Wednesday, May 23, 2018

burma.irrawaddy.com

ကင်ဂျုံအန်းနှင့် စင်ကာပူတွင်တွေ့ဆုံရေး နှောင့်နှေးနိုင်ဟု ဒေါ်နယ်ထရမ့်ပြော မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနှင့်ထိပ်သီးတွေ့ဆုံမှုမှာ ကြန့်ကြာကောင်း ကြန့်ကြာနိုင် ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က မနေ့က သတိပေးလိုက်သည်။ လာမည့် ဇွန်လ ၁၂ရက်နေ့တွင် နှစ်နိုင်ငံခေါင်းဆောင်များ စင်ကာပူတွင် တွေ့ဆုံရန် စီစဉ်ထားခြင်း ဖြစ်သော်လည်း တောင် ကိုရီးယားနှင့် အမေရိကန်တို့၏ Max Thunder ပူးတွဲစစ်ရေးလေ့ကျင့်မှု ကြောင့် နှစ်နိုင်ငံ အဆင့်မြင့်ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲများကို မြောက်ကိုရီးယားဘက်က ဖျက်သိမ်းခဲ့ပြီးနောက် အမေရိကန်နှင့် တွေ့ဆုံဆွေးနွေးမှုလည်း ပျက်ပြား နိုင်ဖွယ်ရှိကြောင်း ပြောကြားထားသည်။ အမေရိကန်တွင် ရောက်ရှိနေသည့် တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်ကို အိမ်ဖြူတော်၌ တည်ခင်းဧည့်ခံပြီးနောက် အမေရိကန်နှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့အကြား ပထမဆုံး ထိပ်သီးတွေ့ဆုံမှု အပေါ် ထိခိုက်စေမည့် အလား အလာ ထင်ကြေး များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ချေဖျက်ခဲ့ပြီး၊ မြောက်ကိုရီးယား ခေါင်းဆောင် အနေဖြင့် နျူကလီးယား ကင်းစင်ရေး ကိစ္စအပေါ် အလေးအနက်ရှိနေကြောင်း အခိုင်အမာပြောကြားခဲ့သည်။ သို့သော် “ ဇွန်လ ၁၂ ရက်တော့ မဖြစ်လောက်ဘူး။ ဘာမှမဖြစ်လာရင်လည်း နောက်တော့ဖြစ်လာ မှာပေါ့” ဟု ထရမ့်က စင်ကာပူ၌တွေ့ဆုံမှုအစီအစဉ်ကိစ္စကို မှတ်ချက်ပေးခဲ့သည်။ နိုင်ငံရေးအားဖြင့် ထရမ့်က ယင်းသို့တွေ့ဆုံမည့်အစည်းအဝေးကို အားသွန်ခွန်စိုက်မြှပ်နှံထားသကဲ့သို့ ပုဂ္ဂလိကအားဖြင့် လည်း အမေရိကန်အစိုးရတာဝန်ရှိသူများအပြင် ပြင်ပလေ့လာသူများကပါ ထိပ်သီး အစည်းအဝေးအလားအလာကို ဖြစ်မြောက်မည်ဟု ယုံကြည်ထားကြသည်။ တွေ့ဆုံမှုအောင်မြင်ခြင်းသည် ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးကို ရှေးရှုနိုင်ပြီး နျူးကလီးယား စစ်အန္တရာယ် ခြိမ်းခြောက်နေမှုကို အဆုံးသတ်စေလိမ့်မည်ဖြစ်သည်။ တွေ့ဆုံမှုပျက်ပြားပါက ငြိမ်းချမ်း ရေးမျှော်လင့်ချက်များ ကြွေလွင့်ကာ အကျပ်အတည်းဆိုက်ရောက်မည်ဖြစ်သည်။ The post ကင်ဂျုံအန်းနှင့် စင်ကာပူတွင်တွေ့ဆုံရေး နှောင့်နှေးနိုင်ဟု ဒေါ်နယ်ထရမ့်ပြော appeared first on ဧရာဝတီ.
Source : https://ift.tt/2IBaF3g
via IFTTT

No comments:

Post a Comment