Friday, August 25, 2017


သန့်စင်ခန်းမရှိ ၍ အမျိုးသမီးများ လုံခြုံမှုအားနည်းပြီး လိင်ပိုင်းဆိုင်ရာ အနှောက်အယှက်ပေးနိုင်ခံရခြေမြင့်မား မြန်မာနိုင်ငံရှိ လူတသန်းခွဲအတွက် သန့်စင်ခန်းလုံးဝမရှိသေးဘဲ ကျေးလက်နေ ပြည်သူအများစုပါဝင်သည့် လူဦးရေ ၁၃ သန်းသည် ကျန်းမာရေးနှင့်ညီညွတ်သည့် မိလ္လာစနစ်များကို လက်လှမ်းမမှီသဖြင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ရှိနေသည့်အပြင် အမျိုးသမီးများနှင့်မိန်းကလေးများအတွက် လုံခြုံမှုအားနည်းပြီး လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးခံနိုင်ရခြေ မြင့်မားသည်ဟု လွန်ခဲ့သောအပတ်က ထုတ်ပြန်သည့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေ အဖွဲ့ အစီရင်ခံစာတွင်ဖော်ပြထားသည်။ “အမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေ အကာအကွယ်မရှိတဲ့နေရာမှာ၊ ဒါမှမဟုတ် လူအများအသုံးပြုတဲ့နေရာတွေမှာ အခင်းကြီး၊ အခင်းလေးသွားရတာ၊ ဓမ္မတာလာချိန်မှာ သန့်ရှင်းရေးလုပ်ရတာဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ အခြားအနှောက်အယှက်ပေးမှုပုံစံတွေ ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်များပါတယ်။ အထူးသဖြင့်ညဘက်တွေမှာ အန္တရာယ် အလွန်များပါတယ်။”ဟု ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် မစ္စ ဂျဲနက်ဂျက်ဆင်က ပြောသည်။ မြန်မာနိုင်ငံ၏အိမ်ထောင်စုများအနက်မှသုံးပုံနှစ်ပုံ (၇၄.၃ ရာခိုင်နှုန်း)သည် ကောင်းမွန်သောရေနှင့်မိလ္လာစနစ်များကို လက်လှမ်းမှီနေသော်လည်း ကျန်လူဦးရေအတွက် လိုအပ်ချက်မြင့်မားလျှက် ရှိနေသေးကြောင်း ၂၀၁၄ခုနှစ်တွင် ကောက်ယူထားသော စာရင်းများကဖော်ပြသည်။ လိုအပ်ချက်မြင့်မားလျှက်ရှိသောဒေသများမှာ မြို့ပြမှလူနေ သိပ်သည်းသော ဆင်ခြေဖုံးရပ်ကွက်များ၊ ဝေးလံခေါင်ပါးသော ကျေးလက်ဒေသများနှင့် စစ်ဘေးရှောင်စခန်းများ စသည်တို့ ဖြစ်ကြသည်။ အိန္ဒိယနိုင်ငံမှ တက်ကြွလှုပ်ရှားသူများသည် သန့်စင်ခန်းလိုအပ်မှုရှိသည့် လူဦးရေ သန်း ၇၇၀ အတွက် သန့်စင်ခန်း လုံလောက်မှုမရှိခြင်းနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အကြားဆက်စပ်မှုကို ထောက်ပြပြောဆိုလျှက်ရှိသော်လည်း မြန်မာနိုင်ငံတွင် ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြောဆိုမှုများ အားနည်းနေသေးကြောင်း တွေ့ရသည်။ စစ်ဘေးရှောင်စခန်းမှ အများသုံးသန့်စင်ခန်းများအသုံးပြုရသော အမျိုးသမီးများနှင့်မိန်းကလေးများအပေါ် ထိကပါး ရိကပါး စော်ကားမှုမျိုးကြုံတွေ့ရသည်ကို မျက်မြင်တွေ့ကြုံဖူးသည်ဟု ကချင်ပြည်နယ်အခြေစိုက် ထွယ် ကျား၊မ တန်းတူ ရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၏ပြောခွင့်ရသူ ဒေါ်နန်ပူက ပြောသည်။ “မိန်းကလေးငယ်တွေကို အများသုံးရေချိုးခန်း၊ အိမ်သာအသွားမှာ အမြတ်ထုတ် ထိကပါး၊ ရိကပါး လုပ်တာမြင်ဖူးတယ်။ မိန်းကလေးတွေအနေနဲ့ ရှက်တာကတကြောင်းဈ နဂိုကကိုနေစရာမရှိလို့ စစ်ဘေးရှောင်စခန်းမှာ လာခိုလှုံနေရချိန်ဆိုတော့ ပြဿနာရှာတယ်၊ ကြီးထွားအောင်လုပ်တယ်လို့ ငြိုငြင်ခံရမှာစိုးတာက တကြောင်း တိုင်ကြားတာမျိုးမရှိဘူး” ဟု သူမက ပြောပြသည်။ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အဓမ္မပြုကျင့်ခံရမှုများနှင့် ပတ်သက်ပြီး နစ်နာသူ ကာယကံရှင်များ အနေဖြင့် ရှက်ရွံ့ခြင်း၊ ကျုးလွန်သူထက် နစ်နာသူကို ပြန်လည် အပြစ်တင်ဝေဖန်ကြခြင်းအလေ့အကျင့်တိ့ကြောင့် တိုင်တန်းမှုမှာ နည်းပါးနေသေးသည်။ မြန်မာရိုးရာပွဲတော်များတွင် ပွဲခင်းသွားအမျိုးသမီးများအနေဖြင့် ညအမှောင်ပွဲခင်းပြင်ပတွင် အလေးအပေါ့သွားချိန် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုများအကြောင်း ကြားဖူးကြုံဖူးကြောင်း မြန်မာလူမျိုးများ၏ သန့်စင်ခန်းလိုအပ်မှုအပေါ် သဘောထားမှာ ပြောင်းလဲရန်လိုကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်အမတ်ဒေါ်ဖြူဖြူသင်းက ပြောသည်။ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ရထားရပ်ကွက် ၄ ခု အပါအဝင် အချို့သော သူများ၏အိမ်တွင် သန့်စင်ခန်းမရှိဘဲ အများသုံးသန့်စင်ခန်းများကို မျှဝေသုံးစွဲနေရသေးကြောင်း၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ရန်ကုုန်မြို့ပြတိုးတက်ရေး စီမံကိန်းတွင်ယင်းကိစ္စရပ်ကိုုထည့်သွင်းဖြေရှင်းပေးရန် မျှော်လင့်ကြောင်း ဒေါ်ဖြူဖြူသင်းက ပြောသည်။ ‘လူတွေရှိရင်လုံလောက်တဲ့သန့်ရှင်းမှုစနစ်နဲ့ လုံခြုံတဲ့အိမ်သာရှိရမယ်။ ဒါဟာ အမျိုးသမီးတွေရဲ့လုံခြုံမှုပြဿနာသာမက ဂုဏ်သိက္ခာနဲ့သက်ဆိုင်သလို ရရှိသင့် ရရှိထိုက်တဲ့ အခြေခံလူ့အခွင့်အရေးလည်းဖြစ်ပါတယ်” ဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။ “သန့်စင်ခန်းလုံလောက်ရုံနဲ့ လိင်ပိုင်းအကြမ်းဖက်မှု၊ အဓမ္မပြုကျင့်မှုစတာတွေကို ရပ်တန့်နိုင်မှာမဟုတ်ပေမယ့် အိမ်သာ၊ရေချိုးခန်း မရှိတာဟာ အမျိုးသမီးတွေအတွက် မလုံခြုံတဲ့ အခြေအနေကို ဖန်တီးနိုင်ပြီး ဒါဟာ နေ့စဉ် တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုလည်းဖြစ်နေတယ်” ဟု ရှမ်းပြည်မြောက်ပိုင်းမှ ကချင်လူငယ်ခေါင်းဆောင် မမိုင်းမိုင်က သူမ၏အမြင်ကို ပြောသည်။ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်နှင့် ရှမ်းပြည်နယ်ကွတ်ခိုင်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် လူ ၁၀၀ ခန့် သည် အများသုံးသန့်စင်ခန်း ၂ခုဈ ၃ ခုကို မျှဝေသုံးစွဲနေကြရကြောင်း သိရသည်။ စစ်ဘေးရှောင်စခန်းများတွင် ဓမ္မတာချိန်ကို ဖြတ်ကျော်ရာတွင် အခက်အခဲများရှိကြောင်း အမျိုးသမီးသုံးပစ္စည်းများ လိုုအပ်ချက်ရှိခြင်း၊ သန့်စင်ခန်းအရေအတွက်နှင့်လူဦးရေ ကိုုက်ညီလုံလောက်မှုမရှိခြင်း အမျိုးသမီး ကျန်းမာရေးပြဿနာများ ကြုံတွေ့နေရသည်ဟု ကချင်လူငယ်တက်ကြွလှုပ်ရှားသူ မမိုင်မိုင်က ပြောသည်။ “လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့အဓမ္မပြုကျင့်မှုတွေဟာ အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေ၊ လူများတဲ့နေရာများတွင် ဖြစ်ပွားနေခြင်းကြောင့် မှောင်တဲ့အချိန် တယောက်ထဲရှိနေရင် ပိုပြီးအန္တရာယ်များကာ ဖြစ်နိုင်ခြေရှိကြောင်း မွန်အမျိုးသမီး အဖွဲ့ဒုတိယဥက္ကဋ္ဌ မိကွန်ချမ်းနွန်က သူ၏အမြင်ကို ပြောသည်။ ‘ဟိုအရင်က မွန်ပြည်နယ်တချို့ရွာတွေဘက် အိမ်သာမရှိတော့ ရွာအပြင်သွားကြတဲ့အခါ အမျိုးသမီးတွေ စုပေါင်းအတူ သွားကြတာ ကြားဖူးတယ်။ အခုခေတ် အိမ်အများစုမှာ အိမ်သာရှိနေပါပြီ။ ရာဘာခြံတွေဆိုတော့သိတဲ့အတိုင်း အရမ်းကျယ်၊ အိမ်နဲ့ဝေးနေသေးတယ်’ဟု ဒေသအခြေအနေကိုု သူက ရှင်းပြသည်။ “မြန်မာနိုင်ငံရဲ့ အိမ်ယာအကျပ်အတည်းကို ကျယ်ကျယ်ပြန့်ပြန့် အမြန်ဆုံးဖြေရှင်းဖို့ အရေးတကြီး လိုအပ်နေတယ်။ ကျန်းမာရေး၊ သန့်ရှင်းရေး၊လျှပ်စစ်ဓာတ်အား၊ ဆက်သွယ်ရေးနဲ့လုံခြုံရေးအပါအဝင် လူနေမှုအခြေအနေတွေ အားလုံးကို သုံးသပ်ဖို့လိုတယ်၊ မြန်မာနိုင်ငံရဲ့ အိုးအိမ်လိုအပ်ချက်ကို အခြေခံကစပြီး ထိတွေ့လုပ်ကိုင်ဖို့လို ပါတယ်’’ဟုု မစ္စဂျဲနက်ဂျက်ဆင်က ပြောပါသည်။ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့အစီရင်ခံစာအရ မြန်မာနိုင်ငံလူဦးရေ၏ ၃ ပုံ ၂ ပုံ (၆၉.၅ ရာခိုင်နှုန်း) သည် သန့်စင်သော သောက်သုံးရေရရှိကြသော်လည်း ကျေးလက်ဒေသမှလူ ၁၆ သန်းတို့သည် ဘေးကင်း သောက်သုံးရန်သင့်သော ရေရရှိခြင်းမရှိဟု သိရသည်။ ကမ္ဘာတဝန်းတွင် ကောက်ယူရရှိထားသောစာရင်းများအရ မသန့်ရှင်းသောသောက်သုံးရေများကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများဖြစ်ပွားလေ့ရှိပြီး၊ ဝမ်းရောဂါဖြင့် ကလေးငယ်များသေဆုံးနှုန်းသည် အေအိုင်ဒီအက်စ်၊ ငှက်ဖျားနှင့် ဝက်သက်ရောဂါသုံးမျိုးကြောင့် နှစ်စဉ်သေဆုံးရသူဦးရေစုစုပေါင်းထက်ပင် ပိုမိုများပြားနေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံအစိုးရနှင့်ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေတို့ပူးပေါင်းထုတ်ပြန်သည့် အိမ်ရာအခြေအနေနှင့် မိသားစုများဆိုင်ရာ ဝန်ဆောင်မှုများဆိုင်ရာ ၂၀၁၄ ခုနှစ် မြန်မာလူဦးရေနှင့် အိမ်ထောင်စုသန်းခေါင်စာရင်း၏ အကြောင်းအရာလိုက် အစီရင်ခံစာ ၏တွေ့ရှိချက်များဖြစ်သည်။ သန်းခေါင်စာရင်း ကောက်ယူရာတွင် ခန့်မှန်းခြေ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ၁၀၉၉၀၀၀၀ ဦး၊ ကရင်ပြည်နယ်မှ ၆၉၇၀၀ ဦးနှင့် ကချင်ပြည်နယ်မှ ၄၆၆၀၀ ဦးတို့သည် ပါဝင်ခြင်းမရှိပါ။ The post သန့်စင်ခန်းမရှိ ၍ အမျိုးသမီးများ လုံခြုံမှုအားနည်းပြီး လိင်ပိုင်းဆိုင်ရာ အနှောက်အယှက်ပေးနိုင်ခံရခြေမြင့်မား appeared first on ဧရာဝတီ.
Source : http://ift.tt/2waP5JI
via IFTTT

No comments:

Post a Comment