Monday, August 28, 2017


H1N1 ကြောင့် ၃၈ ရက် အတွင်း သေဆုံးသူ ၃၅ ဦး ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သြဂုတ်လ ၂၇ ရက်နေ့အထိ ထုတ်ပြန်ခဲ့သည့် စာရင်းအရ ရာသီတုပ်ကွေး (H1N1) ကြောင့် သေဆုံးသူ ၃၅ ဦး ရှိပြီ ဖြစ်ကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာမှ သိရသည်။ ဇူလိုင်လ ၂၁ ရက်နေ့မှ သြဂုတ် ၂၇ ရက်နေ့ နေ့လယ် ၂ နာရီ အထိ တနိုင်ငံလုံး အတိုင်းအတာဖြင့် လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါ လူနာ ၉၂၇ ဦး ၊ ရာသီတုပ်ကွေး Seasonal Influenza A(H1N1) pdm 09 Positive လူနာ စုစုပေါင်း ၃၄၃ ဦး နှင့် သေဆုံးသူ ၃၅ ဦးအထိ ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စာရင်းများအရ သိရသည်။ သြဂုတ်လ ၂၃ ရက်နေ့ အထိ သေဆုံးသူ ၃၃ ဦးအထိ ရှိခဲ့ပြီး ၄ ရက်အကြာတွင် သေဆုံးသူ ၂ ဦး ထပ်တိုးလာခြင်း ဖြစ် သည်။ “တယောက်က မန္တလေးတိုင်းနဲ့ တယောက်က ပဲခူးကပါ။ သူတို့ရဲ့ မြို့နယ်ဆေးရုံ အထွေထွေ ဆေးရုံမှာပဲ ဆုံးတာပါ။ ကျနော်တို့ကတော့ လိုအပ်ရင် လိုအပ်သလို အခါအားလျော်စွာ သတင်းထုတ်ပြန်ပေးမယ် အွန်လိုင်းပေါ်မှာ တင်ပေးမှာပါ။ ရက်အတိအကျ ထုတ်မယ်တော့ မသတ်မှတ်ထားပါဘူး လိုအပ်ရင် လိုအပ်သလို ၊ အရေးကြီးရင် ကြီးသလို ထုတ်ပြန်ပေး မှာပါ” ဟု နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။ တနိုင်ငံလုံး အတိုင်းအတာအရ H1N1 ပိုးတွေ့လူနာအဖြစ် ဆေးရုံတက်ရောက် ကုသသူ ဦးရေသည် သိသာစွာ ကျဆင်း လာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သြဂုတ်လ ၂၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ The post H1N1 ကြောင့် ၃၈ ရက် အတွင်း သေဆုံးသူ ၃၅ ဦး ရှိ appeared first on ဧရာဝတီ.
Source : http://ift.tt/2xpG9jz
via IFTTT

No comments:

Post a Comment