မောင်တောအကြမ်းဖက်မှုမှ အစွန်းရောက်ဘင်္ဂလီ ၅၉ ဦးအသေဖမ်းမိ ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ယနေ့မနက်ပိုင်းက အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွင် “အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား” ၅၉ ဦးကို အသေဖမ်းမိပြီး တဦးကို အရှင်ဖမ်းမိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ယနေ့ညနေ ၄ နာရီခန့်တွင် သတင်းထပ်မံ ထုတ်ပြန်လိုက်သည်။ ဖြစ်စဉ်တွင် တိုက်ခိုက်ခံရသော ကင်းစခန်း ၃၀ ခုရှိပြီး တပ်မတော်သား တဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် ဒုလဝကမှူး ၁ ဦး သေဆုံးသွားပြီး ဒဏ်ရာရတပ်ဖွဲ့ ၁၁ ဦးတွင် ၃ ဦးမှာ စိုးရိမ်ရကြောင်း၊ ဘူးသီးတောင်မြို့နယ်၊ ဖောင်တော်ပြင်ကင်းစခန်းရှိ ကျေးလက်ကျန်းမာရေးဌာနဝန်ထမ်း ဦးဇော်မျိုးအောင် က မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဘင်္ဂလီအကြမ်းဖက်သမား များသည် ဒုက္ခသည်စခန်းများနှင့် ရွာများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ရသေ့တောင်မြို့နယ်အတွင်းရှိ ချိန်ခါလီ ဘင်္ဂလီရွာတွင် နေထိုင်ကြသည့် ဘင်္ဂလီများသည် ၎င်းတို့၏ နေအိမ်များကို မွန်းလွဲ ၁ နာရီတွင် မီးရှို့ဖျက်ဆီးခဲ့ပြီး မြစ်နားဘင်္ဂလီကျေးရွာနှင့် မေယုတောင်ကြောဘက်တက်သွားကြောင်း၊ ရသေ့တောင် မြို့နယ် အတွင်းရှိ အိမ်ခြေ ၆၀ ရှိသည့် စေတီပြင် ဘင်္ဂလီကျေးရွာတွင် နေထိုင်ကြသည့် ဘင်္ဂလီများသည် ၎င်းတို့၏ နေအိမ်များကို မွန်းလွဲ ၁ နာရီ မိနစ် ၄၀ တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ချင်းရွာဘက်သို့ ပြောင်းရွှေ့သွားကြောင်း သိရသည်။ ထို့အပြင် မောင်တော မောင်နှမရွာ ဗလီရှေ့ ကားလမ်းမပေါ်တွင် စစ်ကူသွားသည့် နယ်ခြားစောင့်ရဲ တပ်ရင်းမှ ကား ၃ စီးကို နေ့လည် ၂ နာရီ ၃၀ မိနစ်တွင် မိုင်းဆွဲ ပြီး ယခုအချိန်ထိ ပစ်ခတ်မှုဖြစ်နေကြောင်း သတင်းထုတ်ပြန်ထားသည်။ The post မောင်တောအကြမ်းဖက်မှုမှ အစွန်းရောက်ဘင်္ဂလီ ၅၉ ဦးအသေဖမ်းမိ appeared first on ဧရာဝတီ.
Source : http://ift.tt/2vbNlTg
via IFTTT
No comments:
Post a Comment