Monday, August 28, 2017

7Day News Journal

မောင်တောဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဥ် များကြောင့် အရပ်သားခြောက်ဦး ထပ်မံသေဆုံးပြီး စစ်သည်တစ်ဦး နှင့် အရပ်သား ၂ဝ ဦးခန့် ပျောက် ဆုံးနေကြောင်း နိုင်ငံတော်အတိုင် ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ၏ သြဂုတ် ၂၇ ရက် ထုတ်ပြန်ချက်များအရသိရသည်။ ဟိန္ဒူဘာသာဝင် မိသားစု ၁၂ ဦးသည် သြဂုတ် ၂၆ ရက် ည ၁၁ နာရီတွင် မြင်းလွတ်မြို့မှ မောင်တောမြို့သို့ ပြန်လာစဥ် မြို့ သူကြီးကျေးရွာအနီး ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေသဖြင့် ဆောက်လုပ်ဆဲ ခရိုင်တရားရုံးပေါ် ပုန်းရှောင်စဥ် ကြိုတင်ရောက်ရှိနေသည့် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက ရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ်ခဲ့၍ အမျိုးသား နှစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ကလေးသုံးဦးတို့နေရာတွင် သေဆုံးခဲ့သည်ဟုသတင်းထုတ်ပြန်သည်။ အမျိုးသမီးနှစ်ဦးသည် ပစ်ခတ်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိ ပြီး ကလေးငယ်လေးဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အသတ်ခံရသူများသည် ဥဒေါင်းကျေးရွာနှင့် မြင်းလွတ်မြို့ တွင် ဆံပင်ညှပ်သည့် အလုပ်ဖြင့် အသက်မွေးနေသူများဖြစ်ပြီး ပြဿနာများ ဖြစ်ပွားမှုကြောင့် မောင်တောမြို့သို့ ပြန်လာစဥ် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သေဆုံးသူ မိသားစုဝင်တစ်ဦးဖြစ်သူ ဦးရှုတော်က ဆိုသည်။ ‘‘သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာပါ။ အခု မောင်တောဆေးရုံကို လုံခြုံရေး အကူအညီနဲ့ သယ်ယူရောက်ရှိနေ ပါပြီ’’ဟု ဦးရှုတော်က ပြောကြား သည်။ သြဂုတ် ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲတွင်လည်း မောင်တောမြို့ နယ် နယ်မြေ (၂)၊ ရန်ကာစေတီ ကျေးရွာမှ ဒိုင်းနက် တိုင်းရင်းသား ၂ဝ ဦးခန့်သည် အောင်ဇံ တိုင်းရင်းသားကျေးရွာသို့ သွားရောက်ပူးပေါင်းနေထိုင်ရန် ထွက်ခွာလာရာ ဆာလေကျေးရွာအုပ်စု ကြောင်ဒိုးကျေးရွာအဝင် တံတားအနီးတွင် ကြောင်ဒိုးကျေးရွာမှ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား အင်အား ၁ဝဝ ဦးခန့်က တုတ်၊ ဓားကိုယ်စီဖြင့် ဝင်ရောက်ထိုးခုတ်ရိုက်နှက်ခဲ့သည်ဟု နိုင်ငံ တော်အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်သည်။ ထိုသို့ ထိုးခုတ်ရိုက်နှက်ချိန် တွင် ဦးမောင်ဘစိန် (၂၈)နှစ် တစ်ဦးသာ လွတ်မြောက်ပြီး ကျန်ကျေးရွာသားများသည် ကျန်ရှိခဲ့ပြီး သေသည်၊ ရှင်သည် မသိ ကြောင်း ထွက်ပြေးလွတ်မြောက် လာသည့် ဦးမောင်ဘစိန်က အောင်သပြေနယ်မြေရုံးသို့ လာရောက်သတင်းပို့ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းဖြစ်စဥ်နှင့်ပတ်သက်၍ အမှတ် (၁) နယ်ခြားစောင့် ရဲ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်း လွင်က ‘‘ဒီနေ့ ငါတို့သွားရှင်းတာ ကတော့ အမျိုးသမီးတစ်ယောက် ဒဏ်ရာနဲ့တွေ့တယ်။ သူ့ကိုတော့ အခြေအနေ မေးနေတုန်းပဲ။ အဲဒီ ရွာကိုတော့ သွားရှင်းပြီးပြီ။ အဲဒီ ရွာမှာ မတွေ့ဘူး’’ဟု ပြောကြား သည်။ ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်သည် ဟု ၎င်းက ဆိုသည်။ သြဂုတ် ၂၅ ရက်မှ ၂၇ ရက် အတွင်း မောင်တောဒေသ နေရာ အများအပြားတွင် လုံခြုံရေးတပ် ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမား များအကြား အပြန်အလှန်ပစ် ခတ်မှုများဖြစ်ပွားခဲ့ကြောင်း နိုင်ငံ တော်အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်သည်။ သြဂုတ် ၂၆ ရက် ဖြစ်စဥ်များတွင် စစ်သည်တစ်ဦး ပျောက်ဆုံးလျက်ရှိပြီး လက်နက်ငယ် တစ်လက်နှင့် ခဲယမ်းဆက်စပ်ပစ္စည်းများ ဆုံးရှုံးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ မောင်တောမြို့ပေါ်တွင်မူ သြဂုတ် ၂၆ ရက်က ညပိုင်းကစတင်ကာ ပစ်ခတ်သံများမကြားရဘဲ တည်ငြိမ်နေခဲ့သော်လည်း သြဂုတ် ၂၇ ရက် နေ့လယ်ကစ၍ မြို့နှင့်အနီးတစ်ဝိုက်တွင် မိုင်းပေါက်ကွဲသံများ၊ ပစ်ခတ်သံများ ကြားနေရပြီး နေရာအချို့၌ မီးလောင်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ မီးလောင်မှုများ သည် မောင်တောမြို့ပေါ် ရပ် ကွက်များဖြစ်သည့် မြို့သစ်ရှိ ဟိန္ဒူလူမျိုးများနေထိုင်သည့် အစု ဖြစ်ပြီး ပြည်သူ့ဆေးရုံနှင့် နီးကပ် စွာတည်ရှိနေသည်။ အနီးဝန်းကျင်တွင် တိုင်းရင်းသားနေအိမ် အများစုရှိပြီး ဘင်္ဂါလီနေအိမ် အချို့တည်ရှိသည်။ မြို့ပေါ်ရပ် ကွက်ဖြစ်သည့် ရပ်ကွက် (၅) တွင် လည်း ညနေ ၆ နာရီကျော်ထိ မီး လောင်နေဆဲဖြစ်ပြီး မြို့နယ်မီး သတ်တပ်ဖွဲ့က ငြှိမ်းသတ်ပေးခဲ့ သည်။ ‘‘မီးလောင်ကျွမ်းမှုတွေက အန္တရာယ်များတယ်။ မီးမြင်ရင် ဒေသခံတွေ ပိုထွက်ပြေးမယ်။ အဲဒီအစီအစဥ်တွေကြောင့် အ ကြမ်းဖက်ဘင်္ဂါလီတွေ နည်းမျိုးစုံ နဲ့ လုပ်နေတာဖြစ်တယ်။ သူတို့မှာ မီးရှို့တတ်တဲ့အကျင့်ရှိတယ်’’ဟု မြို့ခံ ကိုနေအောင်လွင်က ပြော သည်။ မောင်တောမြို့တွင်ရှိသည့် ယူအင်န်၊ အိုင်အင်န်ဂျီအိုအဖွဲ့အ စည်းများမှ နိုင်ငံခြားသားများနှင့် ရပ်ဝေးမှ ဝန်ထမ်းများသည် ဌာန ဆိုင်ရာများ၏ စီစဥ်ပေးမှုကြောင့် မောင်တောမြို့မှ စစ်တွေမြို့သို့ ထွက်ခွာသွားကြပြီဖြစ်သည်။ မီးလောင်မှု၊ တည်ငြိမ်မှုမရှိ ခြင်းကြောင့် မောင်တောမြို့ခံများ ၏ စိုးရိမ်မှုသည် ဆက်လက်မြင့် တက်နေဆဲဖြစ်ပြီး ကျေးလက်ဒေ သများတွင် စုရပ်အဖြစ်ထားရှိ သည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံများသည် စားသောက် ရေးအတွက် အခက်အခဲကြုံနေရ သည်။ မောင်တော မြို့မစျေးကြီး နှင့် အပြင်စျေးဆိုင်တန်းများအား လုံး ပိတ်ထားသကဲ့သို့ လက်လုပ် မိုင်းအန္တရာယ် စိုးရိမ်မှုကြောင့် မောင်တော-ဘူးသီးတောင် ကားလမ်းပိုင်းနှင့် ကျေးလက်ဒေသများသို့သွားသည့် ကားလမ်းများကို ဆက်လက် ပိတ်ထားဆဲဖြစ် သည်။ အစွန်းရောက် ဘင်္ဂါလီအ ကြမ်းဖက်သမားများသည် အ ကြမ်းဖက်လုပ်ရပ်များ တိုးမြှင့် လုပ်ဆောင်နေပြီး မောင်တော ဒေသအတွင်းရှိ ကျေးရွာများ၊ ကင်းစခန်းများနှင့် အဆောက်အ အုံများကို မီးရှို့ခြင်း၊ မိုင်းထောင် ခြင်း၊ အကြမ်းဖက်သတ်ဖြတ်ခြင်း များ ပြုလုပ်ခဲ့ခြင်းကြောင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက နယ်မြေစိုး မိုးရေးလုပ်ငန်းများ ဆောင်ရွက် နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။ အကြမ်းဖက်သမားများ သည် လက်လုပ်မိုင်းများတွင် ကျယ်စွာအသုံးပြုပြီး အကြမ်းဖက် လုပ်ရပ်များဆောင်ရွက်လျက်ရှိ ရာ တုတ်၊ ဓား၊ သေနတ် လက်နက်များ ကိုင်ဆောင်ထားသော လူအုပ်စုဖြင့် ဒေသခံတိုင်းရင်းသားအနည်းစုနေထိုင်ရာ နေရာများကို ဝိုင်းပတ် ပိတ်ဆို့နေရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လှုပ်ရှားရှင်းလင်းခြင်းများ လုပ်ဆောင်နေသည်ဟုလည်း ထုတ်ပြန်ခဲ့သည်။ သြဂုတ် ၂၅ ရက်မှ ၂၇ ရက် အထိ မောင်တောအကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဥ်များကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး၊ ဝန် ထမ်းတစ်ဦး၊ အရပ်သား ၁၁ ဦး သေဆုံးခဲ့ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုး ရေးအတွက် အကြမ်းဖက်သမား များအား နှိမ်နင်းရာ အကြမ်းဖက် သမား ၈ဝ ဦး အသေဖမ်းမိပြီး နှစ်ဦး အရှင်ဖမ်းမိထားကြောင်း ထုတ် ပြန်ချက်များအရသိရသည်။
Source : http://ift.tt/2ggYgUI
via IFTTT

No comments:

Post a Comment