Monday, August 28, 2017


ရခိုင်ဒေသ အကြမ်းဖက်မှုများကြား ပိတ်မိနေသူများ ကယ်ထုတ်နိုင်ရေး ANP စီစဉ်နေ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အကြမ်းဖက် အဖွဲ့ နှင့် လုံခြုံရေး တပ်ဖွဲ့ ဝင် များကြား ပိတ်မိနေသူများကို ကယ်ထုတ် ကူညီနိုင်ရေး အတွက် ရခိုင် အမျိုးသား ပါတီ(ANP) က စီစဉ်နေကြောင်း သိရ သည်။ သြဂုတ် ၂၇ ရက်က အစည်းအဝေးတရပ် ကျင်းပခဲ့ပြီးနောက် ပိတ်မိနေသူများ ကယ်ထုတ်နိုင်ရေး၊ စားနပ်ရိက္ခာ ပြတ် တောက်နေသူများ ထောက်ပံ့ပေးရေး၊ စိတ်ဓာတ်ခွန်အား မြှင့်တင်မှုများ သွားရောက် လုပ်ဆောင်ရေး စသည့် အချက် ၃ ချက်ကို ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်ဟု ANP ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြော သည်။ “ကျနော်တို့ ပါတီက မနေ့က ဆောင်ရွက်ရန် ၃ ခုဆုံးဖြတ်ခဲ့တယ်။ တိုက်ပွဲကြားညှပ် ဝန်ထမ်း၊ အထူးသဖြင့် အမျိုးသမီး နဲ့ ကလေးတွေ ကယ်ထုတ်နိုင်ရန် ကြိုးစား ညှိနှိုင်းဖို့၊ ရိက္ခာပြတ်ပြီလို့ သတင်းပို့ အကူအညီတောင်းတဲ့ ကျေးရွာတွေကို ရိက္ခာမဖြစ်ဖြစ်တဲ့ နည်းလမ်းရှာပို့ဖို့ ပါတီ ခေါင်းဆောင်များထဲက သွားရောက်နိုင်သူများ အနီးကပ် သွားရောက် နိုင် အောင် ကြိုးစားပြီး စိတ်ဓာတ် မြှင့်တင်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်”ဟု ၎င်းက ပြောပြသည်။ သြဂုတ် ၂၇ ရက်က မောင်တောကနေ ဝန်ထမ်းများ ပြန်ရန် ဘူးသီးတောင်ကို လမ်းဖွင့်ပေးသော်လည်း ယနေ့တွင် မြို့သူကြီး ရပ်ကွက်နှင့် အခြား မြို့အစိတ်အပိုင်း တချို့ မီးလောင်နေသည့် အတွက် ၎င်းတို့အနေဖြင့် မသွားရောက် နိုင်ဘဲ ဖြစ်နေသည်ဟုလည်း ANP ပါတီက ဆိုသည်။ ANP ပါတီသည် မောင်တောနယ် မြောက်ပိုင်း ဝေးလံသည့် နေရာများသို့ ရိက္ခာများပို့ရန် စီစဉ်နေသော်လည်း လမ်း တလျှောက် လက်လုပ်မိုင်းများ ထောင်ထားခြင်းကြောင့် သွားခွင့်မရသေးဘဲ ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်းနေ ကြောင်း ANP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။ “အခု ရိက္ခာ စုဆောင်းဝယ်ယူနေတယ်။ အမြန်ဆုံးပို့ဖို့ အဆင်သင့်ပဲ။ အဓိက မောင်တောနယ် မြောက်ပိုင်း ဝေးလံတဲ့ နေရာတွေ ပို့ချင်တယ်။ ဒါပေမယ့် သွားခွင့်မပေးသေးဘူး၊ လမ်းတွေ အားလုံး လက်လုပ်မိုင်းတွေ ထောင်ထားတယ်။ သွားခွင့်ရနိုင်တာက ဘူးသီးတောင်က ရွာတွေ အဲဒီမှာ အခက်အခဲတွေ ရှိနေတုံးပဲ၊ ကုလား(ဘင်္ဂါလီ) ရွာတွေ ပတ်ဝိုင်း နေတယ်။ အဲဒီမှာ အတူတူနေပြီး မကြောက်ဖို့ အားပေးမယ်”ဟုလည်း ၎င်းက ပြောပြသည်။ မောင်တောမြို့နယ် လေးမိုင်ရှိ အ.ထ.က ကျောင်းတွင် ၁၄၀၀ ခန့်၊ သုံးမိုင်ရှိ အ.ထ.က. ကျောင်းတွင် ၁၃၀၀ ခန့်၊ သာသနာ့ ဗိမာန် ကျောင်းတွင် ၅၆၀ ခန့်၊ အလိုတော်ပြည့် ဘုန်းကြီးကျောင်းတွင် ၄၀၀ ခန့် ပိတ်မိနေရာ မောင်တော မြို့နယ်အတွင်း ပိတ်မိတ်နေသူပေါင်း ၃၆၆၀ ခန့် ရှိကြောင်း ဦးထွန်းအောင်ကျော်က ပြောသည်။ စာရင်း ကောက်ယူဆဲဖြစ်၍ ဘူးသီးတောင် နှင့် အခြားနေရာများရှိ ပိတ်မိနေသူများ အရေအတွက်ကိုမူ အတိအကျ မရရှိသေးကြောင်း သိရသည်။ သြဂုတ် ၂၅ ရက်က မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် စသည့် မြို့နယ် သုံးမြို့နယ်ရှိ ရဲကင်း စခန်း ၃၀ ကို ဘင်္ဂါလီ အကြမ်းဖက် အဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ သြဂုတ် ၂၇ ရက်အထိ ဆိုလျှင် လုံခြုံရေး တပ်ဖွဲ့ ဝင် ၁၁ ဦး၊ လူဝင်မှု ကြီးကြပ်ရေး အရာထမ်း ၁ ဦး၊ ဟိန္ဒူ ဘာသာဝင် ၆ ဦး သေဆုံးကြောင်း အစိုးရက ထုတ်ပြန် ထားသည်။ သတင်းများတွင် စုစုပေါင်း ၁၀၀ ကျော် သေဆုံးသွားပြီ ဖြစ်ကြောင်း တွေ့ရှိရသည်။ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ် သုံးမြို့နယ်မှ ဌာနေ တိုင်းရင်းသားများနှင့် အစိုးရ ဝန်ထမ်းများ သည် အကြမ်းဖက်အဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကြား ပိတ်မိနေပြီး အစိုးရ၏ ကယ်ဆယ်ရေး လုပ်ငန်းများကို စောင့် မျှော်နေကြောင်း သိရသည်။ နိုင်ငံတော်အစိုးရက မောင်တော ခရိုင် အတွင်းရှိ ဌာနေတိုင်းရင်းသားများ အပါအဝင် အစိုးရ ဝန်ထမ်းများနှင့် အကြမ်း ဖက် မဟုတ်သည့် တခြားသော ဘာသာဝင်များကို အကာအကွယ် ပေးရေးနှင့် လုံခြုံရေး ဆောင်ရွက်ရန် အတွက် နယ်မြေ အခြေစိုက် တပ်မတော် တပ်ရင်းအား အသုံးပြု၍ နယ်မြေ ရှင်းလင်းရေးများ ဆောင်ရွက်နေသည်ဟု ဆိုသည်။ လတ်တလောတွင် ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ဒေသခံ လူထု ကာကွယ် စောင့်ရှောက်ရေး အပါအဝင် လုံခြုံရေး ဆောင်ရွက်နေမှု နှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးမင်းအောင်ကို မေးမြန်းရန် ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။ The post ရခိုင်ဒေသ အကြမ်းဖက်မှုများကြား ပိတ်မိနေသူများ ကယ်ထုတ်နိုင်ရေး ANP စီစဉ်နေ appeared first on ဧရာဝတီ.
Source : http://ift.tt/2whWzKM
via IFTTT

No comments:

Post a Comment