Facebook- ကောက်စာ- ပုံလင့်- http://ift.tt/2w8i02s ပုံစာ- ဇီးကုန်းမြို့နယ် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းမှ လူ့အခွင့်အရေးသင်တန်း Category- Human Rights Keywords- လူ့အခွင့်အရေး, ပညာရေး, အထက်တန်းကျောင်း, ပဲခူးတိုင်း Topic- လူ့အခွင့်အရေး Location- Pyay သတင်း အထက်တန်းကျောင်းများတွင် လူ့အခွင့်အရေးသင်ကြားမှု စတင် သူသူအောင် ပဲခူးတိုင်းဒေသကြီးရှိ အစိုးရကျောင်း ၇၃ ကျောင်းမှ ကျောင်းသားထောင်ပေါင်းများစွာအတွက် လူ့အခွင့်အရေးသင်ကြားမှု အစီအစဉ် စတင်ပြီ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)မှ ဦးအောင်မျိုး ကျော်၏အဆိုအရ သိရသည်။ “အစိုးရနဲ့ ပြည်မြို့နယ်က ပညာရေးဝန်ကြီးဌာနတို့ရဲ့သဘောတူညီချက်အရ ကျမတို့မြို့က ကျောင်းတွေမှာ လူအခွင့်အရေး မိတ်ဆက်သင်တန်းတွေ စတင်နေပါပြီ” ဟု ပဲခူးတိုင်း ပြည်မြို့နယ်ပညာရေးမှူး ဒေါ်မာမာဇင်က ပြောသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)၏ နှစ်နာရီကြာသင်ရိုးသည် နိုင်ငံတကာလူ့အခွင့်အ ရေး ကြေညာစာတမ်းနှင့် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ သဘောတူညီချက်များကို လူ့အခွင့်အရေးပညာပေးသူများ နှင့် တက်ကြွလှုပ်ရှားသူများ၏ ကာတွန်း၊ ဗီဒီယို၊ ဆွေးနွေးပွဲနှင့် သုံးသပ်တင်ပြချက်တို့ဖြင့် မိတ်ဆက်ပို့ချထားသည်။ “တဦးစီရဲ့လူ့အခွင့်အရေးတွေနဲ့ ကျောင်းသားတွေရဲ့အခြေခံ လွတ်လပ်မှုကို အသိအမှတ်ပြုဖို့ ရည်ရွယ်ပါတယ်”ဟု ဦး အောင် မျိုးကျော်က ဧရာဝတီသို့ မနေ့က ပြောသည်။ ကျောင်းတခုစီတွင် ကျောင်းသား ၁၀၀ မှ ၇၀၀ အထိ ထိုအစီအစဉ်ကို တက်ရောက်ခဲ့ကြသည်။ ထိုအစီအစဉ်ကို သြဂုတ်လ ၁ ရက်နေ့မှ စတင်ခဲ့ပြီး စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြီးစီးမည်ဖြစ်သည်။ သင်တန်းသားများနှင့် နည်းပြများ၏အခြေအ နေတိုးတက်မှုကို လေ့လာရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) သည် တောင်ကြီးနှင့် မုံရွာခရိုင်များသို့လည်း သွားရောက်မည်ဖြစ်သည်။ “လူ့အခွင့်အရေးဆိုတာ ဘာလဲဆိုတာကို ဆရာ၊ ဆရာမတွေ ကိုယ်တိုင်တောင် နားမလည်တာ တွေ့နေရတယ်။ သူတို့ တွေက ဒီအစီအစဉ်ကို အရမ်းစိတ်ဝင်စားကြပြီး စီဒီနဲ့ စာသင်ခန်းတွေမှာ ထပ်မံသင်ကြားဖို့ လေ့ကျင့်ရေး အကူအညီတွေ တောင်းခံ ကြတယ်” ဟုလည်း ဦးအောင်မျိုးကျော်က ပြောသည်။ “အကြောင်းအရာတွေထဲမှာလည်း တာဝန်ဝတ္တရားအကြောင်းလည်း ထည့်သွင်းဆွေးနွေးဖို့ တချို့က တောင်းဆိုကြတယ်။ လူ့အခွင့်အရေးအားပေးဖို့ ဆွေးနွေးပွဲတွေ လုပ်ခွင့်ရလို့ ကျနော်တို့ ဝမ်းသာပါတယ်” ဟုလည်း သူက ပြောသည်။ ထိုအစီအစဉ်ကို ရန်ကုန်တိုင်းအတွင်းရှိ အစိုးရကျောင်း ၈ ကျောင်းနှင့် ပဲခူးတိုင်းရှိကျောင်း ၃ ကျောင်းတွင် ၂၀၁၆ ခုနှစ်က စတင်ခဲ့သည်။ ယခုနှစ်တွင်မူ တိုင်း ဝန်ကြီးချုပ်များနှင့် ပညာရေးဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် ၁၁ ကျောင်းမှ ၇၂ ကျောင်းသို့ တိုးချဲ့နိုင်ခဲ့သည်။ လူ့အခွင့်အရေးသင်ရိုးများကို ကျောင်းပညာရေးတွင် ထည့်သွင်းရန် လိုသည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူနှင့် Equality Myanmar၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဧရာဝတီသို့ ပြောသည်။ အခြေခံသောစနစ်ကျသည့် သင်ရိုးညွန်းတမ်းလိုအပ်ကြောင်းနှင့် သင်တန်းပို့ချသူများသည် အရည်အချင်း ပြည့်မီရန်နှင့် ပိုင်း ဖြတ်မှုရှိရန် လိုကြောင်းလည်း ဦးအောင်မျိုးမင်းက ဆက်ပြောသည်။ အစိုးရ၊ မြန်မာပညာရေး သုတေသနဗျူရို၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ UNICEF မှ ကျွမ်းကျင်သူများ ၊ ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းပြီး လူ့အခွင့်အရေး သင်ရိုးသစ် တခုရေးဆွဲရန် သဘောတူထားပြီး ဖြစ်သော်လည်း အစိုးလုပ်ငန်းဆောင်တာများကြောင့် အကောင်အထည်ဖော်ရန်အတွက် နှောင့်နှေးကြန့်ကြာနေသည်ဟု သတင်းများက ဆိုသည်။ The post appeared first on ဧရာဝတီ.
Source : http://ift.tt/2xn7Cm5
via IFTTT
No comments:
Post a Comment