ပုဂံဘုရားများ ပြုပြင်မှု ၂၀၂၀ မတိုင်မီ အပြီးသတ်မည် ပုဂံဒေသရှိ စေတီပုထိုးနှင့် သာသနိက အဆောက်အအုံ အားလုံး၏ ပြုပြင်ထိန်းသိမ်းမှုကို ၂၀၂၀ ခုနှစ် မတိုင်မီတွင် အပြီးသတ် ဆောင်ရွက်မည် ဖြစ်ကြောင်း ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။ သြဂုတ်လ ၂၇ ရက်နေ့က ပုဂံဒေသတွင် နိုင်ငံပေါင်းစုံမှ ပညာရှင်များ ပါဝင်သည့် အစည်းအဝေးတခုကို ကျင်းပနိုုင်ခဲ့ပြီး တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ စပိန်နှင့် အီတလီနိုင်ငံတို့ က မြန်မာအစိုးရကို ကူညီကြမည် ဖြစ်ကြောင်း ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာနမှ သိရသည်။ “ပုဂံအစည်းအဝေးမှာလည်းပဲ နိုင်ငံပေါင်းစုံက ပညာရှင်ပေါင်းစုံ တက်ကြပါတယ်။ ဒါနဲ့ ပတ်သက်လို့ ခြုံပြီးပြောရမယ်ဆိုရင် ပုဂံမှာရှိတဲ့ သာသနိက အဆောက်အအုံတွေအားလုံးကို ၂၀၂၀ မတိုင်ခင်မှာ အားလုံး ပြင်ဆင်လို့ ပြီးမယ်လို့ ပြောနိုင်ပါတယ်”ဟု ဝန်ကြီး သူရ ဦးအောင်ကိုက ပြောသည်။ ၎င်း၏ ယခုပြောဆိုချက်သည် ငလျင်ဒဏ်ခံရသည့် ပုဂံဒေသ တနှစ်ပြည့် အချိန်နှင့် တိုက်ဆိုင်လျက်ရှိပြီး ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့က ပုဂံဒေသ အနီးရှိ ချောက်မြို့ ပတ်ဝန်းကျင်ကို ဗဟိုပြု၍ အင်အား ၆.၈ ရစ်ချက်စတာ စကေးရှိသည့် ပြင်းထန်သော ငလျင် ကြီးတခု လှုပ်ခတ်ခဲ့ရာ သမိုင်းဝင် စေတီပုထိုးများစွာမှာ ထိခိုက်ပျက်စီမှုများ ရှိခဲ့သည်။ သာမန် အသေးအဖွဲ ပျက်စီးမှုဖြစ်သည့် စေတီပေါင်း ၂၂၄ ဆူလုံးကို ပြုပြင်ပြီး ဖြစ်ကြောင်း၊ အလယ်အလတ် ပျက်စီးသည့် စေတီများ၏ ၅၀ ရာခိုင်နှုန်းခန့် ပြင်ဆင်ပြီး ဖြစ်သော်လည်း ထုထည် ကြီးမားသည့် အကြီးစား ပြင်ဆင်မှုများကိုမူ ရာနှုန်းအားဖြင့် ပြောဆိုရန် ခက်ခဲသေး ကြောင်းသိရသည်။ “ဥပမာ သဗ္ဗေညုစေတီဆိုရင် ငလျင်လှုပ်တုန်းက လဲကျသွားတာ၊ ပဲ့ကျသွားတာ မရှိပါဘူး။ ဒီတိုင်းပဲ နဂိုပကတိ ရပ်တည်လျှက် ရှိပါတယ်။ သို့သော်လည်း အခု နိုင်ငံတကာ ပညာရှင် ပါဝင်တဲ့ အဖွဲ့နဲ့ စစ်ဆေးလိုက်တဲ့ အခါကျတော့ X-ray တွေရော စစ်ဆေးလိုက်တဲ့ အခါကျတော့ ပဲ့တင်သံ ပြန်မလာတာ တွေ့ရပါတယ်”ဟု သူရ ဦးအောင်ကိုက ပြောသည်။ ထို့ကြောင့် ပျက်စီးခြင်း မရှိဟု ထင်ရသည့် သဗ္ဗေညု ပုထိုးတော်ကြီးမှာ အတွင်းပိုင်း ကြေသွားသဖြင့် တရုတ်နိုင်ငံမှာ ရှေးဟောင်း ဗိသု ကာ ပညာရှင်များက စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း၊ နံရံဆေးရေး ပန်းချီ ရှိသည့် စေတီဘုရားများကို အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ အီတလီနှင့် စပိန် နိုင်ငံများ ပါဝင်ပြီး ပြုပြင် ထိန်းသိမ်းရေးကိုလည်း ထိုနိုင်ငံများကပင် တာဝန်ယူထားကြောင်း သိရသည်။ The post ပုဂံဘုရားများ ပြုပြင်မှု ၂၀၂၀ မတိုင်မီ အပြီးသတ်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2vrdCgp
via IFTTT
No comments:
Post a Comment