Wednesday, August 30, 2017


“အိမ်ရှင်တွေက ဧည့်သည် ဖြစ်သွားနိုင်တယ်” ရခိုင်ပြည်နယ် မောင်တောခရိုင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် စသည့် မြို့နယ်သုံးမြို့နယ်ရှိ ရဲကင်း ၃၀ ကို Arakan Rohingya Salvation Army (ARSA) အဖွဲ့က ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်မှ စတင် ကာ သြဂုတ် ၃၀ ရက်အထိ အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်နေသည်။ စတင် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုတွင် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၁ ဦး၊ လဝက အရာရှိ ၁ ဦး၊ ဟိန္ဒိူ ဘာသာဝင် ၆ ဦးတို့ အပါအဝင် ဌာနေတိုင်းရင်းသားများ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ထို့ကြောင့် တပ်မတော်မှ လုံခြုံရေးများပေး၍ ဒေသခံလူထုကို လုံခြုံသည့် နေရာဒေသသို့ ရွှေ့ပြောင်းနေသော် လည်း ဆက်လက် တိုက်ခိုက်မှုများ ဖြစ်ပွားနေသည်။ ရခိုင်ပြည်နယ် လွတ်မြောက်ရေး ပါတီ (ALP)က အစိုးရနှင့် ပူးပေါင်း၍ လုံခြုံရေး ဆောင်ရွက်သွားရန် တင်ပြမှု များ ရှိခဲ့သော်လည်း အစိုးရဘက်က တစုံတရာတုံ့ပြန်ခြင်း မရှိသေးသည့်အပေါ် ALP ဒု ဥက္ကဋ္ဌ ဦးခိုင်စိုး နိုင်အောင် ကို ဧရာဝတီ အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားသည်များကို ဖော်ပြလိုက် ပါ သည်။ မေး။ ။ ရခိုင်မှာ အကြမ်းဖက်မှုတွေ ဖြစ်နေတာနဲ့ ပတ်သက်ပြီး ALP က လုံခြုံရေး ပေးသွားဖို့ ဆောင်ရွက် နေ တယ် လို့ သိရတယ်။ ဘယ်လို ဆောင်ရွက်မှာလဲ။ ဖြေ။ ။ ကျနော်တို့ ဆောင်ရွက်ဖို့အတွက် ပထမတခါ ထုတ်ပြန်ပြီပြီး။ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ အစိုးရနဲ့ ကျနော်တို့ ပူးပေါင်း ဆောင်ရွက်လိုတယ်ဆိုတဲ့ ထုတ်ပြန်ချက် တခုထုတ်ပြီပြီး။ ဒါပေမယ့် အစိုးရက တုံ့ပြန်မှု မရှိဘူး။ အဓိက တကယ်ပြောမယ်ဆိုရင် အကြမ်းဖက်မှုကို ကျနော်တို့ ရှုတ်ချ တယ်။ ဒါ မလုပ်သင့်တာကို လုပ်တယ်။ နောက်ပြီးတော့ လုံခြုံရေးစခန်း ၃၀ ကျော် တိုက်ခိုက်ခံရတယ် ဆိုတာ တမင်တကာ ဖန်တီးပြီလုပ်တယ်။ ရည်ရွယ်ချက် ရှိရှိလုပ်တဲ့ ပုံစံမျိုးဖြစ်တယ်။ အဲဒါကြောင့် ရခိုင်ပြည်နယ် လွတ်မြောက်ရေး ပါတီ(ALP) အနေနဲ့ NCA ကို လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတခု ဖြစ်တဲ့ အတွက် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်လိုတယ်။ အစိုးရက တုံ့ပြန်မှု မရှိဘူး ကျနော်တို့ကို။ မေး။ ။ အခုလို အစိုးရက လုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့ တင်ပြတဲ့အပေါ် တုံ့ပြန်မှုမရှိတာက ဘယ်လို အကြောင်းအရာတွေကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်မိလဲ။ ဖြေ။ ။ အဲဒါက ကျနော်တို့လည်း မခန့်မှန်းနိုင်ဘူးဗျ။ ဘာကြောင့်လဲ ဆိုတာ။ မေး။ ။ ဒီဖြစ်စဉ်မှာ ဆရာတို့က လုံခြုံရေးပေးဖို့ တင်ပြရာမှာ အစိုးရဘက်က တုံ့ပြန်မှုမရှိဘူး ဆိုတော့ ဒါကို ဘယ်လို ပုံစံနဲ့ ဖြေရှင်းသင့်တယ်လို့ အစိုးရနဲ့ တပ်မတော်ကို အကြံပြု တင်ပြထားတာ ရှိပါသလဲ။ ဖြေ။ ။ ကျနော်တို့ ဆက်ပြီးတော့ ကြိုးပမ်းနေတယ်။ ပူးပေါင်း ဆောင်ရွက်နိုင်အောင် ရခိုင် လက်နက်ကိုင် အဖွဲ့ အစည်းများ၊ ရခိုင ်နိုင်ငံရေးပါတီများ၊ ရခိုင်ပြည်သူများ၊ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်အောင် ကြိုးပမ်းနေတာ တော့ ရှိတယ်။ မေး။ ။ ဒီကြိုးပမ်းမှု က ဘယ်အခြေအနေ ဘယ်အတိုင်းအတာထိ ရောက်နေပြီလဲ။ ဖြေ။ ။ အဲဒါ ဘာမှ တုံ့ပြန်မှု မရှိတော့ ဘယ်အတိုင်းအတာအထိ ရှိနေလဲ ဆိုတာ ပြောဖို့ ခက်တယ်။ မေး။ ။ အခုရခိုင်မှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်က ဘာအတွက် ဖြစ်ပေါ်လာတယ်လို့ သုံးသပ်မိလဲ။ ဖြေ။ ။ အဲဒါက ကျနော်ထင်တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အကြောင်းအမျိုးမျိုးကြောင့် ရခိုင်ပြည်ကို ရောက်လာ တဲ့ ဘင်္ဂါလီ မွတ်စလင်တွေနဲ့ ပတ်သက်လို့ နိုင်ငံသားပြုခွင့်ဥပဒေ ၁၉၈၂ ခုနှစ် ဥပဒေကို လက်တွေ့ အကောင် အထည်ဖော်မှု မဆောင်ရွက်နိုင်သည့် ကာလပတ်လုံး ဒီအကြမ်းဖက်မှုက ရှိနေမှာပဲလို့ အဲဒီလို သုံးသပ်မိတယ်။ ဘာကြောင့်လဲဆိုရင် တဖက်မှာ လူမျိုးနာမည် ဖန်တီးပြီးတော့ မြန်မာနိုင်ငံမှာ မရှိတဲ့ လူမျိုးတခု ဖန်တီးပြီတော့ နိုင်ငံတကာမှာ ဝါဒဖြန့်နေတာက အခုအကြမ်းဖက်မှုကို တစုံတရာ အထောက်အကူ ဖြစ်စေတယ်လို့ မြင်တယ်။ ဒါကြောင့် ၁၉၈၂ ခုနှစ် နိုင်ငံသားပြုမှု ဥပဒေကို တည်ဆဲဥပဒေအရ အကောင်အထည် ဖော်ဖို့လိုတယ်။ အဲဒါကို အကောင်အထည် မဖော်နိုင်မှု ကာလပတ်လုံးကတော့ အကြမ်းဖက်မှု ရှိနေမှာပဲလို့ မြင်တယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်က မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသဟာ အိမ်ရှင်တွေက ဧည့်သည် ဖြစ်သွားနိုင်တယ်။ မေး။ ။ ရခိုင် လက်နက်ကိုင် အဖွဲ့ ရက္ခိုင့် တပ်မတော် (AA) နဲ့ ALP) အချင်းချင်း သြဂုတ် ၂၃ ရက်က တိုက်ပွဲ ဖြစ်သွားတာကရော ဘာကို အခြေတည်ပြီးတော့ ဖြစ်တာလဲ။ အခုဘယ်လို ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်နေ လဲ။ ဖြေ။ ။ အဲဒါက အိန္ဒိယ ဘော်ဒါ (နယ်စပ်)မှာရှိတဲ့ ကျနော်တို့ စခန်းတွေကို လာတိုက်တယ်။ လာတိုက်တယ် ဆိုတော့ အဲဒီမှာရှိတဲ့ စခန်းတွေကို သူတို့သိမ်းပြီးတော့ သူတို့အခြေခံစခန်း ဆောက်လိုတဲ့ ဆန္ဒတော့ ရှိတယ်။ တော်တော် ရှုပ်ထွေးတယ်ဗျ ဒီကိစ္စက၊ ပထဝီနိုင်ငံရေးအရ ပြောမယ်ဆိုရင် မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့မှာ ကျနော်တို့ကို တိုက်တဲ့ AA ကလည်းပါနေတယ်။ အဲဒါကြောင့် ပြောရတာတော့ တော်တော် ခက်တယ်။ ပထဝီ နိုင်ငံရေးအရ ပြောမယ်ဆိုရင်တော့ တရုတ်ကလည်း မြောက်ပိုင်းအဖွဲ့တွေကို လုပ်နေသလို ခန့်မှန်းရတာ ခက်တယ်။ ကျနော်တို့ စခန်းတွေကို ဝင်တိုက်တယ် ဆိုတာကတော့ ကျနော်တို့ နေရာတွေမှာ သူတို့ အစားထိုး ဝင်ရောက်လိုတဲ့ သဘောဖြစ်တယ်လို့ ကျနော်တို့ ယူဆတယ်။ ကိုယ့်အချင်းချင်း လက်နက်ကိုင် ပဋိပက္ခာမဖြစ် သင့်ဘူး။ တကယ်တော့ စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးပြီး ဖြေရှင်း ညှိနှိုင်းဆွေးနွေးမှ နည်းလမ်းရနိုင်တယ်ပေါ့။ မေး။ ။ ဒီကိစ္စ (ရခိုင်အဖွဲ့ အချင်းချင်း တိုက်ပွဲဖြစ်ပွားမှု)ကို ဖြေရှင်းဖို့ စာပို့ထားတယ်လို့ သိရတယ်။ AA ဘက်က လက်ခံမှု ရှိလား၊ ဘယ်လိုအခြေအနေ ရှိပါသလဲ။ ဖြေ။ ။ တုံ့ပြန်မှု လုံးဝမရှိဘူး။ သူတို့ အကြောင်းမပြန်ဘူး။ ။ The post “အိမ်ရှင်တွေက ဧည့်သည် ဖြစ်သွားနိုင်တယ်” appeared first on ဧရာဝတီ.
Source : http://ift.tt/2xwIOZ7
via IFTTT

No comments:

Post a Comment