ဝိတ်ချချင်သူတွေအတွက် နောက်ထပ်နည်းလမ်းကောင်းများ တချို့လည်း အားကစားလုပ်ပြီး ကိုယ်အလေးချိန် လျှော့ကျတယ်၊ တချို့လည်း အစားထိန်းပြီး အလေးချိန် လျှော့တယ်။ ကျနော်တို့ နောက်ထပ် အလေးချိန် လျော့အောင်၊ ထိန်းထားနိုင်အောင် ဘယ်လို လုပ်ကြမလဲ။ (၁) ဖလောရီဒါတက္ကသိုလ်ရဲ့ လေ့လာချက်အရ မအိပ်ခင်မှာ အသားဓာတ်ပါရှိတဲ့ ဖျော်ရည်လို၊ ပဲနို့ရည်လို အရာတွေ ၃၀ ဂရမ် လောက် ပုံမှန်သောက်သုံးပေးခြင်းက အိပ်နေချိန်မှာလည်း ကိုယ်တွင်းက ကယ်လိုရီအပိုတွေကို လောင်ကျွမ်းစေတယ် လို့ တွေ့ ရသလို ကြွက်သားတွေကိုလည်း အားကောင်းစေပြီး လှုပ်ရှားမှု နည်းနည်းလုပ်ပေမယ့် ကယ်လိုရီများများ လောင်ကျွမ်း စေပြီး ကိုယ်ခန္ဓာအလေးချိန် တက်မှုကို ထိန်းနိုင်၊ လျော့ကျစေနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ (၂) အမှောင်အတိအနေအထားမှာ အိပ်စက်တာလည်း ကိုယ်ခန္ဓာကနေ Melatoninဆိုတဲ့ ဟော်မုန်း ထွက်ရှိလာစေပြီး အဆို ပါဟော်မုန်းဓာတ်က သင့်ကို အကောင်းဆုံး အိပ်ပျော်စေသလို ကယ်လိုရီအပိုတွေကို လောင်ကျွမ်းစေမယ့် အညိုရောင် အဆီ တွေ ထွက်ရှိလာစေတယ်လို့ Journal of Pineal Research မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ အကောင်းဆုံးက ညမီး မဖွင့်ဘဲ အမှောင်အတိ အိပ်စက်တာအကောင်းဆုံး ဖြစ်ပါတယ်။ (၃) ရာသီဥတုအေးအေးမှာ အိပ်စက်ခြင်းကလည်း သင့်ကိုယ်ခန္ဓာအတွင်းက ကယ်လိုရီတွေကို လောင်ကျွမ်းမှု ပိုကောင်း စေတယ်လို့ သိရပါတယ်။ ၆၆ ဒီဂရီလောက်မှာ ထားပြီး အိပ်စက်သူတွေက ပူနွေးတဲ့အခန်းထဲမှာ အိပ်စက်သူတွေထက် ကယ်လိုရီလောင်ကျွမ်းမှု ၇ ရာခိုင်နှုန်းထိအောင် ပိုမိုတာတွေ့ရပါတယ်။ အကောင်းဆုံးကတော့ မိမိအိပ်ခန်းကို အပူချိန် ၆၆ ဒီဂရီဝန်းကျင်မှာ ထားရှိ အိပ်စက်ပါလို့ Diabetes ဂျာနယ်မှာ ပြော ထားတာတွေ့ရပါတယ်။ (၄) အိပ်စက်ချိန်မှာ တီဗီကနေ ဖုန်းနဲ့ တက်ဘလက်တွေထိအောင် အကုန်ပိတ်ပြီး အိပ်စက်တာ အကောင်းဆုံးပါ။ မန်ချက် စ တာတက္ကသိုလ်က လေ့လာတွေ့ရှိချက်တွေအရ အဆိုပါ ပစ္စည်းတွေကနေထွက်ရှိတဲ့ အပြာရောင် အလင်းလှိုင်းတို့ ကိုယ်ခန္ဓာ နေ အိပ်စက်ဖို့ ထွက်ရှိတဲ့ Melatonin ဟော်မုန်းကို အားနည်းစေပြီး အိပ်မပျော်ခြင်းတွေ ဖြစ်စေပြီး ကယ်လိုရီ လောင်ကျွမ်းမှု အားနည်းစေနိုင်သလို အလေးချိန် တက်လာဖို့ လွယ်စေတယ်လို့ ဆိုပါတယ်။ (၅) အိပ်ရေး၀၀ အိပ်ခြင်းကလည်း အိမ်ချိန်မှာ ကယ်လိုရီလောင်ကျွမ်းမှုကိုရော တနေ့တာ လန်းဆန်းပြီး လှုပ်ရှားမှုတွေက နေ ကယ်လိုရီလောင်ကျွမ်းမှုကိုရော အကောင်းဆုံး အားပေးအထောက်အကူ ဖြစ်စေတဲ့အတွက် အိပ်ရေး၀၀ ပုံမှန်အိပ်စက်ဖို့ လို အပ်တယ်လို့ American Journal of Clinical Nutrition မှာ ဖော်ပြထားတာတွေ့ရပါတယ်။ တရက် အိပ်ရေး၀၀ အိပ်ဖို့အတွက်ကတော့ အနည်းဆုံး ၇ နာရီကနေ ၈နာရီအတွင်း အိပ်စက်ပေးဖို့ လိုအပ်တယ်လို့ Mayo Clinic က ပြောထားတာလည်း တွေ့ရပါတယ်။ (၆) REMဆိုတဲ့ အိပ်မောကျနေတဲ့ အချိန်မှာ ကိုယ်ခန္ဓာက ကယ်လိုရီလောင်ကျွမ်းမှုကို အကောင်းဆုံးလုပ်ဆောင်နေလေ့ ရှိ ပြီး အရက်သောက်သုံးသူတွေဟာ အဆိုပါ REM အနေအထား အိပ်မောကျဖို့ ခက်ခဲတတ်တယ်လို့ တွေ့ရှိရတဲ့အတွက် ကိုယ် ခန္ဓာထိန်းချင်၊ ချချင်သူတွေအနေနဲ့ အရက်ဖြတ်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။ သောက်ချင်ရင် ညစာနဲ့အတူ ဝိုင်တခွက်လောက်ပဲ သောက်သုံးတာ အကောင်းဆုံးလို့ ဆိုပါတယ်။ (၇) အထက်မှာ အရက်ဖြတ်ဖို့၊ လျှော့ဖို့ ပြောသလို ညစာကိုလည်း အနည်းငယ်ပဲ စားသုံးတာ အကောင်းဆုံး ဖြစ်တယ်လို့ သိရပါတယ်။ ညဘက်အစားများရင် ဟော်မုန်း နိုးထမှုများပြီး အဝလွန်စေနိုင်တယ်လို့ သိရပါတယ်။ ညစာအနည်းငယ်နဲ့ အဆီပါဝင်မှု နည်းတဲ့ အစာတွေကိုပဲ စားပေးဖို့သင့်ပါတယ်။ (၈) အိပ်စက်ချိန်မှာ အဝတ်မပါ၊ ကိုယ်လုံးတီးအိပ်စက်ခြင်းက ကိုယ်ခန္ဓာအပူချိန် နွေးထွေးမှု ကောင်းမွန်စေပြီး ကယ်လို ရီတွေကို လောင်ကျွမ်းမှု အားကောင်းစေတာကြောင့် ဖြစ်နိုင်ရင် ကိုယ်လုံးတီး အိပ်စက်တာ အကောင်းဆုံး ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုထားတာ တွေ့ရပါတယ်။ Ref: www.rd.com The post ဝိတ်ချချင်သူတွေအတွက် နောက်ထပ်နည်းလမ်းကောင်းများ appeared first on ဧရာဝတီ.
Source : http://ift.tt/2vk1nlL
via IFTTT
No comments:
Post a Comment