Saturday, August 26, 2017


ဂိမ်းဝါသနာအိုးများ အတွက် Acer ရဲ့ ထုတ်ကုန်သစ် Predator Helios 300 နိုင်ငံတကာ ကွန်ပျူတာ ဈေးကွက်မှာ HP နဲ့ Dell လို အမှတ် တံဆိပ်တွေကို ဈေးကွက် ပြိုင်ဆိုင်လာနိုင်တဲ့ Acer ရဲ့ Predator Helios 300 နဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဂိမ်းကစားဖို့ ရည်ရွယ် ထုတ်လုပ်ထားတာဖြစ်ပြီး ဒီမော်ဒယ်ကို နယူးယောက်မှာ ကျင်းပ တဲ့ ပြီးခဲ့တဲ့ ပထမနှစ်ဝက်တာ ကုမ္ပဏီ စာရင်းရှင်းလင်းပွဲမှာ ပူးတွဲမိတ်ဆက် ကြေညာခဲ့တာ ဖြစ်ပါတယ် ဂိမ်းကစားဖို့ ရည်ရွယ် ထုတ်လုပ်ထားတာဖြစ်ပြီး သိသာကောင်းမွန်တဲ့ အချက်ကတော့ အတွင်းပိုင်း စက်ခန်း အအေးပေး စနစ်သစ်နဲ့မို့ အချိန် ကြာကြာ တဆက်တည်း ဂိမ်းကစား နိုင်မယ်။ Aero Blade ဆိုတဲ့ လေဝင်၊ လေထွက်ပေါက် အပိုင်းမှာ သတ္တုသားနဲ့ ဖန်တီးထားပြီး လေဝင်လေထွက် စနစ်ကို အရင်က ထက် ၃၅ ရာခိုင်နှုန်းလောက် ပိုမို ကောင်းမွန်အောင် ဖန်တီးပေးလာနိုင်လို့ စက်ပူတာကို အကောင်းဆုံး ကာကွယ် လျော့ကျ စေနိုင်ပါတယ်။ မျက်နှာပြင် ၁၅ ဒသမ ၆ လက်မ အရွယ် ဖြစ်ပြီး HD ရုပ်ထွက် ပြသပေးနိုင်မယ့် စနစ်လည်း ဖြစ်ပါတယ်။ Processor အထိုင် အပိုင်းမှာ စိတ်ကြိုက် နှစ်မျိုး ရွေးချယ်နိုင်အောင် ထုတ်လုပ်ထားပြီး Intel ကနေ မျိုးဆက် ၇ ဆက်မြောက် အဖြစ် ထုတ်လုပ် ထားတဲ့ Cire i5 နဲ့ Core i7 တွေကို ရနိုင်မှာ ဖြစ်ပါတယ်။ GPU အတွက်ကတော့ Nvidia GTX 1050Ti ကို သုံးထားပါတယ်။ RAM အပိုင်းမှာတော့ Processor အပေါ် မူတည်ကာ 4GB နဲ့ 8GB ၂ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ အဆင့်မြှင့်ချင်တယ် ဆိုရင် 32 GB နဲ့ 128GB တွေ တင်နိုင်မှာ လည်း ဖြစ်ပါတယ်။ အတွင်းပိုင်း Memory ကတော့ နောက်ထွက် မော်ဒယ်တွေရဲ့ ထုံးစံအတိုင်း 1TB ထိအောင် ပါရှိမှာ ဖြစ်ပါတယ်။ အတွင်း ပိုင်းမှာလည်း အစိတ်အပိုင်း တခုချင်းစီကိုရော Memory ကိုပါ အလွယ်တကူ အဆင့်မြှင့်နိုင်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။ Dolby Audio Premium စနစ်ကို ထည့်သွင်းထားလို့ အသံထွက် ပိုမိုကောင်းမွန် တည်ငြိမ်လာတာ တွေ့ရပါ တယ်။ ချိတ်ဆက်ပေါက်တွေ အနေနဲ့တော့ Gigabit Ethernet ပေါက်ပါတယ်၊ USB 3.1 Tyoe-C ပေါက်လည်း ထည့်ထားတယ်၊ USB 3.0 ပေါက် ၁ပေါက်၊ SUB 2.0 ပေါက် ၂ ပေါက်၊ Card Reader ပေါက်လည်း ၁ ပေါက်ပါမယ်၊ သူက ကတ်အရွယ်အစား ၂ မျိုးကို ထည့်သွင်းအသုံးပြုနိုင်မယ်။ HDMI 2.0 ပေါက်လည်း ၁ ပေါက် ပါရှိပါတယ်။ ကြိုးမဲ့ ချိတ်ဆက်နိုင်မှု အတွက် လည်း 802.11ac 2×2 MIMO စနစ် ထည့်ထားပြီး ပုံမှန် 1×1 စနစ်တွေထက် ၂ ဆ ပိုမို မြန်ဆန်သလို တချို့ မော်ဒယ်တွေ မှာ တွေ့ရတဲ့ 802.11 n 1×1 စနစ်တွေထက် ၅ ဆလောက် ပိုမို မြန်ဆန်တာ ဖြစ်ပါ တယ်။ မိတ်ဆက်ပွဲမှာ Acer ရဲ့ တာဝန်ရှိသူက လက်ရှိဈေးကွက် အတွင်းက ဂိမ်းကစားဖို့ အထူးထုတ်လုပ်ထားတဲ့ မော်ဒယ်တွေ ထက် ဒီဇိုင်းပိုင်းမှာရော စွမ်းဆောင်ရည်ပိုင်းမှာပါ ပိုမို ကောင်းမွန်လို့ ဈေးကွက်မှာ အောင်မြင်ဖို့ မျှော်လင့်ပါတယ်လို့လည်း ပြောပါတယ်။ အခုမော်ဒယ်သစ်ကိုတော့ Core i5 အနေနဲ့ ဆိုရင် ၂၀၂၉ ဒသမ သုည ၈ ဒေါ်လာ (မြန်မာငွေ ကျပ် ၂၇၄၈၉၈၄)နဲ့ ရောင်းချနေတာ ဖြစ်ပေမယ့် Core i7 ဆိုရင်တော့ အမေရိကန် ဒေါ်လာ ၂၃၄၁ ဒသမ ၃၉ (မြန်မာငွေ ကျပ် ၃၁၇၃၄၈၅) ထိပေးရပါမယ်။ Ref: http://ift.tt/2xAHHXl The post ဂိမ်းဝါသနာအိုးများ အတွက် Acer ရဲ့ ထုတ်ကုန်သစ် Predator Helios 300 appeared first on ဧရာဝတီ.
Source : http://ift.tt/2wGqLSY
via IFTTT

No comments:

Post a Comment