Wednesday, August 30, 2017


ရခိုင်အရေး ကာကွယ်ရန် အမျိုးသား သင့်မြတ်ရမည်ဟု သူရဦးအောင်ကို ပြော နိုင်ငံ၏ အနောက်ဘက် ခြံစည်းရိုးဖြစ်သည့် ရခိုင်ပြည်နယ် အပါအဝင် တိုင်းပြည်၏ နယ်နိမိတ်များကို ကာကွယ်နိုင်ရန် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို မဖြစ်မနေ တည်ဆောက်ရမည် ဖြစ်ကြောင်း ယဉ် ကျေးမှုနှင့် သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။ “အဲဒီလို တည်ဆောက်ဖို့အတွက်ကို ပါဝင် ပတ်သက်နေတဲ့ ၂ ဖက် အဖွဲ့အစည်းတွေက နိုင်ငံတော်နဲ့ နိုင်ငံသား၊ တိုင်းရင်း သားတွေရဲ့ အကျိုးစီးပွားအတွက်ကို တကယ့်ကို စေတနာသန့်သန့် ကောင်းမွန်စွာနဲ့ မျှော်မှန်းပြီးတော့မှ ကိုယ်ကျိုးစီးပွား စွန့်လွှတ်မှုတွေ လုပ်ရပါမယ်”ဟု သူရ ဦးအောင်ကိုက နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။ ယခု အကြမ်းဖက်ခံရမှု ပြဿနာသည် ရခိုင်ပြည်နယ်တွင် ခေတ်အဆက်ဆက် တာဝန်ကျခဲ့သည့် ဝန်ထမ်း၊ အဖွဲ့အစည်း များ၏ မသမာမှုများလည်း ပါဝင်ကြောင်း၊ ယခုအခါ လူကို လူနှင့် ပြန်ကာကွယ်ရမည် ဖြစ်၍ ကာကွယ်ရမည့် လူများကို လုံခြုံရေး အပြည့်အဝ ပေးရမည် ဖြစ်ကြောင်း၊ သို့မဟုတ်ပါက နောင် ၁၀ နှစ်၊ နှစ် ၂၀ တွင် သမိုင်းသင်ခန်းစာ ကောင်း ကောင်း ရသွားနိုင်ကြောင်း ၎င်းက ပြောသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်တို့ကြား ရခိုင်အရေးတွင် အပြည့်အဝ ပူးပေါင်း ဆောင်ရွက်နေသည်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ဧရာဝတီသို့ ထုတ်ဖော် ပြောကြားဖူးသော်လည်း လက်တွေ့တွင် ကွာဟချက်တချို့ ရှိနေကြောင်း သုံးသပ်မှုများ ရှိနေ သည်။ တပ်မတော်နှင့် တခြားနိုင်ငံရေးအဖွဲ့များ တောင်းဆိုနေသည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ခေါ်ယူ ပေးရန် ကိစ္စကိုလည်း အစိုးရက တုံ့ဆိုင်းနေခြင်းနှင့် ရခိုင်ဒေသတွင် လုံခြုံရေး ဆောင်ရွက်မှုများကို အကန့်အသတ်ဖြင့် မဟုတ်ဘဲ အစိုးရက ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်များ အပ်နှင်းပေးရန် လိုအပ်ကြောင်း ကြံ့ခိုင်ရေးပါတီမှ ဗိုလ်ချုပ်ကြီးဟောင်း တချို့က ထောက်ပြကြသည်။ ရခိုင်အရေး လေ့လာစောင့်ကြည့်သူ ဦးမောင်မောင်စိုးက “ရခိုင်ကိစ္စကို ဖြေရှင်းဖို့ဆိုရင် အစိုးရနဲ့ တပ်မတော် ခြေလှမ်းညီမှ ရမယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းကိစ္စ သက်သက်မဟုတ်ဘဲနဲ့ နိုင်ငံတကာနဲ့ပါ ရင်ဆိုင်ရတဲ့ကိစ္စ ဖြစ် တဲ့ အခါကျတော့ တူညီတဲ့ခြေလှမ်းနဲ့ သဘောထားကြီးဖို့တော့ လိုအပ်တယ်လို့ မြင်တယ်။ လက်ရှိမှာလည်း ပူးပေါင်း ဆောင်ရွက်တယ်ဆိုတဲ့ အနေအထားမျိုးလည်း ရှိတယ်။ ဒါပေမယ့် တဖက်က ပြောရင် အစိုးရ၊ တပ်နဲ့ လွှတ်တော်တို့ ကြား မှာလည်း နည်းနည်း မသိမသာ အဟလေးတွေလည်း ရှိမယ်လို့ ထင်ပါတယ်”ဟု ပြောသည်။ သူရ ဦးအောင်ကိုကလည်း “ဒီကိစ္စက ဒီလောက်နဲ့ ရပ်တန့်သွားလိမ့်မယ်လို့ မယူဆနိုင်ပါဘူး။ ဘင်္ဂါလီ အစွန်းရောက် အဖွဲ့ တွေကို လောလောဆယ်တော့ လက်နက်ခဲယမ်း ဘာညာ သိပ်အကောင်းစား မဟုတ်ပါဘူး။ လက်နက်လည်း ပါတယ်။ လုပ်သေနတ်လည်း ပါတယ်။ တုတ်၊ ဓားတွေလည်း ပါတယ်။ လှံတွေလည်း ပါတယ်။ ဒါတွေနဲ့ အင်အားသုံးပြီးတော့မှ တိုက်ခိုက်သော်လည်းပဲ ဒီနောက်မှာ ဒါကို လျှော့တွက်လို့ရှိရင်တော့ တကမ္ဘာလုံးနဲ့ချီပြီး ဒုက္ခပေးတဲ့ IS အဖွဲ့တွေရဲ့ အဆက် အသွယ်၊ အထောက်အပံ့တွေ ဝင်လာနိုင်တယ်ဆိုတာကို ကြိုတင်ပြီးတော့ တွေးထားဖို့ လိုမယ်”ဟု ဆက်ပြောသည်။ ယခုဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်ဖြစ်စဉ်များသည် အစိုးရ၊ တပ်မတော်နှင့် လုံခြုံရေး အဖွဲ့ အစည်းများ၊ ရခိုင် တိုင်းရင်းသားများနှင့်သာ သက်ဆိုင်သည့်ကိစ္စ မဟုတ်ဘဲ တနိုင်ငံလုံး၊ တမျိုးသားလုံး၊ ပြည်သူလူထု တရပ်လုံးနှင့် သက်ဆိုင်သည့် အမျိုးသားရေး ကိစ္စတခုဖြစ်ကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်စိုးနိုင်ဦးက ယမန်နေ့က နေပြည်တော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ The post ရခိုင်အရေး ကာကွယ်ရန် အမျိုးသား သင့်မြတ်ရမည်ဟု သူရဦးအောင်ကို ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2x4DJcm
via IFTTT

No comments:

Post a Comment