Wednesday, August 30, 2017


မောင်တောသို့ သွားသော သတင်းထောက်များ တားမြစ်ခံရ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ မောင်တောမြို့နယ် သို့ သတင်း ယူ ရန် သွားသော သတင်းထောက်များကို အာဏာပိုင်များက မြို့အတွင်း ဝင်ခွင့်မပြုဘဲ တားမြစ်ထားသည်ဟု သတင်း ရရှိ သည်။ သြဂုတ်လ ၂၅ ရက် နံနက် ၁ နာရီဝန်းကျင်မှစ၍ မောင်တောမြို့ရှိ ဘင်္ဂါလီအကြမ်းဖက်အဖွဲ့က ရဲကင်းစခန်း ၃၀ နှင့် တပ်မတော်၊ တပ်စခန်းများကို အကြမ်းဖက် တိုက်ခိုက်ခဲ့သည်။ ထို့နောက် ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များ အတွင်းရှိ ဒေသခံရွာများကို မီးရှို့ထွက်ပြေးလာသူ များကိုလည်း အကြမ်းဖက်အဖွဲ့များက သတ်ဖြတ်မှုများ ဖြစ်ပွားလျက်ရှိသည်။ သြဂုတ်လ ၂၇ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ကားများကို မောင်တောမြို့ထဲသို့ ဝင်ရန် ခွင့်ပြုခဲ့ပြီး သြဂုတ်လ ၂၈ ရက် တွင် ပြည်သူလူထုကို ဝင်ထွက်သွားလာခွင့် ပြုခဲ့သည်ဟု ထိုဒေသသို့ ရောက်ရှိနေသည့် ဧရာဝတီ သတင်းထောက်က ပြောသည်။ သြဂုတ်လ ၂၉ ရက်တွင် ဧရာဝတီ သတင်းထောက် အပါအဝင် ပြည်တွင်းအခြေစိုက် Frontier Myanmar ၊ 7 Days News ၊ ပြည်ပ သတင်းဌာနများဖြစ်သည့် Reuters ၊ AP ၊ Channel News Asia တို့မှ သတင်းသမား ၁၂ ဦးက သတင်း ရယူရန် သွားရာ ဘူးသီးတောင်မှ မောင်တောမြို့သို့ အသွား ၆ မိုင် စစ်ဆေးရေးဂိတ်တွင် ဘူးသီးတောင် မြို့နယ်၊ အုပ်ချုပ်ရေးမှူးနှင့် လဝက အရာရှိတဦးက အထက်ညွှန်ကြားချက်အရဟု ဆိုကာ သွားလာခွင့်ကို တားမြစ် ကြောင်း သိရသည်။ မောင်တောမြို့အတွင်း သတင်းထောက်များ သတင်းရယူခွင့် ပိတ်ပင်ခံထားရခြင်းနှင့် ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံ ၏ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို ဆက်သွယ်သော်လည်း ဖုန်း ဖြေဆိုခြင်း မရှိပါ။ တပ်မတော် ၏ ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်သော်လည်း မရပါ။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ကောင်စီဝင် ဦးဇေယျာလှိုင်က မောင်တော အကြမ်းဖက် တိုက်ခိုက်ခံရခြင်းတွင် အစိုးရ၊ တပ်မတော်တို့မှ ထုတ်ပြန်ချက်များရှိသလို အကြမ်းဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာ အသိုင်းအဝိုင်းမှ မေးခွန်း ထုတ်မှုများလည်း ရှိနေကြောင်း၊ ထိုအခြေအနေထဲတွင် ပြည်သူလူထုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အစိုးရ၊ တပ် မတော်တို့၏ ထုတ်ပြန်ချက်များကိုသာ ယုံကြည်မည် မဟုတ်ကြောင်း၊ လွတ်လပ်သည့် သတင်းမီဒီယာတို့၏ သတင်း ထုတ်ပြန်မှုကိုသာ ယုံကြည်မည် ဖြစ်သဖြင့် သတင်းစာ ဆရာများ သတင်းရယူခွင့်ကို ပိတ်ပင်မထားသင့်ပါဟု ပြော သည်။ နိုင်ငံတော် အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ကိုဖီအာနန် ကော်မရှင်မှ အစီရင်ခံစာ ထွက်ရှိပြီးပါက တိုက်ခိုက်မှုများ ဖြစ်ပေါ်လာမည်ကို သိရှိထားကြောင်း ဟူသည့် အချက်မှာ သတင်းစာဆရာများအတွက် မေးခွန်း ထုတ်စရာ ဖြစ်နေကြောင်း၊ အမှန်တကယ် သိရှိထားသည်ဆိုလျှင် လုံခြုံရေးကို စေ့စေ့စပ်စပ် မလုပ်ဘဲ အခြေ အနေ ပိုပိုဆိုးနေသည်မှာ မည်သည့်အကြောင်းကြောင့် ဖြစ်သနည်းဆိုသည်ကိုလည်း သတင်းစာဆရာတဦး အနေဖြင့် အဖြေ ရှာလိုသည်ဟု ဦးဇေယျာလှိုင်က ပြောသည်။ ပဋိပက္ခဖြစ်သည့် နေရာများဆီသို့ သတင်းစာဆရာများ သွားရောက် သတင်းယူရန် လိုအပ်ပြီး အစိုးရ၊ တပ်မတော် တို့ က လုံံခြုံရေးပိုင်း ဆိုင်ရာကိုလည်း သတင်းအချက်အလက် မျှဝေပေးသင့်သည်ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ကောင်စီဝင် တဦးဖြစ်သည့် ဦးမြင့်ကျော် ကလည်း ပြောဆိုသည်။ မည်သည့်နေရာတွင် လုံခြုံရေးအခြေအနေ မည်မျှရှိသည်ကို သတင်းစာဆရာများအား ပြောပြပြီး အန္တရာယ် ရှိသည့် နေရာများကို မသွားရန်လည်း ကူညီပေးသင့်သည်ဟု ၎င်းက ပြောသည်။ “ကူညီကာကွယ် မပေးတာကတော့ မီဒီယာရဲ့ အခန်းကဏ္ဍကို နားမလည်ဘူးလို့ သူတို့ကို ပြောရလိမ့်မယ်။ သူတို့ ထုတ်ပြန်တာကိုပဲ သတင်း ရေးစေချင်တာကတော့ အရင်ခေတ်ကလို အတွေးအခေါ်မျိုးပဲ။ အာဏာရှင်စနစ်လို သတင်း အချက်အလက်ကို ထိန်းချုပ်တဲ့ အတွေးအခေါ်မျိုးပဲ ဖြစ်လိမ့်မယ်” ဟုလည်း ဦးမြင့်ကျော်က ဆိုသည်။ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက အစိုးရအနေဖြင့် လုပ်ထုံးလုပ်နည်း ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နေပါက သတင်းမီဒီယာများကို ပွင့်ပွင့်လင်းလင်း ရှင်းလင်းထုတ်ပြန်ရန် လိုအပ်ကြောင်း၊ အများပြည်သူက တဦးချင်း သွားမကြည့်နိုင်သည့် နေရာဖြစ်သဖြင့် သတင်းအမှန် သိရှိရေးအတွက် သတင်း မီဒီယာများကို စိုးရိမ်ပြီး ထိန်းချုပ်မည့်အစား စနစ်တကျ ဂရုစိုက် ဆောင်ရွက်သင့်သည်ဟု ပြောဆိုသည်။ ဦးကိုကိုကြီးက “သတင်းမီဒီယာတွေနဲ့ ဆက်ဆံရေးကို အစိုးရက ဂရုတစိုက်လုပ်သင့်တယ်။ လုံခြုံရေး အကြောင်းပြ ချက်နဲ့ သိပ်ပြီး ထိန်းချုပ်လို့ ရှိရင် ကောလာဟလတွေ ပိုပျံ့တယ်။ လုပ်ကြံသတင်းတွေ ပိုဖြစ်နိုင်တယ်”ဟု ပြောသည်။ မောင်တောမြို့တွင် သြဂုတ်လ ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်းမှစ၍ ရခိုင်ပြည်နယ် အခြေ စိုက် သတင်းထောက်များ၊ ရန်ကုန် အခြေစိုက် သတင်းထောက်များမှာ မောင်တောမြို့ ပတ်ဝန်းကျင်သို့ သွားရောက် ကာ သတင်းရယူနေခြင်း ဖြစ်သည်။ အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး၊ လူဝင်မှုကြီးကြပ်ရေးဌာမှ အရာထမ်း ၁ဦး သေဆုံးပြီး အကြမ်းဖက်သမား ၇၇ ဦးကို အသေရရှိကာ ၂ဦးကို အရှင် ဖမ်းမိခဲ့ကြောင်း သိရသည်။ မောင်တောမြို့မှ ဒေသခံ တသောင်းကျော်ကလည်း တိမ်းရှောင်နေကြပြီး အများစုမှာ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့တို့တွင် ဒုက္ခသည်စခန်း ၂၀ ဝန်းကျင် ဖွင့်လှစ်ကာ နေထိုင်နေကြသည်။ The post မောင်တောသို့ သွားသော သတင်းထောက်များ တားမြစ်ခံရ appeared first on ဧရာဝတီ.
Source : http://ift.tt/2vDC7TA
via IFTTT

No comments:

Post a Comment