Wednesday, May 23, 2018


တိုင်းပြည်ကြွေးမြီမှာ GDP၏ ၆၅ ရာခိုင်နှုန်းရှိကြောင်း ဝန်ကြီးချုပ် မဟာသီယာပြော မလေးရှားနိုင်ငံ၏ ကြွေးမြီမှာ ပြည်တွင်းထုတ်ကုန်တန်ဖိုး(GDP)၏ ၆၅ ရာခိုင်နှုန်းရှိကြောင်း၊ အစိုးရ သစ်အနေဖြင့် တချို့ စီမံကိန်းများကို ဖျက်သိမ်းခြင်း သို့မဟုတ် ပြန်လည် သုံးသပ်ခြင်း၊ အစိုးရအဖွဲ့ ဝင်များ၏ လစာကိုလည်း ဖြတ်တောက်ခြင်း ဖြင့် တိုင်းပြည်ကြွေးမြီကို ဖြေရှင်းနိုင်ရန် ကြည့်ရှု့သွား မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်သစ် ဒေါက်တာ မဟာသီယာ မိုဟာမက်က ယနေ့ပြောသည်။ ယင်းကြွေးမြီ ပမာဏသည် မလေးရှား ရင်းဂစ် ၁ ထရီလျှံရှိပြီး၊ ထိုသို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြင့် မကြာသေးမီက ဝန်ကြီးချုပ်ဟောင်း နာဂျစ်ပြောဆိုထားသည့် တိုင်းပြည်ကြွေးမြီမှာ GDP၏ ၅၅ ရာခိုင်နှုန်းအောက်တွင်သာ ရှိသည်ဆိုသော အချက်ကို ချေပလိုက် ခြင်းဖြစ်သည်ဟု Free Malaysia Today သတင်းကဆိုသည်။ “ကျနော်တို့တိုင်းပြည်ရဲ့ကြွေးမြီဟာ ရင်းဂစ် ၁ထရီလီယံရှိတယ်ဆိုတာကို ဒီနေရာကနေ အသိပေး ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် ဒီနေ့တော့ ဒီအကြွေးတွေကို ဘယ်လိုနည်းလမ်းနဲ့ လျှော့ကျ အောာင် လုပ်မယ်ဆိုတာ လေ့လာကြည့်ရှု နိုင်ခဲ့ပြီ ဖြစ်ပါတယ်” ဟု မဟာသီယာက သတင်းစာရှင်း လင်းပွဲတခုတွင် ပြောခြင်းဖြစ်သည်။ ပြီးခဲ့သည့် မေလ ၉ရက်နေ့က ကျင်းပသည့် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ဟောင်း နာဂျစ် ဦးဆောင်သည့် အာဏာရ ညွှန်ပေါင်းအဖွဲ့ Barisan Nasional ခေါ် အမျိုးသားတပ်ဦးသည် ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် ဦးဆောင်သည့် မျှော်လင့်ခြင်း မဟာမိတ်များအဖွဲ့ကို ရှုံးနိမ့်ခဲ့သည်။ ထိုသို့ ရှုံးနိမ့်ပြီးနောက် နာဂျစ်အား အာဏာရစဉ် ဖြစ်ပေါ်ခဲ့သည် နိုင်ငံပိုင် ရင်းနှီးမြုပ်နှံမှု ရန်ပုံငွေ(1MDB)မှ အမေရိကန် ဒေါ်လာ ၄.၅ ဘီလျံ အပျောက်ရိုက်မှုဖြင့် စစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။ ဆက်စပ်ဖတ်ရှု့ရန် – ဝန်ကြီးချုပ်ဟောင်း နာဂျစ်၏ ငွေကြေး အရှုပ်တော်ပုံ စတင်စစ်ဆေး လူထုဘဏ္ဍာ မခိုးခဲ့၊ နိုင်ငံရေး ထိုးနှက်ခြင်းသာဖြစ်ဟု ဝန်ကြီးချုပ်ဟောင်း နာဂျစ်ပြော ဝန်ကြီးချုပ်ဟောင်းနာဂျစ် ပိုင်ဆိုင်သည့် ငွေနှင့် အဖိုးတန်ပစ္စည်းများ မလေးရှားရဲ သိမ်း ဝန်ကြီးချုပ်ဟောင်း နာဂျစ် အိမ်အဝင်အထွက် ရဲ ပိတ်ဆို့ထားလိုက်ပြီ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို နာမည်ပျက်စာရင်းသွင်း ပြည်ပထွက်ခွာခွင့် ပိတ်လိုက်ပြီ The post တိုင်းပြည်ကြွေးမြီမှာ GDP၏ ၆၅ ရာခိုင်နှုန်းရှိကြောင်း ဝန်ကြီးချုပ် မဟာသီယာပြော appeared first on ဧရာဝတီ.
Source : https://ift.tt/2KNvsx8
via IFTTT

No comments:

Post a Comment