Saturday, August 26, 2017


မောင်တောတွင် ကားလမ်း မိုင်းထောင်ခံရ ရခိုင်ပြည်နယ် မောင်တောမြို့ ပတ်ဝန်းကျင်တွင် မကြာခဏ အပြန်အလှန် ပစ်ခတ်မှုများ ရှိနေသည့်အတွက် လက်ရှိအချိန်တွင် ပြည်သူများ ကြောက်လန့်တကြား နေနေရကြောင်း သတင်း ရရှိသည်။ ယနေ့ ဩဂုတ်လ ၂၆ ရက် နေ့လည်ပိုင်းအချိန်က အကြမ်းဖက်သမားများက မောင်တောမြို့ အဝင်အထွက် ကားလမ်းမပေါ်တွင် ဆွဲမိုင်းထောင်မှုများ ပြုလုပ်ခဲ့ကြရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက ၎င်းမိုင်းများကို ရှင်းလင်းခဲ့ရပြီး နယ်မြေရှင်းလင်းရေး လုပ်ရာတွင် မောင်တောနှင့် ၂ မိုင်အကွာရှိ မြို့သူကြီးကျေးရွာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အကြဖ်းဖက်သမားတို့ အပြန်အလှန် ပစ်ခတ်မှုများ ရှိကြောင်း ဒေသခံများက ပြောသည်။ လက်ရှိ မောင်တောမြို့ ပတ်ဝန်းကျင် တခွင်တွင် သေနတ်သံများကို ကြားနေရပြီး ဌာနဆိုင်ရာ ရုံးများကိုလည်း အကြမ်းဖက်သမားများက သေနတ်ဖြင့် လှမ်း၍ ပစ်ခတ်မှုများလည်း ရှိကြောင်း သိရသည်။ အရပ်သားနှင့် အကြမ်းဖက်သမားများ ခွဲခြားရန် မလွယ်ကူသော အခြေအနေကြောင့် စိုးရိမ်ရသည့် အခြေအနေရှိနေပြီး ဘင်္ဂါလီကျေးရွာနှင့် နီးစပ်သည့် မောင်တောမြို့ပေါ် ဗိုလ်မှူးရွာ ( ခ ) ဗိုလ်မှူး ရပ်ကွက်မှ ပြည်သူများမှာလည်း မောင်တောမြို့ထဲသို့ ဝင်ရောက် ပြောင်းရွေ့ နေထိုင်နေကြောင်း ရခိုင်အမျိုးသားပါတီ မောင်တောမြို့နယ် ဥက္ကဌ ဦးခင်မောင်သန်းက ပြောသည်။ ဦးခင်မောင်သန်းက “ ဒေသခံတွေကတော့ ရူးသွားကြပြီ။ တောင်ကိုပြေး ၊ မြောက်ကိုပြေး။ ဟိုအိမ် တက်ပြေး၊ ဒီအိမ်ဆင်း ကြောက်ပြီးတော့ တစပြင်လို ဖြစ်သွားပြီ” ဟု တယ်လီဖုန်းဖြင့် ရသေ့တောင် ရောက်နေသော ဧရာဝတီ သတင်းထောက်ကို ပြောသည်။ လက်ရှိအချိန်တွင် မောင်တောမြို့နယ်အတွင်းမှ နတလ ကျေးရွာသားများ မောင်တောမြို့ပေါ်သို့ ဝင်ရောက်ခိုလုံရန် လာရောက်စဉ် ကားလမ်းမပေါ်တွင် မိုင်းများ ပေါက်ကွဲသည့် ဖြစ်စဉ်များရှိသည့်အတွက် လမ်းခရီးတွင် ပိတ်မိနေကြောင်းလည်း နတလ ကိုင်းကြီးကျေးရွာနေ ကိုသန်းမိုးက ပြောသည်။ လက်ရှိ ဘူးသီးတောင်မြို့ပေါ် အခြေအနေမှာ ဈေးကြီးများကို ပိတ်ထားပြီး စစ်ကားများနှင့် လုံခြုံရေး ကားများ သွားလာနေကြသည်ကိုလည်း တွေ့မြင်နေရသည်။ ဘူးသီးတောင် မြို့ခံများမှာလည်း သတင်းများ အမျိုးမျိုးထွက်ပေါ်နေမှုကြောင့် ညမအိပ်ရဲကြပဲ ကင်းစောင့်နေကြရသည်ဟု ဆိုသည်။ အကြမ်းဖက်မှုကို စိုးရိမ်ပြီး ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ်အတွင်းမှ ဖုန်ညိုလိပ်ကျေးရွာသားများနှင့် ကြာညိုပင်ကျေးရွာမှ ရခိုင် တိုင်းရင်းသား အမျိုးသမီးများနှင့် သက်ကြီးများ မြို့ပေါ်သို့ ဝင်ရောက်ရွှေ့ပြောင်းလာကြသည်။ ဘူးသီးတောင် – မောင်တော ကားများကိုလည်း ပိတ်ထားသည့်အတွက် အဆက်အသွယ်များ ပြတ်နေသည်။ The post မောင်တောတွင် ကားလမ်း မိုင်းထောင်ခံရ appeared first on ဧရာဝတီ.
Source : http://ift.tt/2w6xFzw
via IFTTT

No comments:

Post a Comment