နယူးယောက်မြို့မှာ မိတ်ဆက်လိုက်တဲ့ Galaxy Note 8 စမတ်ဖုန်း Samsung ရဲ့နောက်ဆုံးပေါ် Note Series စမတ်ဖုန်းသစ် Samsung Galaxy Note 8 ကို သြဂုတ်လ ၂၃ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ တရားဝင် မိတ်ဆက်ပြသလိုက်ပါတယ်။ Galaxy Note 8 မိတ်ဆက်ပွဲကို မြန်မာနိုင်ငံမှ Samsung Myanmar ရဲ့Brand Ambassador များဖြစ်ကြတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ သရုပ်ဆောင် အကယ်ဒမီ ဖွေးဖွေးနဲ့ Samsung Myanmar မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ မျက်နှာပြင်အရွယ်အစား ခပ်ကြီးကြီးကို အသုံးပြုရတဲ့ ကြိုက်နှစ်သက်တဲ့ Note Series ချစ်သူတွေအတွက် Galaxy Note 8 က ၆.၃ လက်မအကျယ်ရှိတဲ့ Quad HD+ Super AMOLED, Infinity Display မျက်နှာပြင်နဲ့ ထွက်ရှိလာတာ ဖြစ်ပါတယ်။ Galaxy Note 8 စမတ်ဖုန်းမှာ ထူးခြားချက်အနေနဲ့ ကျောဘက်ကင်မရာ 12 Mega pixel အရည်အသွေးရှိ Telephoto ကင်မရာနဲ့ Wide-angle ကင်မရာ ၂ ခု ပါဝင်ပြီး အရှေ့ဘက်ကင်မရာ အရည်အသွေး 8 Mega pixel ဖြစ်ပါတယ်။ အရှေ့ဘက် Selfie ကင်မရာမှာ f/1.7 မှန်ဘီလူးနဲ့အတူ လူများများနဲ့ နောက်ခံမြင်ကွင်းကျယ် Wide Selfie ဓာတ်ပုံများ ရိုက်ကူးနိုင်တယ်လို့ သိရပါတယ်။ အနောက်ဘက် ကင်မရာ ၂ လုံးမှာ Wide-angle ကင်မရာက f/1.7 ပုံမှန်မှန်ဘီလူးဖြစ်ပြီး Telephoto ကင်မရာမှာတော့ f/2.4 telephoto မှန်ဘီလူး ပါဝင်တာ တွေ့ရပါတယ်။ ဒါ့အပြင် အနောက်ဘက်ကင်မရာ ၂ လုံးမှာ Live Focus လုပ်ဆောင်ချက်နဲ့ နောက်ခံ မှုန်ဝါးမှုကို ချိန်ညှိပေးနိုင်ပြီး ဓာတ်ပုံများ ရိုက်ကူးနိုင်တယ်လို့ သိရပါတယ်။ Samsung Galaxy Note 8 စမတ်ဖုန်း – ဓာတ်ပုံ (သီဟတိုး/ ဧရာဝတီ) Galaxy Note 8 မှာ ပါဝင်အသုံးပြုနိုင်တဲ့ S Pen က Notes များ၊ Screen Memo များ လွယ်ကူမြန်ဆန်စွာ ရေးမှတ်နိုင်ပြီး Live Message များလည်း ရေးသားပေးပို့နိုင်တယ်လို့ သိရပါတယ်။ S Pen ကလည်း ရေစိုခံပြီး စာများရေးမှတ်နိုင်ကာ ဖုန်းကိုယ်ထည်တခုလုံးကို 1.5 မီတာအထိ မိနစ် ၃၀ ရေစိုခံနိုင်တဲ့ IP68 အဆင့် ပါဝင်ပါတယ်။ ဘက်ထရီအား ပမာဏ 33000 mAh ပါဝင်ပြီး ကြိုးမဲ့အားသွင်းစနစ်နဲ့လည်း အားသွင်းနိုင်တယ်လို့ သိရပါတယ်။ Android OS Version 7.1.1 (Nougat) ကို အသုံးပြုထားပြီး Facebook, Messenger, Application ၂ ခု တပြိုင်တည်း သုံးနိုင်တဲ့ Dual Application လုပ်ဆောင်ချက် ပါဝင်ပါတယ်။ Memory အနေနဲ့ 6GB RAM နဲ့ Internal Storage 64GB, 128GB, 256GB အထိ အစားစား ရရှိနိုင်ပါတယ်။ CPU အရည်အသွေး 64 bit, Octa-core Processor အသုံးပြုထားတယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ မိတ်ဆက်လိုက်တဲ့ Samsung Galaxy Note 8 ကို သြဂုတ်လ ၂၄ ရက် နေ့မှ စတင်ကာ ကြိုတင်မှာယူထားနိုင်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့မှာရောင်းချသွားမယ်လို့ သိရပါတယ်။ Galaxy Note 8 စမတ်ဖုန်းကို ဈေးနှုန်းအနေနဲ့ အမေရိကန် ဒေါ်လာ ၉၃၀၊ ဗြိတိန် စတာလင်ပေါင် ၈၇၀၊ ဥရောပ ယူရို ၉၉၉ ကျသင့်တယ်လို့ သိရပါတယ်။ အရောင်များအနေနဲ့ Mid Night Black, Deepsea Blue, Orchid Gray, Maple Gold စတဲ့ အရောင် ၄ မျိုး ထုတ်လုပ်ထားပြီး Galaxy Note 8 စမတ်ဖုန်းကို မြန်မာနိုင်ငံမှာ စက်တင်ဘာလအတွင်း တရားဝင် မိတ်ဆက် ရောင်းချသွားမယ်လို့ သိရပါတယ်။ နယူးယောက်မှာ ပြုလုပ်ခဲ့တဲ့axy Note 8 စမတ်ဖုန်း မိတ်ဆက်ပွဲ Live ဗီဒီယိုကို ဖော်ပြလိုက်ပါတယ်။ Galaxy Note 8 Unpack လွတ်သွားလို့ဆိုတဲ့ အမာခံ တကယ့် Note Fan, Samsung Fan တွေ အတွက်ပြန်တင်ပေးတာပါ!#DualOISLens #DoBiggerThings #GalaxyNote8MM Posted by Samsung Mobile Myanmar on Wednesday, August 23, 2017 The post နယူးယောက်မြို့မှာ မိတ်ဆက်လိုက်တဲ့ Galaxy Note 8 စမတ်ဖုန်း appeared first on ဧရာဝတီ.
Source : http://ift.tt/2vbaDbz
via IFTTT
No comments:
Post a Comment