မြန်မာ-ဗီယက်နမ်တပ်မတော်နှစ်ရပ်အကြား ပိုမိုပူးပေါင်းရန် ဆွေးနွေး နေပြည်တော်မှာ ရောက်ရှိနေသည့် ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး H.E.Mr. Nguyen Phu Trong သည် ယနေ့နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဟီလ်တန်ဟိုတယ်တွင် တွေဆုံကာ နှစ်နိုင်ငံ တပ်မတော် ၂ရပ်အကြား ပိုမိုပူးပေါင်း ဆောင်ရွက် ဆွေးနွေးကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။ ဆွေးနွေးပွဲတွင် တပ်မတော် ၂ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ် ဆောင်နေသည့် အခြေအနေများ၊ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များ၊ လက်ရှိလုပ်ဆောင်နေသည့် လေ့ကျင့်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုများ၊ အားကစား၊ ယဉ်ကျေးမှု၊ ဆေး ဘက်ဆိုင်ရာနှင့် နည်းပညာဆိုင်ရာ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်လုပ်ဆောင် မည့် အခြေအနေများအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ အလားတူယနေ့နံနက်ပိုင်းက ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် အတူလိုက်ပါ လာသည့် ဗီယက်နမ် ကာကွယ်ရေး ဒုဝန်ကြီး Sr. Lt. Gen. Nguyen Chi Vinh နှင့်အဖွဲ့ အပါအဝင် Viettel Group ၏ ဥက္ကဋ္ဌ Maj. Gen. Nguyen Manh Hung နှင့် အဖွဲ့ကို သီးခြားစီ တွေ့ဆုံခဲ့သေး သည်။ Viettel Group ၏ ဥက္ကဋ္ဌ Maj. Gen Nguyen Manh Hungနှင့် တွေ့ဆုံရာတွင် တပ်မတော် နှစ်ရပ် အကြားရှိ MECTel နှင့် Vittel တို့ပူးပေါင်း၍ ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်နေမှုနှင့် MyTel ဆက်သွယ်ရေးလုပ်ငန်းများ ဆက်လက်တိုးမြှင့် လုပ်ဆောင်သွားမည့် အခြေအနေများ၊ စီးပွားရေးအမြတ်အစွန်းအတွက်မဟုတ်ဘဲ နိုင်ငံ့ ဆက်သွယ်ရေးကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် လုပ်ဆောင်နေမှုအခြေအနေများအား ဆွေးနွေးကြောင်းလည်း ဆိုသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် စတင်တာဝန်ထမ်း ဆောင်စဉ် ပထမဆုံး ပြည်ပခရီးစဉ်မှာ ဗီယက်နမ်နိုင်ငံဖြစ်သည်။ မြန်မာနှင့် ဗီယက်နမ်၏ ဆက်ဆံရေးသမိုင်းကြောင်းမှာ ၁၉၄၈ ခုနှစ်က စတင်သည်ဟုဆိုရမည် ထိုစဉ်က မြန်မာ့နိုင်ငံသည် လွတ်လပ်ရေး ရရှိပြီးသော်လည်း ဗီယက်နမ်မှာ ပြင်သစ်လက်အောက်မှ မလွတ်မြောက်သေးသဖြင့် ခေါင်းဆောင်ကြီး ဟိုချီမင်း ဦးဆောင်ကာ တော်လှန်နေချိန်ဖြစ်သည်။ ထို့စဉ်က မလွတ်မြောက်သေးသည့် ဗီယက်နမ်ကို လွတ်လပ်ရေး ပူပူနွေးနွေးရထားသည့် မြန်မာအစိုးရ သစ်၏ အဖွဲ့ဝင်တချို့က ၁၉၄၈ခုနှစ် ဇန်နဝါရီ ၁၉ရက်နေ့တွင် ကိုသန်း(ကြည်မြင့်တိုင်)၊ ဗိုလ်ဘုန်းအောင် စသည့် သူ ၅ဦးကို ဗီယက်နမ်သို့ စေလွတ်ကာ စစ်ရေးအကူအညီများပေးအပ်ရန် စီစဉ်ခဲ့သည်။ The post မြန်မာ-ဗီယက်နမ်တပ်မတော်နှစ်ရပ်အကြား ပိုမိုပူးပေါင်းရန် ဆွေးနွေး appeared first on ဧရာဝတီ.
Source : http://ift.tt/2vv1Vk5
via IFTTT
No comments:
Post a Comment