ကိုယ်အလေးချိန် လျှော့ချနေသူတွေ ပြုလုပ်လေ့ရှိတဲ့ အလေ့အထ အမှားများ ကိုယ်အလေးချိန် လျှော့ချတဲ့အခါ ကိုယ်နဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်းတွေကို မှန်မှန်ကန်ကန် ပြုလုပ်ပြီး အစားအသောက်ကို စနစ်တကျ စားသောက်မှသာ အန္တရာယ်ကင်းစွာနဲ့ ကိုယ်အလေးချိန် လျော့ကျနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချဖို့အတွက် အလွန်အမင်း အစာငတ်ခံဖို့ မလိုအပ်တဲ့အပြင် လိုအပ်တာထက်ပိုပြီး လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် ပြုလုပ်ခြင်းဟာလည်း ခန္ဓာကိုယ်အတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုမိုဖြစ်စေနိုင်တာကြောင့် ကိုယ်အလေးချိန် လျှော့ချနေသူတွေ ပြုလုပ်လေ့ရှိတဲ့ အလေ့အထအမှားတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ကိုယ်အလေးချိန် လျော့ကျဖို့အတွက် အစားအသောက်တွေ စားသုံးတဲ့အခါ Fat Free လို့ ရေးထားတဲ့ အစားအသောက်တွေကိုပဲ ရွေးချယ်စားသုံးစရာ မလိုပါဘူး။ Fat Free ဆိုတဲ့အစားအသောက်တွေဟာ သာမန် အစားအစာတွေထက် သကြားဓာတ် ပိုမိုပါဝင်ပြီး အရသာရှိအောင် ပြုပြင်ထားတဲ့ ဖြည့်စွက်ပစ္စည်းတွေ ပါဝင်တာကြောင့် သာမန် အစားအသောက်တွေထက် ကိုယ်အလေးချိန်ကို ပိုမိုမြင့်တက်စေပါတယ်။ (၂) ကိုယ်အလေးချိန် လျှော့ချနေချိန်မှာ အစားအသောက်တွေကို မစားဘဲ နေတာထက် မျှမျှတတ စားသုံးဖို့ကသာ အရေးကြီးပါတယ်။ အထူးသဖြင့် အမျှင်ဓာတ် ပါဝင်တဲ့ အစားအစာတွေကို ပိုမိုစားသုံးသင့်ပြီး အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဟာ သင့်ကို အချိန်ကြာကြာ ဗိုက်ပြည့်နေစေမှာ ဖြစ်ပါတယ်။ (၃) လုံလောက်တဲ့ အိပ်စက်ချိန် မရှိခြင်းဟာ အစာစားချင်စိတ်ကို ပိုမိုဖြစ်ပေါ်စေပြီး ကိုယ်အလေးချိန် လျှော့ချနေသူတွေ စားသုံးဖို့ မသင့်တော်တဲ့ ကယ်လိုရီ ပမာဏများတဲ့ အစားအစာတွေကို ပိုမိုတောင့်တစေမှာ ဖြစ်ပါတယ်။ (၄) ကိုယ်အလေးချိန် လျှော့ချနေသူတွေ ပြုလုပ်လေ့ရှိတဲ့ အလေ့အထ မှားတွေထဲမှာ ပရိုတင်းဓာတ်ကို ရှောင်ကြဉ်တာလည်း တခုအပါအဝင ်ဖြစ်ပါတယ်။ ပရိုတင်းဓာတ် ပါဝင်တဲ့ အသားငါးတွေဟာ အချိန်တော်တော် ကြာတဲ့အထိ ဗိုက်ပြည့်နိုင်စေမှာ ဖြစ်တာကြောင့် အစားအသောက် လျှော့စားတဲ့အပေါ်မှာ အကျိုးသက်ရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။ (၅) အစားအသောက်တွေ အများကြီး မစားမိအောင်လို့ မိမိကိုယ်ကို ထိန်းချုပ်ကန့်သတ်ထားခြင်းဟာလည်း အလေ့အထမှား တခုပဲ ဖြစ်ပါတယ်။ စားသုံးလိုက်တဲ့ အစားအစာ ပမာဏထက် ပါဝင်တဲ့ ကယ်လိုရီ ပမာဏကသာ အရေးကြီးတာ ဖြစ်ပါတယ်။ Ref; brightside.me The post ကိုယ်အလေးချိန် လျှော့ချနေသူတွေ ပြုလုပ်လေ့ရှိတဲ့ အလေ့အထ အမှားများ appeared first on ဧရာဝတီ.
Source : https://ift.tt/2KOhFXk
via IFTTT
No comments:
Post a Comment