Thursday, May 24, 2018

Kumudra

ရှူးဂါးဂလိုက်ဒါတစ်ကောင်ကို တရားမဝင်တင်သွင်းလာတဲ့ ၂၄နှစ်အရွယ်အမျိုးသမီးတစ်ဦးကို စင်ကာပူဒေါ်လာ ၄၀၀၀ ပေးဆောင်ဖို့ ဒဏ်တပ်လိုက်ကြောင်း စင်ကာပူ စားသောက်ကုန်နဲ့ မွေးမြူရေး အာဏာပိုင်အဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။ ဖေဖော်ဝါရီလက နာဆယာဟီရာဟူစိန်ကို စစ်ဆေးရေးဂိတ်တစ်ခုမှာ ဖမ်းဆီးခဲ့ပါတယ်။ လူဝန်မှုအဖွဲ့က စစ်ဆေးတဲ့အခါ သူ လွယ်ထားတဲ့့ အိတ်နီတစ်ခုထဲမှာ ရှူးဂါးဂလိုက်ဒါသားပေါက် တစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်။ ရှူးဂါးဂလိုက်ဒါတွေဟာ ကိုယ်ခန္ဓာသေးငယ်ပြီး အစုံစားတဲ့ သားပိုက်ကောင်မျိုးနွယ်ဖြစ်ပြီး စင်ကာပူနိုင်ငံမှာတော့ အိမ်တွင်းမွေးမြူရေးတိရစ္ဆာန်အနေနဲ့ မွေးမြူခွင့် မပြုဘဲ တောရိုင်းတိရစ္ဆာန်အဖြစ် သတ်မှတ်ထားပါတယ်။ ခွင့်ပြုလိုင်စင်မရှိဘဲ တိရစ္ဆာန်တွေ တင်သွင်းမှုနဲ့လည်းထပ်မံတရားစွဲထားတယ်လို့ အာဏာပိုင်အဖွဲ့က ပြောပါတယ်။ ‘သည်အကောင်လေး မတော်တဆ လွတ်သွားမယ်ဆိုရင် ဒါမျိုးအကောင်တွေက ကျွန်တော်တို့ပြည်တွင်းက ဇီဝမျိုးကွဲစုံလင်မှုအပေါ်သက်ရောက်မှုရှိသွားနိုင်တယ်’လို့ အဖွဲ့က ပြောပါတယ်။ ‘ ပိုအရေးကြီးတာက သည်ထူးဆန်းတဲ့ တိရစ္ဆာန်တွေဟာ မလိုလားအပ်တဲ့ရောဂါကို သယ်ဆောင်လာနိုင်ပြီး လူတွေနဲ့ ဒေသခံတိရစ္ဆာန်တွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်လာနိုင်တယ်’ လို့ပြောပါတယ်။ ခရီးသွားတွေအနေနဲ့ ငှက်၊ အင်းဆက်နဲ့ တိရစ္ဆာန်အရှင်တွေကို တရားမဝင် တင်သွင်းခြင်းမပြုဖို့ အာဏာပိုင််အဖွဲ့က ပြန်လည်သတိပေးထားပါတယ်။ သည်လိုပြုလုပ်ကြောင်းအပြစ်ထင်ရှားပါက ဒဏ်ငွေ စင်ကာပူဒေါ်လာ တစ်သောင်းနဲ့ ထောင်တစ်နှစ်အထိ ကျခံရနိုင်ပါတယ်။ Author: နှင်းသန့် [Ref: CNA. May 23, 208]
Source : https://ift.tt/2LqXCPV
via IFTTT

No comments:

Post a Comment