Dim sum ကို အိမ်မှာပဲ လွယ်လွယ်ကူကူလုပ်စားကြမယ် ကုန်ကျစရိတ်လည်း သက်သာပြီး အိမ်မှာပဲ လွယ်လွယ်ကူကူလုပ်စားလို့ရတဲ့ Dim Sum (အသားပေါင်း)ပြုလုပ်နည်း ကို ဖော်ပြပေးချင်ပါတယ်။ ဆိုင်တွေမှာ Dim Sum(အသားပေါင်း) နှစ်ခုပါတဲ့ အိုးတအိုးကို ခြောက်ရာကျပ် ပတ်ဝန်းကျင် ရောင်းတဲ့အတွက် အဝစားမယ်ဆိုရင် ရှင်းရမယ့်ပမာဏနဲ့ မကိုက်သေးပါဘူး ။ အခုဖော်ပြမယ့် နည်းလမ်းက ကုန်ကျစရိတ် သုံးထောင်လောက်နဲ့ Dim Sum အခု ၃၀ လောက်စားရမှာပါ။ကိုယ်တိုင် အိမ်မှာ လုပ်ပြီး အဝစားနိုင်မယ့် Dim Sum လုပ်နည်းကတော့.ပထမဦးစွာ ဝက်သား ၊ ဝက်သားမစားရင် ကြက်သား ကို ရေဆေးပြီး နုတ်နုတ်စင်းထားပါ ။ ကြက်ဥ ၊ကော်မှုန့်၊ ခရုဆီ ၊ ပဲငံပြာရည် အကြည်၊ ကြက်သားမှုန့် ၊ ဆား ၊ သကြား တိုနဲ့ နုတ်နုတ်ဆင်းထားတဲ့ အသားနဲ့ သမအောင် ရောနယ် ပါမယ်။ ကြက်သွန်မိတ်ကြိုက်ရင် နုတ်နုတ်စင်းပြီး ရောနယ်လို့ ရပါတယ် ။ Dim sum ပြုလုပ်နည်း အဆင့်အဆင့် Dim sum ပြုလုပ်နည်း အဆင့်အဆင့် ဒီနေရာမှာသတိထားဖို့ ကော်မှုန့်ထည့်တာ များလွန်းရင်လည်းမကောင်း ၊ နည်းလွန်းရင်လည်းမကောင်းတာမို့လို့ ကိုယ် ပေါင်းမယ့် အသားနဲ့ သေချာချိန်ပြီး ထည့်စေချင်ပါတယ် ။ ဒီလိုနယ်ဖတ်ထားတာ ကို ရေခဲသေတ္တာထဲမှာ ခဏနှပ် ထားပါတယ်။ တကယ်လို့ အချိန်အများကြီးမပေးနိုင်ရင်လည်း အနည်းဆုံး အချိန် တနရာရီလောက်နှပ်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ဒါပေမယ့် အချိန်ပေးနိုင်ရင်တော့ ပေးနိုင်သလောက်ကြာကြာ နှပ်ထားပါ။ ကြာကြာနှပ်ထားလေ အရသာ ပိုစိမ့်ဝင်လေ ဖြစ်ပါတယ်။ ပြီးရင် ကိုယ်ကြိုက်နှစ်သက်ရာ ယိုးဒယားအကင်လေးတွေ ၊ဆေးဘဲဥ ၊ ပန်းဂေါ်ဖီ စတဲ့ အစာပလာလေးတွေတင်ပြီး ပေါင်း လို့ရပါပြီ ။ ပေါင်းတဲ့အခါ ကိုယ်အဆင်ပြေသလိုပေါင်းလို့ရပါတယ်။ ဆိုင်မှာပေါင်းသလို အဆင့်ဆင့်တွေ မရှိလည်းအိမ်မှာ ရှိတဲ့ ထမင်းပေါင်းအိုး အပေါ်အဆင့်ကို သုံးပြီးပေါင်းကာ အသုံးပြုနိုင်ပါတယ်။ ။ အဓိက က နယ်ထားတဲ့ အသားတွေ ကို ရေနွေးငွေ့နူးစေဖို့ပါပဲ ။ ဒီလိုပေါင်းပြီးရင် ကိုယ်ကြိုက်တဲ့ အချဉ် နဲ့ တွဲဖက်ပြီး အိမ်မှာ စိတ်ကြိုက်စားနိုင်ပါပြီ ။ Dim sum ပြုလုပ်နည်း အဆင့်အဆင့် The post Dim sum ကို အိမ်မှာပဲ လွယ်လွယ်ကူကူလုပ်စားကြမယ် appeared first on ဧရာဝတီ.
Source : https://ift.tt/2Kth65W
via IFTTT
No comments:
Post a Comment