ကြောင်ချစ်သူတွေ မိမိတို့ ကြောင်လေးတွေနဲ့ ပက်သက်ပြီး ပြုလုပ်လေ့ရှိတဲ့ အမှားများ သိပ္ပံနည်းကျ လေ့လာချက်တွေအရ အိမ်မွေးတိရစ္ဆာန်အဖြစ် ကြောင်မွေးထားခြင်းဟာ ကြောင်ပိုင်ရှင်တွေကို စိတ်ဖိစီးမှုနဲ့ စိတ်တင်းကြပ်မှုတွေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ မိမိတို့အိမ်မှာ မွေးထားတဲ့ ကြောင်လေးတွေနဲ့ပက်သက်ပြီး ကြောင်ပိုင်ရှင် အများစု ပြုလုပ်လေ့ရှိတဲ့ အမှားတချို့ကိုု ဧရာဝတီ စာဖတ်ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ (၁) ကြောင်လေးတွေကို တခြားသောသတ္တဝါတွေ ရန်ပြုမှာကို စိုးရိမ်ပြီး အိမ်ထဲမှာပဲထားခြင်းကို မပြုလုပ်သင့်ပါဘူး။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာစမ်းသပ်ချက်တွေအရ ရံဖန်ရံခါအားဖြင့် အပြင်မှာလွှတ်ထားတဲ့ ကြောင်တွေနဲ့ အိမ်ထဲမှာပဲ မွေးမြူထားတဲ့ ကြောင်တွေရဲ့ သက်တမ်းကို နှိုင်းယှဉ် စစ်ဆေးကြည့်တဲ့အခါ အပြင်မှာ လွှတ်ထားတဲ့ ကြောင်တွေရဲ့ သက်တမ်းဟာ ၅ နှစ်ခန့် ပိုမိုသက်တမ်းရှည်တယ်လို့ ဆိုပါတယ်။ (၂) ကြောင်လေးတွေကို အစာကျွေးတဲ့အခါ သူတို့ရဲ့အစာခွက်ထဲမှာ ကြောင်စာတွေ အပြည့်အလျှံ ထည့်ပြီး တနေ့တာလုံး အတွက် တခါတည်း ကျွေးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ လေ့လာစမ်းသပ်ချက်တွေအရ ကြောင်တွေ အများစု အဝလွန်ခြင်း ဖြစ်ပေါ်တာဟာ ဒီလိုနည်းလမ်းနဲ့ အစာကျွေးခြင်းကြောင့်ဖြစ်ပြီး တရက်ကို နှစ်ကြိမ်ကနေ သုံးကြိမ်အထိ ခွဲပြီး အစာကျွေးသင့်ပါတယ်။ (၃) ကြောင်စာတွေကိုပဲ တချိန်လုံးကျွေးနေခြင်းဟာ သင့်ကြောင်လေးတွေအတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်နဲ့ တခြားသော အာဟာရဓာတ်တွေ လုံလောက်စွာ မရရှိတဲ့အပြင် ကြောင်စာထဲမှာ ပြုပြင်စီမံထားတဲ့ ဖြည့်စွက်ဓာတ်တွေသာ ပါဝင်တာကြောင့် ကြောင်စာတွေ မကြာခဏ ကျွေးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ (၄) သင့်ကြောင်လေးတွေမှာ ခါတိုင်းနဲ့မတူတဲ့ အပြုအမူတွေ ဖြစ်ပေါ်နေပြီဆိုရင်တော့ ဒါကို လျစ်လျှူ မရှုသင့်ပါဘူး။ ကြောင်လေးတွေဟာ မကြာခဏ ဆီးသွားနေပြီဆိုရင်တော့ ဒါဟာ ကျွေးထားတဲ့ အစားအစာနဲ့ ဓာတ်မတည့်တာမျိုးနဲ့ တခြားသော အကောင်ပလောင်တွေကို စားမိတဲ့အခါ ကျောက်ကပ်နဲ့ ဆီးအိမ်ကို ထိခိုက်သွားတာမျိုး ဖြစ်နိုင်တာကြောင့် တိရစ္ဆာန်ကု ဆရာဝန်ဆီ အမြန်ဆုံး သွားရောက်သင့်ပါတယ်။ (၅) ကြောင်လေးတွေ ဖျားနာတဲ့အခါ ပါရာစီတမော တိုက်ကျွေးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ပါရာစီတမောကို ချေဖျက်ဖို့အတွက် ကြောင်တွေရဲ့အသည်းမှာ အင်ဇိုင်း ပါဝင်မှု မရှိတာကြောင့် မတိုက်ကျွေးသင့်တာဖြစ်ပါတယ်။ Ref ; ba-bamail.com The post ကြောင်ချစ်သူတွေ မိမိတို့ ကြောင်လေးတွေနဲ့ ပက်သက်ပြီး ပြုလုပ်လေ့ရှိတဲ့ အမှားများ appeared first on ဧရာဝတီ.
Source : https://ift.tt/2LsfBFl
via IFTTT
No comments:
Post a Comment