မလေးရှား- အင်ဒိုနီးရှား ဘောလုံးပွဲ နှစ်ဘက်ပရိတ်သတ်ကို မလေးရှားရဲသတိပေး ယနေ့ကစားမယ့် မလေးရှားနဲ့ အင်ဒိုနီးရှားအမျိုးသားဘောလုံး အသင်းတို့ရဲ့ထိပ်တိုက်တွေ့ဆုံတဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ နှစ်ဘက်အားပေးသူများအနေနဲ့ ကိုယ်ကိုကိုယ် ထိန်းကြဖို့ မလေးရှားရဲတပ်ဖွဲက ပြောလိုက်ပါတယ်။ ဆီလန်ဂေါ ရဲတပ်ဖွဲ့ အကြီးအကဲ ဓာတု မက်ဇ်လန် မန်စာက “ဒီနေ့ညပွဲကို ရဲတပ်ဖွဲ့ကတော့ အနီးကပ် စောင့်ကြည့်ပြီး ထိန်းသွားမယ်၊ အကြမ်းဖက်ရန်စမှုတွေ ကိုတော့ ကျနော်တို့ သည်းခံနေမှာ မဟုတ်ဘူး ဘောလုံးပွဲကို ပျော်ပျော်ရွင်ရွင်နဲ့ အားပေးဖို့ တိုက်တွန်းတယ်”လို့ ဆိုပါတယ်။ Shah Alam အားကစားကွင်းမှာ ယနေ့ကစားမယ့် မလေးရှား Vs အင်ဒိုနီးရှား ပွဲစဉ်ကို ပရိတ်သတ် ၈သောင်းခန့် လာကြည့်မယ့်လို့ မှန်းထားပြီး ရဲတပ်ဖွဲ့ကလည်း အင်အားပြည့် စောင့်ကြည့်သွားမယ်၊ ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ဝင်တွေရော၊ အရပ်ဝတ် ရဲတွေပါ ချထားမယ်လု့ိ ဆိုပါတယ်။ ပြီးခဲတဲ့ တနင်္လာနေ့ညပိုင်းက ကစားခဲ့တဲ့ မြန်မာ-မလေးရှား အမျိုးသား ဘောလုံး အုပ်စုပွဲစဉ်မှာ မြန်မာ ၂ယောက်ဟာ Shah Alam ကွင်းက ကားထားတဲ့ နေရာမှာတိုက်ခိုက်ခံခဲ့ရပါတယ်။ ၂၉ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ(ဆီးဂိမ်း)ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပနေတာဖြစ်ပြီး၊ ဖွင့်ပွဲနေ့မှာ ဝေငှမယ့် လက်ကမ်းစာရွက်မှာ အင်ဒိုနီးရှားနိုင်ငံအလံကို ပြောင်းပြန် ပုံနှိပ်မိတဲ့အတွက် အင်ဒိုနီးရှားသမ္မတကိုယ်တိုင် မလေးရှားကို ဝေဖန်ခဲ့သလို၊ မလေးဆန့်ကျင့်ရေး ဆန္ဒပြပွဲတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ အိမ်ရှင် မလေးရှားအတွက် ပြဿနာများစွာနဲ့ ဝေဖန်ခံခဲ့ရပြီး၊ ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ ဒိုင်ရဲ့ဘက်လိုက် မှုကြောင့် အင်ဒိုနီးရှားအမျိုးသမီးအသင်း ပြိုင်ပွဲမှ ထွက်သွားသလို၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း အားကစား သမားတွေ လိုက်ပါလာတဲ့ ကားလည်း မတော်တဆမှု ဖြစ်ခဲ့ပါတယ်။ The post မလေးရှား- အင်ဒိုနီးရှား ဘောလုံးပွဲ နှစ်ဘက်ပရိတ်သတ်ကို မလေးရှားရဲသတိပေး appeared first on ဧရာဝတီ.
Source : http://ift.tt/2w6eiGA
via IFTTT
No comments:
Post a Comment