီသို့ ထုတ်ဖော် ပြောကြားဖူးသော်လည်း လက်တွေ့တွင် ကွာဟချက်တချို့ ရှိနေကြောင်း သုံးသပ်မှုများ ရှိနေ သည်။ တပ်မတော်နှင့် တခြားနိုင်ငံရေးအဖွဲ့များ တောင်းဆိုနေသည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ခေါ်ယူ ပေးရန် ကိစ္စကိုလည်း အစိုးရက တုံ့ဆိုင်းနေခြင်းနှင့် ရခိုင်ဒေသတွင် လုံခြုံရေး ဆောင်ရွက်မှုများကို အကန့်အသတ်ဖြင့် မဟုတ်ဘဲ အစိုးရက ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်များ အပ်နှင်းပေးရန် လိုအပ်ကြောင်း ကြံ့ခိုင်ရေးပါတီမှ ဗိုလ်ချုပ်ကြီးဟောင်း တချို့က ထောက်ပြကြသည်။ ရခိုင်အရေး လေ့လာစောင့်ကြည့်သူ ဦးမောင်မောင်စိုးက “ရခိုင်ကိစ္စကို ဖြေရှင်းဖို့ဆိုရင် အစိုးရနဲ့ တပ်မတော် ခြေလှမ်းညီမှ ရမယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းကိစ္စ သက်သက်မဟုတ်ဘဲနဲ့ နိုင်ငံတကာနဲ့ပါ ရင်ဆိုင်ရတဲ့ကိစ္စ ဖြစ် တဲ့ အခါကျတော့ တူညီတဲ့ခြေလှမ်းနဲ့ သဘောထားကြီးဖို့တော့ လိုအပ်တယ်လို့ မြင်တယ်။ လက်ရှိမှာလည်း ပူးပေါင်း ဆောင်ရွက်တယ်ဆိုတဲ့ အနေအထားမျိုးလည်း ရှိတယ်။ ဒါပေမယ့် တဖက်က ပြောရင် အစိုးရ၊ တပ်နဲ့ လွှတ်တော်တို့ ကြား မှာလည်း နည်းနည်း မသိမသာ အဟလေးတွေလည်း ရှိမယ်လို့ ထင်ပါတယ်”ဟု ပြောသည်။ သူရ ဦးအောင်ကိုကလည်း “ဒီကိစ္စက ဒီလောက်နဲ့ ရပ်တန့်သွားလိမ့်မယ်လို့ မယူဆနိုင်ပါဘူး။ ဘင်္ဂါလီ အစွန်းရောက် အဖွဲ့ တွေကို လောလောဆယ်တော့ လက်နက်ခဲယမ်း ဘာညာ သိပ်အကောင်းစား မဟုတ်ပါဘူး။ လက်နက်လည်း ပါတယ်။ လုပ်သေနတ်လည်း ပါတယ်။ တုတ်၊ ဓားတွေလည်း ပါတယ်။ လှံတွေလည်း ပါတယ်။ ဒါတွေနဲ့ အင်အားသုံးပြီးတော့မှ တိုက်ခိုက်သော်လည်းပဲ ဒီနောက်မှာ ဒါကို လျှော့တွက်လို့ရှိရင်တော့ တကမ္ဘာလုံးနဲ့ချီပြီး ဒုက္ခပေးတဲ့ IS အဖွဲ့တွေရဲ့ အဆက် အသွယ်၊ အထောက်အပံ့တွေ ဝင်လာနိုင်တယ်ဆိုတာကို ကြိုတင်ပြီးတော့ တွေးထားဖို့ လိုမယ်”ဟု ဆက်ပြောသည်။ ယခုဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်ဖြစ်စဉ်များသည် အစိုးရ၊ တပ်မတော်နှင့် လုံခြုံရေး အဖွဲ့ အစည်းများ၊ ရခိုင် တိုင်းရင်းသားများနှင့်သာ သက်ဆိုင်သည့်ကိစ္စ မဟုတ်ဘဲ တနိုင်ငံလုံး၊ တမျိုးသားလုံး၊ ပြည်သူလူထု တရပ်လုံးနှင့် သက်ဆိုင်သည့် အမျိုးသားရေး ကိစ္စတခုဖြစ်ကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်စိုးနိုင်ဦးက ယမန်နေ့က နေပြည်တော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ The post ရခိုင်အရေး ကာကွယ်ရန် အမျိုးသား သင့်မြတ်ရမည်ဟု သူရဦးအောင်ကို ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2x4DJcm
via IFTTT
Source : http://ift.tt/2x4DJcm
via IFTTT
အကြမ်းဖက်လှုပ်ရှားမှုများ ဖော်ထုတ် အရေးယူရေးအဆို လွှတ်တော်အတည်ပြု ရခိုင်ပြည်နယ်၊ မောင်တော ဒေသအတွင်း အကြမ်းဖက်လှုပ်ရှာမှုများအား အကြမ်းဖက်ဥပဒေဖြင့် အရေးယူရန်နှင့် အကြမ်းဖက် ခြိမ်းခြောက်မှုကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် တိုင်းရင်းသားကျေးရွာများ ဆက်လက်ရပ်တည်နိုင်ရေး ဆောင်ရွက်ပေးရန် အစိုးရအားတိုက်တွန်းကြောင်းအဆိုကို အမျိုးသားလွှတ်တော် က တည်ပြုလိုက်ပြီဖြစ်သည်။ ထိုအဆိုကို ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၃ မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးခင်မောင်လတ် က တင်သွင်း ခဲ့ခြင်း ဖြစ်ပြီး မဲပေးခွင့်ရှိသူ ၁၉၇ ဦးအနက် ထောက်ခံ ၁၈၇ မဲ၊ ကန့်ကွက် ၁ မဲ၊ ကြားနေ ၃ မဲတို့ဖြင့် သြဂုတ်လ ၃၀ ရက် နေ့က အတည်ပြုလိုက်ခြင်းဖြစ်သည်။ အဆိုရှင် ဦးခင်မောင်လတ် က “အဆိုကို စောစောစီးစီးဆွေးနွေးပြီး လုပ်သင့်တာပါ၊ အခုနောက်ကျသွားလို့ စိတ်မကောင်းဘူး၊ ဆွေးနွေးတဲ့ကြားမှာပဲ အကြမ်းဖက်မှုက ထပ်ဖြစ်လာတယ်လေ” ဟု ပြောသည်။ ယင်းအဆိုအား အတည်ပြုလိုက်သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လုပ်ပိုင်ခွင့်ပိုမိုရရှိနိုင်မည် ဖြစ်ပြီး ဒေသတွင်း ပြန်လည် ထူထောင်ရေးနှင့် နယ်စပ်ဒေသလုံခြုံရေးအတွက် ခြံစည်းရိုးကာရံခြင်းများ၊ ရဲကင်းများဆောက်လုပ်ခြင်း များကိုလည်း ဘက်ဂျက်များ တိုးမြှင့်သုံးစွဲခွင့် ရရှိလာမည်ကြောင်း အဆိုရှင် ဦးခင်မောင်လတ်က ပြောသည်။ မောင်တောဒေသတွင်း အကြမ်းဖက်မှုများကြောင့် လုံခြုံရေးအခြေအနေ တိုးမြှင့်ဆောင်ရွက်ပေးရန် ပြည်သူ့ လွှတ်တော်တွင် ရသေ့တောင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေမှ အကြမ်းဖက်မှု မတိုင်မီ ရက်ပိုင်းအလိုတွင် အဆိုတင် ဆွေးနွေးခဲ့သော်လည်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေမှ အဆိုကိုမှတ်တမ်းအဖြစ်သာထားရှိရန် ဆွေးနွေးခဲ့ပြီး မဲခွဲရာတွင် ကန့်ကွက်မဲများသည့်အတွက် အဆိုကို အတည်မပြုနိုင်ခဲ့ပေ။ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက “ဖြစ်စဉ်အရခြုံကြည့်ရင် သဘောသဘာဝချင်းတူညီတယ် ထင်ရပေမယ့် တကယ့်အဆိုရဲ့ အဓိကအကြောင်းအရင်းတွေ ကွာခြားချက်ရှိပါတယ်၊ ဒီအဆိုကတော့ လက်ရှိ အစိုးရရဲ့ လုပ်ဆောင်ချက် တွေနဲ့ တထပ်တည်းဖြစ်တဲ့အတွက် အဆိုကိုအတည်ပြုပေးဖို့ ထောက်ခံတင်ပြခဲ့ တာဖြစ်ပါတယ်”ဟု ပြောသည်။ မောင်တောဒေသတွင် ရဲကင်းစခန်း ၃၀ မှာ သြဂုတ်လ ၂၅ ရက်နေ့နံနက် အစောပိုင်းက စတင်ကာ အကြမ်းဖက် တိုက်ခိုက် ခံခဲ့ရခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦးကျဆုံးခဲ့ရပြီး အကြမ်းဖက်သမား ၇၇ ဦးကို အသေ ဖမ်းမိခဲ့ကာ အကြမ်းဖက် အဖွဲ့တွင် ပါဝင်သူ၊ ထောက်ပံ့သူ၊ အားပေးသူအားလုံးကို အကြမ်းဖက်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ယင်းနေ့တွင်ပင် အစိုရက ထုတ်ပြန်ခဲ့သည်။ အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုများကို ရှုတ်ချကြောင်းနှင့် လုံခြုံရေး တိုးမြှင့် ဆောင်ရွက်ပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးနှင့် ဦးလှဌေးဝင်းတို့က အရေးကြီးအဆိုတင်သွင်းရန် ကြိုးပမ်ခဲ့သော်လည်း တင်သွင်းခွင့် မရခဲ့ပေ။ အကြမ်းဖက်တိုက်ခိုက်မှု နောက်ဆက်တွဲအဖြစ် ဒေသခံတိုင်းရင်းသားများ နေ့ရပ်စွန့်ခွာတိမ်းရှောင်ရမှုများရှိ နေပြီး အစိုးရမှ ဒေသခံများလုံခြုံရေနှင့် အကြမ်းဖက်သမားများ ရှင်းလင်းရေးကို တပ်မတော်နှင့် ပူးပေါင်းကာ အင်းအားတိုးမြှင့် ဆောင်ရွက်လျှက် ရှိသော်လည်း ကျေးရွာအချို့တွင် အကြမ်းဖက်မီးရှို့များ၊ လက်လုပ်မိုင်းဖြင့် တိုက်ခိုက်မှုများမှာ ရှိနေဆဲဖြစ်သည်။ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၄ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်က “အကြမ်းဖက် အုပ်စုကို အမြစ်ပါမကျန် လုံးဝချုပ်ငြိမ်းသွားအောင် ရှင်းလင်း သုတ်သင်ဖယ်ရှား ပေးရမှာဖြစ်ပါတယ်။ ခိုင်မာစွာခြေကုတ်မယူနိုင်ခင် အမြန်ရှင်းလင်းရမှာဖြစ်ပါတယ်”ဟု လွှတ်တော်တွင်ပြောသည်။ မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုများအတွင် နိုင်ငံတကာ NGO အဖွဲ့အစည်း ဝန်ထမ်းအချို့ ပါဝင် နေကြောင်း သတင်းရရှိထားပြီး ၎င်းတို့ ထောက်ပံ့ပစ္စည်းများ အသုံးပြုထားသည့် လက်လုပ်မိုင်းများဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများလည်းရှိနေကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ က သြဂုတ် ၂၉ ရက် နေ့က ရန်ကုန်မြို့တွင်ပြုလုပ်သည့် နိုင်ငံတကာ စစ်သံမှူးများနှင့် တွေ့ဆုံရာတွင် ပြောသည်။ ဗိုလ်ချုပ်အောင်စိုးက “မနေ့က နောက်ဆုံးရှင်းလင်းတဲ့ နေရာအထိ နိုင်ငံတကာအဖွ့ဲအစည်းတွေက ထောက်ပံ့ ထားတဲ့ အစား အသောက်တွေနဲ့ ပတ်သက်လို့ သမာရိုးကျ အစားအစာတွေ မဟုတ်ပါဘူး။ ဒါတွေက ရေရှည်အတွက် ထုတ်ထားတဲ့ အစား အသောက်တွေ ဖြစ်တယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ ထုတ်ပိုးမှုပုံစံ စနစ်တကျနဲ့ တွေ့ရှိရတဲ့အတွက် အတူတူ ပါဝင် ပတ်သက်မှုတွေ ရှိနိုင်တယ်လို့ ဆက်စပ်ပြီးဖော်ထုတ်ထား တာဖြစ်ပါတယ်”ဟု ပြောသည်။ နိုင်ငံတကာမှ ထောက်ပံ့ထားသည့်ပစ္စည်းများ အကြမ်းဖက်သူများ၏ စခန်းများအတွင်းတွေ့ရှိမှုနှင့် ပတ် သက်၍ စုံစမ်း စစ်ဆေးလျှက်ရှိပြီး နိုင်ငံတကာဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်စိုးက ပြောသည်။ The post အကြမ်းဖက်လှုပ်ရှားမှုများ ဖော်ထုတ် အရေးယူရေးအဆို လွှတ်တော်အတည်ပြု appeared first on ဧရာဝတီ.
Source : http://ift.tt/2x3O3Sj
via IFTTT
Source : http://ift.tt/2x3O3Sj
via IFTTT
“အိမ်ရှင်တွေက ဧည့်သည် ဖြစ်သွားနိုင်တယ်” ရခိုင်ပြည်နယ် မောင်တောခရိုင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် စသည့် မြို့နယ်သုံးမြို့နယ်ရှိ ရဲကင်း ၃၀ ကို Arakan Rohingya Salvation Army (ARSA) အဖွဲ့က ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်မှ စတင် ကာ သြဂုတ် ၃၀ ရက်အထိ အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်နေသည်။ စတင် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုတွင် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၁ ဦး၊ လဝက အရာရှိ ၁ ဦး၊ ဟိန္ဒိူ ဘာသာဝင် ၆ ဦးတို့ အပါအဝင် ဌာနေတိုင်းရင်းသားများ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ထို့ကြောင့် တပ်မတော်မှ လုံခြုံရေးများပေး၍ ဒေသခံလူထုကို လုံခြုံသည့် နေရာဒေသသို့ ရွှေ့ပြောင်းနေသော် လည်း ဆက်လက် တိုက်ခိုက်မှုများ ဖြစ်ပွားနေသည်။ ရခိုင်ပြည်နယ် လွတ်မြောက်ရေး ပါတီ (ALP)က အစိုးရနှင့် ပူးပေါင်း၍ လုံခြုံရေး ဆောင်ရွက်သွားရန် တင်ပြမှု များ ရှိခဲ့သော်လည်း အစိုးရဘက်က တစုံတရာတုံ့ပြန်ခြင်း မရှိသေးသည့်အပေါ် ALP ဒု ဥက္ကဋ္ဌ ဦးခိုင်စိုး နိုင်အောင် ကို ဧရာဝတီ အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားသည်များကို ဖော်ပြလိုက် ပါ သည်။ မေး။ ။ ရခိုင်မှာ အကြမ်းဖက်မှုတွေ ဖြစ်နေတာနဲ့ ပတ်သက်ပြီး ALP က လုံခြုံရေး ပေးသွားဖို့ ဆောင်ရွက် နေ တယ် လို့ သိရတယ်။ ဘယ်လို ဆောင်ရွက်မှာလဲ။ ဖြေ။ ။ ကျနော်တို့ ဆောင်ရွက်ဖို့အတွက် ပထမတခါ ထုတ်ပြန်ပြီပြီး။ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ အစိုးရနဲ့ ကျနော်တို့ ပူးပေါင်း ဆောင်ရွက်လိုတယ်ဆိုတဲ့ ထုတ်ပြန်ချက် တခုထုတ်ပြီပြီး။ ဒါပေမယ့် အစိုးရက တုံ့ပြန်မှု မရှိဘူး။ အဓိက တကယ်ပြောမယ်ဆိုရင် အကြမ်းဖက်မှုကို ကျနော်တို့ ရှုတ်ချ တယ်။ ဒါ မလုပ်သင့်တာကို လုပ်တယ်။ နောက်ပြီးတော့ လုံခြုံရေးစခန်း ၃၀ ကျော် တိုက်ခိုက်ခံရတယ် ဆိုတာ တမင်တကာ ဖန်တီးပြီလုပ်တယ်။ ရည်ရွယ်ချက် ရှိရှိလုပ်တဲ့ ပုံစံမျိုးဖြစ်တယ်။ အဲဒါကြောင့် ရခိုင်ပြည်နယ် လွတ်မြောက်ရေး ပါတီ(ALP) အနေနဲ့ NCA ကို လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတခု ဖြစ်တဲ့ အတွက် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်လိုတယ်။ အစိုးရက တုံ့ပြန်မှု မရှိဘူး ကျနော်တို့ကို။ မေး။ ။ အခုလို အစိုးရက လုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့ တင်ပြတဲ့အပေါ် တုံ့ပြန်မှုမရှိတာက ဘယ်လို အကြောင်းအရာတွေကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်မိလဲ။ ဖြေ။ ။ အဲဒါက ကျနော်တို့လည်း မခန့်မှန်းနိုင်ဘူးဗျ။ ဘာကြောင့်လဲ ဆိုတာ။ မေး။ ။ ဒီဖြစ်စဉ်မှာ ဆရာတို့က လုံခြုံရေးပေးဖို့ တင်ပြရာမှာ အစိုးရဘက်က တုံ့ပြန်မှုမရှိဘူး ဆိုတော့ ဒါကို ဘယ်လို ပုံစံနဲ့ ဖြေရှင်းသင့်တယ်လို့ အစိုးရနဲ့ တပ်မတော်ကို အကြံပြု တင်ပြထားတာ ရှိပါသလဲ။ ဖြေ။ ။ ကျနော်တို့ ဆက်ပြီးတော့ ကြိုးပမ်းနေတယ်။ ပူးပေါင်း ဆောင်ရွက်နိုင်အောင် ရခိုင် လက်နက်ကိုင် အဖွဲ့ အစည်းများ၊ ရခိုင ်နိုင်ငံရေးပါတီများ၊ ရခိုင်ပြည်သူများ၊ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်အောင် ကြိုးပမ်းနေတာ တော့ ရှိတယ်။ မေး။ ။ ဒီကြိုးပမ်းမှု က ဘယ်အခြေအနေ ဘယ်အတိုင်းအတာထိ ရောက်နေပြီလဲ။ ဖြေ။ ။ အဲဒါ ဘာမှ တုံ့ပြန်မှု မရှိတော့ ဘယ်အတိုင်းအတာအထိ ရှိနေလဲ ဆိုတာ ပြောဖို့ ခက်တယ်။ မေး။ ။ အခုရခိုင်မှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်က ဘာအတွက် ဖြစ်ပေါ်လာတယ်လို့ သုံးသပ်မိလဲ။ ဖြေ။ ။ အဲဒါက ကျနော်ထင်တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အကြောင်းအမျိုးမျိုးကြောင့် ရခိုင်ပြည်ကို ရောက်လာ တဲ့ ဘင်္ဂါလီ မွတ်စလင်တွေနဲ့ ပတ်သက်လို့ နိုင်ငံသားပြုခွင့်ဥပဒေ ၁၉၈၂ ခုနှစ် ဥပဒေကို လက်တွေ့ အကောင် အထည်ဖော်မှု မဆောင်ရွက်နိုင်သည့် ကာလပတ်လုံး ဒီအကြမ်းဖက်မှုက ရှိနေမှာပဲလို့ အဲဒီလို သုံးသပ်မိတယ်။ ဘာကြောင့်လဲဆိုရင် တဖက်မှာ လူမျိုးနာမည် ဖန်တီးပြီးတော့ မြန်မာနိုင်ငံမှာ မရှိတဲ့ လူမျိုးတခု ဖန်တီးပြီတော့ နိုင်ငံတကာမှာ ဝါဒဖြန့်နေတာက အခုအကြမ်းဖက်မှုကို တစုံတရာ အထောက်အကူ ဖြစ်စေတယ်လို့ မြင်တယ်။ ဒါကြောင့် ၁၉၈၂ ခုနှစ် နိုင်ငံသားပြုမှု ဥပဒေကို တည်ဆဲဥပဒေအရ အကောင်အထည် ဖော်ဖို့လိုတယ်။ အဲဒါကို အကောင်အထည် မဖော်နိုင်မှု ကာလပတ်လုံးကတော့ အကြမ်းဖက်မှု ရှိနေမှာပဲလို့ မြင်တယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်က မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသဟာ အိမ်ရှင်တွေက ဧည့်သည် ဖြစ်သွားနိုင်တယ်။ မေး။ ။ ရခိုင် လက်နက်ကိုင် အဖွဲ့ ရက္ခိုင့် တပ်မတော် (AA) နဲ့ ALP) အချင်းချင်း သြဂုတ် ၂၃ ရက်က တိုက်ပွဲ ဖြစ်သွားတာကရော ဘာကို အခြေတည်ပြီးတော့ ဖြစ်တာလဲ။ အခုဘယ်လို ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်နေ လဲ။ ဖြေ။ ။ အဲဒါက အိန္ဒိယ ဘော်ဒါ (နယ်စပ်)မှာရှိတဲ့ ကျနော်တို့ စခန်းတွေကို လာတိုက်တယ်။ လာတိုက်တယ် ဆိုတော့ အဲဒီမှာရှိတဲ့ စခန်းတွေကို သူတို့သိမ်းပြီးတော့ သူတို့အခြေခံစခန်း ဆောက်လိုတဲ့ ဆန္ဒတော့ ရှိတယ်။ တော်တော် ရှုပ်ထွေးတယ်ဗျ ဒီကိစ္စက၊ ပထဝီနိုင်ငံရေးအရ ပြောမယ်ဆိုရင် မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့မှာ ကျနော်တို့ကို တိုက်တဲ့ AA ကလည်းပါနေတယ်။ အဲဒါကြောင့် ပြောရတာတော့ တော်တော် ခက်တယ်။ ပထဝီ နိုင်ငံရေးအရ ပြောမယ်ဆိုရင်တော့ တရုတ်ကလည်း မြောက်ပိုင်းအဖွဲ့တွေကို လုပ်နေသလို ခန့်မှန်းရတာ ခက်တယ်။ ကျနော်တို့ စခန်းတွေကို ဝင်တိုက်တယ် ဆိုတာကတော့ ကျနော်တို့ နေရာတွေမှာ သူတို့ အစားထိုး ဝင်ရောက်လိုတဲ့ သဘောဖြစ်တယ်လို့ ကျနော်တို့ ယူဆတယ်။ ကိုယ့်အချင်းချင်း လက်နက်ကိုင် ပဋိပက္ခာမဖြစ် သင့်ဘူး။ တကယ်တော့ စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးပြီး ဖြေရှင်း ညှိနှိုင်းဆွေးနွေးမှ နည်းလမ်းရနိုင်တယ်ပေါ့။ မေး။ ။ ဒီကိစ္စ (ရခိုင်အဖွဲ့ အချင်းချင်း တိုက်ပွဲဖြစ်ပွားမှု)ကို ဖြေရှင်းဖို့ စာပို့ထားတယ်လို့ သိရတယ်။ AA ဘက်က လက်ခံမှု ရှိလား၊ ဘယ်လိုအခြေအနေ ရှိပါသလဲ။ ဖြေ။ ။ တုံ့ပြန်မှု လုံးဝမရှိဘူး။ သူတို့ အကြောင်းမပြန်ဘူး။ ။ The post “အိမ်ရှင်တွေက ဧည့်သည် ဖြစ်သွားနိုင်တယ်” appeared first on ဧရာဝတီ.
Source : http://ift.tt/2xwIOZ7
via IFTTT
Source : http://ift.tt/2xwIOZ7
via IFTTT
မွေးမြူရေးတိရစ္ဆာန်များ တရားဝင် ပြည်ပတင်ပို့ခွင့် ပြုတော့မည် ကျွဲ၊ နွား၊ သိုးနှင့် ဆိတ် အစရှိသည့် မွေးမြူရေး တိရစ္ဆာန်များအား ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ကို မကြာမီ သက်ဆိုင်ရာ ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သိရသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက “ ပို့ကုန်တွေထဲမှာ အထူးကုန်စည် ဥပဒေနဲ့ ငြိစွန်းနေတဲ့အတွက်ကြောင့် ပြည်တွင်းမှာ မွေးမြူထားတဲ့ တိရစ္ဆာန်တွေအားလုံးကို တရားမဝင် ပို့ရတာ ရှိတယ်။ ဒီ ကုန် စည်တွေက အမြဲတမ်း စီးဆင်းနေမှာပဲ။ တဖက်မှာလည်း ဈေးကွက်ရှိတယ်။ ဒါကြောင့် ပြီးခဲ့တဲ့လ အစိုးရ အစည်းအဝေးမှာ မွေးမြူရေး တိရစ္ဆာန်အားလုံး ပြည်ပကို လွတ်လပ်စွာ တင်ပို့ခွင့်ကို အတည်ပြုပြီးပြီ” ဟုပြောသည်။ ယင်းကို သြဂုတ်လ ၂၈ ရက်နေ့ UMFCCI တွင် ပြုလုပ်သည့် ဒုသမ္မတ ၁ နှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ နဝမ အကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တိရစ္ဆာန်များကို တရားဝင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးလျှင် ဈေးကွက်ကြီးမားသည့် အိမ်နီးချင်း နိုင်ငံများ ဖြစ် သော တရုတ်၊ ထိုင်းနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံများသို့ တင်ပို့နိုင်မည် ဖြစ်ပြီး ပြည်တွင်းမွေးမြူရေး လုပ်ငန်းရှင်များ အနေဖြင့် လည်း ကျယ်ကျယ်ပြန့်ပြန့် မွေးမြူမှုများ ပြုလုပ်သင့်ကြောင်း ၎င်းက ပြောသည်။ သို့ဖြစ်၍ မွေးမြူရေးအတွက် လိုအပ်သည့် မျိုးစိတ်များ၊ နည်းပညာများကိုလည်း ပြည်ပမှ ယူသင့်လျှင် ယူဆောင်မည်ဖြစ်ပြီး ဝန်ကြီးဌာနက လိုအပ်သည်များကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း ၊ ပြည်ပသို့ မွေးမြူရေးတိရစ္ဆာန်များ တင်ပို့ရာတွင် မွေးမြူရေး လုပ်ငန်းရှင်များက စတင်ထူထောင်ရမည်ဖြစ်ပြီး တောင်သူလယ်သမားများ လက်ဝယ်မှ လိုက်လံဝယ်ယူ တင်ပို့လျှင် ရေရှည်တွင် ဈေးကွက်မတည်တံ့နိုင်ကြောင်း ၎င်းက ပြောသည်။ ထို့အပြင် တိရစ္ဆာန်များ၏ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းမှု စသည်တို့ကိုလည်း ပြည်ပနည်းပညာနှင့် ပေါင်းစပ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။ ကျွဲ၊ နွား၊ သိုးနှင့် ဆိတ်များ နယ်စပ်မှတဆင့် ပြည်ပသို့ တင်ပို့ရာတွင် စုစည်းထားရှိရန် နေရာအတွက် လားရှိုး သို့မဟုတ် မူဆယ်တို့၌ ဈေးကွက်လုပ်ငန်းတခု ပေါ်လာမည် ဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က “ခွင့်ပြုဖို့အတွက် ပရောဂျက် ရေးနေပြီ။ မကြာခင်ပဲ ခွင့်ပြုမယ်။ ကျွဲ၊ နွားတင် မကဘူး။ မြန်မာပြည်မှာ မွေးမြူမယ့် တိရစ္ဆာန်အားလုံးကို တင်ပို့နိုင်ဖို့ လုပ် မယ်။ အဲဒီလို လုပ်တဲ့နေရာမှာ ဘာလိုလဲဆိုတော့ ပိုးမွှားကင်းစင်ကြောင်း စနစ်လိုတယ်။ တဖက်က လက်ခံတဲ့ နိုင်ငံနဲ့ မ ကိုက်ညီဘူးဆိုရင် ဘယ်လောက်ပဲ စစ်လိုက်၊ စစ်လိုက် ဟိုဘက်က လက်မခံရင် ပြဿနာရှိတယ်” ဟု ပြောသည်။ သို့ဖြစ်သောကြောင့် မွေးမြူရေးတိရစ္ဆာန်များ တင်ပို့ရာတွင် တဖက်နိုင်ငံမှ လက်ခံနိုင်မည့် ပိုမွှားကင်းစင်ကြောင်း အထောက်အထားများကို အခြားနိုင်ငံများက လက်ခံနိုင်ရန် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန လက်အောက်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက တင်ပို့မည့်နိုင်ငံ၏ စနစ်နှင့် ညိုနိူင်းဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းကပြောသည်။ နှစ်ဖက် ဆွေးနွေး ညိုနိူင်းသွားရမည်ဖြစ်၍ မကြာမီ တင်ပို့နိုင်မည်ဟုသာ ပြောဆိုနိုင်ပြီး အချိန်အတိအကျကို မ ပြောနိုင်သေးကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။ လက်ရှိတွင် နယ်စပ်မှတဆင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယနိုင်ငံများသို့ ကျွဲ၊ နွားနှင့် ဆိတ်များကို မှောင်ခိုတင်ပို့မှုများ ရှိနေသည်။ ၁၉၄၇ ခုနှစ်တွင် ကျွဲ၊ နွားများကို သတ်ဖြတ်ခြင်း၊ ပြည်ပသို့ တင်ပို့ ရောင်းဝယ်ခြင်း ပြုလုပ်လျှင် ထောင်ဒဏ် ၆ လမှ ၃နှစ်အထိနှင့် ကျပ် ၅ သိန်းထက် မပိုသော ဒဏ်ငွေ ချမှတ်နိုင်ကြောင်း သတ်မှတ်ပြဋ္ဌာန်းခဲ့သော်လည်း ပြည်ထောင်စုလွှတ် တော်က ၂၀၁၂ ခုနှစ်၌ ပြင်ဆင် ပြဋ္ဌာန်းခြင်းများ ပြုလုပ်ခဲ့သည်။ The post မွေးမြူရေးတိရစ္ဆာန်များ တရားဝင် ပြည်ပတင်ပို့ခွင့် ပြုတော့မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2wREyWG
via IFTTT
Source : http://ift.tt/2wREyWG
via IFTTT
မောင်တောဒေသကို အရေးပေါ် အခြေအနေ ကြေညာရန် ဗိုလ်ချုပ်ကြီးဟောင်းများ တောင်းဆို အကြမ်းဖက် တိုက်ခိုက်မှုများ ခံနေရသည့် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသကို အရေးပေါ် အခြေအနေ ကြေညာ၍ အစိုးရက ပြည်သူလူထုကို အကာအကွယ်ပေးရန် လိုအပ်နေကြောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး ၂ ဦးက နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံတော် သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေ ကဲ့သို့ အာဏာတည်သော အမိန့်ကို ထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေညာနိုင်ရာ လူအုပ်စုဖြင့် အကြမ်းဖက်ခံနေရသည့် မောင်တောဒေသသည် ယင်းအခြေအနေကို လိုအပ်နေပြီ ဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ဦးသောင်းအေးက ယမန်နေ့က မီဒီယာများသို့ ပြောသည်။ “ဒါတွေ အကုန်လုံးက တိုက်ဆိုက်နေတဲ့အတွက် ဆောင်ရွက်ဖို့ လိုအပ်နေပြီဆိုတာ မီးမောင်းထိုးပြလိုက်တာ။ တကယ် လုပ်ရမှာက လုံခြုံရေး လုပ်နေတဲ့ ရဲတပ်ဖွဲ့တွေက ပြည်သူလူထု လုံခြုံမှုရှိအောင် လက်တွေ့ လုပ်ဆောင်နိုင်ဖို့အတွက် အကာအကွယ် ပေးရမယ်။ ဥပဒေနဲ့ အကာအကွယ် ပေးရမယ်။ အမိန့်နဲ့ အကာအကွယ် ပေးရမယ်။ ညွှန်ကြားချက် တွေ နဲ့ အကာအကွယ် ပေးရမယ်”ဟု ပျော်ဘွယ်မြို့နယ် အမတ်လည်း ဖြစ်သူ ဦးသောင်းအေးက ပြောသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၁ အရေးပေါ်ကာလ ပြဌာန်းချက်တွင် တိုင်း၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တခုတွင် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ မဆောင်ရွက်နိုင် လျှင် နိုင်ငံတော် သမ္မတကို အရေးပေါ် အခြေအနေ ကြေညာခွင့် ပေးအပ်ထားသည်။ သမ္မတက ယင်းအုပ်ချုပ်ရေး အာဏာကို သင့်လျော်သည့် အဖွဲ့အစည်းတရပ် ဖွဲ့စည်း၍ ဖြစ်စေ၊ သင့်လျော်သော ပုဂ္ဂိုလ်တဦးဦးအား ဖြစ်စေ အပ်နှင်း ဆောင်ရွက်စေနိုင်ကြောင်း သိရသည်။ ဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေးက “အခြေခံ ဥပဒေ အခန်း ၁၁ အရ အရေးပေါ် အခြေအနေ ကြေညာပြီး လုပ် သင့် ပြီ လို့ မြင်ပါတယ်။ မြင်နေတဲ့အတိုင်းပဲ မနေ့က MRTV ကို ကြည့်တာ စိတ်မချမ်းသာဘူး။ လုံခြုံရေး စခန်း တွေ အားလုံး ဖျက်ဆီး ခံရတယ်။ ဆုတ်ခွာလာတဲ့ တိုင်းရင်းသား ကျေးရွာတွေ မီးရှို့ ခံနေရတယ်။ တိုင်းရင်းသားတွေ အသတ်ခံရတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အသတ်ခံနေရတယ်”ဟု ပြောဆိုသည်။ ၎င်း၏ ပြောဆိုချက်ကို အပြည်အဝ ထောက်ခံကြောင်း တပ်မတော်တွင် ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးဝင်း ကလည်း ပြောသည်။ “အရေးပေါ် အခြေအနေ ကြေညာဖို့က ဖြစ်သင့်တာ ကြာပြီ။ ဖြစ်နေတဲ့ အခြေအနေကလည်း တကယ့် အရေးပေါ် အခြေအနေ၊ အရေးပေါ် အခြေအနေဖြစ်လို့ အရေးပေါ် ကြေညာရတယ်ဆိုတာ လုပ်ရမယ့် အလုပ်ပဲ။ အဲဒါ မလုပ်နိုင် တာဟာ အခြေအနေ ဖန်တီးနိုင်ခွင့်က ကိုယ့်လက်ထဲကနေ တဖြည်းဖြည်း ပါသွားနေပြီဆိုတဲ့ သဘောပဲ”ဟုလည်း ဦးလှဌေးဝင်း က ပြောဆိုသည်။ ၎င်းက ဆက်၍ “အခုဟာက ဘက်စုံ စစ်ပွဲ ပုံသဏဏ္ဍာန် ဖြစ်လာပြီ။ တဦးကောင်း တယောက်ကောင်း အနေနဲ့ ဆုံးဖြတ်ရင် မှားတတ်တယ်။ အဲဒါကြောင့် အစုနဲ့အဖွဲ့နဲ့ လုပ်နိုင်အောင်လို့ ကာ/လုံ လို ဟာမျိုးကို ခေါ်ပါ။ ဒါက ဂျင်းထဲကျပ်ထဲ ရောက်အောင်လည်း လုပ်တာ မဟုတ်ဘူး။ မလုပ်ကောင်းတဲ့ အလုပ်လည်း မဟုတ်ဘူး”ဟု ပြောသည်။ သို့သော် ရခိုင်မြောက်ပိုင်းသို့ အစိုးရ ဝန်ကြီးတဦး အဖြစ် ရောက်ရှိနေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကမူ မောင်တောဒေသကို အရေးပေါ် အခြေအနေ ကြေညာရန် သင့်၊ မသင့်မှာ ပြောရခက်ကြောင်း၊ တိုင်းရင်းသားများ လိုအပ်နေသည်မှာ လုံခြုံရေးနှင့် စားနပ်ရိက္ခာ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။ “အရေးပေါ် အခြေအနေ လိုအပ်ပြီလား ဆိုတာကတော့ ပြောရခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေ အကုန် လုံး စုရပ်တွေ မှာတော့ လုံခြုံနေတယ်။ တပ်လည်းရှိတယ်။ ရဲလည်း ရှိတယ်။ တချို့နေရာ တွေမှာတော့ တပ်က ၂၄ နာရီ ထိုင်နေတာ မဟုတ်ဘူး။ ဝင်လိုက်ထွက်လိုက်ပေါ့”ဟု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။ သို့သော် ၎င်းအနေဖြင့်မူ လုံခြုံရေးများ ကြားထဲတွင် ကယ်ဆယ်ရေး၊ ကူညီရေး တာဝန်များကို လုပ်ဆောင်နေကြောင်း၊ လုပ်ရမည့် အလုပ်တခုကို တာဝန်ခံ၍ လုပ်ဆောင်နေရာတွင် တုံ့ပြန်ပြောဆိုချက်တချို့ကြောင့် စိတ်မကောင်း ဖြစ်ရ သည် ဟုလည်း ပြောဆိုသည်။ “လုံခြုံရေးကြားထဲမှာ ကယ်ဆယ်ရေး လုပ်ရမှာက ကျနော့်တာဝန် လုပ်ကို လုပ်ရမယ်။ ရာခိုင်နှုန်းပြည့် မလုံခြုံပေမယ့် ကျနော် သွားတယ်။ အဲဒါကိုပဲ အသက်စွန့်ပြီး လာပါတယ်တို့ ဘာတို့ဆိုတဲ့ စကားတွေ ကြားရပြန်တော့လည်း မကောင်း ဘူးပေါ့”ဟု ၎င်းက ပြောသည်။ ဧရာဝတီက ရခိုင်ဒေသ အရေးပေါ် အခြေအနေ ကြေညာရန် သင့်မသင့်ကို သမ္မတရုံး၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် မောင်တော ခရိုင် အုပ်ချုပ်ရေးမှူးတို့ထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။ ဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေးက “အစိုးရလုပ်တာတွေလည်း တွေ့ပါတယ်။ သွားတာတွေလည်း တွေ့ပါတယ်။ ဒါ ပေမယ့် သူတို့သိတဲ့ အသိက နည်းနည်း လိုနေသလားလို့။ လူကယ်ပြန်ဝန်ကြီးသွားတယ်။ ဝန်ကြီးချုပ်သွားတယ်။ စားနပ်ရိက္ခာ ငွေကြေး ထောက်ပံ့ရုံလောက်နဲ့ မလုံလောက်ဘူး။ နိုင်ငံရေးအမြင်ရှိဖို့ လိုတယ်။ အမျိုးသား အကျိုးစီးပွား ဖြစ်နေတယ်။ ပြည်သူ လူထုကို လုံခြုံအောင် လုပ်ပေးဖို့ လိုတယ်”ဟု ပြောသည်။ အတိုင်ပင်ခံရုံးက ထုတ်ပြန်သည့် “မီးလောင်ရာ လေပင့်” ဆိုသည့် စကားလုံးကို သဘောမတူကြောင်း၊ ရှိနေပါက လည်း ကြေညာချက်ထဲတွင် ထည့်သွင်းရန် မသင့်ကြောင်း၊ တိုင်းရင်းသားများ၏ ခံစားချက်ကို လျစ်လျူရှုသလို ဖြစ်မည် စိုးကြောင်း၊ အတိုုင်ပင်ခံ ရုံး၏ အကြမ်းဖက် သတ်မှတ်ချက်မှာ စာပေါ်တွင်သာရှိ၍ လက်တွေ့တွင် အလုပ် မဖြစ်နိုင်သေးကြောင်း ဗိုလ်ချုပ်ကြီးဟောင်းများက ပြောသည်။ “လက်တွေ့လုပ်တဲ့ အခါမှာ အခက်အခဲရှိတယ်။ တပ်မတော်က လုပ်ချင်ပေမယ့်လည်း အမိန့်တွေ၊ ဥပဒေတွေ၊ စည်းမျဉ်း စည်းကမ်းတွေနဲ့ ကျော်လွန်သွားမှာကို သိပ်စိုးရိမ်ရတယ်။ မလုပ်ပြန်ရင်လည်း ပြည်သူလူထုရဲ့ အားကိုးမှု၊ သူတို့ရဲ့ အသက်အိုးအိမ်တွေ ခံနေရရင်လည်း တပ်မတော်ရဲ့ Image က မကောင်းပြန်ဘူး”ဟု ဦးသောင်းအေးက ပြောဆိုသည်။ ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်းနှင့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း သောင်းအေးတို့၏ ရခိုင်ဒေသနှင့် ပတ်သက်သည့် အရေးကြီး အဆို ၂ ခုကို လွှတ်တော်က လက်မခံဘဲ ပယ်ချခဲ့သည့် အပေါ်တွင်လည်း ၎င်းတို့ ၂ ဦးစလုံးက မကျေနပ်ကြပေ။ လွှတ်တော် တာဝန် ရှိသူများကမူ အစိုးရကိုယ်တိုင်ကလည်း ဘင်္ဂါလီများကို အကြမ်းဖက်ဟု သတ်မှတ်ပြီး ဖြစ်ကြောင်း၊ လုပ်ငန်းများကိုလည်း အစိုးရက လုပ်ဆောင်နေ၍ သီးခြား တိုက်တွန်းသည့်အဆို တင်ခွင့်မပြုခြင်း ဖြစ်ကြောင်း ရှင်းပြ သည်ဟု သိရသည်။ “၂၄ ရက်နေ့က ဒေါ်ခင်စောဝေ တင်တဲ့အဆို ရှုံးနိမ့်သွားတယ်။ ရှုံးနိမ့်သွားပြီးတော့ ဘာမှမကြားဘူး ၁၂ နာရီ အတွင်း မှာ ဒီကိစ္စ ဖြစ်တယ်။ တို့ဆီက လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ အမြင်မှန်စေချင်တယ်။ အမြင်မှန်မှ အမှန်ကို မြင်မှာပါ။ အမြင်မှန်မှ အပြောအဆို အလုပ်အကိုင် မှန်လိမ့်မယ်။ အမှန်မြင်အောင်လို့ ဒီအဆိုကို တင်ရတာ”ဟု ဗိုလ်ချုပ်ကြီး လှဌေးဝင်းက ပြောသည်။ ရခိုင်ပြည်နယ်တွင် အမတ်အများဆုံး အနိုင်ရရှိထားသည့် ANP ပါတီမှ ဘူးသီးတောင် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ရခိုင်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များကို အရေးပေါ် အခြေအနေ ကြေညာရန် လိုကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။ The post မောင်တောဒေသကို အရေးပေါ် အခြေအနေ ကြေညာရန် ဗိုလ်ချုပ်ကြီးဟောင်းများ တောင်းဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2wHWIdl
via IFTTT
Source : http://ift.tt/2wHWIdl
via IFTTT
မောင်တောသို့ သွားသော သတင်းထောက်များ တားမြစ်ခံရ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ မောင်တောမြို့နယ် သို့ သတင်း ယူ ရန် သွားသော သတင်းထောက်များကို အာဏာပိုင်များက မြို့အတွင်း ဝင်ခွင့်မပြုဘဲ တားမြစ်ထားသည်ဟု သတင်း ရရှိ သည်။ သြဂုတ်လ ၂၅ ရက် နံနက် ၁ နာရီဝန်းကျင်မှစ၍ မောင်တောမြို့ရှိ ဘင်္ဂါလီအကြမ်းဖက်အဖွဲ့က ရဲကင်းစခန်း ၃၀ နှင့် တပ်မတော်၊ တပ်စခန်းများကို အကြမ်းဖက် တိုက်ခိုက်ခဲ့သည်။ ထို့နောက် ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များ အတွင်းရှိ ဒေသခံရွာများကို မီးရှို့ထွက်ပြေးလာသူ များကိုလည်း အကြမ်းဖက်အဖွဲ့များက သတ်ဖြတ်မှုများ ဖြစ်ပွားလျက်ရှိသည်။ သြဂုတ်လ ၂၇ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ကားများကို မောင်တောမြို့ထဲသို့ ဝင်ရန် ခွင့်ပြုခဲ့ပြီး သြဂုတ်လ ၂၈ ရက် တွင် ပြည်သူလူထုကို ဝင်ထွက်သွားလာခွင့် ပြုခဲ့သည်ဟု ထိုဒေသသို့ ရောက်ရှိနေသည့် ဧရာဝတီ သတင်းထောက်က ပြောသည်။ သြဂုတ်လ ၂၉ ရက်တွင် ဧရာဝတီ သတင်းထောက် အပါအဝင် ပြည်တွင်းအခြေစိုက် Frontier Myanmar ၊ 7 Days News ၊ ပြည်ပ သတင်းဌာနများဖြစ်သည့် Reuters ၊ AP ၊ Channel News Asia တို့မှ သတင်းသမား ၁၂ ဦးက သတင်း ရယူရန် သွားရာ ဘူးသီးတောင်မှ မောင်တောမြို့သို့ အသွား ၆ မိုင် စစ်ဆေးရေးဂိတ်တွင် ဘူးသီးတောင် မြို့နယ်၊ အုပ်ချုပ်ရေးမှူးနှင့် လဝက အရာရှိတဦးက အထက်ညွှန်ကြားချက်အရဟု ဆိုကာ သွားလာခွင့်ကို တားမြစ် ကြောင်း သိရသည်။ မောင်တောမြို့အတွင်း သတင်းထောက်များ သတင်းရယူခွင့် ပိတ်ပင်ခံထားရခြင်းနှင့် ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံ ၏ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို ဆက်သွယ်သော်လည်း ဖုန်း ဖြေဆိုခြင်း မရှိပါ။ တပ်မတော် ၏ ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်သော်လည်း မရပါ။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ကောင်စီဝင် ဦးဇေယျာလှိုင်က မောင်တော အကြမ်းဖက် တိုက်ခိုက်ခံရခြင်းတွင် အစိုးရ၊ တပ်မတော်တို့မှ ထုတ်ပြန်ချက်များရှိသလို အကြမ်းဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာ အသိုင်းအဝိုင်းမှ မေးခွန်း ထုတ်မှုများလည်း ရှိနေကြောင်း၊ ထိုအခြေအနေထဲတွင် ပြည်သူလူထုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အစိုးရ၊ တပ် မတော်တို့၏ ထုတ်ပြန်ချက်များကိုသာ ယုံကြည်မည် မဟုတ်ကြောင်း၊ လွတ်လပ်သည့် သတင်းမီဒီယာတို့၏ သတင်း ထုတ်ပြန်မှုကိုသာ ယုံကြည်မည် ဖြစ်သဖြင့် သတင်းစာ ဆရာများ သတင်းရယူခွင့်ကို ပိတ်ပင်မထားသင့်ပါဟု ပြော သည်။ နိုင်ငံတော် အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ကိုဖီအာနန် ကော်မရှင်မှ အစီရင်ခံစာ ထွက်ရှိပြီးပါက တိုက်ခိုက်မှုများ ဖြစ်ပေါ်လာမည်ကို သိရှိထားကြောင်း ဟူသည့် အချက်မှာ သတင်းစာဆရာများအတွက် မေးခွန်း ထုတ်စရာ ဖြစ်နေကြောင်း၊ အမှန်တကယ် သိရှိထားသည်ဆိုလျှင် လုံခြုံရေးကို စေ့စေ့စပ်စပ် မလုပ်ဘဲ အခြေ အနေ ပိုပိုဆိုးနေသည်မှာ မည်သည့်အကြောင်းကြောင့် ဖြစ်သနည်းဆိုသည်ကိုလည်း သတင်းစာဆရာတဦး အနေဖြင့် အဖြေ ရှာလိုသည်ဟု ဦးဇေယျာလှိုင်က ပြောသည်။ ပဋိပက္ခဖြစ်သည့် နေရာများဆီသို့ သတင်းစာဆရာများ သွားရောက် သတင်းယူရန် လိုအပ်ပြီး အစိုးရ၊ တပ်မတော် တို့ က လုံံခြုံရေးပိုင်း ဆိုင်ရာကိုလည်း သတင်းအချက်အလက် မျှဝေပေးသင့်သည်ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ကောင်စီဝင် တဦးဖြစ်သည့် ဦးမြင့်ကျော် ကလည်း ပြောဆိုသည်။ မည်သည့်နေရာတွင် လုံခြုံရေးအခြေအနေ မည်မျှရှိသည်ကို သတင်းစာဆရာများအား ပြောပြပြီး အန္တရာယ် ရှိသည့် နေရာများကို မသွားရန်လည်း ကူညီပေးသင့်သည်ဟု ၎င်းက ပြောသည်။ “ကူညီကာကွယ် မပေးတာကတော့ မီဒီယာရဲ့ အခန်းကဏ္ဍကို နားမလည်ဘူးလို့ သူတို့ကို ပြောရလိမ့်မယ်။ သူတို့ ထုတ်ပြန်တာကိုပဲ သတင်း ရေးစေချင်တာကတော့ အရင်ခေတ်ကလို အတွေးအခေါ်မျိုးပဲ။ အာဏာရှင်စနစ်လို သတင်း အချက်အလက်ကို ထိန်းချုပ်တဲ့ အတွေးအခေါ်မျိုးပဲ ဖြစ်လိမ့်မယ်” ဟုလည်း ဦးမြင့်ကျော်က ဆိုသည်။ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက အစိုးရအနေဖြင့် လုပ်ထုံးလုပ်နည်း ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နေပါက သတင်းမီဒီယာများကို ပွင့်ပွင့်လင်းလင်း ရှင်းလင်းထုတ်ပြန်ရန် လိုအပ်ကြောင်း၊ အများပြည်သူက တဦးချင်း သွားမကြည့်နိုင်သည့် နေရာဖြစ်သဖြင့် သတင်းအမှန် သိရှိရေးအတွက် သတင်း မီဒီယာများကို စိုးရိမ်ပြီး ထိန်းချုပ်မည့်အစား စနစ်တကျ ဂရုစိုက် ဆောင်ရွက်သင့်သည်ဟု ပြောဆိုသည်။ ဦးကိုကိုကြီးက “သတင်းမီဒီယာတွေနဲ့ ဆက်ဆံရေးကို အစိုးရက ဂရုတစိုက်လုပ်သင့်တယ်။ လုံခြုံရေး အကြောင်းပြ ချက်နဲ့ သိပ်ပြီး ထိန်းချုပ်လို့ ရှိရင် ကောလာဟလတွေ ပိုပျံ့တယ်။ လုပ်ကြံသတင်းတွေ ပိုဖြစ်နိုင်တယ်”ဟု ပြောသည်။ မောင်တောမြို့တွင် သြဂုတ်လ ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်းမှစ၍ ရခိုင်ပြည်နယ် အခြေ စိုက် သတင်းထောက်များ၊ ရန်ကုန် အခြေစိုက် သတင်းထောက်များမှာ မောင်တောမြို့ ပတ်ဝန်းကျင်သို့ သွားရောက် ကာ သတင်းရယူနေခြင်း ဖြစ်သည်။ အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး၊ လူဝင်မှုကြီးကြပ်ရေးဌာမှ အရာထမ်း ၁ဦး သေဆုံးပြီး အကြမ်းဖက်သမား ၇၇ ဦးကို အသေရရှိကာ ၂ဦးကို အရှင် ဖမ်းမိခဲ့ကြောင်း သိရသည်။ မောင်တောမြို့မှ ဒေသခံ တသောင်းကျော်ကလည်း တိမ်းရှောင်နေကြပြီး အများစုမှာ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့တို့တွင် ဒုက္ခသည်စခန်း ၂၀ ဝန်းကျင် ဖွင့်လှစ်ကာ နေထိုင်နေကြသည်။ The post မောင်တောသို့ သွားသော သတင်းထောက်များ တားမြစ်ခံရ appeared first on ဧရာဝတီ.
Source : http://ift.tt/2vDC7TA
via IFTTT
Source : http://ift.tt/2vDC7TA
via IFTTT
ငလျင်ဒဏ်ခံ တနှစ်ပြည့် ပုဂံ မြန်မာ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ စုဝေးရာ ပုဂံဒေသကို အင်အား ၆.၈ရစ်ချ်တာ စကေးရှိ ပြင်းထန်တဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့တာ ပြီးခဲ့တဲ့ သြဂုတ်လ၂၄ ရက်နေ့က တနှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ချောက်မြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပုံဂံ ဒေသမှာရှိတဲ့ သာသနိက အဆောက်အအုံ တွေနဲ့ စေတီဘုရား ပုထိုးတွေ ပြိုကျပျက်စီးခဲ့ရာမှာ စူဠာမဏိ၊ ဓမ္မရံကြီး၊ သဗ္ဗညု၊ ကန့်တောပလ္လင်၊ ရွှေဂူကြီး၊ မြင်းကပါ၊ ဂူပြောက်ကြီး၊ အပယ်ရတနာ စတဲ့ စေတီတော်ကြီးများ ပါဝင်ခဲ့ပါတယ်။ ကနဦး သတင်းတွေအရ စေတီပုထိုး သာသနိက အဆောက်အအုံ ၁၀၀ ကျော် ဆိုပေမယ့် နောက်ပိုင်း ကောက်ခံ ရရှိတဲ့ စာရင်း အရ စုစုပေါင်း ၃၉၇ ဆူ အထိ မြင့်တက်လာခဲ့တာကို တွေ့ရပါတယ်။ စူဠာမဏိ စေတီကြီးဆိုရင် အထက်ပိုင်း ကွမ်းတောင် တခုလုံးနီးပါး ပြိုကျသွားခဲ့ရသလို၊ သဗ္ဗညဆိုရင်လည်း အနောက် ဘက် ကွမ်းတောင် အောက်ပိုင်းပဲ့ကျ ခဲ့ပါတယ်။ တကယ်တော့ စူဠာမဏိ (မင်းနန်သူ) စေတီကြီးဟာ အခုမှသာ ငလျင်ဒဏ်ကို ခံရသည်မဟုတ်ပါ၊ ၁၉၇၅ ခုနှစ်က လှုပ်ခဲ့တဲ့ ပုဂံငလျင်မှာလည်း ကွမ်းတောင် တခုလုံးနဲ့ အရန် စေတီတချို့ ပြိုကျခဲ့ပါတယ်။ အေဒီ ၁၁၈၃ ခုနှစ်က နရပတိ စည်သူ မင်းကြီး လက်ထက်သ ဗ္ဗညုပုံစံကို ယူကာ ချောက်ကို ဖို့ကာ စူဠာမဏိစေတီ တည်ခဲ့ တာ ဖြစ်ပြီး တိုင်းသူပြည်သားတွေ လုပ်အားနဲ့ ဘုရားတည်ရာမှာ လူထု အင်မတန် ပင်ပန်းဆင်းရဲခဲ့တဲ့ အတွက် ပံ့သကူ မထေရ် က ကုသိုလ်လုပ်ရာမှာ အကုသိုလ်များတယ်လို့ ဝေဖန်ခဲ့လို့ မင်း အမျက်ထွက်ခဲ့တဲ့ ဘုရား ဖြစ်ပါတယ်။ အလားတူ မြတ်စွာဘုရားရှင်ရဲ့ သဗ္ဗညုတ ဉာဏ်တော်ရရှိခဲ့တဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်တဲ့ အနေနဲ့ အလောင်း စည်သူ မင်း သဗ္ဗညုစေတီ တည်စဉ်က အုတ်အရေအတွက်ကို ဂရို့ချိုးကာ မှတ်သားခဲ့တဲ့ ဂရို့ချိုးဘုရားဟာလည်း ယခု တကြိမ်မှာ ငလျင်ဒဏ်ကို ခံရပြန်ပါတယ်။ ၁၁ ရာစု ကျောက်ဆစ် လက်ရာများနဲ့ တည်ထားတဲ့ ညောင်ဦးက ကျောက်ဂူဥမင် ဟာလည်း အရှေ့ဘက်နဲ့ အနောက် ဘက်ရှိ မျက်နှာကျက် အုတ်များ ပြုတ်ကျကာ အာရုံခံအုတ် မျက်နှာကျက် ကွဲအက် သွားသလို သံယက်မများလည်း နိမ့်ဆင်း သွားခဲ့ပါတယ်၊ ဒီကျောက်ဂူ ဥမင်ဟာလည်း ၁၉၇၅ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကို ခံစားခဲ့ပြီး ဖြစ်ပါတယ်။ ပုဂံဘုရားတွေဟာ ဒီလောက် ငလျင်တွေ ခံရပေမယ့် ဘုံးဘုံးလဲကာ အုတ်ပုံသဖွယ် လုံးဝ ပြိုဆင်း မသွားခဲ့ခြင်းက ရှေး ခေတ် ၏ ဗိသုကာ နည်းပညာကြောင့်ပင် ဆိုရမည်ဖြစ်ပါတယ်။ တကယ်တော့ ပုဂံဟာ ဒီတကြိမ်နဲ့ဆိုရင် ၁၀ ကြိမ်မြောက် ငလျင်ဒဏ်ကို ခံရခြင်း လို့ဆိုရမှာပါ။ သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းရဲ့ ဖော်ပြချက်အရ ဆိုရင် ဒုတိယစည်သူ လက်ထက် (၁၁၆၅-၁၂၂၁) ငလျင်ကြီး၊ ၂၅ နိုဝင်ဘာ ၁၃၇၂ ငလျင်၊ ၆ မေ ၁၃၈၀ ငလျင်၊ ၁၄ ဇူလိုင် ၁၄၈၅ ငလျင်၊ ၁၃ ဒီဇင်ဘာ ၁၆၅၈ ငလျင်၊ ၁၀ ဇန်နဝါရီ ၁၇၇၈ ငလျင်၊ ၂၂ မတ် ၁၈၃၉ ငလျင်၊ ၁၆ ဇူလိုင် ၁၉၅၆ (စစ်ကိုင်း ငလျင်)၊ ၈ ဇူလိုင် ၁၉၇၅ ငလျင် အထိ ၉ ကြိမ်တိုင် ငလျင်ဒဏ်ကို ခံခဲ့ရပါတယ်။ ဒါကြောင့်လည်း ငလျင်တွေကြားက ယခုတိုင် ကြံ့ကြံ့ခံနေတဲ့ ပုဂံကို အာဂပုဂံ လို့ တင်စား ခေါ်ဝေါ်ရမလိုတောင် ဆိုရမှာပါ။ ယခုငလျင်ကြီး လှုပ်ခတ်ပြီးကာစမှာပဲ သမ္မတ ဦးထင်ကျော်နဲ့ အဖွဲ့ သွားရောက်ခဲ့သလို၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ရောက်ရှိကာ ပျက်စီးသွားတဲ့ သာသနိက ရှေးဟောင်း အဆောက်အအုံတွေကို သွားရောက် ကြည့်ရှု့ခဲ့ပြီး အလျင်စလို မပြုပြင်ဘဲ ပညာရှင်တွေရဲ့ အကြံပေးချက်နဲ့ စနစ်တကျ ပြုပြင် ထိန်းသိမ်း သွားဖို့ ညွှန်ကြား ခဲ့ပါ တယ်။ ငလျင်ဒဏ်ခံ ပုဂံဘုရားများငလျင်ဒဏ်ခံ ပုဂံဘုရားများ ငလျင်လှုပ်ခဲ့တဲ့ ကာလဟာ မြန်မာနိုင်ငံမှာ မိုးများတဲ့ အချိန်ဖြစ်တဲ့အတွက် ငလျင်ဒဏ်ခံ ဘုရားများ မိုးဒဏ်က ကာကွယ်ဖို့ ငြမ်းဆင်ကာ မိုးရေကာဖျင်စများနဲ့ အလျင်အမြန် အုပ်မိုးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသနဌာနက ဘုရားများပြုပြင်ရာမှာ ပထမဦးစားပေး၊ ဒုတိယ ဦးစားပေး၊ တတိယဦးစားပေး ဟုဆိုကာ အဆင့် ၃ ဆင့်ခွဲကာ ပြုပြင်ဖို့ ပြုလုပ်ခဲ့ပါတယ်။ ပထမ ဦးစားပေး ပြုပြင်ရမယ့် ဘုရားပေါင်း ၃၆ ဆူ၊ ဒုတိယ ဦးစားပေး ပြုပြင်ရမယ့် ဘုရားများက ၅၃ ဆူ သတ်မှတ်ခဲ့ရာ စူဠာမဏိ၊ ဓမ္မရံကြီး၊ ကျောက်ဂူဥမင်၊ အထက်ပိုင်းနှင့် အတွင်းပိုင်း ပျက်စီးသွားတဲ့ မြတောင် အုတ်ကျောင်း၊ သိကြားပုန်း၊ ဝက်ကြီးအင်း၊ ဂူပြောက်ကြီး၊ ဂူပြောက်ငယ်၊ တရုတ်ပြေး၊ ဆင်ဖြူရှင်၊ သပိတ်မှောက်၊ မြောက်ဂူနီ၊ အင်းဘုရားတို့ ပါဝင် ပါ တယ်။ ပထမနှင့် ဒုတိယဦးစားပေး သတ်မှတ်ထားတဲ့ ဘုရားများကို ရှေးဟောင်း သုတေသနက ကမကထ ပြုကာ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၊ ဗိသုကာ ပညာရှင်များအသင်း၊ ဆောက်လုုပ်ရေး ဝန်ကြီးဌာန၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့(UNESCO) အပါအဝင် နိုင်ငံတကာ ပညာရှင်များ အကူအညီနဲ့ ပြင်ဆင်ဖို့စီစဉ်ခဲ့ပါတယ်။ တတိယ ဦးစားပေး ပြင်ဆင်ဖို့ လိုအပ်တဲ့ ရွှေစည်းခုံ၊ ရှင်ပင်နန်းကျ၊ ရန်အောင်မြင်၊ ဖောင်တော်ဦး စတဲ့ ဘုရားနဲ့ သာသနိ က အဆောက်အအုံ ၃၀၀ ကိုတော့ ပြည်တွင်း အလှူရှင်များ၊ မူလအလှူရှင်များကို ပြန်လည်ပြုပြင်ခွင့် ပေးခဲ့ပါတယ်။ UNESCO နဲ့ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ တောင်အာဖရိက နိုင်ငံ ကိတ်ပ်တောင်း တက္ကသိုလ်၊ သြစတြေးလျ နိုင်ငံတို့မှ ပညာ ရှင် များကလည်း ပျက်စီးနေတဲ့ ဘုရားများ အခြေအနေကို ကွင်းဆင်းကာ လေ့လာပြီး၊ GIS Vector Data များ ကောက်ခံ ခြင်း၊ 3 Dimension View များထုတ်ခြင်း၊ 3 D Laser Scanning ဖတ်ခြင်းများ ကို အထူးသဖြင့် အပျက်အစီးကြီးမားခဲ့တဲ့ စူဠာမဏိ၊ ဓမ္မရာဇကနဲ့ အာနန္ဒာ ဂူဘုရားတို့မှာ ဆောင်ရွက်ခဲ့ပါတယ်။ ဒီလို ပြင်ဆင်လာခဲ့ရာမှာ ငလျင်လှုပ်ခတ်ပြီး တနှစ်ပြည့်ချိန်မှာတော့ တတိယ အဆင့်ပြုပြင်ဖို့ သတ်မှတ်ထားတဲ့ ဘုရားများ အနက်၂၂၄ ဆူကတော့ ပြန်လည်ပြုပြင်ပြီးပြီ ဖြစ်တယ်လို့ သိရပြီး ပြင်ဆင်ဖို့ ကျန်နေတဲ့ ဘုရားတွေကိုလည်း ၅နှစ်အတွင်း ပြီးစီးအောင် ပြင်ဆင်မယ်လို့ သိရပါတယ်။ ရှေးဟောင်း သုတေသနဌာန ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် ရဲ့အဆိုအရတော့ ငလျင်ဒဏ်ခံ ဘုရား ပုထိုးတွေ အတွက် အရေးပေါ် ထိန်းသိမ်းရေး လုပ်ငန်းများကို မနှစ်က ပြုလုပ်ပြီးစီးခဲ့ပြီး ၂၀၁၇ အကုန်တွင် နောက်ထပ် ဘုရား ပုထိုး အဆူ ၅၀ ကို ပြုပြင်ပြီးစီးနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ပြုပြင်ထိန်းသိမ်းရေး လုပ်တဲ့နေရာမှာ အလျင်စလိုပြုလုပ်သွားမှာ မဟုတ်ဘဲ နိုင်ငံတကာ ပညာရှင်တွေရဲ့ အကြံပေးချက်တွေ အပါအဝင် ကျွမ်းကျင်ပညာရှင်များရဲ့ ညွန်ကြားမှု အကြံပေးများအတိုင်း ဆောင်ရွက်မယ်လို့လည်း သိရ ပါတယ်။ ငလျင်ဒဏ်ခံ ပုဂံဘုရားများငလျင်ဒဏ်ခံ ပုဂံဘုရားများ ငလျင်ဒဏ်ခံ ဘုရားတွေ ပြုပြင်တဲ့ နေရာမှာ အဓိက လိုအပ်နေတာကတော့ ငွေကြေးနဲ့ နည်းပညာပဲဖြစ်ပြီး အဲဒီအတွက် နိုင်ငံတကာ အကူအညီအနေနဲ့ တရုတ်အစိုးရကလည်း သဗ္ဗညုဘုရားကို ပြုပြင်ဖို့ ၂၀၁၇ ခုနှစ် မေလမှာ နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့သလို၊ အိန္ဒိယကလည်း ငလျင်ဒဏ်ခံ ဘုရားတွေကို ကွင်းဆင်းလေ့လာကာ အဆူ ၃၀ ကို ပြုပြင်ပေးဖို့ နားလည်မှု စာချွန်လွှာ ရေးထိုးဖို့ ပြင်ဆင်နေပါတယ်၊ အလားတူ ဂျာမနီ အစိုးရက ကျောက်ဂူဥမင်ဘုရား၊ လောကထွဋ်ခေါင် ဘုရား၊ သပိတ်မှောက် ဘုရား တို့ကို ပြုပြင်ဖို့ ယူရိုငွေ ၁ သိန်း ထောက်ပံ့ဖု့ိ ရှိနေပါတယ်။ ပုဂံဘုရားပုထိုးများ ငလျင်ဒဏ်ခံရပြီး တနှစ်ပြည့် အပြီး သြဂုတ်လ ၂၇ ရက်နေ့ကတော့ UNESCO ၊ ယဉ်ကျေးမှု ဝန်ကြီး ဌာနနဲ့ ပြည်ပ အဖွဲ့အစည်းများ ပူးပေါင်းကာ ငလျင်ဒဏ်ခံဘုရားများ ပြုပြင်ထိန်းသိမ်းရေး အပိုင်းမှာ တိုးတက်မှုကို ပြန်လည် သုံးသပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ ညှိနှိုင်းရေး ဆွေးနွေးပွဲကို ပုဂံမြို့မှာ ကျင်းပခဲ့ပါတယ်။ ရည်ရွယ်ချက်တော့ ပြန်လည်မွမ်းမံမယ့် အစီအစဉ်တွေကို ဦးစားပေး သတ်မှတ်ခြင်း၊ နံရံဆေးရေး ပန်းချီနဲ့ အင်ဂျင်နီယာ ပိုင်း ဆိုင်ရာ ထိန်းသိမ်းမှု နယ်ပယ်များ အတွက် UNESCO နဲ့ ပြည်ပပညာရှင်တွေ ပူးပေါင်းပြုစုထားတဲ့ နည်းပညာပိုင်း ဆိုင်ရာ လမ်းညွှန်ချက်များကို ဖြန့်ဝေခြင်းတွေ အဓိကပြုလုပ်တာ ဖြစ်တယ်လို့ ရှေးဟောင်း သုတေသန အရာရှိတဦးက ပြောပါတယ်။ လတ်တလောမှာ ရှေးဟောင်း သုတေသန ဌာနအနေနဲ့ကတော့ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ လောကထိပ်ပန် ဘုရားနဲ့ ရွှေဘုံသာဘုရားက နံရံဆေးရေး ပန်ချီတွေကို ပြုပြင်နေတယ်လို့ သိရပါတယ်။ အခုလာမယ့် စက်တင်ဘာ လထဲမှာတော့ ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ဖို့ အဆိုပြု လွှာ မူကြမ်း တင်သွင်းတော့မှာ ဖြစ်ပါတယ်။ ငလျင်ဒဏ်ခံ ပုဂံဘုရားများ ပြုပြင်နေမှုနဲ့ ပတ်သက်လို့ ပုဂံဒေသမှာ နှံ့နံှ့စပ်စပ် သွားလာကာ ပုဂံလူငယ်အနေနဲ့ လူမှုရေး လုပ်ငန်းတွေကို လုပ်ကိုင်နေသူ ကိုနိုင်ထွန်းဝင်းကတော့ လက်ရှိ ပုဂံဘုရားတွေ ပြုပြင်နေမှုနဲ့ ပတ်သက်ပြီး စစ်အစိုးရ လက်ထက်က ကန်ထရိုက်စနစ်နဲ့ ဘုရားပြင်ဖို့ ချပေးတဲ့အတွက် ဘုရားတွေ ပိုမိုပျက်စီးသွားကြောင်း အခုအစိုးရ လက် ထက်မှာ စနစ်တကျ ပြင်ဆင်နေတာကို ကျေနပ်ကြောင်း၊ ဒါ့အပြင် တာဝန်ရှိသူတွေ အနေနဲ့ အောက်ခြေအထိ ဆင်းကာ စစ်ဆေးပေးမယ် ဆိုရင်တော့ ပိုမိုကောင်းမွန်မယ်လို့ ပြောဆိုပါတယ်။ စစ်အစိုးရ လက်ထက်က ပုဂံတွေဘုရားတွေကို ပြန်လည်ပြုပြင်ရာမှာ နိုင်ငံတကာ ပညာရှင်များနဲ့ ညှိနှိုင်းတိုင်ပင်ကာ ပြုပြင် ခြင်း မရှိတဲ့အတွက် ပုဂံလက်သစ်ဘုရား အများအပြား ပေါ်ထွန်းလာတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ။ The post ငလျင်ဒဏ်ခံ တနှစ်ပြည့် ပုဂံ appeared first on ဧရာဝတီ.
Source : http://ift.tt/2wI54Bm
via IFTTT
Source : http://ift.tt/2wI54Bm
via IFTTT
အကြမ်းဖက်သမားများ ဆင်ထားသော ခွင်ထဲ မဝင်ရန် ICG သတိပေး အစိုးရအနေနှင့် နိုင်ငံရေးသေနင်္ဂဗျူဟာမရှိဘဲ စစ်ရေးအရ အလွန်အကျွံတုံ့ပြန်မှုသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ကျုးလွန်နေသော ARSA အဖွဲ့ကိုသာ အကျိုးပြုလိမ့်မည်ဟု နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့(ICG) က သတိပေးလိုက်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးစေပြီး မွတ်ဆလင် ရိုဟင်ဂျာများနှင့် ဗုဒ္ဓဘာသာရခိုင်များ နေအိမ်များကို စွန့်ခွာထွက်ပြေးစေသည့် သောကြာနေ့က ရဲကင်း ၃၀ နှင့် စစ်စခန်းတခုတို့ကို တိုက်ခိုက်မှုသည် ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု ARSA က ကြေညာထားသည်။ မြန်မာအစိုးရသည် ARSA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ချက်ခြင်းရှုတ်ချခဲ့ပြီး ၎င်းတို့သည် အရပ်သားများကိုပစ်မှတ်ထားတိုက်ခိုက်သည်ဟု တနင်္ဂနွေနေ့ကကြေညာသည်။ ယခုနောက်ဆုံး တိုက်ခိုက်မှုများသည် ၂၀၁၆ နှစ်က ၎င်းတို့လုပ်ခဲ့သည့်အတိုင်း ရိုဟင်ဂျာများကို အကြီးအကျယ် ထိခိုက်စေမည့် ပြင်းထန်သော စစ်ရေးတုံ့ပြန်မှုနှင့် နိုင်ငံရေးအရ ဆိုးကျိုးများဖြစ်လာနိုင်မည်ကို ARSA က ကောင်းစွာ သိသည်ဟု ဘယ်လ်ဂျီယံနိုင်ငံအခြေစိုက် ပဋိပက္ခ တားဆီးဖြေရှင်းရေးဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်နေသော ICG က တနင်္လာနေ့က ထုတ်ပြန်ကြေညာချက်တွင် ဖေါ်ပြထားသည်။ “အထက်ပါအချက်သည် ၎င်းတို့၏ ရည်မှန်းချက်ဖြစ်သည်မှာ သေချာသလောက်ရှိသည်။ ၎င်းတို့သည် ရိုဟင်ဂျာများကို ကာကွယ်ရန် တိုက်ခိုက်နေသည်ဟုဆိုသော်လည်း စစ်ဘက်က အင်အားဖြင့် တုံ့ပြန်အောင် ဆွပေးပြီး ရိုဟင်ဂျာအသိုင်းအဝန်းကို ပိုမို ပစ်ပယ်အောင်၊ ARSA ကို ပိုမိုထောက်ခံလာအောင်နှင့် ရခိုင်မြောက်ပိုင်းတွင် စစ်ဘက်၏ အခွင့်အရေး ချိုးဖေါက်မှုများကို မီးမောင်းထိုးပြနိုင်အောင် လုပ်ဆောင်ရန် ရည်ရွယ်နေသည်” ဟု ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။ အစိုးရအနေနှင့် ရခိုင်နှင့် ရိုဟင်ဂျာတို့၏ ဥပဒေအရ တရားဝင်သော လုံခြုံရေးဆိုင်ရာများကို အလျှင်အမြန် ကိုင်တွယ်ဖြေရှင်းရန်နှင့် ဆိုးရွားလာနေသော အကြမ်းဖက်မှု သံသရာကို ပိုမိုအမြစ်မတွယ်စေလိုလျှင် လုံခြုံရေးတပ်များသည် အကြမ်းဖက်သမားနှင့် အရပ်သား ခွဲခြားဆောင်ရွက်အရေးယူရမည်ဟု အကြံပြုထားသည်။ တိုက်ပွဲများတွင် ပိတ်မိနေသော သို့မဟုတ် ထွက်ပြေးနေသော အရပ်သားများကို အကာအကွယ်ပေးရမည်။ အန္တရာယ်ကြီးမားသော အကြမ်းဖက် အစွန်းရောက်ခြင်း၊ ဒုက္ခသည်များကို လျစ်လျူရှုခြင်း နှင့် သတင်းမှားများ အမြစ်တွယ်ခြင်းတို့ကို တားဆီးလိုလျှင် ပဋိပက္ခဖြစ်ပွားနေသော ဒေသများသို့ လူသားခြင်းစာနာမှု အကူအညီပေးရေးအဖွဲ့များနှင့် မီဒီယာများကို အကန့်အသတ်မရှိ ဝင်ရောက်ခွင့်ပေးရမည်ဟုလည်း ဆိုသည်။ စစ်ရေးတုံ့ပြန်မှုနှင့်ပတ်သက်သော ICG ၏ သတိပေးချက်ကို ကြိုဆိုသည်ဟု ပဋိပက္ခနှင့် တိုင်းရင်းသားရေးရာ လေ့လာသူ ဦးမောင်မောင်စိုးက ပြောသည်။ “တပ်မတော်က ဘယ်လိုတုံ့ပြန်ဆောင်ရွက်မလဲဆိုတာက အရေးပါတယ်” ဟုလည်းပြောပြီး အကြမ်းဖက်အဖွဲ့သည် လုံခြုံရေးတပ်များနှင့် ရင်ဆိုင်ရာတွင် အမျိုးသမီးများနှင့် ကလေးများကို လူသားဒိုင်းအဖြစ် အသုံးပြုနေသည့် သတင်းများလည်း ကြားရကြောင်း ပြောသည်။ “အဲဒီလိုတွေဖြစ်နေတော့ လုံခြုံရေးတပ်တွေအတွက် အခက်အခဲဖြစ်နေတယ်။ ဘာမှ မလုပ်ပြန်ရင်လည်း အကြမ်းဖက်မှုတွေ ပိုမိုဖြစ်လာမယ်” ဟု သူက ဧရာဝတီသို့ တနင်္လာနေ့က ပြောသည်။ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ရခိုင်လူမျိုးစုများ အားလုံး ထိုဒေသမှ ထွက်ပြေးလာပါက ARSA အတွက် အောင်ပွဲဖြစ်သွားမည်ဟုလည်း သူက ဆက်ပြောသည်။ “ဒါကြောင့် သတိထားပြီး အရေးယူဆောင်ရွက်ဖို့လိုတယ်။ ဒီလိုလုပ်ဖို့ဆိုရင် ပြည်တွင်းပြည်ပ နှစ်ခုလုံးမှာ ပြဿနာကိုဖြေရှင်းနိုင်ဖို့ အစိုးရနဲ့တပ်မတော်တို့ ဆုံးဖြတ်ချက်ချရာမှာ တူညီမှုရှိဖို့ လိုတယ်” ဟုလည်း ဆိုသည်။ လတ်တလောဖြစ်ပွားနေသည့် အကျပ်အတည်းသည် ကြိုတင်ခန့်မှန်း တားဆီးနိုင်သော အကျပ်အတည်းဖြစ်သည်ဟုလည်း ICG က ဆိုသည်။ ပြည်နယ်အတွင်းရှိ အသိုင်းအဝန်းအားလုံး၏ ပူပန်မှုများကိုု ဖြေရှင်းရန် ရခိုင်ပြည်နယ်၏ မတည်ငြိမ်သော တုံ့ပြန်မှုစနစ်တွင် စစ်ရေးမဟုတ်သော နိုင်ငံရေးအရ တုံ့ပြန်ဆောင်ရွက်မှု အလျှင်အမြန် လိုအပ်နေကြောင်း ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုနှင့် လွန်ခဲ့သောနှစ်က အကြမ်းဖက်အဖွဲ့သစ် ပေါ်ပေါက်လာခြင်းတို့က ပြသနေသည်ဟုလည်း ဆိုသည်။ “သို့သော် မြန်မာအစိုးရသည် ရခိုင်ပြည်နယ်မှ အချို့သော မွတ်ဆလင်များ အကြမ်းဖက်မှုကို အားကိုးစေသည့် နက်ရှိုင်းရှည်ကြာလှသည့် မူဝါဒဆိုင်ရာ ကျဆုံးမှုကို ကုစားနိုင်လောက်အောင် အလျှင်အမြန် အရေးယူဆောင်ရွက်ခြင်း သို့မဟုတ် ပြတ်ပြတ်သားသားဆောင်ရွက်ခဲ့ခြင်း မရှိပေ” ဟုလည်း ကြေညာချက်တွင် ဖေါ်ပြထားသည်။ ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အစိုးရက အမြန် အကောင်အထည်ဖေါ်ရန်လည်း ထိုကြေညာချက်တွင် တိုက်တွန်းထားသည်။ ထိုအကြံပြုချက် အစီရင်ခံစာကို ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုဆိုခဲ့သည်။ “လတ်တလောဖြစ်ပွားသော တိုက်ခိုက်မှုများသည် အစိုးရအနေဖြင့် ထိုအကြံပြုချက်များကို အကောင်အထည်ဖေါ်ရာတွင် ပိုမိုခက်ခဲစေသည့် နိုင်ငံရေးအခြေအနေကို ဖြစ်စေသော်လည်း အကောင်အထည်ဖေါ်ရန် အရေးတကြီး လိုအပ်နေကြောင်း ပိုမိုခိုင်မာစွာ ပြသနေသည်” ဟုလည်း ICG ၏ကြေညာချက်တွင် ဖော်ပြထားသည်။ ပြသနာ၏ အကြာင်းရင်းကို ဖြေရှင်းရန် ပျက်ကွက်ပါက နောက်ဆက်တွဲဒဏ်ကို ရခိုင်ပြည်နယ် တခုတည်းသာမက မြန်မာတနိုင်ငံလုံးပါ ခံရလိမ့်မည်ဟုလည်း ICG က သတိပေးသည်။ “ရခိုင်ပြည်နယ်မှ ယခု ပိုမိုဆိုးရွာလာသော ပြဿနာသည် ပြည်တွင်းတွင်သာ ဆက်လက်ဆွေးနွေးပြောဆိုနေမည့် အရာဖြစ်ရုံသာမက နိုင်ငံတကာနှင့် ဆက်ဆံရာတွင်လည်း သက်ရောက်မှု ရှိနေမည် ဖြစ်သောကြောင့် မြန်မာနိုင်ငံအနေနှင့် တခြားဦးစားပေးလုပ်ဆောင်ရမည့် စီးပွားရေး၊ လူမှုရေး ကိစ္စများကို ဘေးဖယ်ထားရနိုင်ခြေရှိနိုင်သည်” ဟုလည်း ICG က ဆိုသည်။ The post အကြမ်းဖက်သမားများ ဆင်ထားသော ခွင်ထဲ မဝင်ရန် ICG သတိပေး appeared first on ဧရာဝတီ.
Source : http://ift.tt/2wRuHAq
via IFTTT
Source : http://ift.tt/2wRuHAq
via IFTTT
ကျိုက်မရောမှ မွန်အမျိုးသား ပါတီဝင် ၆၀ ကျော် တပြိုင်တည်း နုတ်ထွက် မွန်နှစ်ပါတီ ပေါင်းစည်းရေးအတွက် ကတိပြုထားပြီး ဖြစ်သော်လည်း လက်ရှိတွင် ၎င်းတို့ ခေါင်းဆောင်များ၏ လုပ်ပုံ ကိုင်ပုံနှင့် သဘောထားများအား လက်မခံနိုင်၍ မွန်ပြည်နယ် ကျိုက်မရော မြို့နယ်တွင်းမှ မွန်အမျိုးသား ပါတီဝင် ၆၃ ဦးတို့ ယနေ့ တပြိုင်နက်တည်း ပါတီဗဟိုသို့ နုတ်ထွက်စာ တင်ခဲ့ကြောင်း သိရှိရသည်။ “ပါတီခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေကို ကျမတို့ ကြည့်လာတာ ရွေးကောက်ပွဲပြီး ကတည်းကဆိုရင် ၂နှစ် ပြည့်တော့မယ်၊ ပေါင်းမလား ပေါင်းမလား ဆိုပြီး မပေါင်းဘူး၊ ရှေ့ဆက်သွားရတာ အခက်အခဲ အများကြီး ရှိတယ်၊ စိတ်ပျက်နေကြတာ လည်း ကြာပြီ ၊ အတတ်နိုင်ဆုံး မျှောလာတာ ၂ နှစ် ရှိပြီ ၊ ဒီနေ့မှ တပြိုင်နက်တည်း နုတ်ထွက်ဖြစ်ကြတာ” ဟု နုတ်ထွက် စာ တင်ခဲ့သည့် ပါတီ ဗဟိုအလုပ်အမှုဆောင် မိဂျွန်ဒယ်နွန်က ပြောသည်။ ယခုကဲ့သို့ နုတ်ထွက်ပြီးနောက် မည်သည့် ပါတီသို့မျှ ဝင်မည် မဟုတ်ဘဲ နှစ်ပါတီ ပေါင်းစည်းရေး အတွက် ဝိုင်းဝန်း ဆောင်ရွက်သွားမည် မဖြစ်ကာ ပေါင်းစည်းရေး ရလဒ် ထွက်လာသည်အထိ ကြိုးပမ်းသွားရန် ရည်ရွယ်ထားပြီး မွန်ပါတီများ မပေါင်းစည်းနိုင်ပါက ရှုတ်ချ ကန့်ကွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ ယနေ့ တပြိုင်နက်တည်း နုတ်ထွက်စာ တင်ခဲ့ကြသည့် ကျိုက်မရော မြို့နယ်မှ မွန်အမျိုးသား ပါတီဝင်များထဲတွင် ပါတီ ဗဟို အလုပ်အမှုဆောင် မိဂျွန်ဒယ်နွန် အပါအဝင် မွန်အမျိုးသား ပါတီ၏ ကျိုက်မရော မြို့နယ် ဒုဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေး မှူးနှင့် မြို့နယ် အလုပ်အမှုဆောင်များလည်း ပါဝင်ကြသည်။ မွန်အမျိုးသားပါတီသည် မွန်ပြည်နယ်တွင်းရှိ ၉ မြို့နယ် ၊ ကရင်ပြည်နယ် အတွင်းရှိ ၄ မြို့နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီး တို့ရှိ ၃ မြို့နယ်တို့တွင် ပါတီဝင် ၇ သောင်းကျော် ရှိသည်။ ကျိုက်မရော မြို့နယ်တွင်း၌ မွန်အမျိုးသား ပါတီဝင် တထောင်ကျော် ရှိသည့် အနက် ပါတီ၏ ထိပ်သီး တာဝန်ရှိသူများထဲမှ အချို့ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။ မွန်အမျိုးသားပါတီသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း၌ ပါတီ ဗဟိုကော်မတီဝင် နှင့် ဗဟို အလုပ်အမှုဆောင် ၆ ဦး တို့အား တာဝန်မှ ရပ်ဆိုင်းခဲ့ပြီး ဖြစ်သည်။ မွန်ပြည်သူများအား ကတိပေးထားပြီး ဖြစ်သည့် နှစ်ပါတီ ပေါင်းစည်းရေးအတွက် အထမြောက်အောက် အကောင်အထည် မဖော်နိုင်ခဲ့သည့် ပါတီခေါင်းဆောင်များကို စိတ်ပျက်မိကြောင်းလည်း ယနေ့တွင် နုတ်ထွက်စာ တင်ခဲ့သည့် ကျိုက်မရော မြို့နယ် မွန်အမျိုးသားပါတီ၏ အထွေထွေ အတွင်းရေးမှူး မင်းဉာဏ်လင်းက ပြောသည်။ “မွန်အမျိုးသားတွေ တပါတီပဲ ဆိုရင် မဲနိုင်ကို နိုင်ရမယ်၊ ပြီးခဲ့တဲ့ ၂၀၁၅ မှာ အဖြေပေါ်ခဲ့ပြီ ၊ ဘာလို့ အခုအချိန်အထိ ကျနော်တို့ မွန်အမျိုးသားတွေ အားလုံးပေါင်းစည်းလို့ မရနိုင်တာလဲ ဆိုတာ မေးခွန်းလည်း ထုတ်ချင်တယ် ၊ မေးခွန်း ထုတ်မယ် ဆိုရင် ဘယ်သူ့ကို မေးရမှန်းလည်း မသိဘူး၊ နောက်ဆုတ်ပြီးတော့ အေးအေး ဆေးဆေး မွန်အမျိုးသားတွေ အတွက် လုပ်သင့်တာ လုပ်တော့မယ် ဆိုပြီး နုတ်ထွက်လိုက်ကြတယ်” ဟု မင်းဉာဏ်လင်းက ပြောသည်။ ယခင် မွန်ဒီမိုကရေစီပါတီ (MDP) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP) တို့သည် ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့၌ နှစ်ပါတီအား တပါတီတည်း ဖြစ်စေရန် ပေါင်းစည်းကြမည်ဟု မွန်ပြည်သူများ ရှေ့မှောက်တွင် နှစ်ဖက် ကိုယ်စားလှယ်များက သဘောတူ လက်မှတ် ရေးထိုး ခဲ့သည်။ ထို့နောက် ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့တွင် ထိုပေါင်းစည်းမှုမှာ ယခင် မွန်ဒီမိုကရေစီပါတီ (MDP) အား မွန်အမျိုးသားပါတီ (MNP) အဖြစ် အမည်ပြောင်းခဲ့ရုံသာ အကောင်အထည် ပေါ်ခဲ့ပြီး လက်တွေ့ကျသည့် ပေါင်းစည်းရေး မဖြစ်လာခဲ့ပေ။ ထိုပါတီများအကြား ညီညွတ်မှု ဖော်ဆောင်နိုင်ရေး “မွန်အမျိုးသား ညီညွတ်ရေး အဖွဲ့အား” ၂၀၁၂ ခုနှစ်တွင် မွန်ရဟန်း ပျိုများ ဦးဆောင် ဖွဲ့စည်းခဲ့ပြီး အင်အားကြီး ပါတီ နှစ်ရပ် ဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီနှင့် မွန်အမျိုးသား ပါတီတို့အား ပေါင်းစည်းနိုင်ကြရန် ၃ နှစ်ခန့် အချိန်ယူ ညှိနှိုင်းခဲ့ပြီးနောက် မပေါင်းစည်းနိုင်ကြသဖြင့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ယင်းညှိနှိုင်းရေး အဖွဲ့အား ဖျက်သိမ်းခဲ့သည်။ ဆက်လက်၍လည်း ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ကော့ပေါ်လော် ကျေးရွာ၌ ကျင်းပခဲ့သည့် မွန်အမျိုးသား ကွန်ဖရင့်မှ မွန်နိုင်ငံရေး ပါတီများ ညီညွတ်ရေးအတွက် လုပ်ဆောင်ရန် ဆုံးဖြတ်ချက် ချခဲ့ပြီးနောက် မွန်ပြည်သစ်ပါတီ ဦးဆောင်မှုဖြင့် ၂၀၁၆ အောက်တိုဘာလခန့်တွင် “မွန်နိုင်ငံရေး ပါတီများ ညီညွတ်ရေး ဖော်ဆောင်ရေး အဖွဲ့” ဟူသည့် အဖွဲ့အား ထပ်မံ ဖွဲ့စည်းပြီး ညှိနှိုင်းခဲ့ကြပြန်သည်။ သို့သော် ၂၀၁၇ ခုနှစ်၊ မေလခန့်တွင် မွန်ပြည်သစ်ပါတီက ၎င်းတို့ ဦးဆောင် ဖွဲ့စည်းခဲ့သည့် ထိုအဖွဲ့မှ နုတ်ထွက်ခဲ့ပြီးနောက် တွင် နှစ်ပါတီ ပေါင်းစည်းရန် ညှိနှိုင်းရေး လုပ်ငန်းများ ရပ်တန့်နေခဲ့သည်။ မွန်အမျိုးသားပါတီသည် ၁၉၈၈ တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF)၊ ၂၀၁၂ တွင် မွန်အမျိုးသား ဒီမိုကရေစီပါတီ (MDP) အဖြစ် မှတ်ပုံတင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် မွန်အမျိုးသားပါတီ(MNP) အမည်ပြောင်းလဲခဲ့ကာ လက်ရှိတွင် ဗဟို ကော်မတီဝင် ၉၃ ဦးအနက် ဗဟို အလုပ်အမှုဆောင် ၃၁ ဦး၊ ပါတီဝင်ဦးရေ ၇ သောင်းကျော်ရှိသည့် အင်အားကြီး ပါတီ တခုလည်း ဖြစ်သည်။ The post ကျိုက်မရောမှ မွန်အမျိုးသား ပါတီဝင် ၆၀ ကျော် တပြိုင်တည်း နုတ်ထွက် appeared first on ဧရာဝတီ.
Source : http://ift.tt/2vD4m4P
via IFTTT
Source : http://ift.tt/2vD4m4P
via IFTTT
Tuesday, August 29, 2017
NGO အထောက်အပံ့ပစ္စည်းများ လက်လုပ်မိုင်းများဖြစ်လာဟု ပြည်ထဲရေး ဝန်ကြီး ဆို ရခိုင်ပြည်နယ်အတွက် နိုင်ငံတကာမှ INGOs, NOGs အဖွဲ့များမှ ထောက်ပံ့ပေးသည့် ပစ္စည်းများသည် အကြမ်းဖက်သမား များ၏ လက်ထဲသို့ ရောက်သွားရာမှတဆင့် လက်လုပ်မှိုင်းများ ဖြစ်ပေါ်လာပြီး လုံခြုံရေး တပ်ဖွဲ့များအား တိုက်ခိုက်သည့် လာကြောင်း ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ရန်ကုန်မြို့တွင် ယနေ့ ပြုလုပ်သည့် သတင်းစာ ရှင်း လင်းပွဲ၌ ပြောဆိုခဲ့သည်။ ပြည်ထဲရေး ဝန်ကြီးက “တချို့ NGO တွေ၊ INGO တွေက လှူတဲ့ ပစ္စည်းတွေထဲမှာ ထူထောင်ရေးလုပ်ငန်းတွေ အတွက် ယူလာတဲ့ သံပိုက်လုံးတွေ၊ အမိုးနီးယား ဓာတ်မြေသြဇာတွေ ပါလာတာတွေ့ရတယ်၊ အဲဒီဟာတွေထဲက တချို့ပစ္စည်းတွေ ဟာ အကြမ်းဖက် သမားတွေရဲ့ လက်ထဲကို ရောက်တဲ့အခါမှာ ကျနော်တို့ကို ပြန်လည် တိုက်ခိုက်လာနိုင်တဲ့ လက်လုပ် မှိုင်းတွေ၊ ယမ်းတွေ ဖြစ်လာပါတယ်၊ အဲဒါတွေနဲ့ပဲ ကျနော်တို့ တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ပြန်လည် တိုက်ခိုက် လာတယ်ဆိုတာကို ဖော်ထုတ်လို့ရထားပါတယ်” ဟု ဆိုသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၌ ရခိုင်အရေးနှင့်ပတ်သက်၍ ယနေ့ ဩဂုတ်လ ၂၉ ရက် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက အထက်ပါ အတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ထိုသတင်းစာရှင်းလင်းပွဲသို့ မြန်မာအစိုးရအဖွဲ့မှ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်း၊ ပြည်ထဲရေး ဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်နှင့် တာဝန်ရှိသူများ၊ နိုင်ငံတကာ သံတမန်များ၊ ကမ္ဘ့ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အ စည်များ၊ ပြည်တွင်း ပြည်ပ သတင်းထောက်များ တက်ရောက်ခဲ့ကြသည်။ မြန်မာ အာဏာပိုင်များက ပြောဆိုရာတွင် မောင်တောမြို့ကို ထိန်းထားနိုင်သော်လည်း ကျေးရွာများတွင် တည်ငြိမ်မှု ပျက် ပြားနေဆဲ ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။ မောင်တော ခရိုင်၌ နေထိုင်ကြသည့် အစွန်းရောက် စစ်သွေးကြွများသည် ထိုဒေသအား ၎င်းတို့၏ ကိုယ်ပိုင်ပြည်နယ် အဖြစ် သိမ်းပိုက်ရန် ကြံစည်နေသည်ကိုလည်း ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ထိုသို့ နယ်မြေသိမ်းပိုက်လိုသည့် အတွက် အကြမ်းဖက်မှုများကို လုပ်ဆောင်နေကြသည်ဟုလည်း မြန်မာအစိုးရက ဆိုသည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များအား တုတ်၊ ဓား လက်နက်များဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်ကြသည့်အတွက် ပြန် လည် ပစ်ခတ်တားဆီးမှုများ ဆောင်ရွက်ခဲ့ရကြောင်း၊ ၂၀၁၆ အောက်တိုဘာလမှ ၂၀၁၇ ဩဂုတ်လအတွင်း လက်နက် ၆၅ လက်ကို အကြမ်းဖက်သမားများက ယူဆောင်သွားပြီး အရပ်သား ၆၃ ဦးကို သတ်ဖြတ်ခံခဲ့ရကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်က သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။ မောင်တောမြို့နယ်၌ သြဂုတ်လ ၂၅ ရက်နေ့က နယ်ခြားစောင့် လုံခြုံရေး ကင်းစခန်း ၃၀ ကျော်အား အကြမ်းဖက် သမားများက အုပ်စုဖွဲ့၍ တပြိုင်တည်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြသည်။ ထိုတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၀ ကျော်အပြင် တပ်မတော်သားတချို့၊ ဒေသခံတိုင်းရင်း သားများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းတချို့ သေဆုံးခဲ့ရသည်။ The post NGO အထောက်အပံ့ပစ္စည်းများ လက်လုပ်မိုင်းများဖြစ်လာဟု ပြည်ထဲရေး ဝန်ကြီး ဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2wPApTr
via IFTTT
Source : http://ift.tt/2wPApTr
via IFTTT
အမုန်းတရား မပြန့်ပွားဖို့ မီဒီယာကို စောင့်ကြည့်မယ့် မီဒီယာကောင်စီ လက်ရှိ မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် ပေးရန် တောင်းဆိုလျက်ရှိနေသည်။ သို့သော် လွတ်လပ်စွာ သတင်းရေးသားခွင့်ဆိုသည်နှင့်တပြိုင်တည်း သတင်းအမှားများကို ရေးသား၍ ဝါဒဖြန့်နေခြင်းကြောင့် ပဋိပက္ခများ ဖြစ်ပွား လာမှုများ ရှိနေသည်။ အလားတူ Page အတုများကို ထောင်၍ မဟုတ်မမှန် သတင်းများကို ရေးသား ဖြန့်ဝေကာ ပဋိပက္ခ ဖြစ်ပွားအောင် လုပ် ဆောင်နေသကဲ့သို့ Hate Speech အမုန်းစကားဖြစ် ရေးသားနေခြင်းများလည်း များပြားလာခြင်းကြောင့် တရားဝင်သတင်း မီဒီယာများအပေါ် ထိခိုက်လာပြီး လူထုထံ သတင်းအမှားများ ရောက်ရှိသည်။ အဆိုပါ အခြေအနေများကို တားဆီးနိုင်ရန်အတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက Media Mornitoring ကော်မ တီတခု ဖွဲ့စည်းသွားရန် ဆောင်ရွက်နေခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ အတွင်းရေးမှူး ဦးသီဟ စောအား ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက တွေ့ဆုံ မေးမြန်းထားသည်ကို ဖော်ပြလိုက် ပါသည်။ မေး ။ ။ Hate Speech တွေ၊ သတင်း အမှားတွေ၊ Page အတုတွေအပေါ်မှာ စောင့်ကြည့်မှုတွေ လုပ်မယ်ဆိုတော့လေ ဘယ်တော့လောက် စတင်ဖို့ရှိသလဲ။ ဖြေ ။ ။ ဘယ်တော့လောက် စမှာလဲဆို ကျနော်တို့က အမြန်ဆုံး စစေချင်တယ်။ ဒါပေမယ့် သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တွေနဲ့ အစည်းအဝေးမှာ ညှိနှိုင်းပြီးတော့ သူတို့ Media Monitoring ကော်မတီလို့ သူတို့ ဖွဲ့လိမ့်မယ်။ အဲဒီမှာ ကျွမ်းကျင်တဲ့ လူတွေပါမယ်။ ဖြစ်နိုင်ရင်တော့ တလအတွင်း သို့မဟုတ် တပတ် နှစ်ပတ်အတွင်း စချင်တယ်။ လော လောဆယ်တော့ မနက်ဖြန် (သြဂုတ် ၃၀ ရက်)ကို သတင်းမီဒီယာကောင်စီက မွန်ပြည်နယ်ကို သွားမယ်။ မွန်ပြည်နယ်မှာ မဏ္ဍိုင်လေးရပ်ဆွေးနွေးပွဲ လုပ်ဖို့ ရှိတယ်။ မနက်ဖြန် သွားကြမယ် သန်ဘက်ခါမှာ စပြီးတော့ လုပ်မှာပေါ့။ ဟိုမှာ သတင်းသမားတွေနဲ့ အရင်တွေ့မယ်။ မွန်ပြည်နယ် သတင်းသမားတွေနဲ့ ပြီးရင် ပြည်နယ်အစိုးရ ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ မွန်ပြည်နယ် တရားရေးပေါ့။ အဲဒီလူ တွေနဲ့ မီဒီယာသမားတွေနဲ့ ဆွေးနွေးပွဲကို Organise လုပ်ပေးမယ်။ အဲဒီ ကိစ္စတွေ ပြီးရင် ခဏပြောတဲ့ Media Monitoring ကော်မတီလိုမျိုး စဖွဲ့တော့မှာပဲ။ မေး ။ ။ ကော်မတီဝင် ဘယ်လောက်ထားပြီး ဖွဲ့မှာလဲ၊ ဘယ်လို ပုံစံနဲ့ စမှာလဲ။ ဖြေ ။ ။ ကျနော်တို့ ဒါက ဆရာ ဦးအောင်လှထွန်းရဲ့အကြံပြုချက်ပေါ့။ လုပ်သင့်တယ်ဆိုတဲ့ အကြံပြုချက် တကယ်ရှိတာ က သတင်းမီဒီယာကောင်စီမှာ ၂၃ ဦး ရှိတယ်။ ဥက္ကဌကြီးက ကျန်းမာရေး မကောင်းလို့ နားနေတာပေါ့နော်။ ဒုဥက္ကဌက စပြီး အတွင်းရေးမှူးတွေ အကုန် ၂၃ ဦး၊ ၂၃ ဦးမှာ ၅ ဦးနဲ့ ဖွဲ့မလား၊ ၁၀ ဦးနဲ့ ဖွဲ့မလား တာဝန်တွေကို တိတိကျကျ ဘယ်လို တာဝန်ယူကြမလဲ စသဖြင့် ဒါတွေကို အစည်းအဝေးမှာ ဆုံးဖြတ်ကြမှာပါ၊ လောလောဆယ်တော့ အတိအကျ ပြောလို့ မရ သေးပါဘူး။ မေး ။ ။ တကယ်လို့ Hate Speech (အမုန်းပွားအောင် ရေးသားခြင်း) တွေ များလာပြီး သတင်း မဟုတ်မမှန် ရေးသားမှု တွေနောက် Page အတုတွေ များလာတဲ့အခါ ဘယ်လို အရေးယူ ဆောင်ရွက်မှုတွေ လုပ်မှာလဲ။ ဖြေ ။ ။ အဲဒီကိစ္စက အရေးကြီးတယ်။ ဘယ်လို အရေးယူမလဲဆိုရင် ကျနော်တို့ သတင်း မီဒီယာကောင်စီက အဲဒါမျိုးတွေ ကို အရေးယူထားတဲ့ အခွင့်အာဏာ ယူထားတာမျိုးမဟုတ်ဘူး။ ကျနော်တို့က ထောက်ပြမှာ ဒီနေရာမှာတော့ ဒီသတင်းက သတင်းအမှားဖြစ်တယ်။ ဒီသတင်းက သတင်းသမားကို အန္တရာယ်ပြုတာ၊ ဘာကြောင့်လဲဆိုတာ အဲဒီလိုမျိုး သတင်းမှာပေါ်ထွက်နေတဲ့ Main Stream Media ရော၊ ဆိုရှယ်မီဒီယာရော၊ အဓိက Main Stream Media တွေကို အဓိကထားမယ်။ ဆိုရှယ်မီဒီယာလည်း တချို့ဟာ ကြည့်မှာပေါ့။ အဲဒါမျိုးတွေက ကျနော်တို့ လူအင်အား ဘယ်လောက်ရှိမလဲ၊ ငွေအင်အား ဘယ်လောက်ရှိမလဲပေါ့။ အဲဒီအပေါ် မူတည်ပြီး တော့ တတ်နိုင်သလောက် လုပ်မှာ၊ အဓိကကတော့ အရေးယူဖို့ထက် ဖော်ထုတ်ဖို့။ ကျနော်တို့က ဖော်ထုတ်ပြီးပြီဆိုလို့ရှိ ရင် အရေးယူတာက ရဲတို့၊ Cyber Law ရှိရင်လည်း Cyber Law တော့ မရှိသေးဘူးပေါ့။ တခြား ဥပဒေအရ အရေးယူတာ ရော၊ အရေးယူလို့ရတဲ့အဖွဲ့တွေက အရေးယူလိမ့်မယ်။ ဥပမာ Cyber Police ရှိရင် Cyber Police က ကျနော်တို့ ထောက်ပြရင် သူ သိသွားမှာပေါ့။ သူ သိသွားရင် သူဘာသာ လုပ်စရာရှိတာ ဆက်လုပ်သွားပေါ့။ ကျနော်တို့က ကိုယ်တိုင်တော့ အရေးယူမှာ မဟုတ်ဘူး။ ကျနော်တို့က ဖော်ထုတ်ညွန် ပြတဲ့ အလုပ်ကို လုပ်မှာပါ။ မေး ။ ။ ဒီတော့ ဆရာတို့နဲ့ အစိုးရ တာဝန်ရှိသူတွေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါသလဲ။ ဖြေ ။ ။ ပူးပေါင်းတာကတော့ အကုန်လုံးနဲ့ ပူးပေါင်းတာပဲ။ မဏ္ဍိုင်လေးရပ်စလုံး တိုင်းနဲ့ပြည်နယ် လေးခုလောက်ကို လုပ် ဖို့ရှိတယ်။ အခု နှစ်ခုရှိပြီးပေါ့နော်။ မော်လမြိုင်နဲ့ဆိုရင်ပေါ့။ နောက် နေပြည်တော်မှာလည်း လုပ်ပြီပြီး။ ဝန်ကြီးဌာနတွေက ရဲတို့၊ တပ်တို့၊ ပြန်ကြားရေးတို့ အကုန်လုံးနဲ့ ဆက်ဆံရေးတော့ ရှိပါတယ်။ ဒါပေမယ့် တိတိကျကျ ပူးပေါင်းဖို့ကတော့ သူတို့ ဒီကိစ္စအတွက်ပဲ ဆိုရင်တော့ ဘာမှ ပြောစရာမရှိပါဘူး။ ဆိုပါတော့ ကျနော်တို့ တခါတလေမှာ တလောက ဥပမာတခု ပေး ချင်တယ်။ ဿသနာရေးဝန်ကြီးဌာန ပတ်သက်တဲ့ အကောင့်တုတခု တက်လာတယ်။ သာသနာရေးဝန်ကြီးဌာန ဝန်ကြီးက ဖြေတယ်။ ညာဖြေတယ် ပြောဆိုတဲ့ဟာပေါ့။ အဲဒီမီဒီယာကို ကျနော်တို့က ကျင့်ဝတ်အရဆိုရင် အရေးယူလို့ ရတယ်။ ကျင့်ဝတ်နဲ့ အရေးယူဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ အဲ အကောင့်က မီဒီယာဌာနက အဲဒီ အကောင့်တု မရှိတော့ဘူး ပိတ်သိမ်းသွားတာ ကြာလှပြီ။ သူဟာ ပရင့်မီဒီယာမှာရော၊ အွန်လိုင်းမှာရော မရှိတော့ဘူး။ သူနာမည်နဲ့ တခြားလူက ပေါက်ကရ ရေးနေတာ။ အဲဒီတော့ အဲဒီလိုမျိုး ကိုယ်ယောင်ဖျောက်သွားတဲ့ဟာမျိုးကို ကျနော်တို့က ကျင့်ဝတ်အရ သွားပြောရင် သူက ကျင့်ဝတ် လိုက်နာမှာလည်း မဟုတ်ဘူးလေ။ သူက အကောင့်တုနဲ့ ပြဿနာရှာမယ်ဆိုရင် Cyber Law နဲ့ Cyber Police က ဘယ်လိုအရေးယူမလဲ။ သူတို့မှာ ဖော်ထုတ်နိုင်တဲ့ နည်းပညာတို့၊ ဖော်ထုတ် ဖမ်းဆီးခြင်းတော့ ရှိရမှာပေါ့။ အဲဒါမျိုးတော့ ကျနော်တို့နဲ့ ပြည်ထဲရေးနဲ့ ဆွေးနွေးဖို့တော့ အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် ချက်ချင်း မြန်မြန် ဖြစ်လာဖို့ မလွယ်ဘူး။ လုပ်နိုင်သလောက်တော့ လုပ်တယ်။ အကောင့်အမှားဖြစ်သလား အကောင့်အမှန် ဖြစ်သလားဆိုတာတော့ ကျနော်တို့က ဖော်ထုတ်ပေးတယ်။ အကောင့်အမှားဆိုရင်တော့ သူလိုက်ရှာဖို့ လွယ်မှာ မဟုတ်တော့ဘူး။ ပထမ ကျနော်တို့ အကောင့်အမှန်နဲ့လူတွေကို Trace (နောက်ယောင်ခံလိုက်) လုပ်တယ်။ Trace လုပ်တဲ့အခါကျတော့ အဲဒီ လူတွေက လာပြီး ရှင်းပြတယ်။ မဟုတ်ဘူး ဒီဟာကို ဒီနေ့ ဒီလို ပိတ်သိမ်းလိုက်ပြီပြီး၊ အထောက်အထားရှိတယ်။ နောက် ဟာကတော့ ကျနော်လည်း မသိတော့ဘူး။ အဲဒါမျိုးတွေလည်း သတိထားမှာပေါ့။ မေး ။ ။ လက်ရှိ မြန်မာပြည်မှာ တရားဝင် မှတ်ပုံတင်ထားတဲ့ မီဒီယာ ဘယ်နှခု ရှိပါသလဲ။ ဖြေ ။ ။ အဲလို ပြောလို့ရှိရင် မူလ မီဒီယာတိုက်တွေကိုပဲ ပြောလို့ရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ Main Stream လို့ ပြောတဲ့အခါ တချို့ကလည်း ရောတယ်ဗျ။ ဆိုရှယ်မီဒီယာနဲ့ Main Stream မီဒီယာလို့ ပြောတဲ့အခါမှာ အွန်လိုင်းကဟာ တွေ အကုန်လုံးကို ဆိုရှယ်မီဒီယာလို့ ထင်တာ မဟုတ်ဘူး။ Main Stream Media ဆိုတာက ပရင့်မီဒီယာ၊ Broadcast မီဒီယာ၊ နောက် အွန်လိုင်းမီဒီယာ အွန်လိုင်းမှာ ကိုယ့်နာမည်နဲ့ ကိုယ်တင်နေ တပ်နေတဲ့ မီဒီယာတွေရှိတယ်။ သတင်းဌာနတွေ ရှိတယ်။ ဥပမာ CNA လည်း ဖြစ်မယ်။ မြန်မာနယူးကေ ဘယ်လည်း ဖြစ်မယ်။ ဒါပေမယ့် အဲသလို မဟုတ်ဘဲနဲ့ ရိုးရိုးသာမန် ကောက်တင်တာတွေ၊ အတု လုပ်တဲ့ဟာတွေ အဲဒါတွေကတော့ ဆိုရှယ်မီဒီယာမှာတော့ ဖြစ်ချင်တိုင်း ဖြစ်နေတာ၊ အဲဒီတော့ ကျနော်တို့က မှတ်ပုံတင်ထားတဲ့ ရေရေရာရာ ရှိတဲ့ဟာမျိုးကို တော့ Trace လုပ်ရ လွယ်တယ်။ လိုက်လို့ လွယ်တယ်။ အရေးယူလို့ရတယ်။ ခေါ်ပြီးတော့ ဖြေရှင်းညှိနှိုင်းလို့ ရတယ်။ အဲ ဒါတွေ အကုန်လုံးကတော့ မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ရုံးမှာ ရှိတယ်။ အဲဒီကလည်း ကျနော်တို့ကို တလတကြိမ်လောက် စာရင်း ပို့ပေးပါတယ်။ အခု လေးငါးရာလောက်တော့ ရှိလိမ့်မယ်။ ဒါပေမယ့် အတိအကျကြီးတော့ ကျနော် မသိသေးပါဘူး။ မေး ။ ။ မီဒီယာဥပဒေကို ပြန်သုံးသပ်ဖို့ဆိုပြီး ပြောကြတယ်။ အဲဒီအပေါ် ဘယ်လို သဘောထားရှိပါသလဲ။ ဖြေ ။ ။ အဲဒါ ကျနော်တို့ လုပ်တောင် လုပ်ပြီးနေပြီ။ တိုင်းနဲ့ပြည်နယ် ၁၄ ခုစလုံးကို လွှမ်းခြုံအောင်ဆိုပြီးတော့ ကျနော်တို့ လေးနေရာ ခွဲလုပ်တယ်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရန်ကုန်မှာ လုပ်တယ်၊ နောက် ရခိုင်၊ မန္တလေးမှာ လုပ်တယ်။ စစ်ကိုင်း၊ ကချင်၊ ရှမ်းပေါ့။ တိုင်းနဲ့ပြည်နယ် ၁၄ ခုစလုံး ပါဝင်အောင်လို့ ဆွေးနွေးပွဲတွေ လုပ်ပြီးပြီ။ သတင်းသမားတွေ တင်ပြတဲ့အချက်တွေလည်း ကျ နော်တို့ စုစည်းထားတယ်။ နောက်တခါ MJA တို့၊ MJN တို့၊ MJU တို့ရှိတယ်။ သူတို့ကိုလည်း တောင်းထားတယ်။ ခင်ဗျားတို့ရော ဘာတွေပြင်ချင်တာ လဲ။ အဲဒီအချက်တွေ အကုန်လုံး စုပြီးတော့မှ ကျနော်တို့ သတင်းမီဒီယာကောင်စီက စုစည်းမယ်။ တူတာ ရှိမယ်၊ သင့်တော် တာရှိမယ်၊ မသင့်တော်တာ ရှိမယ်။ အဲဒီ ပြင်ဆင်ချက်တွေ အကုန်လုံးကို စုစည်းပြီးတော့ ပြင်ဆင်ပြီးတော့ ပြန်ကြားရေးကို ပေးရမယ်။ ဘာဖြစ်လို့ ပြန်ကြား ရေးကို ပေးရလဲဆိုတော့ ကျနော်တို့က ပြန်ကြားရေးနဲ့ အဆက်အဆံရှိလို့တို့ ပံ့ပိုးလို့တို့ မဟုတ်ဘူး။ ပြန်ကြားရေးကသာ လျှင် လွှတ်တော်ကို တင်ခွင့်ရှိတယ်။ ဒီဥပဒေကို ပြန်ကြားရေးကပဲ တင်ခွင့်ရှိတယ်။ ဒီတော့ ကျနော်တို့က ပြင်ဆင်ချက်တွေကို စုစည်းပြီးတော့ ပြန်ကြားရေးကို ပို့မယ်။ ပြန်ကြားရေးက လွှတ်တော်ကို တင်မယ်။ အဲဒါလည်း လပိုင်းအတွင်း ပို့မယ်။ ကျနော်တို့ ဆွေးနွေးပွဲတွေက ပြီးသွား ပြီဆိုတော့ စုစည်းဖို့ပဲ ရှိတော့တာ။ The post အမုန်းတရား မပြန့်ပွားဖို့ မီဒီယာကို စောင့်ကြည့်မယ့် မီဒီယာကောင်စီ appeared first on ဧရာဝတီ.
Source : http://ift.tt/2glFVWK
via IFTTT
Source : http://ift.tt/2glFVWK
via IFTTT
မျိုးနွယ်စု အငြင်းပွားမှုများ ရှိနေသော်လည်း DNA ထားရှိရန် မလုပ်နိုင်သေး နိုင်ငံသားဖြစ်မှုနှင့် မျိုးနွယ်စု အငြင်းပွားမှုများ ရှိနေသော်လည်း တိုင်းရင်းသားမျိုးနွယ်စု တခုချင်းအလိုက် စံပြုနိုင်သည့် မျိုးရိုးဗီဇ(DNA) မှတ်တမ်းထားရှိရေး အစိုးရအား တိုက်တွန်းကြောင်း အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိရန် ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။ အဆိုအား မဲခွဲရာ၌ မဲပေးခွင့်ရှိသူ ၃၈၂ ဦးရှိသည့်အနက် ထောက်ခံမဲ ၁၅၀၊ ကန့်ကွက်မဲ ၂၂၂ မဲနှင့် ကြားနေမဲ ၆ မဲဖြင့် ရှုံးနိမ့်ကာ မှတ်တမ်းအဖြစ်သာ ထားရှိခဲ့ခြင်းဖြစ်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက “DNA မှတ်တမ်းထားရှိရေးက နိုင်ငံတော်နဲ့ တိုင်းရင်းသား လူမျိုးစုတွေအတွက် အရေးပါတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါကို အစိုးရကလည်း သိရှိပြီး ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်”ဟု ပြောသည်။ DNA မှတ်တမ်းထားရှိရေး အစိုးရအား တိုက်တွန်းကြောင်း အဆိုကို မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာမောင်သင်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး မှုခင်းဖြစ်စဉ်များ၊ ဆေးပညာ သုတေသနများဘက်တွင် အကျိုး ရှိမည့်အပြင် နိုင်ငံသား စိစစ်ရေးလုပ်ငန်းများကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးခဲ့သည်။ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်းက “မြန်မာတိုင်းရင်းသား လူမျိုးများရဲ့ မျိုးရိုးဗီဇ ဖွဲ့စည်းမှု ပုံစံ ထားရှိခြင်းဖြင့် ရွှေ့ပြောင်း နေထိုင်သူတို့ရဲ့ သမိုင်းကြောင်းဆိုင်ရာ စုံစမ်းထောက်လှမ်းခြင်း ကိစ္စရပ်များနှင့် မျိုးရိုးဗီဇ ဆိုင်ရာ သမိုင်းကြောင်းရှာဖွေမှုနှင့် ဆက်စပ်သောကဏ္ဍတွေမှာ များစွာအထောက်အကူပြုမှာဖြစ်ပါတယ်” ဟု ပြောသည်။ လတ်တလော အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ မွတ်စလင်များနှင့် ပတ်သက်၍ အစိုးရက ဘင်္ဂါလီဟု ခေါ်ဝေါ် သုံးစွဲနေသော်လည်း ၎င်းတို့ကိုယ်တိုင်က ရိုဟင်ဂျာဟုသာ ပြောဆိုနေ သည့်အတွက် အငြင်းပွားမှုများရှိနေပြီး နိုင်ငံသားစိစစ်ရေးလုပ်ငန်းများမှာလည်း နှောင့်နှေးလျက် ရှိသည်။ တိုင်းရင်းသား မျိုးနွယ်စုအလိုက် DNA မှတ်တမ်း ကောက်ယူရာတွင် မြန်မာနိုင်ငံရှိ အဓိက မျိုးနွယ်စု ၈ စုမှ မျိုးနွယ်စု တခုချင်းကို ကိုယ်စားပြုနိုင်မည့် လူဦးရေ ၁၀၀ ခန့်မှ DNA ကို ရယူမည်ဖြစ်ပြီး တပ်မတော်မှ DNA သူတေသန ပညာရှင်များကလည်း ဝန်ကြီးဌာနများရှိ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း တပ်မတော်သား ကိုယ်စားလှယ်တဦးကပြောသည်။ မျိုးရိုးဗီဇဆိုင်ရာ DNA မှတ်တမ်းများကို တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင် စသည့်နိုင်ငံများတွင် လူမျိုးစု အချို့ကို ထားရှိလျက်ရှိပြီး မြန်မာနိုင်ငံတွင် DNA ဆိုင်ရာ ကြီးကြပ်ရေး ဘုတ်အဖွဲ့ကို ဖွဲ့စည်းထားကာ DNA မှတ်တမ်းထားရှိရေး ကို လုပ်ငန်းစဉ်တွင် ထည့်သွင်းထားသော်လည်း အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ချက်များစွာ ရှိနေ သေးကြောင်း သိရသည်။ “အိမ်နီးချင်း နိုင်ငံတွေက သူတို့ လူမျိုးစုတွေကို သေချာမှတ်တမ်းတင်တာ လုပ်နေပြီ။ ဒါက အလွန် အရေးကြီးတဲ့ ကိစ္စဖြစ်ပြီး လုပ်ကိုလုပ်သင့်တဲ့ကိစ္စပါ။ နိုင်ငံသားဖြစ်မှု လူမျိုးစုအရေးနဲ့ ပတ်သက်လို့ ပြဿနာတွေ အများကြီး ရှိလာနိုင်ပါတယ်” ဟု ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ အဖွဲ့ဝင် မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်က ဧရာဝတီသို့ ပြောထားသည်။ မျိုးနွယ်စု DNA မှတ်တမ်းထားရှိရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျွမ်းကျင်ပညာရှင်များ၊ အဆင့်အတန်းမီ ဓာတ်ခွဲခန်းတို့အပြင် အငြင်းပွားမှုများ ဖြစ်ပေါ်လာပါကလည်း ဖြေရှင်းနိုင်မည့် ဥပဒေရှိရန်လိုအပ်ပြီး ဖြစ်နိုင်ချေ အားလုံးကို ပြင်ဆင်ပြီးမှသာ ပြုလုပ်သင့်ကြောင်း ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်ခင်က ဆွေးနွေးသည်။ DNA မှတ်တမ်း ထားရှိရေး ဆောင်ရွက်ရာတွင် ဥပဒေရေးရာ၊ လူ့အခွင့်အရေး၊ သုတေသနနှင့် ကျင့်ဝတ်များကို နိုင်ငံ၏ တည်ဆဲဥပဒေများ၊ တရားစီရင်ရေး ဥပဒေများ၊ နိုင်ငံခြားရေး မူဝါဒများနှင့် လူ့အခွင့်အရေး ကာကွယ်ခြင်း ဆိုင်ရာ မူဝါဒများအပေါ် အခြေခံကာ ဆန်းစစ် လုပ်ဆောင်ရမည်ဖြစ်ပြီး ကုန်ကျစရိတ်နှင့် လုပ်ငန်းစဉ်များကိုပါ ထည့်သွင်း စဉ်းစားရမည် ဖြစ်သည့်အတွက် ကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေးမှုပြုလုပ်ပြီးမှသာ လုပ်ဆောင်သင့်ကြောင်း ဒေါက်တာမြင့်ထွေးက ပြောသည်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေတွင် တိုင်းရင်းသားဖြစ်ပါက မွေးရာပါ နိုင်ငံသားဖြစ်ကြောင်း ပြဋ္ဌာန်းထားပြီး DNA မှတ်တမ်းထားရှိရေး လုပ်ဆောင်ရာတွင် Human Genome Project ၏ စည်းကမ်းသတ်မှတ်ချက် အရ မျိုးရိုးဗီဇ အခြေအနေကို အသုံးပြု၍ ခွဲခြားဆက်ဆံခြင်း မပြုလုပ်ရဟု သတ်မှတ်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အကြမ်းဖျင်းအားဖြင့် တိုင်းရင်းသား ၁၃၅ မျိုးရှိပြီး နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးရာတွင် DNA ကို ထည့်သွင်းအသုံးပြုခြင်းမရှိဘဲ နိုင်ငံသားကတ်ထုတ်ပေးရာတွင် DNA ထည့်သွင်းစစ်ဆေးခြင်း ကို UAE နိုင်ငံ တနိုင်ငံတည်းသား ကျင့်သုံးလျက်ရှိကြောင်း သိရသည်။ The post မျိုးနွယ်စု အငြင်းပွားမှုများ ရှိနေသော်လည်း DNA ထားရှိရန် မလုပ်နိုင်သေး appeared first on ဧရာဝတီ.
Source : http://ift.tt/2gmgPHe
via IFTTT
Source : http://ift.tt/2gmgPHe
via IFTTT
burma.irrawaddy.com
ရန်ကုန်တရုတ်တွေအကြောင်း စာအုပ်ဝေဖန်ချက် ပြောင်းရွှေ့အခြေချလာသော လူမျိုးစုအသိုင်းအဝိုင်းတခုက ဖွင့်ဆိုသောနေရာသစ်တခုဆိုသည့် အဓိပ္ပါယ်ကို ဒေသခံပြည်သူများနှင့် နေ့စဉ်ဆက်ဆံရေး၊ ကြုံတွေ့ရသည့် အခက်အခဲများကို လျင်မြန်ပါးနပ်စွာ ဖြေရှင်းရင်း တိုးတက်မှုရလာသည့် အခြေအနေ၊ အိမ်နှင့်ဝေးသည့်နေရာမှ အိမ်တခုကို လက်ခံနိုင်ရေးအတွက် ပြင်းပြသောစိတ်ဆန္ဒတို့က ပုံဖော်ပေးလေ့ရှိပါသည်။ ရန်ကုန်မှ တရုတ်လူမျိုးများနှင့် မြန်မာနိုင်ငံသားအဖြစ်ရော တရုတ်လူမျိုးအဖြစ်ပါ တချိန်တည်းတွင် ဖြစ်နေရန် သူတို့၏ အားထုတ်မှုများကို ထင်ဟပ်ဖော်ပြနိုင်ရန် Jayde Lin Roberts က ကြိုးစားခဲ့သည်။ သူ၏ လေ့လာချက်ကို University of Washington Press က ပုံနှိပ်ဖြန့်ချိသော Mapping Chinese Rangoon စာအုပ်တွင် ဖတ်ရှုရသည်။ အလွန်လိုအပ်သော အပြန်အလှန်မှီခိုမှုကို လက်တွေ့ကျကျ အသိအမှတ်ပြုခြင်းက မြန်မာနိုင်ငံတွင် သူတို့ လိုက်လျောညီထွေရှိရန်နှင့် ရှင်သန်ရပ်တည်နိုင်ရန် များစွာ အထောက်အကူ ဖြစ်လာခဲ့ပါသည်။ ရန်ကုန်တွင် သူတို့အတွက် နေရာတခု ပြုလုပ်ရာတွင် သူတို့၏ ယဉ်ကျေးမှုအမွေအနှစ် ပြန်လည်ဖော်ထုတ်ရေးကို ဘဝနေထိုင်မှု နည်းလမ်းတခုအနေဖြင့် ကြိုးစားခဲ့ကြသည်။ မြန်မာနိုင်ငံတွင် သူတို့၏ အနာဂတ်ကို ပြောင်းလဲရာတွင် အခက်အခဲများ ရင်ဆိုင်ခဲ့ရသော်လည်း စီးပွားရေး တည်ငြိမ်အောင် ပြုလုပ်နိုင်စွမ်းနှင့် ယဉ်ကျေးမှုတို့က ခက်ခဲသော အချိန်များကို ကျော်လွှားနိုင်ရန် ကူညီခဲ့ကြသည်။ လူမျိုးနှင့် ယဉ်ကျေးမှု သရုပ်ခွဲသည့် ပညာရပ်မှတဆင့် Jayde Lin Roberts က မြန်မာနိုင်ငံသား တရုတ်လူမျိုးများကို လေ့လာရာတွင် ရန်ကုန်မှ Hokkien တရုတ်မျိုးနွယ်များကို အဓိကထား၍ သူတို့၏ ဘဝနေထိုင်မှု ရှုထောင့်အမျိုးမျိုးကို လေ့လာဆန်းစစ်ခြင်း၊ ဘုံကျောင်းများ၊ စာသင်ကျောင်းများ၊ ကူးသန်းရောင်းဝယ်ရေး၊ လူမှုဆက်ဆံရေးနှင့် ပွဲတော်များမှ တ ဆင့် သူတို့၏ဆွေမျိုးကွန်ရက်များကို လေ့လာခြင်းများ ပြုလုပ်ခဲ့သည်။ ထိုသို့ ပြုလုပ်ရာတွင် သူက မြန်မာနိုင်ငံမှ တရုတ်လူမျိုးတို့၏သမိုင်းတွင် တွေ့ခဲ့သော အစိုးရများက ဖန်တီးခဲ့သည့် မလုံခြုံမှုများကိုလည်း တပြိုင်တည်း ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံရောက် တရုတ်လူမျိုးများကို စိတ်ဝင်စားခြင်းမရှိသလို မြန်မာနိုင်ငံက ၎င်းတို့ကို အလေးအနက်ထားခြင်း မရှိခဲ့ပါ။ Jayde Lin Roberts က ရန်ကုန်မြို့မှ ပြောင်းလွယ်ပြင်လွယ်မရှိသည့် မြို့ကွက်ပုံစံနှင့် ကိုလိုနီခေတ်မြို့တော်၏ ဥပဒေရေးရာ ဖွဲ့စည်းပုံနှင့် စတင်ခဲ့သည်။ ဗြိတိသျှတို့က တည်ဆောက်ခဲ့သော ရန်ကုန်မြို့က မြို့ခံများအတွက် အကျွမ်းတဝင် မဖြစ်ခဲ့ပါ။ တရုတ်နိုင်ငံမှ ရွှေ့ပြောင်းလာသူများကမူ ထိုမြို့ပြပုံစံဘောင်အတွင်းတွင် သူတို့ အံဝင်ခွင်ကျ ရှိစေရန် စီမံနိုင်ခဲ့ကြသည်။ တရုတ်ဆိပ်ကမ်း(China Wharf ) ကို တည်ထောင်နိုင်ခဲ့ခြင်းက သက်သေဖြစ်သည်။ ဆန်အရောင်းအဝယ်ကို အဓိကထားသည့် မိသားစုနှင့် မျိုးနွယ်စု အခြေပြု စီးပွားရေးလုပ်ငန်းများ တည်ထောင်ခြင်း၊ ဇိမ်ခံပစ္စည်းများတင်သွင်းခြင်းကို စိတ်ဝင်စားသည့် တရုတ်ကုန်သည်များ များပြားလာခြင်း၊ မျိုးနွယ် သို့မဟုတ် ဇာတိဒေသကို အ ခြေခံသည့် အသင်းအဖွဲ့များပေါ်ပေါက်လာခြင်း၊ လျှို့ဝှက်အဖွဲ့အစည်းများနှင့် ချမ်းသာကြွယ်ဝသော Hokkien တို့၏ စံအိမ်ကြီးများ ပေါ်ပေါက်လာခြင်းတို့ကို တွေ့ရသည်။ Hokkien များက ပီနန်ရှိ Baba-Nyonya (ယနေ့ခေတ်တွင် မလေးရှား နှင့် စင်ကာပူဖြစ်လာသည့်ဒေသ၊ ထိုစဉ်က (British Malaya) ယဉ်ကျေးမှုနှင့် Peranakan မလေးကျွန်းဆွယ်ဒေသတွင် မွေးဖွားသည့် တရုတ်လူမျိုးများ) အလေ့အထများမှာ ဆက်သွယ်မှုရှိသည်။ ယနေ့အချိန်တွင် ရန်ကုန်မြို့ ၁၉ လမ်းနှင့် မဟာဗန္ဓုလလမ်းမှ ညဈေးက တရုတ်တန်းနှင့် ခွဲခြားမရသည့် အစိတ်အပိုင်းတခု ဖြစ်သည်။ သူတို့က အရည်အသွေး၊ စရိုက်လက္ခဏာ တိုးတက်မှု ရရှိရေး၊ အခြားသော ယဉ်ကျေးမှုများနှင့် ဆက်ဆံနိုင်ရေးတို့ကို စိတ်ဝင်စားသူများ၊ ဖက်တွယ်ထားသူများ ဖြစ်သည်။ Hokkien တရုတ်အသိုင်းအဝိုင်းက လုံခြုံမှုပေးနိုင်ရန် မြန်မာနိုင်ငံတွင် သူတို့၏ ဖြစ်တည်မှုနှင့် သက်ဆိုင်သည်ကို ဝတ်ပြုဆုတောင်းရာ နေရာတခု ဖြစ်သည့် Hokkien Kuanyin ကွမ်ယင် ဘုံကျောင်းမှတဆင့် ပေးနိုင်အောင် ကြိုးစားခဲ့သည်။ ဘုံကျောင်းသည် မျိုးဆက်များကြား အပြန်အလှန်ဆက်သွယ်မှုကို အားပေးသည့်နေရာ ဖြစ်သည်။ အစဉ်အလာထုံးစံများကို ထိန်းသိမ်းထားသည့်နေရာ ဖြစ်သည်။ ဒေသဆိုင်ရာ နတ်များကို ရိုသေလေးစားမှုမှတဆင့် ဘိုးဘွားတို့၏ကျေးရွာကို မှတ်ဉာဏ်များအတွင်းတွင် ပြန်လည်တည်ဆောက်ကြသည်။ ဘုံကျောင်းက သက်ကြီးရွယ်အိုများနှင့် ဆင်းရဲနွမ်းပါးသူများကို အသိုင်းအဝိုင်းက ထောက်ပံ့သည့်နေရာ ဖြစ်သည်။ ဘုံကျောင်းက လူကြီးလူငယ်များကြားတွင် အတိတ်နှင့်ပစ္စုပ္ပန်ကို အပြန်အလှန် ဝေမျှကြသည့်နေရာ၊ သူတို့ကို ခိုင်မာသော လူမှုကွန်ရက်တခုအဖြစ် ချိတ်ဆက်ပေးသည့် နေရာတခု ဖြစ်လာသည်။ ဘုံကျောင်းများကဲ့သို့ပင် တရုတ်စာသင်ကျောင်းများက Hokkien၊ Cantonese သို့မဟုတ် Yunnanese တို့ကို ကွဲပြား အောင် ပြုလုပ်ပေးသည့် အမှတ်တံဆိပ်လို ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံမှ တရုတ်လူမျိုးများက နိုင်ငံရေးနှင့် ကင်းရှင်းအောင် ကြိုးစားခဲ့ကြသည်။ အမြဲတမ်းပြောင်းလဲနေသည့် ပတ်ဝန်းကျင်တခုတွင် ဘုံကျောင်းများမှာ စိန်ခေါ်မှုများစွာ ကြုံတွေ့ခဲ့ရသည်။ ဥပမာအားဖြင့် ဗမာဇာတ်သွင်းရန် အားထုတ်မှုများကြားတွင် တရုတ်ယဉ်ကျေးမှု ထိန်းသိမ်းရန် လိုအပ်ချက်ကို ဟန်ချက်ညီမျှအောင် ပြုလုပ်ရခြင်း၊ ဆိုရှယ်လစ်ခေတ်တွင် ဖိနှိပ်မှုကြောင့် ကျောင်းများကို ယာယီပိတ်ရခြင်း၊ တရုတ်ပြည်မကြီးနှင့် မြန်မာနိုင်ငံတို့ကြားမှ သဘောတရားရေးရာ ကွဲပြားမှုကြောင့် နောက်ဆုံးတွင် ၁၉၆၀ နှစ်များအတွင်းက တရုတ်-မြန်မာအရေး အခင်း ဖြစ်ပွားခဲ့ရခြင်းတို့ကဲ့သို့ အခက်အခဲများ ဖြစ်သည်။ စာရေးသူ Jayde Lin Roberts ၏လေ့လာမှုအရ ၁၉၆၇ မှ ၁၉၈၈ အထိကာလအတွင်းတွင် တရုတ်အသိုင်းအဝိုင်း ငြိမ်သက်နေခဲ့ပြီး အခက်အခဲများနှင့် ရင်ဆိုင်နေရသည့်အချိန်များ ဖြစ်သည်။ ထိုရလဒ်ကြောင့် ပထမဆုံးအနေဖြင့် တရုတ်အသိုင်းအဝိုင်းက လက်တွေ့ကျလာခြင်းကို ငွေကြေးအား လုံခြုံရေး ပိုက်ကွန်အဖြစ် ပြုလုပ်ရန် ဆန္ဒရှိလာခြင်းက ဖော်ပြနေသည်။ ဒုတိယအနေဖြင့် သူတို့ကို နည်းဗျူဟာ ကျွမ်းကျင်လာစေခဲ့သည်။ တရုတ်မျိုးချစ်ဝါဒကို မြှင့်တင်ခြင်းမပြုဘဲ တရုတ်စာတတ်မြောက်ရေးကို မြှင့်တင်လာခြင်းက သက်သေပြနေသည်။ ထို့ကြောင့် တရုတ်လူမျိုးတဦးဖြစ်ခြင်းမှ မြန်မာနိုင်ငံသား တရုတ်လူမျိုးတဦး အနေအထားသို့ ပြောင်းလဲခြင်းကဲ့သို့သော လက်တွေ့ကျသည့် လမ်းကြောင်းတခုကို တည်ထောင်ခဲ့သည်။ မြန်မာနိုင်ငံသား တရုတ်ကုန်သည်များ သတိထား၍ ရင်ဆိုင်ခဲ့ရသည့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ Jayde Lin Roberts ရှင်းပြခဲ့သလို ကူးသန်းရောင်းဝယ်ရေးနယ်ပယ်တွင်လည်း သက်သေခံနေသည်။ သူက ကိုလိုနီခေတ်အတွင်းက တရုတ်အသိုင်းအဝိုင်း၏ အနေအထားကို အိန္ဒိယနွယ်ဖွားအသိုင်းအဝိုင်းနှင့် နှိုင်းယှဉ်၍ ခြေရာခံခဲ့သည်။ ကွန်ဖြူးရှပ်၏သဘောတ ရားများက စီးပွားရေးအမြင်နှင့် ပေါင်းစပ်နေသည်။ နိုင်ငံခြားရောက် တရုတ်လူမျိုးများ၏ ကွန်ရက်တွင် သူတို့၏ စီးပွားရေး ကဏ္ဍက အဓိကမကျပါ။ ပြည်တွင်းဈေးကွက်အပေါ် သူတို့၏ အားထားမှုက ဒေသခံများနှင့် ရင်းနှီးမှုကို အခြေခံသည့် စီးပွားရေးနှင့် ကိုက်ညီနေသည်။ ထိုအချက်က မိသားစုဆက်နွယ်မှုအပေါ် သူတို့၏ ယုံကြည်မှုကို ပြန်လည်ရရှိစေခဲ့သည်။ အိန္ဒိယနွယ်ဖွားများနှင့်ယှဉ်လျှင် သူတို့က ချမ်းသာကြွယ်ဝမှုနည်းသည့်အတွက် ဒေသခံများ၏ ရန်လိုတုံ့ပြန်မှု နည်းပါးခဲ့သည်။ ဒေသခံ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းနှင့် အလွယ်တကူ ရောနှောနိုင်ခြင်းက သူတို့၏ကြောင်းကျိုးဆီလျော်သော ချဉ်းကပ်မှုကို ဖော်ပြနေသည်။ Jayde Lin Roberts ၏ စာအုပ်က မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိလာသည့် အပြောင်းအလဲကာလများ ဖြစ်သော ၁၉၉၀ နှစ်များသို့ စာဖတ်သူများကို ခေါ်သွားပါသည်။ ပွင့်လင်းလာသော နယ်စပ်ကုန်သွယ်ရေးကို တရုတ်လူမျိုး အသိုင်းအဝိုင်းက သိမ်းယူနိုင်ခဲ့သည်။ ရန်ကုန်မြို့တွင် City Mart ဖွံ့ဖြိုးလာခြင်းက စီးပွားရေးလုပ်ငန်းသစ်များနှင့် လက်လီအရောင်းလုပ်ငန်းများ အောင်မြင်မှုတွင် ထုတ်ပြရမည့် အချက်တခုဖြစ်ပါသည်။ မြန်မာနိုင်ငံမှ တရုတ်လူမျိုးများက တရုတ်နှစ်သစ်ကူးပွဲများတွင်လည်းခြသေ့ၤ အက၊ နဂါးအကကဲ့သို့သော ရိုးရာဖျော်ဖြေမှု များဖြင့် ငွေကြေးရက်ရောစွာ အသုံးပြုကြသည်ကို တွေ့ရသည်။ အစဉ်အလာဟောင်းအတိုင်း ပြုလုပ်သည့် ရာသီခွင်အပြင်အဆင်များနှင့် ကြိုတင်ထုတ်ပိုးထားသည့် ရိုးရာသကြားလုံးများက အလှပြယာဉ်များအရုပ်များကဲ့သို့သော ခေတ်ပြိုင်အလေ့အထများနှင့် ရောယှက်နေသည်။ အလှပြယာဉ်များမှာ မြန်မာ့ ရိုးရာနှစ်သစ်ကူး ဖြစ်သော သင်္ကြန်၏ အစဉ်အလာအစိတ်အပိုင်းတရပ် ဖြစ်သည်။ ခြသေ့င်္အကတွင် ကိုယ်ခံပညာကို ထည့်သွင်းမိတ်ဆက်ခြင်းကဲ့သို့သော ပြကွက်များက တရုတ်နှစ်သစ်ကူးပွဲကို ဒေသခံတို့ အတွက်လည်း ဆွဲဆောင်မှု ရှိစေသည်။ မြန်မာနိုင်ငံမှ တရုတ်လူမျိုးများက နှစ်သစ်ကူးပွဲ၏ အနှစ်သာရကို ထိန်းသိမ်းရင်း ဒေသခံမြန်မာတို့နှင့် သက်ဆိုင်သည်များကိုလည်း လက်ခံကျင့်သုံးနေသည့် အသွင်ရှိသည်။ ဝိဉာဉ်များကို ပူဇော်သည့် အလေ့အထသည်ပင် ဒေသခံအလေ့အထများနှင့် လိုက်လျောညီထွေစွာ ပြောင်းလဲလာခဲ့သည်။ စရိုက်လက္ခဏာဆိုသည်မှာ အခြားသူများနှင့် အမြဲတမ်း ဆက်နွယ်နေပါသည်။ မြန်မာနိုင်ငံမှ တရုတ်လူမျိုးများက ကြိုတင်မမြင်နိုင်သည့် အခြေအနေများ၊ အကျွမ်းတဝင် မဟုတ်သည့် ပတ်ဝန်းကျင်နှင့် ကိုက်ညီအောင် သူတို့ကိုယ် သူတို့ မည်ကဲ့သို့ ပြန်လည်ပြုပြင်ခဲ့သည်ဆိုသည်ကို Jayde Lin Roberts ၏ စာအုပ်က ဖော်ပြနေသည်။ သူတို့က ပြောင်းလွယ်ပြင်လွယ် ကျင့်သုံးခဲ့သည်။ အခက်အခဲများကို ကြံ့ကြံ့ခံခဲ့သည်။ သူတို့၏ မူလအရင်းအမြစ်နှင့် ဆက်သွယ်ထားသော်လည်း နယ်မြေသစ်တခုတွင် သူတို့ကိုယ်သူတို့ ပုံစံသွင်းရန် အသင့်ရှိခဲ့သည်။ သူတို့က မြန်မာနိုင်ငံတွင် ပင်မရေစီးကြောင်းမှ ကင်းလွတ်နေသည်ဟု ခံစားခဲ့ရသည်။ သို့သော်လည်း သူတို့၏ စီးပွားရေးကျွမ်းကျင်မှုနှင့် စီးပွားရေးဗီဇက နှစ်များကြာလာသည်နှင့်အမျှ အသိအမှတ်ပြုခြင်းခံခဲ့ ရသည်။ သူတို့၏ အနာဂတ်က သူတို့ အခက်အခဲများ ရင်ဆိုင်ခဲ့ရသော တိုင်းပြည်နှင့် ဆက်စပ်နေသည်ကို သူတို့မြင်သည်။ သို့သော်လည်း သူတို့၏ ဘဝကို တည်ဆောက်ရန် သူတို့၏ သည်းခံကျော်ဖြတ်နိုင်မှုနှင့် အသိုင်းအဝိုင်း ကွန်ရက်များကို အသုံးပြုခဲ့သည်။ တရုတ်ရိုးရာ စံနှုန်းများနှင့် ခေတ်၏ အခွင့်အလမ်းများ ရောယှက်နေသကဲ့သို့ပင် သီးခြားဖြစ်ခြင်းနှင့် ချမ်းသာကြွယ်ဝခြင်းက အတူတည်ရှိနေသည်။ အသိုင်းအဝိုင်းတခု၏ အတိုင်းအတာ၊ နေရာနှင့် သမိုင်းတို့ကို ပြန်လည်ဖော်ထုတ်ပြရာတွင် Jayde Lin Roberts အောင်မြင်ခဲ့ပါသည်။ လူမှုစီးပွားရေးအခြေအနေ ရုတ်တရက် အပြောင်းအလဲများနှင့် မြန်မာနိုင်ငံမှ မလွယ်ကူသည့် နိုင်ငံရေးအရွေ့များကို နားလည်နိုင်ရေး အထောက်အကူ ဖြစ်ခဲ့ပါသည်။ (Dr. Reshmi Banerjee သည် Oxford တက္ကသိုလ် St Antony ကောလိပ် အာရှလေ့လာရေးစန်တာမှ ဧည့်ပညာရှင်တဦး ဖြစ်ပြီး ယခုဆောင်းပါးသည် Oxford တက္ကသိုလ်မှ မြန်မာ့ရေးရာဖိုရမ်တခု ဖြစ်သည့် Tea Circle တွင် ဖော်ပြခဲ့သော သူ၏ “Mapping Chinese Rangoon –Place and Nation Among the Sino-Burmese” ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။) The post ရန်ကုန်တရုတ်တွေအကြောင်း စာအုပ်ဝေဖန်ချက် appeared first on ဧရာဝတီ.
Source : http://ift.tt/2wZVvh6
via IFTTT
Source : http://ift.tt/2wZVvh6
via IFTTT
မြောက်ပိုင်းအဖွဲ့များနှင့် PC တွေ့ဆုံရန် စီစဉ်မှု ပျက်ပြယ် ငြိမ်းချမ်းရေးကော်မရှင် (PC) အဖွဲ့ဝင်များ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)ဌာနချုပ်ရှိရာ ပန်ဆန်းမြို့သို့ လာရောက်ပြီး မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်များကို တွေ့ဆုံမည့် စီစဉ်မှုမှာ ပျက်သွားပြီဟု သတင်းရရှိသည်။ PC အဖွဲ့ဝင်များက ယခုလပိုင်းအတွင်း ပန်ဆန်းမြို့သို့ လာရောက်ပြီး မြောက်ပိုင်း အခြေစိုက် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များနှင့် တွေ့ဆုံမည်ဆိုသည့် သတင်းအချက်အလက်ကို UWSA လားရှိုးဆက်ဆံရေး ရုံးတာဝန်ခံနှင့် PC အဖွဲ့ ဝင် အချို့က သြဂုတ်လ ၁၇ ရက်တွင် ဧရာဝတီအား ပြောဆိုထားခြင်း ဖြစ်သည်။ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ဒုဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တာဂျုတ်ဂျာက “ဦးသိန်းဇော်က လာမယ်လို့ ပြောတယ်။ ဒါပေမယ့် ၇ဖွဲ့နဲ့တော့ စုစုစည်းစည်း မတွေ့ဘူး။ ကျနော်တို့ ၄ဖွဲ့ KIO ၊ TNLA ၊ MNDAA နဲ့ AA ကို သီးသန့်တွေ့မယ်။ နောက် “ ဝ” ၊ မိုင်းလားနဲ့ SSPP သုံးဖွဲ့ကို သတ်သတ်တွေ့မယ်တဲ့။ အဲဒါနဲ့ ကျနော်တို့ လက်မခံဘူး။ လက်မခံတော့ တွေ့ဆုံမှုက ပျက်သွားတယ်” ဟု သြဂုတ်လ ၂၈ ရက်က ပြောသည်။ မြောက်ပိုင်းနှင့် တရုတ်-မြန်မာနယ်စပ်အခြေစိုက် UWSA ၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော်-မိုင်းလားအဖွဲ့ (NDAA) ၊ ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည် တပ်မတော်မြောက်ပိုင်း (SSPP/SSA) ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) ၊ TNLA နှင့် ရက္ခိုင့်တပ်မတော် (AA) တို့က အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးရန် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) ကို ဖွဲ့စည်း ထားပြီး တစုတစည်းတည်းသာ ဆွေးနွေးမည်ဟု သဘောထား ချမှတ်ထားသည်။ FPNCC အဖွဲ့ဝင်များသည် တရုတ်ကိုယ်စားလှယ်၏ အကူအညီဖြင့် မေလအတွင်း နေပြည်တော်၌ ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေး ဖွင့်ပွဲကို တက်ရောက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် အလွတ်သဘော တွေ့ဆုံထားသည်။ ထိုတွေ့ဆုံအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်ကိုယ်စားလှယ်မှ တဆင့် FPNCC ကို ဆွေးနွေးရန် ကော်မတီ သစ်တရပ် ဖွဲ့စည်းပေးမည်ဟု ပြောဆိုထားကြောင်းလည်း ဗိုလ်မှူးချုပ် တာဂျုတ်ဂျာက ပြောသည်။ သို့သော် အစိုးရဘက်က FPNCC ကို အသိအမှတ်ပြု ဆွေးနွေးမည် ဟုတ်/မဟုတ်ကို တရားဝင် ထုတ်ဖော် ပြောဆိုခြင်း မရှိဘဲ UWSA နှင့် NDAA တို့ကို သီးသန့် ဆွေးနွေးရန် အစီအစဉ်များ ရှိကြောင်းသာ ပြောဆိုထားသည်။ ဗိုလ်မှူးချုပ် တာဂျုတ်ဂျာက “သူတို့ အသိအမှတ်ပြုတယ်၊ မပြုဘူးဆိုတာက သုံးသပ်ဖို့တော့ စောတယ်။ ငြိမ်းချမ်းရေး တကယ် လိုလားရင်တော့ ကျနာ်တို့ ၇ဖွဲ့စလုံးကို သူတို့ တွေ့သင့်တယ်။ တွေ့လိုက်ရင်တော့ တခုခုတော့ အဖြေထွက် လာမှာပါ” ဟု ဆိုသည်။ ကော်မရှင်၏ အကြံပေး ဦးအောင်ကြည်က ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းမှာ ကျန်းမာရေးကြောင့် ဆေးရုံ တက်နေရပြီး ကျန်အဖွဲ့ဝင်များမှာလည်း နေပြည်တော်သို့ ရောက်ရှိနေသဖြင့် မြောက်ပိုင်းအဖွဲ့ ကိစ္စရပ်များကို တိုင်ပင် ထားခြင်း မရှိသေးကြောင်း၊ ထို့ကြောင့် သဘောထား ထုတ်ပြန်ပြောဆိုနိုင်ခြင်းလည်း မရှိသေးပါကြောင်း ဆိုသည်။ ဦးအောင်ကြည်က “ဆွေးနွေးမယ်ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး တစုံတရာမူဝါဒ ခံယူဖို့ လိုပါသေးတယ်။ မူဝါဒ မခံယူ ဘဲ ကျနော်တို့ သဘောအတိုင်း ပြောလိုက်မယ်ဆိုရင် လွဲချော်သွားတာလေးတွေ ရှိနိုင်ပါတယ်။ တွေ့ဖို့ ကျနော်တု့ိ ဘက်က ကြိုးစားနေတာတော့ မှန်ပါတယ်။ ဒါပေမယ့် အခုက နည်းလမ်းရှာတဲ့ အဆင့်မှာပါ” ဟု ပြောသည်။ ဦးအောင်ကြည်က ၎င်းအနေဖြင့် ကော်မရှင်ကို အကြံပေးရခြင်း ဖြစ်သဖြင့် မြောက်ပိုင်းကိစ္စ၏ ဖြစ်စဉ်အသေးစိတ်ကို မပြောဆိုနိုင်ဘဲ ကော်မရှင် အဖွဲ့ဝင်များကိုသာ မေးမြန်းပါဟု ဆိုသည်။ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်များကို ဧရာဝတီက မေးမြန်းရန် ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဖြေဆိုခြင်း မရှိပါ။ ဆက်လက်ပြီး ဦးအောင်ကြည်က “ကျနော်တို့က မတူကွဲပြားတဲ့ အမြင်ကလေးတွေ ဖြစ်နေနိုင်ပါတယ်။ အဖွဲ့အစည်း အားလုံး ဖြတ်သန်းလာရတဲ့ လမ်းကြောင်းတွေ ခံစားချက်တွေအပေါ် မူတည်ပြီး အများကြီးရှိမှာပါ။ မတူကွဲပြားမှုကို စေ့စပ်ညှိနှိုင်းပြီး လက်တွေ့မှာ အကုန်လုံး အဆင်ပြေသွားပြီဆိုတဲ့ အနေအထားက ချက်ချင်းကြီးဖြစ်ဖို့ ခဲယဉ်း နေပါ သေးတယ်” ဟုလည်း လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သုံးသပ်ပြောဆိုသည်။ FPNCC က အစိုးရ လက်ရှိ ဆောင်ရွက်နေသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို ပြင်ဆင်ထားသည့် အပစ်ရပ်စာချုပ်တခုကို ပြည်ထောင်စု အစိုးရနှင့် ချုပ်ဆိုလိုသည့်အပြင် နိုင်ငံရေး ဆွေးနွေးမှုများ ကိုလည်း ၂၁ရာစု ပင်လုံညီလာခံတွင် ဆွေးနွေးလိုခြင်း မရှိဘဲ ပြည်ထောင်စု အစိုးရနှင့် တိုက်ရိုက်ဆွေးနွေးကာ ရလဒ်များကို ပြည်ထောင်စုလွှတ်တော်တွင် တိုက်ရိုက် တင်ပြ အတည်ပြုလိုသည်ဟု သဘောထားချမှတ်ထားသည်။ The post မြောက်ပိုင်းအဖွဲ့များနှင့် PC တွေ့ဆုံရန် စီစဉ်မှု ပျက်ပြယ် appeared first on ဧရာဝတီ.
Source : http://ift.tt/2vAnn7P
via IFTTT
Source : http://ift.tt/2vAnn7P
via IFTTT
Subscribe to:
Posts (Atom)