မန္တလေးတိုင်းရှိ တရုတ် နိုင်ငံသား စာရင်း အတိအကျ မဖြေကြားနိုင်သေးဟု ဆို မန္တလေးတိုင်း အတွင်း လာရောက် နေထိုင် အလုပ်လုပ်ကိုင်နေသော တရုတ် နိုင်ငံသားများ၏ အရေအတွက် အတိ အကျကို လောလောဆယ် မဖြေကြားနိုင်သေးကြောင်း တိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဧရာဝတီကို ပြောသည်။ ဇွန် ၂၈ ရက်နေ့က ပြုလုပ်သော မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ဒုတိယ (၁) နှစ်တာ သက်တမ်း အတွင်း ပြုပြင် ပြောင်းလဲ ရေး ဆောင်ရွက်ချက်များ သတင်းစာ ရှင်းလင်းပွဲ အခမ်းအနားတွင် ဧရာဝတီ သတင်း ဌာန၏ မေးမြန်းချက် ကို ၎င်းက ထိုသို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။ ၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့သော တိုင်းအစိုးရအဖွဲ့ ပထမ ၁ နှစ်တာ ကာလ သတင်းစာ ရှင်းလင်းပွဲတွင် တိုင်း ဝန်ကြီးချုပ် က မန္တလေးတိုင်း အတွင်း လာရောက် နေထိုင် အလုပ်လုပ်ကိုင်နေသော တရုတ် နိုင်ငံသားများ စာရင်းအား ကောက် ယူ မည်ဟု မီဒီယာများအား ပြောကြားထားသည်။ ထို့ကြောင့် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တိုင်းအစိုးရ ဆောင်ရွက်ချက်အား မေးမြန်းရာ ဒေါက်တာ ဇော်မြင့်မောင်က “အတိအကျ စာရင်းလိုချင်ရင်တော့ တနလာၤနေ့ လုံခြုံရေး အစည်းအဝေးရှိပါတယ်။ အဲဒီ အစည်းအဝေးတိုင်းမှာ လဝက က တိုင်းအတွင်း တရုတ်နိုင်ငံသား အဝင်အထွက် စာရင်း တင်ပြရ ပါတယ်”ဟု ဧရာဝတီကို ပြောသည်။ သတင်းစာ ရှင်းလင်းပွဲတွင် မန္တလေးတိုင်း အစိုးရအဖွဲ့ အပါအဝင် တိုင်းအဆင့် ဌာနဆိုင်ရာများ အားလုံး တက်ရောက် ကြသော်လည်း လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနက မတက်ရောက် သဖြင့် ဝန်ကြီးချုပ် အနေဖြင့် စာရင်း အတိအကျ ပြန်လည် မဖြေကြားနိုင်ခြင်း ဖြစ်သည် ဟု ဆိုသည်။ ၎င်း၏ ရှင်းလင်း ဖြေကြားချက်အရ တိုင်းအစိုးရအဖွဲ့၏ အပတ်စဉ် လုံခြုံရေး အစည်းအဝေးတိုင်း၌ လူဝင်မှုကြီး ကြပ် ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနက တိုင်းအတွင်းသို့ အဝင်အထွက် လုပ်နေသည့် တရုတ်နိုင်ငံသား အပါ အဝင် နိုင်ငံခြားသားများ၏ စာရင်းအား တင်ပြရသည်ဟု သိရသည်။ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး ကိစ္စရပ်များကြောင့် တိုင်းအတွင်း လာရောက် နေထိုင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများအား မည်သည့် အကြောင်းအရာများကြောင့် ရောက်ရှိသည့် အချက်နှင့် အရေအတွက် စာရင်း အား စောင့်ကြည့် ကောက်ယူရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။ ထို့အတွက် ဟိုတယ် မိုတယ်များတွင် လာရောက် တည်းခိုသည့် နိုင်ငံခြားသား အရေအတွက်အား လဝက သို့ စာရင်း ပေးပို့စေခြင်း၊ အိမ်များတွင် လာရောက် နေထိုင် အလုပ်လုပ်ပါက မည်သည့် အလုပ်အတွက် နေထိုင်ခြင်းဆိုသည့် တို့အား သက်ဆိုင်ရာ မြို့နယ် လဝက ကို အကြောင်းကြားရပြီး ပျက်ကွက်ပါက လဝက ဥပဒေဖြင့် အရေး ယူလျက် ရှိသည်ဟု ဆိုသည်။ မန္တလေး တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ချယ် ကို ဆက်သွယ် မေးမြန်းရာ ပြီးခဲ့သည့် မေလအတွင်း မန္တလေးတိုင်းတွင် လာရောက်နေထိုင် အလုပ် လုပ်ကိုင်နေသော တရုတ်နိုင်ငံသား အရေအတွက်၂၃၅ ဦး ရှိပြီး အများအားဖြင့် စီးပွားရေး ဗီဇာဖြင့် လာရောက်သူများ ဖြစ်ကြောင်း ဧရာဝတီ ကို ပြောသည်။ ဒုတိယ အကြိမ် မန္တလေးတိုင်း လွှတ်တော် ဒသမ ပုံမှန် အစည်းအဝေးတွင်လည်း မိတ္ထီလာ မြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးအောင်ကျော်မိုး က မန္တလေး တိုင်းအတွင်း တရားမဝင် နည်းလမ်း မျိုးစုံဖြင့် ဝင်ရောက် နေထိုင်သော နိုင်ငံခြားသားများအား စီမံချက်ဖြင့် စစ်ဆေးဖော်ထုတ်ကာ ထိရောက်စွာ အရေးယူ ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့သည်။ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်မိုးက “တရားဥပဒေ စိုးမိုးမှုနဲ့ စစ်ဆေးမှု အားနည်းတာကတော့ ဒီကိစ္စ ရဲ့ ဇစ်မြစ်လို့ ပြောလို့ ရတာပေါ့။ နောက်တခုက ဧည့်စာရင်းစစ်တဲ့ ဥပဒေကလည်း ဖျက်သိမ်းလိုက်တော့ ဒီအပေါ်မှာ နယ်မြေခံ အုပ်စု အုပ်ချုပ်ရေးမှူး တွေကလည်း စစ်ဆေးဖို့ အပိုင်း အားနည်းသွားတာလည်း ရှိမယ်။ အဲဒီမှာလည်း မစစ်ဆေး ရဲလို့လား၊ စစ်ဆေးလို့ မရလို့လား ဆိုတဲ့ အခြေအနေတွေလည်း ရှိနိုင်တယ်လေ” ဟု ဧရာဝတီကို ပြောပြ သည်။ လက်ရှိ အစိုးရသက်တမ်း ၂ နှစ်အတွင်း တရားမဝင် ဝင်ရောက်လာသော နိုင်ငံခြားသား ၈၀ အား လ.ဝ.က ဥပဒေ ဖြင့် အရေးယူ၍ ပြည်နှင်ဒဏ် ပေးခဲ့ပြီး ဖြစ်ကြောင်း မန္တလေးတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနကို တာဝန်ယူထားသော တိုင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်က အဆိုပါ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ မန္တလေးခရိုင် အပါအဝင် တံတားဦး၊ စဉ့်ကိုင်၊ မြစ်သား စသည့် မြို့နယ်များတွင် တရုတ်လူမျိုးများက ဖရဲ၊ သခွား စိုက်ပျိုးရေး လုပ်ငန်းများတွင် လည်းကောင်း၊ မန္တလေး ကျောက်ဝိုင်းတွင် ကျောက် အရောင်းအဝယ် ပြုလုပ်ရန် လည်း ကောင်း လချီနေထိုင် လျက်ရှိရာ မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေနှင့်အညီ နေထိုင်ခြင်း ရှိ မရှိကို ရှောင်တခင် စစ်ဆေး ခြင်းများ မကြာခဏ ပြုလုပ်ကာ တွေ့ရှိပါက ထိရောက်သည့် အရေးယူမှုမျိုး ဆောင်ရွက်သင့်ကြောင်း မန္တလေး မြို့ခံ များ က ပြောဆိုကြသည်။ မန္တလေးမြို့မှ အလွတ်တန်း စီးပွား/စီမံ အကြံပေး ဦးကောင်းလွန်းက “ဒီကို လာတဲ့ တရုတ်တွေက ပြည်တွင်းပေါက် တရုတ် တွေနဲ့လည်း သိပ်မကွာတော့ ပြဿနာ မဖြစ်မချင်းက တရားဝင်နေလား၊ မနေလား ဆိုတာ မသိနိုင်သလို အရေး ယူလို့လည်း မရဘူး။ ဧည့်စာရင်း စနစ်ကလည်း ဖျက်သိမ်းလိုက်တော့ စိစစ်ဖို့ ပိုခက်သွားတဲ့ အနေအထား တခု လည်း ဖြစ်နိုင်တယ်”ဟု ဧရာဝတီကို ပြောသည်။ ၎င်းက ဆက်လက်၍ “ပြီးတော့ ကိုယ့်နိုင်ငံသားတွေ အတွက်ကျ စီးပွားရေး အခွင့်အလမ်းရော၊ Work force မှာပါ တဖြည်းဖြည်းကျုး လာတယ်လို့ ယူဆတယ်။ ဒါကို အစိုးရက ကြတ်မတ်နိုင်ဖို့ ဥပဒေ ပြဋ္ဌာန်းသင့်တာ ပြဋ္ဌာန်း ရှိပြီး သား ဥပဒေကို အသက်ဝင်အောင် လုပ်ဖို့ လိုပါတယ်” ဟုလည်း ပြောဆိုသည်။ The post မန္တလေးတိုင်းရှိ တရုတ် နိုင်ငံသား စာရင်း အတိအကျ မဖြေကြားနိုင်သေးဟု ဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2lKGOb1
via IFTTT
Saturday, June 30, 2018
ချန်ပီယံဘွဲ့ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တဲ့ အောင်လအန်ဆန်း မြန်မာတို့၏အချစ်တော် ဝမ်းချန်ပီယံရှစ်၏ ချန်ပီယံခါးပတ်နှစ်ခုပိုင်ရှင် အောင်လအန်ဆန်းနှင့် ဂျပန်ဖိုက်တာ ဟာဆီဂါဝါတို့ ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်လုပွဲ ထိုးသတ်မည်ဆိုတော့ မြန်မာပရိတ်သတ်တို့က အောင်လ အန်ဆန်းအနေဖြင့် ဂျပန်ဖိုက်တာကို လွယ်ကူစွာအနိုင်ယူကာ ချန်ပီယံခါးပတ်ကို ကာကွယ် သွားမည်ဟု ထင်မှတ်ခဲ့ကြသည်။ အောင်လအန်ဆန်းက ဟာဆီဂါဝါမှာ ဂျပန်နိုင်ငံ၏ MMA မစ်ဒယ်ဝိတ်လောက၌ နံပတ်ဝမ်း ဖြစ်နေခြင်းနှင့် ခံနိုင်ရည် (မာဂုဏ်) မြင့်မားသည့်ဖိုက်တာတစ်ဦးဖြစ်နေသည့်အတွက် အထင်သေးလို့ မရကြောင်း ပွဲကြိုကာလတွင် ပြောဆိုခဲ့သည်။ စိန်ခေါ်သူ ဟာဆီဂါဝါကတော့ လက်ရှိချန်ပီယံ အောင်လအန်ဆန်းကို အနိုင်ယူကာ ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံအဖြစ် အောင်ပွဲခံသွားမည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ၌ ဇွန်လ ၂၉ ရက်နေ့က ကျင်းပသည့် “ONE; SPIRIT OF A WARRIOR” ပြိုင်ပွဲတွင် စိန်ခေါ်သူ ဟာဆီဂါဝါနှင့် လက်ရှိကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံ အောင်လအန်ဆန်းတို့ ထိုးသတ်ချိန်မှာတော့ မြန်မာပရိတ်သတ်အများစု ထင်မှတ်ခဲ့ကြသလို ဂျပန်ဖိုက်တာ ဟာဆီဂါဝါမှာ အောင်လ အန်ဆန်းအတွက် လွယ်ကူစွာအနိုင်ယူလို့ရသည့် ပြိုင်ဘက်တဦး မဟုတ်ကြောင်း သက်သေ ပြခဲ့သည်။ ပထမအချီထိုးသတ်မှုစတင်ချိန်တွင် ဘယ်သန်ဖြစ်သည့် ဟာဆီဂါဝါက ညာထောက်လက်သီးများကို အသုံးပြု၍ အခွင့်သာချိန်တွင် သူအားသန်သည့် ဘယ်လက်သီးဖြင့် အောင်လအန်ဆန်းကို ထိုးနှက်သည်။ ထိုးသတ်ရင်း အချိန်ရလျှင်ရသလို ဘယ်ညာလက်သီး တွဲလုံးများဖြင့် အောင်လကို ထိုးနှက်ခဲ့သည့်အတွက် အောင်လ၏တိုက်ခိုက်မှုများက ထင်တိုင်းမပေါက်ဘဲ အခက်တွေ့ခဲ့သည်။ ကမ္ဘာ့မစ်ဒယ်ဝိတ် လက်ရှိချန်ပီယံအောင်လအန်ဆန်းကလည်း ခြေကန်ချက်၊ ပင့်လက်သီး၊ ဝိုက်လက်သီး များဖြင့် ဟာဆီဂါဝါကို တိုက်ခိုက်ခဲ့သည်။ ပထမအချီမှာပင် အောင်လ၏ လက်သီးချက်များက ဟာဆီဂါဝါ၏ မျက်နှာနှင့် မေးရိုးတို့ကို ထိခဲ့သော်လည်း ဂျပန်ဖိုက်တာအနေဖြင့် ယိမ်းယိုင်သွားခြင်း မရှိခဲ့ဘဲ ခံနိုင်ရည် (မာဂုဏ်) မြင့်မားသည့်ဖိုက်တာတဦး ဖြစ်ကြောင်း သက်သေပြခဲ့သည်။ ဟာဆီဂါဝါအနေဖြင့် ဂျပန်နိုင်ငံရှိ MMA ပြိုင်ပွဲများ ဖြစ်သည့် Deep နှင့် Rizin ပွဲများတွင် ပြိုင်ဘက်ကို ချုပ်ကိုင်၍ ထိုးနှက်တိုက်ခိုက်အနိုင်ယူလေ့ရှိသော်လည်း ဂျူဂျစ်ဆု (ပြိုင်ဘက်ကို မလှုပ်နိုင်အောင် ချုပ်ကိုင်သည့်ပညာ) ကျွမ်းကျင်၍ မြန်မာ့စပါးအုန်းမြွေ – Burmese Python ဟု တင်စားခေါ်ဝေါ်သည့် အောင်လအန်ဆန်းကို ချုပ်ကိုင်ဖို့ မကြိုးစားဘဲ လက်သီးချင်းယှဉ်ထိုးဖို့သာ ရွေးချယ်ခဲ့သည်။ အောင်လအတွက်မှာလည်း ဟာဆီဂါဝါမှာ ၎င်း၏ MMA ဖိုက်တာသက်တမ်းတလျှောက် ပထမဆုံး ထိုးသတ် သည့် ဂျပန်ဖိုက်တာဖြစ်နေခဲ့သည့်အတွက် ဂျပန်ဖိုက်တာတို့၏ တိုက်ခိုက်မှုနည်းစနစ်များကို ရင်းနှီးကျွမ်းဝင်မှု အားနည်းသည့်အလျှောက် ဟာဆီဂါဝါ၏ထိုးနှက်မှုများကို ပြန်လည်တုန့်ပြန် ထိုးနှက်ရင်း အနိုင်ယူထိုးသတ်ဖို့အခွင့်အရေးကို စောင့်ကစားခဲ့သည်။ ဒုတိယအချီတွင် ဟာဆီဂါဝါနှင့် အောင်လတို့ အပြန်အလှန် လက်သီးချင်း ယှဉ်ထိုးကြသည်။ အောင်လက တိုက်စစ်ပုံစံဖြင့် ဖွင့်ကစားခဲ့ပြီး ဟာဆီဂါဝါကတော့ ထိုးနှက်လိုက် ရှောင်တိမ်းလိုက်ဖြင့် အမှတ်ရအောင် ယူနေခဲ့သည်။ အောင်လ၏ ညာဖြောင့်လက်သီးချက်က ဟာဆီဂါဝါ ညာမျက်ခုံးကို ထိမှန်ခဲ့၍ ဂျပန်ဖိုက်တာ ညာမျက်ခုံး ကွဲသွားခဲ့ပြီး ဟာဆီဂါဝါ၏ ထောက်လက်သီးတချို့ကလည်း အောင်လမျက်နှာကို ထိခဲ့သည်။ ထို့ပြင် ဟာဆီဂါဝါက အောင်လကို ဝင်ချုပ်ဖို့ ကြိုးပမ်းသော်လည်း အောင်လ လွတ်အောင်ရုန်းထွက်နိုင်ခဲ့သည်။ တတိယအချီမှာတော့ လက်သီးချက်၊ ခြေကန်ချက်များဖြင့် အပြန်အလှန် တိုက်ခိုက်ခဲ့ကြပြီး အောင်လ၏ ထိုးနှက်မှု ကြောင့် ဂျပန်ဖိုက်တာ၏ ညာမျက်ခုံးမှ သွေးများစီးကျလာခဲ့သည်။ ခံနိုင်ရည်မြင့်မားသည့် ဟာဆီဂါဝါ ကလည်း အောင်လ၏ လက်ရှိချန်ပီယံဟူသော ဂုဏ်ပုဒ်ကို ရှိန်မနေဘဲ ဘယ်ညာလက်သီး တွဲလုံးများဖြင့် ထိုးနှက်ခဲ့သည့်အတွက် အောင်လ၏ မျက်နှာ ဘယ်ညာပါးရိုးများ၊ မျက်ခုံး၊ မျက်လုံးများ ဖူးယောင်လာခဲ့သည်။ ပထမအချီမှ တတိယအချီအထိ လက်သီးချက်များဖြင့် အင်တိုက်အားတိုက် တိုက်ခိုက်ထိုးနှက်ခဲ့သည့်အတွက် ဖိုက်တာနှစ်ဦးစလုံး မောပန်း၍ လက်ပန်းကျလာခဲ့သည်။ စတုတ္ထအချီတွင် အောင်လအန်ဆန်း တိုက်ကွက်ဗျူဟာ ပြောင်းလဲကျင့်သုံးခဲ့သည်။ သက်လုံကျ၍ မောပန်း နေ သည့် ဟာဆီဂါဝါ၏ ထိုးနှက်မှုများကို ရှောင်တိမ်းရင်း ဟာဆီဂါဝါကို ဂျူဂျစ်ဆုနည်းဖြင့် ချုပ်နှောင်ကာ ပွဲသိမ်းဖို့ ကြိုးစားသည်။ ဂျူဒိုခါးပတ်နက်ပညာရှင်တဦးဖြစ်ပြီး အောင်လအကြောင်း လေ့လာထားသည့် ဟာဆီဂါဝါက အချုပ်မခံဘဲ လွတ်အောင်ရုန်းသည်။ ချုပ်နေဆဲမှာပင် အောင်လက ဟာဆီဂါဝါ မျက်နှာ ကို ဒူးဖြင့်တိုက်သည်။ အောင်လ၏ချုပ်ကိုင်မှုကို လွတ်အောင်ရုန်းရင်း ဟာဆီဂါဝါက ဘယ်ညာလက်သီးတွဲလုံးများဖြင့် ပြန်လည်ထိုးနှက်ခဲ့သည်။ ၄ ချီပြီးဆုံးချိန်တွင် အောင်လ၏ လက်သီးစာမိထားသည့် ဟာဆီဂါဝါ၏ ညာဘက်မျက်လုံးမှာလည်း ဖူးယောင်နီ ရဲ၍ သွေးစို့ပြီး ပိတ်နေခဲ့သည်။ မြန်မာတို့၏ အချစ်တော် အောင်လအန်ဆန်းမှာလည်း ဟာဆီဂါဝါ၏ ဘယ်ညာ လက်သီး တွဲလုံးများဒဏ်ကြောင့် ပါးရိုးများ၊ မျက်ခုံးနှင့် မျက်လုံးများ ဖူးယောင်ညိုမည်းနေခဲ့သည်။ ဒဏ်ရာကိုယ်စီ ရနေသော်လည်း ဖိုက်တာနှစ်ဦးမှာ အသည်းကောင်းကောင်း၊ ဇွဲကောင်းကောင်းဖြင့် ၅ ချီမြောက် ဖြစ်သည့် နောက်ဆုံးအချီကို ယှဉ်ပြိုင်ခဲ့ကြသည်။ သက်လုံကျ၍ သိသာစွာမောပန်းနေသည့် ဟာဆီဂါဝါမှာ ပွဲချိန်စေ့သည့်အထိ ထိုးသတ်၍ ဒိုင် ၃ ဦး၏ အဆုံးအဖြတ်ခံယူကာ အောင်လကို အနိုင်ယူဖို့ ရည်မှန်းခဲ့သည်။ ထို့ကြောင့် လက်ပန်းကျနေသည့် လက်သီးချက်များဖြင့် အောင်လ၏ ထိုးသတ်မှုကို ဟန့်တားကာ ပွဲပြီးချိန်အထိ တောင့်ခံဖို့ ကြိုးစားသည်။ ချန်ပီယံအောင်လ ကတော့ သက်လုံပြန်တက်လာပြီး ဟာဆီဂါဝါကို ပွဲသိမ်းဖို့အတွက် တိုက်စစ်ဆင် ထိုးသတ်ရင်း ဂျူဂျစ်ဆုနည်းဖြင့် ချုပ်ကိုင်အနိုင်ယူဖို့ ကြိုးစားသည်။ ဟာဆီဂါဝါကလည်း အောင်လ၏ နာမည်ကျော် ချုပ်ကွက်အတွင်း မဝင်မိစေရန် အထူးသတိထားပြီး ရှိသည့်အားဖြင့် ရုန်းထွက်ခဲ့သည်။ နောက်ဆုံးအချီ ၃ မိနစ်နှင့် စက္ကန့် ၂၀ အရောက်မှာတော့ သက်လုံကျ၊ လက်ပန်းကျနေသည့် ဟာဆီဂါဝါကို အောင်လအန်ဆန်းက ဘယ်ညာလက်သီးတွဲလုံးများဖြင့် လိုက်လံ ထိုးနှက်ရင်း ပင့်လက်သီးတလုံး ပစ်သွင်းလိုက်သည်။ အောင်လ၏ ပွဲသိမ်းပင့်လက်သီးက ဟာဆီဂါဝါ၏ မေးရိုးတည့်တည့်ကို ထိမှန်ခဲ့သည့်နောက် မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်း၏ ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို လုယူရန်ကြိုးစားခဲ့သည့် ဂျပန် ဖိုက်တာ ဟာဆီဂါဝါတယောက် ကြိုးဝိုင်းကြမ်းပြင်ပေါ် မှောက်လျှက်လဲကျသွားခဲ့ပြီး အရှုံးနှင့် ရင်ဆိုင်သွားခဲ့သည်။ ကြိုးဝိုင်းဒိုင် အိုလီဗီယာကို့စ်က ပွဲရလာဒ်ကို ကြေညာဖို့အချိန်အထိ ဂျပန်ဖိုက်တာ ဟာဆီဂါဝါမှာ မထနိုင်တော့သည့်အတွက် အောင်လအန်ဆန်းတဦးတည်း၏ လက်ကိုဆွဲ၍ စိန်ခေါ်သူအား အလဲထိုးဖြင့် အနိုင်ယူကာ ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို ဆက်လက်ထိမ်းသိမ်းနိုင်ခဲ့သည့် အောင်လအန်ဆန်းအဖြစ် ကြေညာခဲ့သည်။ “ကျနော်ကတော့ ကိုအောင်လနဲ့ ဂျပန်ဖိုက်တာ အကြိတ်အနယ်ထိုးသွားတာ ကြည့်ရတော့ ကျေနပ်တယ်။ အရင်ပွဲတွေတုန်းက ခဏလေးနဲ့ ပွဲသိမ်းသွားတော့ စောင့်ရတာ မတန်ဘူး ထင်တယ်။ သူ့ကို မနိုင်စေချင်တာ မဟုတ်ပါဘူး။ ကိုအောင်လထိုးတာကို အားပေးရင်း ၂ ချီ ၃ ချီလောက် ထိုးပြီး နိုင်သွားတာမျိုးဖြစ်စေချင်တာ။ အခုကတော့ ၅ ချီအပြည့် အကြိတ်အနယ်ထိုးပြီး ချန်ပီယံခါးပတ်ကာကွယ်နိုင်ခဲ့တဲ့အတွက် အရမ်း ဝမ်းသာ တယ်။ ဆက်လက်အောင်မြင်ဖို့လည်း ဆုတောင်းပေးပါတယ်”ဟု အောင်လ၏ပရိတ်သတ်တဦးဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်မှ ကိုဝဏ္ဏက ပြောသည်။ မြန်မာတို့၏အချစ်တော် အောင်လကို မြန်မာ့မြေပေါ်တွင် ကျိန်းသေအနိုင်ယူကာ ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံ အသစ် အဖြစ် အောင်ပွဲခံသွားမည်ဟု ပြောဆိုထားသည့် ဂျပန် MMA မစ်ဒယ်ဝိတ်လောက၏ နံပါတ်ဝမ်း ဖိုက်တာ ဟာဆီဂါဝါမှာ အောင်လ၏ထိုးနှက်မှုကြောင့် လမ်းမလျှောက်နိုင်တော့ဘဲ လူနာတင်တွန်းလှည်း ပေါ်တွင် ပက်လက်လှန် လိုက်ပါရင်း ONE Championship ကြိုးဝိုင်းအတွင်းမှ ထွက်ခွာသွားခဲ့ပြီး သူ၏ပထမဆုံးသော ဝမ်းချန်ပီယံရှစ်ပြိုင်ပွဲကို အရှုံးရလာဒ်ဖြင့် စတင်ခဲ့ရသည်။ သို့သော် အောင်လအနေဖြင့် MMA ချန်ပီယံ ခါးပတ်လုပွဲ ၂ ခုအပါအဝင် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ပွဲစဉ် ၆ ပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ယခုလို မျက်နှာများ ဖူးယောင်ညိုမည်းအောင် ထိုးနှက်နိုင်ခဲ့သူမှာ ဟာဆီဂါဝါ တဦးတည်းသာ ရှိခဲ့သည့်အတွက် ယင်းအချက်က ဂျပန်ဖိုက်တာ ဟာဆီဂါဝါအတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်ခဲ့သည်။ အောင်လအန်ဆန်းကတော့ ဟာဆီဂါဝါကို အကြိတ်အနယ်ထိုးသတ်ပြီး ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို ကာကွယ်ခဲ့ပြီးနောက် ကြိုးဝိုင်းအစီအစဉ် တင်ဆက်သူ၏ မေးမြန်းမှုကိုဖြေကြားရင်း“အားလုံး မင်္ဂလာပါ။ အားလုံး အရမ်းကျေးဇူးတင်တယ်။ ဒီပွဲ ကုလားကားလောက် ကောင်းလား”ဟု ပရိတ်သတ်များကို အရွှန်းဖောက် မေးမြန်းသွားခဲ့သည်။ ရန်ကုန်မြို့တွင် အောင်လ ထိုးသတ်ခဲ့သည့်ပွဲစဉ် ၅ ပွဲအနက် ၃ ပွဲမှာ ပထမအချီမှာပင် အချိန်တိုအတွင်း ပွဲသိမ်းခဲ့သည့်အတွက် လုပ်ပွဲကစားသည်ဟု ဝေဖန်မှုများရှိခဲ့ပြီး ယခု ဟာဆီဂါဝါနှင့်ပွဲကို ကုလားကားလို ပွဲချိန်အကြာကြီး ထိုးသတ်သွားမည်ဟု ကြိုတင်ပြောဆို ထားခဲ့သည်။ ကြိုတင်ပြောဆို ထားသည့်အတိုင်း ပွဲချိန်ရှည်ကြာစွာ အကြိတ်အနယ် ထိုးသတ်ခဲ့ရမှုအပေါ် အောင်လက အရွှန်းဖောက် ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။ “ကျနော့်အနေနဲ့ ငြိမ်းချမ်းရေးအတွက် ဆုတောင်းနေပါတယ်။ ကျနော်တို့ အတူတကွ စည်းလုံးစွာ အလုပ်လုပ် ကြမယ်ဆိုရင် အရာအားလုံးကို ပြောင်းလဲနိုင်ပါတယ်။ ကျနော်ကတိပေးတယ်။ အလုပ်တွေ ကြိုးစားလုပ်မယ်။ ကျနော့်လေ့ကျင့်မှုကို နောက်တပတ်မှာပြန်စမယ်။ ကျနော်က ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းမှာ အကောင်းဆုံးတွေရဲ့ အကောင်းဆုံးလူ ဖြစ်ချင်ပါတယ်။ အားလုံးကိုချစ်တယ်။ ကျေးဇူးပါ”ဟု ယှဉ်ပြိုင်မှုအပြီးတွင် အောင်လအန်ဆန်းက ပြောဆိုခဲ့သည်။ ၂၀၁၇ ခုနှစ် ဇွန်လကတည်းက ဘစ်တာလီ ဘစ်ဒက်ရှ်ကို အနိုင်ယူပြီး ဝမ်းချန်ပီယံရှစ်၏ ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ် သိမ်းပိုက်ခဲ့သူ အောင်လအန်ဆန်းမှာ တနှစ်တာကြာမြင့်ချိန်တွင် ဂျပန်ဖိုက်တာ ဟာဆီဂါဝါကို အလဲထိုးပြီး မစ်ဒယ်ဝိတ်ချန်ပီယံဘွဲ့ကို ဆက်လက်ကာကွယ်နိုင်ခဲ့သလို မြန်မာ့မြေပေါ်တွင် ခြောက်ပွဲထိုး ခြောက်ပွဲနိုင်ဆိုသည့် ရာနှုန်းပြည့်နိုင်ပွဲဆက်နေသည့်မှတ်တမ်းကိုလည်း ဆက်လက်ရေးထိုးနိုင်ခဲ့သည်။ The post ချန်ပီယံဘွဲ့ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တဲ့ အောင်လအန်ဆန်း appeared first on ဧရာဝတီ.
Source : https://ift.tt/2lKNvto
via IFTTT
Source : https://ift.tt/2lKNvto
via IFTTT
မော်လမြိုင်တက္ကသိုလ်တွင် သဘာဝပတ်ဝန်းကျင်ဟောပြောပွဲ ကျင်းပခွင့်ရ မော်လမြိုင်တက္ကသိုလ်ဝင်းအတွင်း ဇူလိုင် ၆ ရက်၌ ကျင်းပမည့် မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုနှင့် မွန်ပြည်နယ်အတွင်း ရင်ဆိုင်နေရသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခက်အခဲများ ဟောပြောပွဲအား ရုပ်သိမ်းခံရပြီးနောက် တက္ကသိုလ်တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းသဖြင့် ကျင်းပခွင့်ရပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ဟောပြောပွဲကို ကျင်းပရန် ဇွန် ၂၆ တွင် ပါမောက္ခချုပ်က ခွင့်ပြုခဲ့ပြီးဖြစ်သော်လည်း ဇွန် ၂၇ ရက်နေ့တွင် ပြန်လည်စိစစ်မည်ဟုဆိုကာ ခွင့်ပြုချက် ရုပ်သိမ်းခံရသဖြင့် Mawlamyine University Environmental Club (MUEC) က ဆန္ဒပြရန် စီစဉ်ခဲ့ကြောင်း၊ သို့သော် တာဝန်ရှိသူများဘက်က ပြန်လည်ညှိနှိုင်းသဖြင့် ဟောပြောပွဲကို ကျင်းပခွင့်ရခဲ့ပြီး လာမည့် ဇူလိုင်လ တတိယအပတ် သို့မဟုတ် စတုတ္ထ အပတ်တွင် ကျင်းပမည်ဟု MUEC ဦးဆောင်သူ နောက်ဆုံးနှစ် ရူပဗေဒကျောင်းသား ကိုအောင်မြင့်ဦးက ပြောသည်။ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အလုပ် အမှုဆောင်ဖြစ်သည့် သချာၤနောက်ဆုံးနှစ်မှ ကိုပြည့်ဖြိုး လွင်က “ဒါလုပ်သင့်တဲ့ပွဲတခုလို့ ကျနော်တို့မြင်တာပေါ့နော်၊ မကြာသေးခင်ကလည်း မြို့မှာ ရေလွှမ်းမိုးမှု ဖြစ်ပြီး တော့ သဘာဝဘေးအန္တရာယ်ဒဏ်ကို ခံစားခဲ့ရတာဖြစ်တယ်၊ နောက်ပြီးတော့ စွန့်ပစ်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး တော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုမရှိတဲ့ဟာတွေ၊ လက်တွေ့ခံစားခဲ့ရတဲ့ဟာတွေ အဲဒါကြောင့် သူတို့အနေနဲ့ ဒါလုပ်တာ တော်တော်ကောင်းတဲ့ လုပ်ရပ်တခုပါ”ဟု ပြောသည်။ အထက်ပါကိစ္စများနှင့် ပတ်သက်၍ မော်လမြိုင်တက္ကသိုလ်မှ တာဝန်ရှိသူများထံ သွားရောက်မေးမြန်းသော် လည်း ဖြေကြားခြင်းမရှိခဲ့ပါ။ မွန်ပြည်နယ်တွင် ဇွန် ၁၇ ရက်နေ့က မိုးသည်ထန်စွာရွာသွန်းခဲ့သဖြင့် မြို့နယ်ခုနှစ်မြို့နယ် ရေကြီးမှုများ ဖြစ်ပေါ်၍ ဒေသထွက်ကုန် စီပွားရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးခြင်း၊ လူအသေအပျောက်ရှိခြင်း၊ တောင်ပြိုမှုများ ဖြစ်ပေါ်ခြင်းအပြင် မုဒုံမြို့နယ်တွင် ဝင်းဖနုံဆည်မှ တောင်နံရံများ ပြို့ကျသဖြင့် ဆည်ပြိုမည်ကို စိုးရိမ်မှုဖြစ်၍ ဒေသခံများ ပြောင်းရွှေနေထိုင်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။ The post မော်လမြိုင်တက္ကသိုလ်တွင် သဘာဝပတ်ဝန်းကျင်ဟောပြောပွဲ ကျင်းပခွင့်ရ appeared first on ဧရာဝတီ.
Source : https://ift.tt/2KvfN61
via IFTTT
Source : https://ift.tt/2KvfN61
via IFTTT
ရခိုင်စီမံ/ဘဏ္ဍာဝန်ကြီးအား တာဝန်ရပ်စဲရေး အဆို လွှတ်တော်တွင် ရှုံးနိမ့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီး တပါးဖြစ်သူ စီမံ/ ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းအား တာဝန်မှ ရပ်စဲနိုင်ရန် စွပ်စွဲပြစ်တင်မှုနှင့်ပတ်သက်ပြီး ယနေ့ ပြည်နယ်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ သတ်မှတ်ထားသည့် မဲအရေအတွက် မရရှိ သောကြောင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ ယမန်နေ့က ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော်သို့ တက်ရောက်သည့် ကိုယ်စားလှယ် ၄၄ ဦး အနက် ဝန်ကြီး ဦကျော်အေးသိန်းအား တာဝန်မှ ရပ်စဲရန် စွပ်စွဲပြစ်တင်ချက်များနှင့် ပတ်သက်ပြီး လျှို့ဝှက် မဲပေး စနစ်ဖြင့် မဲခွဲဆုံး ဖြတ်ခဲ့ရ ာတွင် ထောက်ခံမဲ ၂၅ မဲ ၊ ကန့်ကွက်မဲ ၉ မဲ ၊ ပယ်မဲ ၁၀ အသီးသီး ထွက်ပေါ်ခဲ့ရာ ဆန္ဒမဲပေးသူ၏ မဲအရေအတွက် ၃ ပုံ ၂ ပုံ မရရှိသဖြင့် စွပ်စွဲချက်များမှာ မအောင်မြင်ခဲ့ပါ။ စုံစမ်းစစ် ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးနိုင်ကြွေအေးက “ ဆန္ဒပြုတဲ့ မဲအားလုံးထဲမှာ ကန့်ကွက်မဲက ၉ မဲပဲရှိတယ် ။ လုံးဝဆန္ဒမပြုတဲ့ မဲက ၁၀ မဲ ဖြစ်နေတယ်။ ကျနော်တို့ ထောက်ခံမဲက ၂၅ မဲပါ ။ အဲဒီတော့ ကျနော်တို့ ပြည်သူ့ဘက်က ရပ်တည်တဲ့ ကိုယ်စားလှယ်တွေ ကတော့ ဒီ ၂၅ မဲကို ရဲရဲကြီး ထောက်ခံပြီးတော့ ပေးခဲ့ တယ် ဆိုတာကို လက်တွေ့ တွေ့မြင်ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ကိုယ်စား လှယ်တွေ အနေနဲ့ အစိုးရကို ဒီလိုမျိုး ထိမ်းကျောင်းလို့မရရင် ရှေးဆက်ပြီး တော့ ဘယ်လိုမျိုးထိန်းကျောင်းရမလဲဆိုတာ ကျနော်တို့ လည်း တော်တော်လေးစဉ်းစားရမှာ ဖြစ်ပါတယ် ” ဟု ယမန်နေ့က ကျင်းပသည့် လွှတ်တော်အပြီးတွင် သတင်းမီဒီယာများသို့ ပြောကြား သည်။ ဝန်ကြီးဦးကျော်အေးသိန်းအား တာဝန်မှရပ်စဲနိုင်ရန်အတွက် လိုအပ်သည့် ထောက်ခံမဲအရေအတွက်သည် ဆန္ဒမဲပေးသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ မဲပြား ရေအတွက် သုံး ပုံနှစ်ပုံ ရရှိ ရမည် ဖြစ်ရာ ယခု မဲခွဲရာတွင် ထောက်ခံမဲပြား ၃၁ မဲ မပြည့်မီ သဖြင့် ဝန်ကြီးအား စွပ်စွဲပြစ်တင်မှုမှာ မမှန်ကန် ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက လွှတ်တော်တွင် ကြေငြာခဲ့သည်။ “ အစိုးရနဲ့လွှတ်တော် ၊ လွှတ်တော်နဲ့အစိုးရဆိုတာ တခုကို တခုထိန်းကျောင်း ကြတဲ့အခါမှာ သဘော ထားကြီး ဖို့ အရမ်းလိုအပ်ပါတယ် ။ ငါတို့ကို ထိန်းကျောင်းရမလားဆိုပြီး အာဃာတ တရားတွေ မထားဖို့ တိုက်တွန်းလိုပါတယ် ။ နောက်ဆုံး ပြောချင်တာက ငါတို့ ပြည်နယ် ၊ ငါတို့ လူမျိုးဟာ အလွန်စိုးရိမ် စရာ ကောင်းတဲ့ စိန်ခေါ်မှုတွေကြားမှာ ရောက်နေပါသလားဆိုတာ အမြဲသိထားဖို့ လိုတယ် ” ဟုလည်း ဦးစံကျော်လှက ဆိုသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံ / ဘဏ္ဍာဝန်ကြီး အဖြစ်တာဝန် ထမ်းဆောင်နေ သော ဦးကျော်အေးသိန်း သည် ဥပဒေအရ ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်းနှင့် ဘဏ္ဍာရေးနှစ် အလိုက် ပြည်နယ်၏ ခွင်ြ့ပု ရန်ပုံငွေများကို ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများ၊ လုပ်ထုံး၊ လုပ်နည်းများနှင့် အညီ ဆောင်ရွက်နိုင်မှု မရှိခြင်း ဆိုသည့် စွပ်စွဲချက်များဖြင့် တိုင်ကြားခံရသည့် အတွက်ကြောင့် လွှတ်တော်က စုံစမ်းစစ်ရေးအဖွဲ့ကို ဧပြီလ ၉ ရက်နေ့က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ ၎င်း စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် အဖွဲ့ခေါင်းဆောင် အဖြစ် သံတွဲမဲဆန္ဒနယ်အမှတ် (၂ မှ NLD အမတ် ဦးနိုင်ကြွေအေး ၊ အဖွဲ့ဝင်များအဖြစ် ပါဝင်သော ANP ပါတီမှ စစ်တွေအမတ် ဦးအေးသိန်း ၊ ရသေ့တောင် အမတ် ဦးဦးသိန်းနိုင် ၊ ပုဏ္ဏားကျွန်းအမတ် ဦးအောင်သန်းတင် နှင့် ပြည်ခိုင်ဖြိုးပါတီမှ မောင်တော အမတ် ဦးထွန်းလှစိန် တို့ ပါဝင်ပြီး ယင်းတို့၏ စုံစမ်း စစ်ဆေးပြီး တွေ့ရှိချက်များကို ၂၀၁၈ ခုနှစ် မေလ ၃၀ ရက်နေ့ တွင် ပြည်နယ် လွှတ်တော်ရုံးသို့ ပြန်လည် အစီရင်ခံ တင်ပြခဲြ့ခင်းလည်း ဖြစ်သည်။ ပြီးခဲ့သည့် နှစ်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး တဦး ဲဖြစ်သူ ဦးမင်းအောင်ကို တာဝန်မှ ရပ်စဲရန် စွပ်စွဲပြစ်တင်ချက်များနှင့် ပတ်သက်ပြီး လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ၌ အစည်းအဝေးသို့ တက်ရောက်သူ ကိုယ်စား လှယ် ၄၅ ယောက် ရှိခဲ့ရာတွင် ထောက်ခံမဲ ၃၇ မဲ ၊ ကန့်ကွက်မဲ ၈ မဲတို့ဖြင့် ၎င်း အား ဆက် လက်တာဝန်ထမ်းဆောင်ရန် မသင့်ကြောင့် ပြည်နယ် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နိုင်ငံတော်သမ္မက တာဝန်မှ တာဝန်မှ ရပ်စဲခဲ့သည်။ The post ရခိုင်စီမံ/ဘဏ္ဍာဝန်ကြီးအား တာဝန်ရပ်စဲရေး အဆို လွှတ်တော်တွင် ရှုံးနိမ့် appeared first on ဧရာဝတီ.
Source : https://ift.tt/2KBJN0h
via IFTTT
Source : https://ift.tt/2KBJN0h
via IFTTT
ဒုက္ခသည် ပြန်လက်ခံရန် မြန်မာ အသင့်ဖြစ်ပြီဟု တရုတ် ယုံကြည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလုံနေသော သိန်းနှင့်ချီသည့် မွတ်စလင် ဒုက္ခသည်များကို ပြန်လည်လက်ခံရန် မြန်မာနိုင်ငံ အသင့်ဖြစ်နေပြီဟု ယုံကြည်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးအား ဇွန်လ ၂၉ ရက်နေ့က ပြောကြားလိုက်သည်။ မြန်မာနိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘေဂျင်းတွင် တွေ့ဆုံခဲ့ကြောင်းနှင့် ဒုက္ခသည် ပြန်လည်လက်ခံရေး ပြဿနာကို မြန်မာနိုင်ငံက မည်သို့ ပြန်လည်ဖြေရှင်းရန် ကြိုးစားနေကြောင်းကို ကြားသိရကြောင်း တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်သူ ဝမ်ယိက ဇွန်လ ၂၈ ရက်နေ့က ပြောခဲ့သည်။ “မြန်မာနိုင်ငံဘက်ကတော့ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့သူတွေကို ပြန်လက်ခံဖို့ စီစဉ်ထားပြီးပြီလို့ ကျနော် အခိုင်အမာ ယုံကြည်တယ်” ဟု ဝမ်ယိက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဘူလ် ဟက်ဆန် မာမွတ်အလီနှင့်အတူ သတင်းထောက်များအား ပြောဆိုသည်။ “အဲဒီလို ပြန်လာကြတဲ့လုပ်ငန်းစဉ်ကို ကျနော်တို့ အရမ်းကို မျှော်လင့်တယ်၊ အထူးသဖြင့် ပထမ အသုတ် ပြန်လာဖို့ အမြန်ဆုံး ဖြစ်လာစေချင်တယ်” ဟု ဝမ်ယိက ဆိုသည်။ ထိုကဲ့သို့ တရုတ်နိုင်ငံ၏ တိုက်တွန်းပြောဆိုချက်သည် ဇွန်လ ၂၇ ရက်၌ မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာခေါ် ဘင်္ဂလီများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ စွပ်စွဲပြောဆိုခံရချက်များကို ချေပရန် အိုင်စီစီ ခေါ် နိုင်ငံတကာ ရာဇဝတ် ခုံရုံးက နောက်ဆုံးထားတောင်းဆိုချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံက အိုင်စီစီနှင့် ပူးပေါင်းဆောင်ရွက်နေသည်။ ARSA စစ်သွေးကြွအဖွဲ့က ရခိုင်မြောက်ပိုင်းရှိ လုံခြုံရေးစခန်းများကို တိုက်ခိုက်အပြီး ဖြစ်ပေါ်လာခဲ့သော မြန်မာ့တပ်မတော်၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကြောင့် ၂၀၁၇ ခုနှစ် သြဂုတ်လမှစတင်ပြီး မွတ်စလင် ၇၀၀၀၀၀ ခန့်သည် ထွက်ပြေးနေရပြီး လူအများအပြားအား သတ်ဖြတ်ခြင်း၊ အဓမ္မ ပြုကျင့်ခြင်းနှင့် ရွာများ မီးရှို့ခြင်း ခံရသည်ဟု ဆိုကာ တပ်မတော်ခေါင်းဆောင်များအပေါ် ပစ်မှတ်ထားလာခဲ့ကြသည်။ ဇွန်လ ၂၅ ရက်တွင် နေရပ်စွန့်ခွာ ဒုက္ခသည်များ ပြန်လည် လက်ခံရေးနှင့် ပတ်သက်ပြီး မြန်မာနှင့် ပူးပေါင်းဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ်ကို နိုင်ငံတကာက တိုက်တွန်းမှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောဆိုခဲ့သေးသည်။ ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ သဘောတူညီချက်များ အတိုင်း ဆောင်ရွက် မည်ဆိုသော်လည်း လက်တွေ့၌ ကြန့်ကြာမှုများ ရှိနေကြောင်း၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် ဘင်္ဂလားဒေ့ရှ် အနေနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေကြောင်း ၎င်းက ဆိုသည်။ “ဘာကြောင့် ကြန့်ကြာနေရတယ် ဆိုတာကတော့ သူတို့အကြောင်း သူတို့ပဲသိမယ်။ ကျနော်တို့ လုပ်ရမှာက ဒီလုပ်ငန်းစဉ် အောင်မြင်ဖို့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်း အားပေးမှု ပြုရမယ်။ နိုင်ငံအသီးသီးကနေ သက်ဆိုင်ရာတွေကနေ အားလုံး တိုက်တွန်းရင် မြန်သွားမယ်လို့ယူဆတယ်”ဟုလည်း ဒေါက်တာ ဝင်းမြတ်အေး က ပြောသည်။ မြန်မာနိုင်ငံ အနေဖြင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) စသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ် ၌ လက်မှတ် ရေးထိုးထားပြီး ဖြစ်၍ ပြန်လည် နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးအပိုင်းများတွင် ပိုမိုကောင်းမွန်သည့် ရလဒ်များ ထွက်ပေါ်လာမည်ဟု မျှော်လင့်နေသောအချိန်တွင် ယခုကဲ့သို့ တရုတ်နိုင်ငံ၏ တိုက်တွန်းမှု ပေါ်ထွက်လာခြင်းဖြစ်သည်။ တရုတ်နိုင်ငံက ကူညီမည်ဖြစ်ကြောင်းနှင့် အပြုသဘောဆောင်သော အခန်းမှပါဝင်ကာ ပြန်လာသူများအတွက် အသင့် တည်ဆောက်နိုင်သော နေအိမ်များကို မြန်မာနိုင်ငံသို့ ပေးပို့ပြီး ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်သို့လည်း ရွက်ဖျင်တဲများနှင့် လူသားချင်း စာနာမှုအကူအညီများ ပေးပို့ထားကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ဆက်ပြောသည်။ “မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြိုးစားပမ်းစားလုပ်ဆောင်ပြီး ပြန်လည်ပို့ဆောင်ရေး အစီအစဉ် အမြန်ဆုံး စတင်တာကို ကျနော်တို့ အမြန်ဆုံး တွေ့မြင်ယုံကြည်လိုတယ်” ဟုလည်း ဝမ်ယိက ဆိုသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နီးကပ်သော ဆက်ဆံရေးရှိပြီး ပုန်ကန်မှု နှိမ်နှင်းရေးဟု မြန်မာအရာရှိများက သတ်မှတ်သည့် ရခိုင်ပြည်နယ်မှ စစ်ဆင်ရေးများကိုလည်း ထောက်ခံထားသည်။ ကိစ္စ အသေးစိတ်ကို ဝမ်ယိနှင့် ပြောဆိုခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဘူလ် ဟက်ဆန် မာမွတ်အလီက ပြောသည်။ “ဒီနေရပ်စွန့်ခွာလာသူတွေ သူတို့နေရင်းဒေသကို အမြန်ဆုံး ပြန်လည်ပို့ဆောင်ပေးဖို့ ရခိုင်ပြည်နယ်မှာ ဖြစ်နိုင်တဲ့ အခြေအနေတွေ ဖန်တီးပေးဖို့ ကျနော်တို့ တရုတ်နိုင်ငံရဲ့ အကူအညီကို တောင်းခံထားပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ “ဒီပြဿနာကို ဘယ်လို ဖြေရှင်းမယ် ဆိုတာနဲ့ ပတ်သက်လို့လည်း တရုတ်နိုင်ငံဆီက ကြီးမားတဲ့အကူအညီတွေ ကျနော်တို့ ရရှိထားတယ်” ဟုလည်း သူက ပြောသည်။ ကိုးကား ။ ။ Reuters The post ဒုက္ခသည် ပြန်လက်ခံရန် မြန်မာ အသင့်ဖြစ်ပြီဟု တရုတ် ယုံကြည် appeared first on ဧရာဝတီ.
Source : https://ift.tt/2tRV714
via IFTTT
Source : https://ift.tt/2tRV714
via IFTTT
ယူရို ၁၅ သန်းတန် တန်ဖိုးကြီးကျောက်စိမ်းတွဲ ရောင်းမထွက် ၅၅ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် အခြေခံဈေးယူရို ၁၅သန်း သတ်မှတ်ထားသော တန်ဖိုးကြီးကျောက်စိမ်းတွဲမှာ ရောင်းချရခြင်းမရှိကြောင်း ကျောက်စိမ်းလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးမင်းသူက ပြောကြားသည်။ “၁၅ သန်းတန်က မရောင်းရဘူး။ ၁၀ သန်းအောက်တွေပဲ ရောင်းရတယ်” ဟု ဦးမင်းသူက ပြောသည်။ ၅၅ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲ ၆၇၉၅တွဲ တင်ပြခဲ့ရာ ၅၂၅၉ တွဲ ရောင်းချရပြီး ယူရို ၄၂၃ သန်းကျော်ရရှိခဲ့ကြောင်း ပြပွဲကျင်းပရေးဗဟိုကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ပြီးခဲ့သည့် ၅၄ ကြိမ်မြောက်ပြပွဲထက် ယခုပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၁၅၀ကျော် ပိုမိုရောင်းချနိုင်ခဲ့သော်လည်း ကျောက်အရည်အသွေး ကွာခြားချက်ကြောင့် ရောင်းရငွေမှာ ယူရို သန်း ၈၀ ခန့် လျော့နည်းရရှိခဲ့ကြောင်း၊ ယူရို ၁ သန်းနှင့်အောက်ရှိ ကျောက်တွဲများမှာမူ ယခင်အတိုင်းရောင်းချရကြောင်း သိရသည်။ ပြပွဲတွင် ကြမ်းခင်းဈေးအမြင့်ဆုံးဖြစ်သော ယူရို ၁၅ သန်းတန် သတ်မှတ်ထားသည့် ကျောက်စိမ်းတွဲ ရောင်းချရခြင်းမရှိဘဲ ဈေးမြင့်အတွဲများအဖြစ် ယူရို ၉သန်းတန် ၁တွဲ၊ ယူရို ၆ သန်းတန် ၁ တွဲ၊ ယူရိုငါးသန်းတန် ၂ တွဲ စသည်ဖြင့် ယူရို ၁၀ သန်းအောက်အတွဲများသာ ရောင်းချခဲ့ရသည်။ “ ဒီပွဲမှာက ဈေးမြင့်တဲ့၊ အရမ်းကောင်းတဲ့ ကျောက်တွဲတွေ နည်းတာပေါ့။ ပြီးခဲ့ပွဲက ၁၀ သန်းကျော်တွေ ထွက်တယ်။ ဒီပွဲမှာ ငါးသန်းအထက် ၄ တွဲပဲ ရှိတာပေါ့။ ကျောက်အရည်အသွေးပိုင်းက အရင်ပွဲထက် နည်းနည်းလေးနိမ့်တယ်” ဟု ကျောက်စိမ်းလုပ်ငန်းကော်မတီဥက္ကဌ ဦးမင်းသူက ပြောကြားသည်။ ယင်းကဲ့သို့ ယခင်ပြပွဲထက် ရောင်းရငွေလျော့နည်းခဲ့သော်လည်း ယခုပြပွဲသည် မျှော်မှန်းသည်ထက် ပိုမိုရောင်းချနိုင်ခဲ့သည်ဟု ကျောက်မျက်လုပ်ငန်းရှင်များအသင်း၊ ဒုဥက္ကဌဦးဇော်ဘိုခန့်က ပြောကြားသည်။ “၃၀၀( သန်း) ကျော်လောက်မျှော်မှန်းတာ၊ ၄၀၀ ကျော်လောက် ရောင်းရတယ်ဆိုတော့လေ” ဟု ဦးဇော်ဘိုခန့်က ပြောကြားသည်။ ကျောက်စိမ်းတွဲများကို ထုံးစံအတိုင်း တရုတ်ကုန်သည်များမှ အဓိကဝယ်ယူခြင်းဖြစ်ကြောင်း သိရသည်။ ၅၅ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် အခြေခံဈေး ယူရိုလေးထောင်နှင့်အထက်သတ်မှတ်ထားသော ကျောက်စိမ်း အတွဲများနှင့် ယူရို တထောင်နှင့် အထက်သတ်မှတ်ထားသော အချောထည် ကျောက်စိမ်းအတွဲ စုစုပေါင်း ၆၇၉၅ တွဲကို ဇွန်လ ၂၄ရက်မှ ၂၉ရက်အထိ ပြသခဲ့ပြီး ယူရို ၄၂၃ ဒသမ ၁၁၈ သန်းရရှိခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ၅၄ ကြိမ်မြောက်ပြပွဲတွင် ၅၀၉၁ တွဲရောင်းချရခြင်းမှ ယူရို ၅၁၃ ဒသမ ၄၄သန်း ရရှိခဲ့ပြီး ၂၀၁၇၊ နှစ်လယ်ပြပွဲတွင် ၅၀၅၄ တွဲရောင်းချရခြင်းမှ ယူရို ၄၃၈ ဒသမ ၅၈ သန်း ရရှိခဲ့ကြောင်း သိရသည်။ ယခုပြပွဲတွင် အာမခံစပေါ်ငွေကို ဝယ်ယူလိုသည့်တန်ဖိုး၏ ၅ရာနှုန်းမှ ၁၀ ရာခိုင်နှုန်းသို့တိုးမြှင့်ပေးသွင်းစေခဲ့ပြီး တင်ဒါအောင်ကျောက်တွဲကို ငွေချေမရွေးယူသော ကုန်သည်များအား ပြပွဲတက်ခွင့်ပိတ်သည့်စနစ်ကို ပယ်ဖျက်ခဲ့သည်။ ထို့ပြင် ပြပွဲပိတ်ခံထားရသော ကုန်သည်များကို တပွဲလျှင် ယူရို ၁ထောင်နှုန်းဖြင့် ဒဏ်ငွေဆောင်စေကာ ပြပွဲပြန်တက်ခွင့်ပြုလိုက်သည့်အတွက် တက်ရောက်ကုန်သည် ပိုမိုများပြားခဲ့ကြောင်း သိရသည်။ The post ယူရို ၁၅ သန်းတန် တန်ဖိုးကြီးကျောက်စိမ်းတွဲ ရောင်းမထွက် appeared first on ဧရာဝတီ.
Source : https://ift.tt/2tQz6PZ
via IFTTT
Source : https://ift.tt/2tQz6PZ
via IFTTT
ရင်သားပြုပြင်ဖို့ အကြံပေးခံခဲ့ရဖူးတဲ့ ဘောလိဝုဒ်မင်းသမီး Deepika Padukone မင်းသမီး Deepika Padukone ဟာအခုအချိန်မှာတော့ ဘောလိဝုဒ်ရုပ်ရှင်လောကမှာ အအောင်မြင်ဆုံးနဲ့ နာမည် အကျော်ကြားဆုံးသရုပ်ဆောင်တယောက်ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ သူ့ရဲ့ “Padmaavat” ရုပ်ရှင်ဟာ ရုံဝင်ငွေ အများအပြား ရရှိခဲ့ပြီးတော့ မင်းသမီးရဲ့ သရုပ်ဆောင်မှုကို ပရိသတ်တွေကရော ဝေဖန်သူတွေကပါ သဘောကျနှစ်ခြိုက်ခဲ့ကြပါတယ်။ စိတ်ကျရောဂါကို ခံစားနေရတဲ့အကြောင်းနဲ့ ပတ်သက်လို့ ပြောကြားခဲ့ပြီးတဲ့ နောက်မှာတော့ သူ့ရဲ့အနုပညာခရီးလမ်းအစမှာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုခံခဲ့ရတဲ့ အကြောင်း ပြောကြား ခဲ့ပါတယ်။ ဗြိတိသျှသတင်းစာဖြစ်တဲ့ Evening Standard နဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးတခုမှာ မင်းသမီး Deepika က သူ့ရဲ့ အနုပညာ ခရီးလမ်းအစမှာ အကြံပေးခံခဲ့ရတဲ့အကြောင်းအရာတွေကို ပြောပြပေးခဲ့ပါတယ်။ သူက “ကျမကို ဒါလုပ်ပါဆိုပြီး အကြံပေးကြတဲ့အရာတော်တော်များများ ရှိခဲ့ပါတယ်။ ရင်သားပြုပြင်ဖို့နဲ့ အလှမယ်ပြိုင်ပွဲ ဝင်ပြိုင်ဖို့ပေါ့။ အဲဒီလိုလုပ်မှာသာ ဘောလိဝုဒ်ဒါရိုက်တာတွေနဲ့ ပရိုဂျူဆာတွေရဲ့ အသိအမှတ်ပြုခံရပြီး ရွေးချယ်ခံရမယ်လို့ သူတို့က ခံစားနေခဲ့ရလို့ပါ။ အဲဒါဟာ အောင်မြင်ချင်တာကို ရယူအောင်မြင်နိုင်စေမယ့် အလွယ်ဆုံးနည်းလမ်းပါ။ ဒါပေမယ့် ကျမက အဲဒီလိုလူမျိုး မဖြစ်ခဲ့ပါဘူး။ ကျမက အမြဲတမ်းကျမရဲ့ ဆန္ဒအတိုင်း လိုက်လုပ်ခဲ့တာပါ။” လို့ ပြောကြားခဲ့ပါတယ်။ မင်းသမီး Deepika ကို ဟောလိဝုဒ်မှာ ပြုလုပ်နေတဲ့ #MeToo လှုပ်ရှားမှုအကြောင်း နဲ့ တကယ်လိုမျိုး ဘောလိဝုဒ်မှာ လည်း အလားတူ တော်လှန်ရေးမျိုး လုပ်ဆောင်လာနိုင်ပါသလားလို့ မေးမြန်းခဲ့ပါတယ်။ မင်းသမီး Deepika က “ကမ္ဘာကြီးရဲ့ ကျန်တဲ့အပိုင်းတွေလိုပဲ တူညီတဲ့နေရာမှာ ကျမတို့ရှိနေပါတယ်။ ကျမတို့အားလုံးဟာ ဒီအထဲမှာပါဝင်ကြတယ်လု့ိ ကျမထင်ပါတယ်။ ပိုပြီးတော့ အသိပညာပေးမှုတွေ အများရှိနေပါတယ်။ ပြောဆိုနေကြတဲ့ သူတော်တော်များများ ရှိနေပြီး တကမ္ဘာလုံးနဲ့ချီပြီး မှန်ကန်တဲ့လမ်းကြောင်းမှာ သွားနေတဲ့ ဘီးတွေကိုလည်း ကျမတို့ အတူတူမြင်နေရတယ်လို့ ထင်ပါတယ်။ အိန္ဒိယမှာ အဲဒီလိုမျိုး ဖြစ်နေတယ်လို့ ကျမ မြင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ မင်းသမီးဟာ အခုအထိတော့ နောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်အကြောင်းနဲ့ပတ်သက်လို့ ထုတ်ပြန်ကြေညာတာ မရှိသေး ပါဘူး။ မင်းသား Irrfan Khan နဲ့အတူ ဒါရိုက်တာ Vishal Bhardwaj ရိုက်ကူးမယ့် ရုပ်ရှင်မှာ ပါဝင်ဖို့ ပြောဆိုထားပေမယ့် မင်းသား Irrfan ရဲ့ ကျန်းမာရေးအခြေအနေကြောင့် ဒါရိုက်တာ Vishal က ရုပ်ရှင်ကို ကာလ အတိုင်းအတာတခုအထိ နောက်ဆုတ်ထားပါတယ်။ Ref:indiaexpress The post ရင်သားပြုပြင်ဖို့ အကြံပေးခံခဲ့ရဖူးတဲ့ ဘောလိဝုဒ်မင်းသမီး Deepika Padukone appeared first on ဧရာဝတီ.
Source : https://ift.tt/2lL7gRS
via IFTTT
Source : https://ift.tt/2lL7gRS
via IFTTT
ရွေးကောက်ပွဲ အမျိုးသမီးကိုယ်စားလှယ်လောင်း ရရှိရန် NLD ရုန်းကန်နေရ နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ဝင်ပြိုင်နိုင်မည့် အလားအလာ မရှိသလောက် နည်းပါးနေသောကြောင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်းများ ပိုမို ရရှိအောင် ကြိုးစားသွားမည်ဖြစ်ကြောင်း အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အမျိုးသမီးရေးရာကော်မတီထံမှ သိရသည်။ “ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် တိုင်းရင်းသားဒေသတွေမှာ အမျိုသမီးနည်းနည်း ရှားတယ်။ ကျမတို့ကလည်း အောက်ခြေကနေ ရွေးချယ်တဲ့သူကို ပြန်ရွေးရတာ။ ဗဟိုက ချပေးတာ မဟုတ်တဲ့အတွက်။ ဒါကြောင့်” ဟု ရန်ကုန်တိုင်းမရမ်းကုန်းမြို့နယ်မှ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်နှင့် ဗဟို အမျိုးသမီးရေးရာကော်မတီ ဥက္ကဌ ဒေါ်မေဝင်းမြင့်က ပြောသည်။ နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ချင်း၊ ကချင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်များနှင့် မန္တလေး၊ ရန်ကုန်၊ ပဲခူးနှင့် မကွေးတိုင်းများမှ လစ်လပ် လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၃ နေရာကို ရွေးချယ်မည်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ရှမ်း၊ ကချင်နှင့် ရခိုင်ပြည်နယ်များမှ လူမျိုးစုပါတီများသည်လည်း ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။ ဇွန်လ ၂၉ ရက် ထုတ်ပြန်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုုယ်စားလှယ်လောင်း ၁၃ ဦးစာရင်းတွင် အမျိုးသမီးတဦး ပါဝင်ပြီး၊ ကချင်ပြည်နယ်အမျိုးသားလွှတ်တော်အမှတ် (၂) မြစ်ကြီးနားမြို့မှ ဝင်ပြိုင်မည်ဖြစ်သည်။ “လူမျိုးစု ဒေသတွေမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းဟာ အဲဒီဒေသမှာ နေထိုင်တဲ့ ကိုယ်စားလှယ်လောင်းပဲဖြစ်ရမယ်လို့ ကျမတို့ဆုံးဖြတ်ထားတယ်။ ဒါကြောင့် ရှမ်းပြည်နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းဟာ ရှမ်းပဲဖြစ်မယ်။ ချင်းပြည်နယ်မှာလည်း ဒီလိုပဲဖြစ်ရမယ်” ဟု ဒေါ်မေဝင်းမြင့်က ဧရာဝတီ သတင်းဌာနသို့ ယခုအပတ်အစောပိုင်းက ပြောဆိုထားသည်။ “အမျိုးသမီးပါဝင်မှုကတော့ ကိုတာ (အချိုးကျဝေစု) စနစ်ကို ကျမတို့ မကျင့်သုံးပေမယ့် အမျိုးသမီးကိုယ်စားလှယ်တွေ ပိုမိုပါဝင်လာအောင် တွန်းအားပေးရမယ်။ အထူးသဖြင့်ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီထက်ပိုပြီးရအောင် ကြိုးစားရမှာပေါ့” ဟုလည်း ၎င်းကပြောသည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများ၏ ၃၀ ရာခိုင်နှုန်းကျော်သည် အမျိုးသမီးများဖြစ်သော်လည်း ပါတီကို အာဏာရစေသည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲသို့ ရောက်သောအခါ ထိုပမာဏ၏ ထက်ဝက်သာ ပါဝင်နိုင်ခဲ့ကြောင်းလည်း သူက ဆိုသည်။ ယမန်နှစ်က ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါဝင်သော အမျိုးသမီး ကိုယ်စားလှယ်လောင်း အရေအတွက်မှာ ပိုမိုပင်နည်းပါးခဲ့သည်။ ထို့အပြင် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် လက်ရှိတာဝန်ထမ်းဆောင်နေသော အမျိုးသမီးများမှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်မေဝင်းမြင့်နှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တို့သာ ဖြစ်သည်။ ၁၇၇ ဦးပါဝင်သော ပါတီ၏ ဗဟိုကော်မတီတွင်လည်း အမျိုးသမီး ၂၇ ဦးသာရှိသည်။ မကြာသေးမီက ဒုတိယအကြိမ် နိုင်ငံလုံးဆိုုင်ရာပါတီညီလာခံတွင် ရွေးချယ်ခဲ့သည့် ဗဟိုကော်မတီဝင်သစ် ၄၄ ဦးတွင်လည်း အမျိုးသမီး ၆ ဦးသာ ပါဝင်သည်။ အမျိုးသမီးပါဝင်မှု အရေအတွက် တိုးတက်လာစေရန် အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးအတွက် အထောက်အကူဖြစ်စေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ကြိုးစားနေပြီး ဇွန် ၃၀ ရက် စနေနေ့မှစတင်ကာ NLD အမျိုးသမီးအဖွဲ့ဝင်များ နေပြည်တော်တွင် သုံးရက်ကြာ ဆွေးနွေးနေကြပြီ ဖြစ်သည်။ NLD ၏ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်းကော်မတီ စုံညီတွေ့ဆုံပွဲသို့ ဒေသဆိုုင်ရာ အဆင့်ဆင့်မှ ပါတီဝင် အမျိုးသမီး ၇၈၀ ခန့် တက်ရောက်ပြီး ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် ဥပဒေပညာများကို ဆည်းပူးကြမည်ဖြစ်သည်ဟု ဒေါ်မေဝင်းမြင့်က ဆိုသည်။ အမျိုးသမီးအဖွဲ့အစည်းများကွန်ယက်၊ ကျားမတန်းတူရေးကွန်ယက်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီတို့ကိုလည်း ၎င်းတို့၏လုပ်ငန်းများအကြောင်း သတင်းအချက်အလက်ဖလှယ်ရန် ဖိတ်ခေါ်မည်ဟုလည်း ၎င်းက ဆိုသည်။ (အင်္ဂလိပ်ဘာသာဖြင့် NLD Struggles to Field Female Candidates for By-Election, Aims for 2020 တွင် ဖတ်ရှုပါ။) The post ရွေးကောက်ပွဲ အမျိုးသမီးကိုယ်စားလှယ်လောင်း ရရှိရန် NLD ရုန်းကန်နေရ appeared first on ဧရာဝတီ.
Source : https://ift.tt/2tRRubb
via IFTTT
Source : https://ift.tt/2tRRubb
via IFTTT
ကိုရီးယားစတိုင္ ဝက္သားကင္မ္ခ်ီစတူး
ကိုရီးယားစတိုင် ဝက်သားကင်မ်ချီစတူး ဒီတပတ်တော့ မိုးအေးအေးနဲ့ ပိတ်ရက်မှာ ချက်စားနိုင်အောင် ကိုရီးယားစတိုင် ဝက်သားကင်မ်ချီစတူးချက် နည်းလေး ပြောပြပေးချင်ပါတယ်။ ကိုရီးယားလူမျိုးတွေရဲ့ မပါမဖြစ်ဟင်းလျာဖြစ်သလို အကြိုက်ဆုံးဟင်းလျာလို့လည်း ဆိုနိုင်တဲ့ ဟင်းတမယ်ပါ။ မြန်မာခံတွင်းနဲ့လဲ အရသာတွေ့နိုင်မယ့် ဟင်းတခွက်ပါ။ ဝက်သားကင်မ်ချီစတူးလုပ် ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့– – ဝက်နံရိုး – ကြက်သွန်နီ – ကြက်သွန်ဖြူ – ချင်း – ကြက်ပြုတ်ရည် – ကင်မ်ချီ – ငရုတ်သီး – နှမ်းဆီ – ပဲငံပြာရည် – နှမ်း – ဆား နဲ့ ငရုတ်ကောင်း – ပဲပြား ကြက်သွန်မြိတ် နဲ့ ဆီ တို့လိုအပ်ပါတယ်။ ဟင်းအမယ်တွေ ပြင်ဆင်ပြီးပြီဆိုရင် စချက်လို့ရပါပြီ။ အရင်ဆုံး ဝက်နံရိုးတွေကို အနေတော်အတုံးလေးတွေတုံးထားပါ။ ကြက်သွန်နီ ကို ခပ်ပါးပါးလှီးထားပြီး၊ ကြက်သွန်ဖြူနဲ့ ချင်း ကို ခပ်စိတ်စိတ်လှီးထား ပါ။ အားလုံးပြင်ဆင်ပြီးရင် အိုးထဲကို ဆီထည့်ပါ။ ဆီပူလာပြီဆိုရင် ဝက်သားကို ၃ မိနစ်လောက် အပေါ်ယံကျက် သွားတဲ့အထိ ချက်ပေးပါ။ ဝက်သားအပေါ်ယံကျက်သွားပြီဆိုရင် လှီးထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ချင်းကို ထပ်ထည့်လိုက်ပါ။ အသားနူးသွားအောင် နောက် ၂ မိနစ်လောက် ထပ်တည်ပေးပါ။ ပြီးရင် ကြက်ပြုတ်ရည် လောင်းထည့်ပြီး ၁၀ မိနစ် လောက် ပွက်ပွက်ဆူလာတဲ့အထိ တည်ပါ။ ကြက်ပြုတ်ရည်ကို ကိုယ်စားချင်တဲ့ ပုံစံအတိုင်း အနည်း၊ အများ ချိန်ထည့်ပါ။ ပွက်ပွက်ဆူလာပြီဆိုရင် ကင်မ်ချီ၊ နှမ်းဆီ၊ ငရုတ်သီး၊ နှမ်း တို့ထည့်ပြီး အဖုံးပြန်အုပ်ထားပါ။ အရသာအတွက် ဆားနဲ့ ပဲငံပြာရည် အနည်းငယ်ထည့်ပါ။ ပြီးရင် ပဲပြားကို အနေတော်အတုံးလေးတွေတုံးပြီး ထည့်ပါ။ ငရုတ် ကောင်းဖြူးပြီး ချခါနီးမှာ ကြက်သွန်မြိတ် အုပ်လိုက်ပါ။ ထမင်းပူပူလေးနဲ့ အလွန်လိုက်ဖက်တဲ့ ဝက်သားကင်မ်ချီစတူးရပါပြီ။ ဝက်သားမစားတဲ့သူဆိုရင်လဲ ကြက်သား၊ အမဲသား တို့နဲ့လဲ အစားထိုးချက်ပြုတ်နိုင်ပါတယ်။ Ref: My Recipes The post ကိုရီးယားစတိုင် ဝက်သားကင်မ်ချီစတူး appeared first on ဧရာဝတီ.
Source : https://ift.tt/2tCv8vd
via IFTTT
Source : https://ift.tt/2tCv8vd
via IFTTT
၂၀၁၈ ခုနှစ် ဒေါ်လာဈေးမြင့်တက်မှု စံချိန်ချိုးမလား ပြည်တွင်းနိုင်ငံခြားငွေ လဲလှယ်နှုန်းမှာ ဈေးနှုန်းများ မြင့်တက်လျက်ရှိရာ ယခင်နှစ်များထက်ပိုမိုမြင့်တက်မှု ရှိ၊ မရှိ ကို စောင့်ကြည့်နေရသည်ဟု ဒေါ်လာရောင်းဝယ်သူများကပြောသည်။ ဒေါ်လာဈေးမှာ ဇွန်လ ၁ ရက်၌ ၁ ဒေါ်လာလျှင် မြန်မာငွေကျပ် ၁၃၄၄ ကျပ်ခန့်ရှိခဲ့ရာမှ ဇွန်လ ၂၉ ရက်တွင် ၁ ဒေါ်လာ လျှင် ၁၄၀၃ ကျပ်အထိမြင့်တက်လာသောကြောင့် ရက်ပေါင်း ၂၉ ရက်အတွင်း ၅၉ ကျပ်ခန့် ဈေးမြင့်တက်ခဲ့သည်။ မြန်မာနိုင်ငံ၌ ဒေါ်လာဈေးသည် ပြီးခဲ့သည့် ၆နှစ်၊ ၇ နှစ်ခန့် ၁ ဒေါ်လာလျှင် ၁၄၅၀ ကျပ်အထိ ဈေးနှုန်း အမြင့်ဆုံး မြင့်တက်ထားသည့် အတွက် ဆက်လက် ဈေးတက်၊ မတက်ကို စောင့်ကြည့်နေကြခြင်း ဖြစ်သည်။ Delta maubin ကုမ္ပဏီ money changer ပိုင်ရှင် ကိုအောင်ဆန်းက “အခုဒေါ်လာက ကမ္ဘာ နိုင်ငံအသီးသီးမှာကို ဖြစ်နေတာ။ ကျနော်တို့နဲ့ နီးစပ်တဲ့ တရုတ်နဲ့ ထိုင်းကို ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံမှာ ဒေါ်လာက ၆ဒသမ ၃၁ ကနေ ၆ဒသမ ၄၁ ဆိုတဲ့ နှုန်းကိုသွားနေတယ်။ အဲဒီလိုတန်ဖိုးအရ ကြည့်မယ်ဆိုရင် ပွိုင့် ၂ ယွမ်ပေါ့။ အဲဒါအပြင် ထိုင်းငွေကြေးကို ကြည့်မယ်ဆိုရင်လည်း ဘတ်က ၃၂ ကနေ ၃၃ ကျပ်ဖြစ်သွားတယ်။ အဲဒီမှာ ၁ ဘတ်ရဲ့ တန်ဖိုးက ၄၀ နဲ့ ၄၂ ကျပ်လောက်ရှိတယ်။ တရုတ်ငွေကလည်း ၂၀၀ နဲ့မြှောက်ရင် ၄၀ လောက် ရှိတယ်” ဟု ပြောသည်။ ဆက်လက်၍ ၎င်းက”တရုတ်နိုင်ငံမှာလည်း ၄၀ ယွမ်လောက်တက်တယ်။ ထိုင်းမှာလည်း ၄၀ ဘတ်လောက်တက်တယ်။ အဲဒီတော့ မြန်မာနိုင်ငံကလည်း ၁၃၄၄ ကျပ်ကနေ ၁၃၈၄ ၊ ၁၃၉၄၊ ၁၄၀၀ ကျပ် ကျော်ရောက်လာတာပေါ့။ ဒါကြောင့် ၄၀ကျပ်နဲ့ ၅၀ ကျပ်လောက်တက်လာတာက ဒေါ်လာတက်တဲ့ နှုန်းတခု အရ လိုက်တက်တာပဲ။ တခြား ဘာပယောဂမှ မပါဘူး” ဟု ရှင်းပြသည်။ လက်ရှိဒေါ်လာဈေး အတက်နှုန်းမြန်နေခြင်းမှာ ဗဟိုဘဏ် အညွှန်းကိန်း တက်လာ ခြင်း၊ ကမ္ဘာ့ ရွှေဈေးကျခြင်း၊ ဈေးကွက် အတွင်း ဈေးကစားသူများ ရှိခြင်း၊ ရာသီစာ အတွက် ခရီးသွားမည့်သူများက ဒေါ်လာငွေ စုဆောင်းခြင်းတို့ အပါအဝင် အစိုးရ ဝန်ကြီးဌာနများ နိုင်ငံခြားငွေကို ကိုယ်တိုင်ရှာဖွေ သုံးစွဲရမည် ဆိုသည့် သတင်းများ ကြောင့်လည်း အကြောင်းအရင်း စုံသွားကာ ဈေးတက်နေခြင်း ဖြစ်သည် ဟု နိုင်ငံခြားငွေကြေး အရောင်းအဝယ် လုပ်ကိုင် သူများက ပြောဆိုကြသည်။ “ဇွန် ၁၂ရက်က အမေရိကန် ထိပ်သီးခေါင်းဆောင်နဲ့ မြောက်ကိုရီးယား သမ္မတ လက်ဆွဲနှုတ်ဆက်တဲ့ ကိစ္စက ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့ လက္ခာဖြစ်တယ်။ အဲဒီတော့ ရင်းနှီးမြှုပ်နှံသူ တော်တော်များများက ဒီအခြေအနေဆိုရင် ရွှေဈေးကိုအကျဘက်ကိုမှန်းတယ်။ အမေရိကန်ရဲ့ စွမ်းဆောင်ရည်မြင့်တယ်ဆိုပြီး ဒေါ်လာက ကမ္ဘာမှာ ပိုပြီး မာလာတဲ့ သဘာရှိတယ်” ဟု ၎င်းကရှင်းပြသည်။ ဒုတိယတချက်အနေဖြင့် ဇွန်လအလယ်တွင် FONC ဟုခေါ်သော အမေရိကန်ဘဏ်အတိုးနှုန်းမှာ ထပ်ပြီး တင်လိုက်သောကြောင့် ယင်းအချက်များသည် ကမ္ဘာရွှေဈေးအကျနှင့် ဒေါ်လာဈေးအတက်ကို ဦးတည်ကြောင်း ၎င်းကပြောသည်။ “အဲဒီတော့ ကမ္ဘာနိုင်ငံအသီးသီးမှာ ဒေါ်လာဈေးက မာသွားတယ်။ ကျျနော်တို့လို နိုင်ငံမှာ ကျတော့လည်း ငွေဈေးကွက်မှာ ရင်းနှီးမြှုပ်နှံသူများတဲ့အခါကျတော့ အခုဦးတည်ချက်ကိုကြည့်ရင် နည်းနည်းလေးထပ်တက်မှာကို မြင်နေရတုန်းပဲ” ဟု ၎င်းက ပြောသည်။ ယခင်က ဒေါ်လာဈေးအမြင့်ဆုံးဖြစ်ခဲ့သည့် လွန်ခဲ့သော ၆နှစ်၊ ၇ နှစ်အချိန်သည် ငွေကြေးဈေးကွက်က ပွင့်လင်း မြင်သာမှု မရှိခြင်း၊ ဗဟိုဘဏ်မှ reference value ထုတ်ပေးမှု မရှိခြင်း၊ ငွေလဲကောင်တာများမှာလည်း တရားဝင်အတည်မရှိခြင်း ငွေကြေးအားဖြင့်လည်း တရားဝင်ကိုင်ဆောင်ခြင်းမဟုတ်သဖြင့် ဈေးကွက်မှာ မှောင်ခိုဈေးကွက် အနေနှင့်ရှိသည်။ ထို့ကြောင့် ဈေးကွက်အတွင်း ကောလဟာလများနှင့် သတင်း၊ အဖျင်းများသာရှိပြီး ယင်းအပေါ်သာမှီခိုဝယ်ယူရသောကြောင့်ဈေးမြင့်ခဲ့ရသည်ဟု ဒေါ်လာရောင်းဝယ်သူများက ပြောကြသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် ဆက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုဥက္ကဋ္ဌဒေါက်တာ မောင်မောင်လေးက “ဒေါ်လာဈေးက အခုတင်ပဲ ကမ္ဘာ့ဘဏ်တို့နဲ့ ပြောနေပါတယ်။ ဒါက ဒေသတွင်းဖြစ်စဉ်တွေပါ။ တခြားနိုင်ငံတွေမှာလည်း ဒါလေးတွေတော်တော်များများ ငွေကြေးမတည်ငြိမ်မှုတွေ ဖြစ်နေတာရှိပါတယ်။ ဒါကလည်း အမေရိကန် ဗဟိုဘဏ် အတိုးနှုန်းလေး မြင့်တင်လိုက်တဲ့ အတွက်ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ လည်း အထိုက်အလျှောက် ကျပ်ငွေကျဆင်းမှုလေးတွေရှိတယ်။ မကြာခင်တော့ ပြေပျောက်သွားနိုင်မယ်လို့ထင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။ မြန်မာနိုင်ငံသည် သွင်းကုန်ကိုအားထားနေရသဖြင့် ယခုကဲ့သို့ ငွေကြေးမငြိမ်သက် မှု ကြောင့် ပြည်တွင်းကုန်စည်ဈေးနှုန်းမှာ အထိုက်အလျှောက်တက်လာသည်။ သို့သော် မကြာခင် ပြန်လည်တည်ငြိမ်မည်ဟု မျှော်မှန်းသဖြင့် ဒေါ်လာဈေးတက်သဖြင့် ယခုအချိန်တွင် ပို့ကုန် တင်ပို့မှုကိုတိုး၍ သွင်းကုန်ကိုလျှော့သင့်ကြောင်း ဒေါက်တာ မောငေ်မာင်လေးက သုံးသပ်သည်။ ” ငွေကြေးရိုက်ထုတ်မယ့်အစား သက်သက်သာသာနဲ့ ငွေတွေကို ချေးပေးနိုင်ရင် ကောင်းမယ်”ဟု ၎င်းကပြောသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ် (Reference Exchange)ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်းက ” ကျမတို့ ဗဟိုဘဏ်သုံးသပ်ချက်ကတော့ အခြားသော ကျမတို့ ကုန်သွယ်ဖက်နိုင်ငံ တွေရဲ့ ငွေကြေးက Depreciation ဖြစ်တာက ကျမတို့နိုင်ငံ ဖြစ်တာထက် ပိုတယ်။ အမေရိကန်နိုင်ငံမှာ အတိုးနှုန်းတွေကို ဝဒသမ ၂၅ တက်လိုက်တော့ သူ့ငွေက တန်ဖိုးပိုရှိသွားတယ်။ သူငွေတန်ဖိုးကမာတယ်”ဟု ၎င်းကပြောသည်။ ဒေါ်လာဈေးနှုန်းမြင့်တက်ခြင်းနှင့် ပတ်သက်ပြီး ဗဟိုဘဏ်အနေနှင့် ဈေးကွက်အချက်အလက် များပေါ် အခြေခံပြီး လုပ်ဆောင်သွားမည်ဟု ၎င်းကပြောသည်။ ဆက်စပ်ဖတ်ရှုရန်- ဒေါ်လာဈေး ဆက်တက်နိုင်ဟု ဗဟိုဘဏ် ပြော The post ၂၀၁၈ ခုနှစ် ဒေါ်လာဈေးမြင့်တက်မှု စံချိန်ချိုးမလား appeared first on ဧရာဝတီ.
Source : https://ift.tt/2KwcgnP
via IFTTT
Source : https://ift.tt/2KwcgnP
via IFTTT
7Day News Journal
တက္ကသိုလ်ပေါင်း တစ်ရာကျော်က ပါမောက္ခချုပ်တွေ ပါဝင်တဲ့ ဆွေးနွေးပွဲ ရန်ကုန်မှာစတင် ဇွန် - ၂၉ ၊၂၀၁၈ အဆင့်မြင့်ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ အဓိကထား ဆွေးနွေးမယ့် ပထမဆုံးအကြိမ်အမျိုးသားအဆင့် ညီလာခံတစ်ရပ်ကို ဒီကနေ့ ဇွန်လ ၂၉ရက်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီညီလာခံကိုဗြိတိသျှကောင်စီနဲ့ Irrawaddy Policy Exangeတို့ကစီစဉ်တာဖြစ်ပြီး ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန၊အမျိုးသားပညာရေးမူဝါဒကော်မရှင်နဲ့ University College Londonတို့က အဆင့်မြင့်ပညာ ဦးဆောင်မှုနဲ့စီမံခန့်ခွဲ ရေးပြုပြင်ပြောင်းလဲမှုအစီအစဉ် ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။ ဒီညီလာခံကို နှစ်ရက်တာပြုလုပ်မှာဖြစ်ပြီး တက္ကသိုလ်ပေါင်း တစ်ရာကျော်က ပါမောက္ခချုပ်၊ဒုတိယပါမောက္ခချုပ်တွေနဲ့ပါမောက္ခတွေတက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန၊အမျိုးသားပညာရေးမူဝါဒကော်မရှင်နဲ့ ဗြိတိသျှကောင်စီတို့ပူးပေါင်းပြီး အမျိုးသားအဆင့်မြင့်ပညာဖွံ့ဖြိုးရေးကျောင်းထူထောင်မယ့်စီမံကိန်းကို တစ်နှစ်တာ စမ်းသပ်လုပ်ဆောင်နေတယ်လို့သိရပါတယ်။ ဒီစီမံကိန်းဟာ တက္ကသိုလ်(၁၁)ခုမှာ အုပ်ချုပ်ရေးနဲ့စီမံခန့်ခွဲရေးသင်တန်းခြောက်ခုကို ပို့ချပေးမှာဖြစ်ပြီး ဒီနှစ်ဖေဖော်ဝါရီလကတည်းက စတင်လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။ ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး #အဆင့်မြင့်ပညာရေး #စိန်ရတုခန်းမ #တက္ကသိုလ် #7DAY TV
Source : https://ift.tt/2yW8LWA
via IFTTT
Source : https://ift.tt/2yW8LWA
via IFTTT
ပြည်တွင်းထုတ် ဓာတ်ဆီ ၃ သန်း ဇူလိုင်တွင်ရောင်းမည် ပြည်တွင်းထုတ် ဓာတ်ဆီ ၃ သန်းကို လာမည့် ဇူလှိုင် ၁ ရက်မှ စတင်၍ နိုင်ငံပိုင် စက်သုံးဆီဆိုင် ၈ ဆိုင်မှ ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်ကြောင်း ဇွန် ၂၈ ရက်၌ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည်။ အဆိုပါ ဓာတ်ဆီများ ဖြန့်ဖြူးရောင်းချခြင်းမှာ နိုင်ငံတကာစက်သုံးဆီဈေးနှုန်းနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်လာခြင်းကြောင့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်း မြင့်တက်လာနိုင်သဖြင့် ဈေးနှုန်းထိန်းညှိရန်ရည်ရွယ်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)မှ ထုတ်လုပ်သည့် ပြည်တွင်းထုတ်ဓာတ်ဆီများအား သင့်တော်သော ဈေးနှုန်းနှင့် ရောင်းချသွားမည်ဟု သိရသည်။ ရောင်းချပေးမည့် နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင် ၈ ခုမှာ နေပြည်တော်၊ ရန်ကုန် ၊ မန္တလေး၊ပဲခူး နှင့် ဟင်းငုတ်ပင်(တောင်ငူ) တို့မှ ဖြစ်ပြီး မော်တော်ယာဉ်ငယ်များ၊ မော်တော်ဆိုင်ကယ်များသုံးစွဲရန်အတွက် လက်လီရောင်းချခြင်း ဖြစ်သည်။ စုစံ စက်သုံးဆီ ရောင်းဝယ်ဖြန့်ဖြူးရေးကုမ္ပဏီမှ Marketing တဦးဖြစ်သူ မတင်တင်ထူးက” စက်သုံးဆီ ဒီလိုမျိုးထုတ်ရောင်းတာကောင်းပါတယ်။ ဆီဈေးတက်ပြီဆို စင်ကာပူဆီကို ပြည်တွင်းက စက်လှေတွေ သင်္ဘောတွေက ဝယ်မသုံးနိုင်တော့ဘူး။ အပြင်ချက်ဆီတို့ ပြည်တွင်းဖြစ်ဆီတွေပဲသုံးတာ။ဒါကြောင့် ပြည်တွင်းက ဆီတွေထုတ်တယ်ဆိုရင် အထောက်အကူဖြစ်တယ်။ “ဟု ဧရာဝတီသို့ ပြောသည်။ ဆက်လက်၍၎င်းက” စင်ကာပူဆီက ဒေါ်လာအတက်အကျနဲ့ သူ့ဈေးပဲ။ သူ့အနေအထားနဲ့ သူရှိမှာပဲ ပြည်တွင်းဆီကလည်း သူအရည်အသွေး သူဈေးနဲ့ သူရှိမှာပါ။ အစိုးရက ဆီထုတ်ရောင်းပေးမယ့် သူ့အရည်အသွေးအလိုက် သူ့ဈေးနဲ့သူသွားမှာပဲ” ဟု ပြောသည်။ ဇွန်လ ၂၉ ရက် စက်သုံးဆီ ပေါက်ဈေးများမှာ ဒီဇယ် တလီတာလျှင် ၈၉၅ ကျပ် ၊ပရီမီယံ ဒီဇယ် တလီတာ ၉၁၀ ကျပ် ၊ အောက်တိန်း ၉၂ တလီတာကို ၈၇၀ ကျပ်နှင့် အောက်တိန်း ၉၅ တလီတာကို ၉၂၀ ကျပ် ပေါက်ဈေးရှိပြီး ၃ လအတွင်း တလီတာလျှင် ၆၀ ကျပ်ဝန်းကျင်ခန့် ဈေးတက်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)မှ ထုတ်လုပ် သည့် ပြည်တွင်းထုတ်ဓာတ်ဆီ ဂါလန် ၃ သန်းကို ပြီးခဲ့သည့် ဧပြီလတွင် ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များမှ သင့်တင့်သောဈေးနှုန်းဖြင့် ပြန်လည်ဖြန့်ဖြူး ရောင်းချနိုင်ရေးအတွက် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေး အသင်း(MPTA)သို့ ပထမအကြိမ် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း ဝန်ကြီး ဌာနမှ သိရသည်။ ပြည်ပ တင်သွင်းသည့် စက်သုံးဆီများကို ပြည်တွင်း၌ သိုလှောင်ကန်ငှါးသည့် ကုမ္ပဏီ ၅ ခုရှိပြီး နိုင်ငံခြားမှ စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီပေါင်း ၅၀ ခန့့်ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသော စက်သုံးဆီမှာ ပြည်တွင်းလိုအပ်ချက်ကို ၅ ရာခိုင်နှုန်းသာ ဖြည့်ဆည်းပေးနိုင်ပြီး ကျန် ၉၅ ရာခိုင်နှုန်းမှာ ပြည်ပမှ တင်သွင်းနေရသည်။ The post ပြည်တွင်းထုတ် ဓာတ်ဆီ ၃ သန်း ဇူလိုင်တွင်ရောင်းမည် appeared first on ဧရာဝတီ.
Source : https://ift.tt/2yYyy0s
via IFTTT
Source : https://ift.tt/2yYyy0s
via IFTTT
မြန်မာနိုင်ငံကို လူကုန်ကူးမှု အကျူးလွန်ဆုံး နိုင်ငံစာရင်းသို့ အမေရိကန်ထည့်သွင်း မြန်မာနိုင်ငံကို လူကုန်ကူးမှု အကျူးလွန်ဆုံး နိုင်ငံစာရင်းသို့ အမေရိကန်က ကြာသပတေးနေ့တွင် ထည့်သွင်းလိုက်သည်။ မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင် ထောင်ပေါင်းရာဂဏန်းနှင့်ချီ၍ ထွက်ပြေးခဲ့ရပြီး အခြားလူနည်းစု တိုင်းရင်းသား များမှာလည်း ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရလျက် ကလေးစစ်သားများကို အသုံးချနေကြောင်း အမေရိကန်က ထည့်သွင်း ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံခြားရေး ဌာန၏ နှစ်စဉ် လူကုန်ကူးမှုအစီရင်ခံစာတွင် မြန်မာနိုင်ငံကို အခြား ၅ နိုင်ငံကြားတွင် စောင့်ကြည့်စာရင်း Tier 2 မှ Tier 3 အဆင့်သို့ ထပ်မံလျှော့ချ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။ အလားတူ Tier 3 အဆင့်အဖြစ် သတ်မှတ်ခံရသော နိုင်ငံများမှာ ဘိုလီဗီးယား၊ ဂျာဘွန်၊ လာအိုနှင့် ပါပူဝါးနယူးဂီနီ နိုင်ငံတို့ဖြစ်ကြသည်။ Tier 3 အဆင့် သတ်မှတ်ချက်၏ အဓိပ္ပာယ်အရ ယင်းနိုင်ငံများသည် အမေရိကန်နိုင်ငံ၏ ဘဏ္ဍာရေး အလုံးအရင်း ကန့်သတ်ခြင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ မြန်မာ့တပ်မတော်၏ နယ်မြေရှင်းလင်းမှုကြောင့် ဘင်္ဂါလီ မွတ်ဆလင်များ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ရသဖြင့် မြန်မာနိုင်ငံကို နိုင်ငံတကာက ပြစ်တင်ဝေဖန်ခဲ့ကြပြီး ကုလသမဂ္ဂက လူမျိုးရေး သုတ်သင်မှု ပြဋ္ဌာန်းချက်နမူနာဟု ဖော်ပြခဲ့သည်။ တပ်မတော်ကမူ ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်စစ်သွေးကြွများကို နှိမ်နင်းခြင်း ဖြစ်ကြောင်း ဆိုထားသည်။ တိုင်းရင်းသား လက်နက်ကိုင်များမှ ကလေးစစ်သား စုဆောင်းနေမှုကို ကုလသမဂ္ဂ၏ ကြိုးပမ်းတားဆီးချက်များအား မြန်မာနိုင်ငံအနေဖြင့် ခက်ခဲအောင် လုပ်ဆောင်နေကြောင်း နိုင်ငံခြားရေးဌာန၏ လူကုန်ကူးမှုအစီရင်ခံစာတွင် စွပ်စွဲထားပြီး မြန်မာအစိုးရ တာဝန်ရှိသူများသည်လည်း လိင်အပျော်အပါးနှင့် လုပ်သားများအတွက် လူကုန်ကူးခြင်းတွင် ဝင်ရောက် ခြေရှုပ်နေကြောင်း ထည့်သွင်း ရေးသားထားသည်။ သို့ရာတွင် မြန်မာအစိုးရကမူ လူကုန်ကူးမှုကို ယခင်နှစ်ကထက် ပိုမို ဖော်ထုတ် အရေးယူနေကြောင်းနှင့် ကလေးစစ်သား စုဆောင်းခြင်းနှင့် အသုံးပြုခြင်းကို ကာကွယ်သည့် ရည်မှန်းချက် ဖြစ်ထွန်းစေရန် အားထုတ်သည့် အသိပညာပေးမှု ရင်းမြစ်များအကြောင်း အခိုင်အမာ ပြောထားသည်ဟု ယင်းအစီအရင် ခံစာတွင် မှတ်ချက်ပြုထားသည်။ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုအခြေအနေမှာ အားရစရာမရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက အစီရင်ခံ ထားပြီး အိန္ဒိယမှ အမျိုးသမီးနှင့် မိန်းကလေးများအပါအဝင် နိုင်ငံခြားမှ လူကုန်ကူးခံရသည့် သားကောင်များ အတွက် ဦးတည်ရာနေရာတခုအဖြစ် တိုးပွားလာနေဆဲဖြစ်ကြောင်း မှတ်ချက်ချသည်။ The post မြန်မာနိုင်ငံကို လူကုန်ကူးမှု အကျူးလွန်ဆုံး နိုင်ငံစာရင်းသို့ အမေရိကန်ထည့်သွင်း appeared first on ဧရာဝတီ.
Source : https://ift.tt/2tHbHkY
via IFTTT
Source : https://ift.tt/2tHbHkY
via IFTTT
တပ်မတော် သဘောမတူ၍ တိုင်းရင်းသား အခွင့်အရေး ဆက်လက် ဆွေးနွေးခွင့် မရ တိုင်းရင်းသား လူနည်းစု အခွင့်အရေး ခေါင်းစဉ်ကို ဆက်လက် ဆွေးနွေးရန် တပ်မတော်၏ သဘောတူညီမှု မရသဖြင့် လာမည့် တတိယ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံတွင် ယင်းကိစ္စကို ဆွေးနွေးရန် မဖြစ်နိုင်တော့ကြောင်း သတင်းရရှိသည်။ မနေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအဝေးတွင် နိုင်ငံရေး ကဏ္ဍအတွက် တိုင်းရင်းသား လူနည်းစု အခွင့်အရေးနှင့် ကျားမတန်းတူညီရေး ခေါင်းစဉ် ၂ ခုကို တင်ပြဆွေးနွေးခဲ့ကြသော်လည်း တပ်မတော်က ကျားမတန်းတူရေး ခေါင်းစဉ်ကိုသာ သဘောတူခဲ့ကြောင်း ယင်းအစည်းအဝေးတွင် ပါဝင်သူ ကချင် ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာက ပြောသည်။ “သူတို့(တပ်မတော်)ကတော့ နိုင်ငံသား အခွင့်အရေးဆိုတာလည်း အားလုံးနဲ့ အကျုံးဝင်တယ်လို့ ပြောနေတာပဲ။ EAOs (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ)ဘက်ကျတော့ တိုင်းရင်းသား အခွင့်အရေးဆိုတာ ရှိရမယ်။ လူနည်းစု အခွင့်အရေးဆိုတာ ရှိရမယ်။ အပြန်အ လှန် ဆွေးနွေးပြီးတော့ သဘောထားဆုံးဖြတ်ချက်ရယ်လို့ တိတိကျကျ မချသွားနိုင်တာ ရှိတာပေါ့”ဟု UPDJC အတွင်းရေးမှူး အဖွဲ့ဝင် လည်းဖြစ်သူ ဒေါက်တာ တူးဂျာက ပြောသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အကြို နိုင်ငံရေး ဆွေးနွေးပွဲများကို ဇွန်လ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့ အထိ နေပြည်တော်တွင် ကျင်းပခဲ့ပြီး ယခင် ဒုတိယအကြိမ် ပင်လုံညီလာခံမှ ကျန်ရှိသည့် နိုင်ငံရေးကဏ္ဍ အချက် ၄ ခုထဲမှ အချက် ၂ ချက် ဖြစ်သည့် တိုင်းရင်းသား လူနည်းစု အခွင့်အရေး ကာကွယ်ခြင်းနှင့် ကျားမ တန်းတူရေး အချက် ၂ ချက်ကို စတင် ဆွေးနွေးခဲ့ပြီး မနေ့က ကျင်းပသည့် UPDJC အစည်းအဝေးတွင် အတည်ပြုပြီးနောက် ညီလာခံတွင် ဆက်ဆွေးနွေးရန် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။ တပ်မတော်က ယခု ခေါင်းစဉ်ကို ကန့်ကွက်သည် ဆိုခြင်းထက် ခေါင်းစဉ်ကိုပင် ဝိဝါဒ ကွဲပြားနေကြပြီး တိုင်းရင်းသားဆိုသည်မှာလည်း နိုင်ငံသားပင် ဖြစ်သည်ဟု ဆွေးနွေးလာသဖြင့် ဆွေးနွေးစရာ၊ ဝိဝါဒ ကွဲစရာ များလာသည့်အခါ ဆက်လက်မဆွေးနွေးရန် အဆိုပြုသည့် သဘောဖြစ်ကြောင်း ယင်းဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစိုင်းကျော်ညွှန့်က ပြောသည်။ “အဲဒီအပေါ်မှာတော့ စေ့စပ်ညှိနှိုင်းရတာပေါ့ဗျာ။ တဖက်က ဆွေးနွေးမယ်။ တစ်ဖက်က မဆွေးနွေးဘူးဆိုတာကြီးကို အတင်းကြီး လုပ် ပြီး ဆွေးနွေးမယ်ဆိုရင်လည်း မလိုလားအပ်တဲ့ ပြဿနာတွေ တက်နိုင်တယ်။ ဘာမှ မထူးဘူးပေါ့လေ။ အဓိကကျတဲ့ နိုင်ငံရေးဆိုင်ရာ ဖက်ဒရယ်ရေးရာကိစ္စရပ်တွေ မဆွေးနွေးနိုင်သေးပေမယ့် ကျန်တဲ့ကိစ္စတွေမှာ ဆွေးနွေးနိုင်လိမ့်မယ်”ဟု ၎င်းက ရှင်းပြသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် မြေယာ၊ လုံခြုံရေး ကဏ္ဍ စသည့် ခေါင်းစဉ် ၅ ခုမှ အခြေခံရမည့်မူများ ဖော် ထုတ်နိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြသော်လည်း အဖြေတိတိကျကျ မထွက်၍ လာမည့် ဇူလိုင်လ ၄၊ ၅၊ ၆ ရက်နေ့များတွင် ဆက်လက်ကျင်းပမည် လုပ်ငန်းကော်မတီ အစည်းအဝေးများတွင် ဆက်လက် ဆွေးနွေးမည်ဟု ဆုံးဖြတ်လိုက်ရကြောင်း သိရသည်။ ချင်းအမျိုးသား တပ်ဦး၏ နာယက ဖြစ်သူ ဒေါက်တာ ဆလိုင်းလျန်မှုန်ဆာခေါင်းကလည်း “တချို့ကဏ္ဍမှာတော့ ညှိနှိုင်းလို့မရတဲ့ အခက် အခဲလေးတွေ ရှိပါတယ်။ သို့သော် ဆက်ဆွေးနွေးလိုက်ရင် အဆင်ပြေပါလိမ့်မယ်လို့ ထင်ပါတယ်”ဟု ဆွေးနွေးပွဲအပြီး သတင်းထောက် များကို ပြောသည်။ ၎င်းသည် မနေ့က ပြုလုပ်သည့် UPDJC အစည်းအဝေး အဖွင့် မိန့်ခွန်းတွင် တိုင်းရင်းသားများသည် “ကိုယ်ပိုင် ပြဌာန်းခွင့်”ကို မရမ ချင်း တောင်းဆိုသွားမည်ဟု ထုတ်ဖော်ပြောကြားခဲ့ပြီး “ခွဲထွက်ခွင့်”ဆိုသည်မှာလည်း တိုင်းရင်းသား လူမျိုးများ၏ ရပိုင်ခွင့်ဟု ဗိုလ်ချုပ်အောင်ဆန်းက ထုတ်ဖော်ထားပြီး ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့သည် ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်း ခွင့်များ ရရှိမည်ဆိုသော ယုံကြည်ချက်ဖြင့် NCA ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် တိုင်းရင်းသားခေါင်းဆောင်များက ဒီမူ ၃ ချက်ကို တင်ပြသည့်အခါတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တစ်ဆို့မှုများ ရှိနေရကြောင်း ဒေါက်တာ ဆလိုင်းလျန်မှုန်ဆာခေါင်း က ပြောဆိုခဲ့သည်။ ၎င်း၏ အထက်ပါအတိုင်း ဆွေးနွေးချက်များကို တပ်မတော် ခေါင်းဆောင်များက မကြိုက်ခဲ့ဘဲ ယင်းကိစ္စများကို ထပ်ကာထပ်ကာ တူးဆွ ဆွေးနွေးနေခြင်းမျိုး မပြုလုပ်သင့်ကြောင်း သဘောထားပေးသော်လည်း တချို့ကမူ ပြဿနာကို ပြဿနာအဖြစ် လက်ခံပြီး ဖြေရှင်းသင့်ကြောင်း အကြံပြုမှုများ ရှိနေသည်ဟု သိရသည်။ UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးစိုင်းကျော်ညွှန့်က“မဆွေးနွေးနိုင်ဘူးဆိုရင်လည်း အရှိတရားပဲလေ။ ကျနော်တို့နိုင်ငံမှာ ဖြစ်တည်နေ တဲ့ အရှိတရားကို ပြည်သူတွေ ရှင်းရှင်းလင်းလင်း မြင်ရတာပေါ့”ဟု ပြောသည်။ သို့သော် တတိယအကြိမ် ပင်လုံ ညီလာခံကိုမူ ဇူလိုင်လ ၁၁ ရက်မှ ၁၆ ရက်ကြား ကျင်းပရန် သဘောတူညီခဲ့ပြီပြီး NCA လက်မှတ် ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသား အဖွဲ့အားလုံးကို တဖွဲ့ချင်းစီအလိုက် ဖိတ်ကြားမည် ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သူများ၏ ကျန်ရစ်သူ မိသားစုများကိုလည်း ဖိတ်ကြားမည် ဖြစ်ကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ထံမှ သိရသည်။ “ကျနော်တို့ တင်ပြပါတယ်။ ဆွေးနွေးစရာ ရှိတဲ့ ခေါင်းစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြ။ နောက်မှ ဒီမှာ ပြန်ပြီးတော့မှ ရွေးထုတ်ပြီးတော့မှ သဘောတူညီချက် လုပ်လို့ ရနိုင်တာပဲလို့။ ဒါကြောင့် ခေါင်းစဉ်တွေကို ချန်မထား ဘဲ ဆွေးနွေးဖို့ ပြောပါတယ်။ ဒါပေမယ့် ခုနက ပြောသလို အပြန်အလှန် ညှိနှိုင်းတဲ့အချိန်က အရမ်းများသွားပြီးတော့ အချိန်က အရမ်း ကြာရှည်သွားတဲ့အခါကျတော့ သဘောထား ဆုံးဖြတ်ချက် ချတဲ့အခါ များများ မချနိုင်ဘူး”ဟု ဒေါက်တာ တူးဂျာက ပြောဆိုသွားခဲ့သည်။ The post တပ်မတော် သဘောမတူ၍ တိုင်းရင်းသား အခွင့်အရေး ဆက်လက် ဆွေးနွေးခွင့် မရ appeared first on ဧရာဝတီ.
Source : https://ift.tt/2lJ6a99
via IFTTT
Source : https://ift.tt/2lJ6a99
via IFTTT
မန္တလေးအစ ိုးရအဖွဲ့ဟောင်း ရန်ပုံငွေစာရင်းရှင်းရန်ကျန်နေ ဝန်ကြီးချုပ်ဦးရဲမြင့် ဦးဆောင်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လက်ထက်က ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ ရန်ပုံငွေများအား စစ်ဆေးခဲ့ရာ စာရင်းရှင်းလင်းရန် ကျန်ရှိမှု ၁၀ ချက်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။ ဝန်ကြီးချုပ် ဦးရဲမြင့်လက်ထက်တွင် ရန်ပုံငွေ ပြန်လည်ပေးသွင်းရန် ကျန်ရှိခြင်းများနှင့် ကုမ္ပဏီ တခုအား မြေ ၄၆ ဧကကျော် အခမဲ့ ချထားပေးခြင်းအပါအဝင် စာရင်းရှင်းလင်းရန် ၁၀ ချက်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။ “တွေ့ရှိချက်က ၁၀ ချက်ဖြစ်ပါတယ်။ ဒါက တိုင်းဒေသကြီး စာရင်းစစ်ချုပ်က စစ်ဆေးတွေ့ရှိချက်ပါ။ ဒါတွေဟာ ပြည်သူ့ငွေတွေ ဖြစ်ပါတယ်။ ပြည်သူ့ငွေတွေကို သုံးထားတာ စာရင်းရှင်းဖို့ကျန်ပါတယ်၊ ဒါကို ကျနော်တို့ အစိုးရက ကတ်ဘိနက်ဆုံးဖြတ်ချက်နဲ့ သက်ဆိုင်ရာတွေကို ပို့ပေးပြီးဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မီဒီယာများသို့ပြောကြားသည်။ အဆိုပါပြောကြားမှုကို ဇွန်လ ၂၈ ရက်နေ့က မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရုံးဝင်း အတွင်းရှိ ခြောက်ထပ်ဆောင်၌ ကျင်းပပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒုတိယ (၁) နှစ်တာ ကာလ အတွင်း ပြုပြင်ပြောင်းလဲ တိုးတက်မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီးချုပ်ဦးရဲမြင့် ဦးဆောင်သော မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့လက်ထက် ၂၀၁၀ မှ ၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ ဆောင်ရွက်ခဲ့သော ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေစာရင်းများဆိုင်ရာ စစ်ဆေးချက်ကို နိုင်ငံတော် စာရင်းစစ်ချုပ်၏ ညွှန်ကြားချက်အရ မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်က စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ “၂၀၁၀ မှ ၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ ဆောင်ရွက်ခဲ့တဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေစာရင်းများဆိုင်ရာ စစ်ဆေးချက်ပါ။ ဒါဟာ နိုင်ငံတော်စာရင်းစစ်ချုပ်ကနေ တိုင်းနဲ့ပြည်နယ်အလိုက် စစ်ဆေးခိုင်းတဲ့ ခိုင်းစေ ချက်အရ တိုင်းစာရင်းစစ်ချုပ်ကို တာဝန်ပေးပြီး စစ်ပါတယ်။ အရင်အစိုးရက သုံးစွဲခဲ့တဲ့ ရန်ပုံငွေတွေနဲ့ ပတ်သက်ပြီးတော့ ဘာတွေရှိခဲ့သလဲဆိုတာ သိချင်လို့ တိုင်းနဲ့ပြည်နယ် အကုန်လုံးကို စစ်ပါတယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ ပြည်ထောင်စု စာရင်းချုပ်ရုံး၏ ၉-၆-၂၀၁၇ ရက်စွဲပါ စာအမှတ် စဆ/စီမံ ၀၀၃ (၀၇၈/၂၀၁၇) ဖြင့် တာဝန်ပေးအပ်ချက်အရ မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စစ်ဆေးတွေ့ရှိချက် များမှာ ၃၁-၇-၂၀၁၇ ရက်နေ့ရှိ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရန်ပုံငွေစာရင်း ငွေစုစာအုပ် SRM 302 မြဝတီဘဏ်၏ ဘဏ်လက်ကျန်ငွေ ကျပ် ၂၃၀၃ ဒသမ ၂၈ သန်း အား ပြန်လည်ပေးသွင်းရန် လိုအပ်ခြင်း၊ ဆင်းရဲနွမ်းပါမှုလျှော့ချရေး ရန်ပုံငွေစာရင်း ရရှိရန် ထုတ်ချေးငွေများအနက် အနီးစခန်း ပြင်ဦးလွင်ပန်းပွဲရုံချေးငွေ ကျပ် ၁၀ သန်း၊ မီးလင်းရေးချေးငွေ ၃၆၉ ဒသမ ၆၄၅ သန်း၊ စဉ့်ကူးမြို့နယ် ဆည်လည်တောင် အမက ၂၇ သို့ ချေးငွေ ၄၃ ဒသမ ၂၀၀ သန်း၊ စုစုပေါင်း ၄၂၂ ဒသမ ၈၄၅ သန်း ပြန်ပေးရန်တို့ဖြစ်သည်။ “ပြည်သူ့ဘဏ္ဍာငွေတွေကို အစိုးရက ထုတ်ချေးထားတဲ့ငွေတွေ ပြန်မရတာပါ။ ဆင်းရဲနွမ်းပါမှု လျှော့ချရေး ရန်ပုံငွေ စာရင်းကနေ ထုတ်ချေးငွေပါ။ အားလုံး ၄၂၂ ဒသမ ၈၄၅ သန်း ပြန်ပေးဖို့ တာဝန်ရှိပါတယ်” ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေစာရင်းများဆိုင်ရာ စစ်ဆေးခြင်းအရ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေ စာရင်း OA 020448 ၃၁-၃-၂၀၁၆ ရက်နေ့ရှိ လက်ကျန် ကျပ်သန်း ၂ ဒသမ ၆၆၁ အား ပြန်လည် ပေးသွင်းရန် လိုအပ်ခြင်း၊ ကျေးလက် ဒေသများသို့ GSM၊ CDMA မိုဘိုင်းဖုန်းကတ်များ အရစ်ကျရောင်းရငွေမှ ၂ ရာခိုင်နှုန်း ပေးသွင်းရန် ကျပ် သန်းပေါင်း ၇၆ ဒသမ ၉၄၁ အား စာရင်းရှင်းရန် လိုအပ်ခြင်း၊ ၂၀၁၂ – ၁၃ ဘဏ္ဍာရေးနှစ် ကျောင်းသုံး ဗလာစာအုပ်၊ ပုံနှိပ်စာအုပ်များ အခြေခံ ပညာကျောင်းများသို့ အခမဲ့ဖြန့်ဝေရာတွင် တိုင်းဒေသကြီး ပညာရေးမှူးရုံးရှိ အထောက်အထားအရ လက်ခံရရှိမှုမရှိသော ဒါဇင်ပေါင်း ၅၇၆၀၂ ဒါဇင် ကျပ်သန်းပေါင်း ၉၇ ဒသမ ၀၀၅ အား ရှင်းလင်းရန် လိုအပ်ခြင်းတို့ဖြစ်သည်။ “ပညာရေးနဲ့ပတ်သက်တဲ့ အခမဲ့ဖြန့်ဝေမှုကို တိုင်းဒေသကြီးမှာ လက်ခံရရှိမှု မရှိခဲ့ဘူး။ ကျောင်းသုံး ဗလာစာအုပ်ဖြန့်ဝေဖို့ ဒါဇင်ပေါင်း ၅၇၆၀၂ ဒါဇင်၊ ကျပ်သန်းပေါင်း ၉၇ ဒသမ ၀၀၅ ကို ရှင်းလင်းဖို့ လိုအပ်ခဲ့ ပါတယ်။ စာရင်းအရှိအတိုင်း ပြောနေတာပါ။ ပြန်လည်ပေးသွင်းဖို့လိုတယ်၊ ရှင်းလင်းဖို့ လိုတယ်၊ အတိအကျ ပါပဲ” ဟု ဒေါက်တာဇော်မြင့်မောင်က ရှင်းပြသည်။ ထို့အပြင် ပျော်ဘွယ်မြို့မဈေးအမှတ်၂ မီးလောင်မှု ပြန်လည်တည်ဆောက်ရန် မတည်ရင်းနှီးငွေ ကျပ်သန်း ၅၀ ကို တနှစ်အတွင်း အကြေပေးသွင်းရေးစနစ်ဖြင့် ၁၂-၆-၂၀၁၂ ရက်နေ့တွင် ပျော်ဘွယ်မြို့နယ် အုပ်ချုပ်ရေးမှူးသို့ ထုတ်ပေးခြင်းအတွက် စာရင်းရှင်းလင်းမှုမရှိခြင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ တော်ဝင်စက်မှုလက်မှု ကုမ္ပဏီ၊ Mandalay Royal Industry ကုမ္ပဏီလီမိတက်နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းတွင် တော်ဝင် စက်မှုလက်မှု ကုမ္ပဏီသို့ ၁၀-၁၁-၂၀၀၄ ရက်နေ့က ၁၃ ဒသမ ၂၂၀ ဧက၊ ၅-၁၂-၂၀၁၅ ရက်နေ့က ၃၃ ဒသမ ၁၂၃ ဧက စုစုပေါင်း မြေ ၄၆ ဒသမ ၃၄၀ ဧကအား အခမဲ့ချဝေထားခြင်း တို့ကိုလည်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ “ဒီစစ်ဆေးချက်က နိုင်ငံတော် စာရင်းစစ်ချုပ်က တိုင်းဒေသကြီး စာရင်းစစ်ချုပ်ကို စစ်ခိုင်းလို့ စစ်ပြီးပြီ။ ရရှိလာတဲ့ ဟာတွေကို ရှင်းလင်းပေးရမှာဖြစ်ပါတယ်၊ ဒါကို ကျနော်တို့မှာလည်း တာဝန်ရှိပါတယ်၊ ပြည်သူ့ဘဏ္ဍာငွေတွေ၊ ပြည်သူ့ပိုင်ဆိုင်မှုတွေဖြစ် တဲ့အတွက် တာဝန်ယူမှုတော့ ရှိရပါမယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေစာရင်းများဆိုင်ရာ စစ်ဆေးခြင်းအရ တွေ့ရှိမှုတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစုရှယ်ယာ ၃၇၅၀၀ စု တန်ဖိုးကျပ် ၃၇၅ ပိုင်ဆိုင်ကြောင်း အစုရှယ်ယာ သက်သေခံလက်မှတ် မိတ္တူဖြစ်နေခြင်း၊ ကုမ္ပဏီနှင့် အကျိုးတူ ဆောင်ရွက်ရာတွင် အကျိုးအမြတ်တစုံတရာ မရရှိခြင်းတို့လည်း ပါဝင်ကြောင်း သိရသည်။ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေစာရင်းများဆိုင်ရာ စစ်ဆေးခြင်းအရ တွေ့ရှိမှုများကို ယခင် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့က တာဝန်ယူဖြေရှင်းပေးသွားမည် ဖြစ်သလို၊ အဆိုပါငွေကြေးများကိုလည်း လျှော်ပစ်သွားမည်ဟု ကြားသိရသည်။ သို့ရာတွင် ဒေါက်တာဇော်မြင့်မောင်ကမူ “စာရင်းစစ်ဆေးချက်အရ ရှိသမျှအကြွေးတွေကို လျှော်ပစ်လို့ ရတယ်ဆိုတာ မရှိပါဘူး၊ နိုင်ငံတော် ပြည်သူ့ငွေတွေကို ဒီလို အကြွေးထားပြီးရင် ဆပ်ကိုဆပ်ရပါတယ်၊ ပေးကိုပေးရပါတယ်၊ လျှော်ပစ်ရိုး ထုံးစံမရှိပါဘူး၊ ဘယ်လိုမှလျှော်လို့မရပါဘူး” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ ကျပ် ၄.၈ ဘီလီယံနီးပါးရှိသည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မကွေးတိုင်း အစိုးရသစ်ကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းမရှိကြောင်း တွေ့ရှိခဲ့ရမှုအပေါ် ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက ၂၀၁၇ ခုနှစ် ဧပြီလတွင် မေးခွန်းထုတ်ခဲ့ပြီး အမှန်တကယ် စစ်ဆေးရာတွင် အမှန်တကယ် စစ်ဆေးမှုပြုရာတွင် ငွေကျပ် ၇.၄၅၉ ဘီလီယံအထိ ပျောက်ဆုံးနေကြောင်း သိရှိရသဖြင့် ထိုငွေများကို ပြန်အပ်ရန် ညွှန်ကြားခဲ့ရာ ကာယကံရှင်ဖြစ်သူက အကျေပြန်လည်ပေးသွင်းခဲ့ရသည်။ ဧရာဝတီတိုင်းတွင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝန်ကြီးချုပ် ဦးသိန်းအောင် ဦးဆောင်သည့် တိုင်းအစိုးရဟောင်း အနေဖြင့် လက်ရှိ ဧရာဝတီတိုင်း အစိုးရသစ်ထံသို့ ဒေသဖွံ့ဖြိုးရေး ရံပုံငွေ ကျပ် ၅ ဘီလီယံမှ ၇ ဘီလီယံအထိ လွဲှပြောင်းပေးရန် ကျန်ရှိ နေကြောင်း ထုတ်ဖော်မှုများ ရှိခဲ့ရာ ကာယကံရှင်များက သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့ရသည်။ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့များ သုံးစွဲခဲ့သည့် ဖွံ့ဖြိုးရေး ရန်ပုံငွေ စာရင်းများ အားလုံးကို အစိုးရသစ်လက်ထက်တွင် စာရင်းစစ်ချုပ်ရုံးက ပြန်လည်စိစစ်ခဲ့ရာ ဥပဒေနှင့် မကိုက်ညီသည့် သုံးစွဲမှုများ တွေ့ရှိရသဖြင့် အရေးယူ ဆောင်ရွက်နိုင်ရန် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြထားကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက ယမန်နှစ်အစောပိုင်းက ပြောဖူးသည်။ စာရင်းစစ်ချုပ်ရုံးသည် သမ္မတရုံး၏ အထူးတာဝန်ပေးချက်အရ ၂၀၁၇ ခုနှစ် ဇွန်လမှ စတင်ကာ ယခင် အစိုးရအဖွဲ့ဟောင်း၏ စာရင်းများကို ပြန်လည် စိစစ်တင်ပြခဲ့ခြင်း ဖြစ်သည်။ ဆက်စပ်ဖတ်ရှုရန်-ယခင် အစိုးရ တိုင်းနှင့် ပြည်နယ် ရန်ပုံငွေ စာရင်းများ မကိုက်ဟု စာရင်းစစ်ချုပ်ပြော The post မန္တလေးအစ ိုးရအဖွဲ့ဟောင်း ရန်ပုံငွေစာရင်းရှင်းရန်ကျန်နေ appeared first on ဧရာဝတီ.
Source : https://ift.tt/2tSfNWD
via IFTTT
Source : https://ift.tt/2tSfNWD
via IFTTT
သာမန္သရဲဇာတ္ကားမ်ိဳးထက္ပိုတဲ့ “ဝိညာဥ္စိမ္း”
သာမန်သရဲဇာတ်ကားမျိုးထက်ပိုတဲ့ “ဝိညာဉ်စိမ်း” ဒီတပတ်ရုံတင်လာတဲ့ ရုပ်ရှင်ဇာတ်ကားကတော့ ထူးထူးခြားခြား မိဘမေတ္တာကို ရှုထောင့်ပုံစံသစ်နဲ့ တင်ပြထားပြီး လူတဦးသေဆုံးသွားတဲ့အခါ နာမည်ရင်းကိုမခေါ်မိဘဲ နှုတ်ကျိုးနေတဲ့ နာမည်ကိုပြီးစလွယ်ခေါ်ပြီး ဘဝခြားသူကို အမျှဝေရာမှာ သေဆုံးသူထံမရောက်တဲ့ အမှားများကိုရိုက်ကူးထားတဲ့ “ဝိညာဉ်စိမ်း”ဆိုတဲ့ ရုပ်ရှင်ကားကြီးပါ။ ဒီဇာတ်ကားမှာ အဓိကသရုပ်ဆောင်များအဖြစ် ကျော်သူ၊ရန်အောင်၊မင်းမော်ကွန်း၊ကျော်ကျော်ဗိုလ်၊မြင့်မြတ်၊ ဟိန်းဝေယံ၊စိုးမြတ်သူဇာတို့ကပါဝင်သရုပ်ဆောင်ထားပြီးအခြား သရုပ်ဆောင်များစွာကလည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကိုတော့ဝတ္ထုဇာတ်လမ်းချမ်းသာ(ရွှေမန်းသဘင်) ၊ဇာတ်ညွှန်း အကယ်ဒမီငြိမ်းမင်းကရေးသား ထားကာ ဒါရိုက်တာဝင်းထွန်းထွန်းက ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဦးဘသိန်းမောင်(ရန်အောင်)မှာဆုံးပါးသွားပြီး ဇနီးသည် မြနှစ်(စိုးမြတ်သူဇာ)နဲ့ သားလေး ယောက်ရှိပါတယ်။ ပထမသား ‘ဘဦးမောင်’(ကျော်ကျော်ဗို)ကအရက်ကြိုက်တဲ့ အတွေးသမား ၊ဒုတိယသား ‘ဘထူးမောင်’(မင်းမော်ကွန်း)က အလောင်းအစား အသေမက်တဲ့သားဖြစ်ပါတယ်။ တတိယသား “ဘတိုးမောင်” (မြင့်မြတ်) ကမြို့သို့သွားကာ ပွဲစား လုပ်ပြီးစတုတ္ထသား ‘ဘစိုးမောင်’(ဟိန်းဝေယံ)က လူပျော့ လူကြောက် ဇာတ်မင်းသားဖြစ်ချင်ဇောနဲ့မြို့မှာနေတဲ့ သူအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရွာတရွာလုံးက ‘ဘသိန်းမောင်’ဆိုပြီး အမည်ခေါ်လေ့မရှိဘဲ “ကိုသိန်း”ဆိုတဲ့ အတိုကောက် ချစ်စနိုး အမည်သာခေါ်ကြတယ်။ ဇာတ်လမ်းအစမှာကတည်းက ဦးဘသိန်းမောင်ရဲ့ ဈာပနနဲ့အတူ သေဆုံးသွားတဲ့ ဦးဘသိန်းမောင်ကို ဂူသွင်းတာက စတင်ခဲ့ပါတယ်။ ဂူသွင်းပြီး လိပ်ပြာကိုပြန်ခေါ်တဲ့အခါ အနီးမှာရှိတဲ့ ပန်းစည်းထဲက ပန်းတပွင့်နဲ့အုတ်ဂူကို ရိုက်ပုတ်ပြီး “ကိုသိန်းရေ တရားနာရန် ခေါ်ယူခဲ့ပါတယ်” ဆိုပြီး အိမ်ကိုခေါ်ယူခဲ့ပါတော့တယ်။ ဒါပေမယ့် ဦးဘသိန်းမောင်အစား ဘယ်သူက ရောက်ရှိလာပြီး သူတို့မိသားစုကို ဒုက္ခပေးမယ်ဆိုတာကို ဝိညာဉ်စိမ်း ရုပ်ရှင်ဇာတ်ကားကြီးမှာ ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားက ဝိညာဉ်ဇာတ်ကားဖြစ်ပေမယ့်လည်း ပရိသတ်များအတွက်ဖျော်ဖြေမှု သက်သက် ထိတ်လန့် တုန်လှုပ်ဖွယ်များကို ရိုက်ကူထားခြင်းမျိုး မဟုတ်တာဘဲ ဗုဒ္ဓဘာသာဓလေ့အရ သေဆုံးပြီးသူကို တရားနာယူဖို့ ခေါ်တဲ့အခါ မှားယွင်းတတ်တာ မျိုးကို ရိုက်ကူးပြထားတာ တွေ့ရပါတယ်။ ဝိညာဉ်စိမ်းဇာတ်ကားကြီးကိုတော့ ဇွန်လ၂၉ရက်နေ့က စတင်ပြီး မြန်မာတနိုင်ငံလုံးမှာ ရုံတင်ပြသတော့ မှာဖြစ်ပါတယ်။ “ဝိညာဉ်စိမ်း”ရုပ်ရှင်ကို ကြည့်ပြီးတဲ့အခါ သာမန်သရဲဇာတ်ကားမျိုးမဟုတ်ဘဲ ဗဟုသုတနဲ့ ရင်ထဲမှာ တခုခုကျန်ခဲ့မယ်ဆိုတာ သေချာပြောရဲပါတယ်။ The post သာမန်သရဲဇာတ်ကားမျိုးထက်ပိုတဲ့ “ဝိညာဉ်စိမ်း” appeared first on ဧရာဝတီ.
Source : https://ift.tt/2KAi5UA
via IFTTT
Source : https://ift.tt/2KAi5UA
via IFTTT
BrainWave ဉာဏ္လႈိင္း
ကုလ-မြန်မာ သဘောတူညီချက် ရိုက်တာသို့ ပေါက်ကြား ကုလသမဂ္ဂ နှင့် မြန်မာ အစိုးရတို့ ချုပ်ဆိုပြီး လျို့ဝှက်ထားသော နားလည်မှု စာချွန်လွှာ ပေါက်ကြားခဲ့ပြီး ရိုက်တာ သတင်းဌာနက လက်ခံရရှိသွားတယ်လို့ ဆိုပါတယ်။ အဆိုပါ စာချွန်လွှာအရ မြန်မာနိုင်ငံသို့ ပြန်လာမည့် ဒုက္ခသည်များ အတွက် နိုင်ငံသား ဖြစ်ခွင့်ကို ရှင်းလင်းစွာ အာမခံချက်ပေးမထားသည့်အပြင် နိုင်ငံ အတွင်း ရခိုင်ပြည်နယ်မှ လွဲ၍ လွတ်လပ်စွာ သွားလာခွင့်မရှိဟု ဆိုပါတယ်။ ပြန်လာသူများကို စီစစ်ပြီးနောက် လိုအပ်သော စာရွက်စာတမ်းများ ထုတ်ပေးမယ်လို့ ဆိုပါတယ်။ ၁၉၈၂ နိုင်ငံသား ဖြစ်ခွင့် ပြန်လည် စီစစ်သုံးသပ်မယ် ဆိုတဲ့ အကြောင်းလည်း မပါဝင်ခဲ့ဖူးလို့ ဆိုပါတယ်။ သို့သော် ကုလသမဂ္ဂ ကတော့ မြန်မာ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် ပထမဆုံး နှင့် မရှိမဖြစ် လိုအပ်သော လုပ်ငန်းဘောင်တရပ် ချမှတ်နိုင်ခဲ့တယ်လို့ ဆိုခဲ့ဖူးပါတယ်။ ဤသည်ကို ကြည့်ပါက အထက်ပါ အကြောင်းရပ် နှစ်ခုအား ကုလ နှင့် မြန်မာ အကြိတ်အနယ် ဆွေးနွေးခဲ့ပြီး ရခိုင်ပြည်နယ် ဝင်ခွင့်ရရေး အတွက် ကုလ ဖက်ကနေ လိုက်လျောခဲ့ရပုံရှိပါတယ်။ အဆိုပါ သတင်းကြောင့် ဘင်္ဂလားဒေ့ရှ် ဖက်က ဒုက္ခသည် စခန်းများ အတွင်း အကြီးအကျယ် ပေါက်ကွဲနေကြတယ်လို့ လည်း ရိုက်တာ သတင်းဌာနက ဆိုပါတယ်။ ၎င်းတို့ က နိုင်ငံသား ဖြစ်ခွင့်မရပဲ မပြန်ဖူး ဆိုတဲ့ သွေးထိုး မြှောက်ပင့် စကားများကို နားယောင်ပြီး တင်းခံနေကြတဲ့ အတွက် ဘင်္ဂလားဒေ့ရှ အစိုးရ သတ်မှတ်ထားတဲ့ ကျွန်းကို ပဲ သွားကြရဖို့ ရှိနေပါတယ်။ ဇူလိုင် (၁) ရက်နေ့မှာ ကုလ အတွင်းရေးမှုးချုပ် နဲ့ ကမ္ဘာဘဏ် ဥက္ကဌ တို့ ဘင်္ဂလားဒေ့ရှ် ကို လာရောက်ပြီး ကောက်ဘဇား အထိ သွားဖို့ ရှိနေပါတယ်။ နောက်ထပ် ဖြစ်စဉ်တခုအနေနဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ က နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဘူလ် ဟာဆန် မာမွတ် တို့အား အလွတ်သဘော လ္ဘက်ရည်ကြမ်းဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ပေးခဲ့တယ်လို့ တရုတ် နိုင်ငံထုတ် Global Time သတင်းစာမှာ ဖေါ်ပြထားပါတယ်။ တရုတ် နိုင်ငံအနေဖြင့် ဒေသအတွင်း အင်အားကြီး နိုင်ငံ ဖြစ်သည်အားလျော်စွာ တာဝန်ရှိသည့်အတွက် မိတ်ဆွေ နိုင်ငံ များ ၏ အခက်အခဲများ အား ဝင်ရောက် ဖြေရှင်းပေးလိုတယ်လို့ ဆိုပါတယ်။ ဝမ်ယီ မှ အဆိုပါ ပြဿနာ အား နှစ်နိုင်ငံအကြား ဆွေးနွေး ပြီး အဖြေရှာသင့်ကြောင်းနဲ့ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ထွက်ပေါ်လာသော ရလာဒ်ကို အကောင်အထည် ဖေါ်ရေးအတွက်သာ ကူညီ သင့်တယ်လို့ ဆိုပါတယ်။ ဆွေးနွေးပွဲသည် ပွင့်လင်း ရင်းနှီးမှု ရှိကြောင်းသာ ဖေါ်ပြခဲ့ပြီး အချက်လေးချက် အပေါ် နားလည်မှု ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ရခိုင် ပြည်နယ်အတွင်း အခြေအနေများ လျင်မြန်စွာ တိုးတက်လာစေရေး၊ ဒုက္ခသည်များ နေရပ်ပြန်ပို့ရေး ဦးစားပေး အဆင့် ထားရှိရန်၊ နှစ်နိုင်ငံ၏ ဆန္ဒအလျောက် ရရှိခဲ့တဲ့ နေရပ်ပြန်ပို့ရေး အစီအစဉ် များ အကောင်အထည်ဖေါ်ရေး အတွက် ခိုင်မာစွာ အကောင်အထည်ဖေါ်ရေး၊ နှင့် ဒုက္ခသည်များ နေရပ်ပြန်ပို့ရေး တွင် လိုအပ်သော အရေးပေါ် အကူအညီ များပေးရေး၊ ပြန်လည် တည်ဆောက်ရေး၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြား ဒေသ ဖွံ့ဖြိုးရေး နှင့် ဒေသခံလူထု လူနေမှု အဆင့်အတန်း တိုးတက် မြင့်မားရေး တို့တွင် တရုတ်ပြည်မှ အကူအညီ များ ပေးရေး တို့ ဖြစ်ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြား ဒေသမတည်ငြိမ်ပါက တရုတ် အစိုးရ ၏ စီးပွားရေး စင်္ကြန်လမ်းမကြီး အကောင်အထည်ဖေါ်ရေး နှင့် အခြား Belt and Road ပရိုဂျက်များ ထိခိုက်လာမှာ ဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။ သို့သော် တရုတ်ပြည်မှ ရခိုင်ပြည်နယ် အတွက် လူကယ်ပြန် ဝန်ကြီးဌာန သို့ ယခုထိ ပေးအပ်သော အလှုငွေသည် ဒေါ်လာ တသိန်းခွဲသာ ရှိပါသေးတယ် ခင်ဗျာ။ HSW
Source : https://ift.tt/2KxjKdG
via IFTTT
Source : https://ift.tt/2KxjKdG
via IFTTT
KNPP စီးပွားရေး ကယား အစိုးရ နှင့် ဆွေးနွေး ကယားပြည်နယ် အတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ(KNPP)က ပြည်နယ် အစိုးရ အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးကြောင်း သတင်းရရှိသည်။ ယင်းဆွေးနွေးပွဲကို ဇွန်လ ၂၉ ရက်က ပြုလုပ်ခဲ့ပြီး KNPP နှင့် ပြည်နယ် အစိုးရ အဖွဲ့ကြား ယခင်လက သဘော တူညီချက် များ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေ ပြန်လည် သုံးသပ်ခြင်းနှင့် စီးပွားရေး လုပ်ကွက် တင်ဒါ ချပေးမှု အခြေ အနေများကိုလည်း ဆွေးနွေးကြကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး (ခေတ္တ) ဦးသိန်းဇော် က ပြော သည်။ ဦးဆောင် ဆွေးနွေးသူလည်း ဖြစ်သည့် ဦးသိန်းဇော် က“သူတို့ရဲ့ ဒေသမှာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ရင် ပထမ အချက် က သူတို့ သိချင်တယ်ပေါ့။ နောက်တချက်က KNPP ကနေ သူတို့ ကုမ္ပဏီ ရှိတယ်။ သူတို့ ကုမ္ပဏီကို တင်ဒါ လုပ်ငန်းတွေ ပေးပါလို့ ဆိုတယ်။ ကျပ် ၁၀ သန်း အောက် ဆိုရင် ကော်မတီဖွဲ့ပြီး ပေးလို့ရတယ်။ ၁၀ သန်းအထက် ဆိုရင် အဲဒီလို ပေးလို့ မရဘူး။ တင်ဒါခေါ် ရတယ်။ အဲဒီတော့ တင်ဒါခေါ်တဲ့ အချိန်မှာ သူတို့ ကုမ္ပဏီကို လာလျှောက်ဖို့ လာလျှောက်မှ သူတို့ အမှတ်ပေး စည်းမျဉ်းနဲ့ ဘာနဲ့ ဒီလိုမျိုးလေး လုပ်လို့ ရတယ်လေ”ဟု ဧရာဝတီသို့ ပြောသည်။ ထို့ပြင် တင်ဒါ ခေါ်စဉ် KNPP အနေဖြင့် ၎င်းတို့ ထူထောင်ထားသော ကုမ္ပဏီဘက်က လျှောက်ရန် လိုအပ်ကြောင်း၊ လာ မလျှောက်ပါက အစိုးရဘက်က ကူညီပေးနိုင်ခြေ မရှိကြောင်း၊ တချို့တိုင်းနှင့် ပြည်နယ်၌ တိုင်ကြားမှုများ ရှိသည့် အတွက် ထိုသို့ အဖြစ်မျိုး အဖြစ်မခံနိုင်ကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် တင်ဒါ လျှောက်လျှင်လည်း စည်းမျဉ်း ၁၊ ၂၊ ၃ အတွင်း ဝင်ပါက ဒေသခံ ဟုဆိုကာ ပေးနိုင်ကြောင်း စည်းမျဉ်း နံပါတ် ၁၀ ခန့် ဝင်လျှင်မူ အဆင်မပြေနိုင်ကြောင်း ဦးသိန်းဇော်က ပြောသည်။ KNPP မှ လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံ ခူညေးရယ်က “ဒေသဖွံ့ဖြိုးရေး လုပ်တဲ့အခါ ကျနော်တို့ တပ်လှုပ်ရှားတဲ့ ဧရိယာ အတွင်း လုပ်မယ်ဆိုရင် ကျနော်တို့နဲ့ အရင် ညှိနှိုင်းပါ။ လုပ်လို့ရရင် ကျနော်တို့ ကုမ္ပဏီနဲ့ KNPP ရဲ့ ကုမ္ပဏီနဲ့ ပေါ့ ဗျာ လုပ်ချင်တယ် ပြောတယ်။ အဲဒီလိုပြောတော့ သူတို့က နိုင်ငံတော် သမ္မတရဲ့ ညွန်ကြားချက် အမှတ် ၁/၂၀၁၇ နဲ့ အညီ ကော်မတီ ဖွဲ့ပြီးမှ ဆောင်ရွက်မယ်ပေါ့။ လုပ်ငန်း စည်းမျဉ်းစည်းကမ်းနဲ့ အညီ လျှောက်ထားဖို့ ပြောတယ်”ဟု ပြောဆိုသည်။ အဆိုပါ နှစ်ဖက် တွေ့ဆုံရာတွင် မြေယာ ကိစ္စများ အပါအဝင် တနိုင်ငံလုံး အပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ထိုးနိုင်ရေး ကိစ္စများ၊ လစဉ်ပုံမှန် တွေ့ဆုံမှု ကော်မတီ၏ တာဝန်ဝတ္တရား ကိစ္စ (TOR)၊ ဖွံ့ဖြိုးရေး လုပ်ငန်း ကိစ္စ တို့ကို ဆွေးနွေးကြောင်း တွေ့ဆုံ ဆွေးနွေးသူများက ပြောသည်။ KNPP မှ ခူညေးရယ် က ဗိုလ်ချုပ်အောင်ဆန်း ပုံတူ ကြေးရုပ်တု တည်ဆောက်မည့် ကိစ္စအပေါ် KNPP မှ ပြည်သူလူထု ထောက်ခံလျှင် မိမိတို့လည်း ထောက်ခံသွားမည် ဖြစ်ပြီး လူထု ကန့်ကွက်ပါက မိမိတို့ ကန့်ကွက်ကြောင်းလည်း ဆွေးနွေးခဲ့ သည်ဟု ပြောသည်။ ထို့ပြင် KNPP သည် လွိုင်ကော်မြို့ မြောက်ဘက်ရှိ စက်မှုဇုန်တွင် သစ်အချောထည် ထုတ်လုပ်မည့် စက်ရုံ တရုံ တည် ဆောက် ရန် မြေကွက် ဝယ်ထားရာ မြေဂရန် မကျသေးသဖြင့် အစိုးရက အမြန်ဆုံး ဆောင်ရွက်ပေးရေးကိုလည်း တင်ပြ ခဲ့ကြောင်းနှင့် ဒီမော့ဆိုမြို့ အရှေ့ဘက် ညောင်ကိုင်း ကျေးရွာတွင်လည်း ကားဝပ်ရှော့ လုပ်ရန် မြေကွက်များ ဝယ်ယူ ထား ရာ တရားဝင် မကျသေးခြင်းကြောင့် အခက်အခဲများ တွေ့နေရသည်ကို ဆွေးနွေးခဲ့ကြောင်းလည်း ၎င်းက ပြောပြသည်။ ဦးသိန်းဇော်က “ဒီမော့ဆို ဘက်က မြေယာ ကိစ္စကလည်း ရပ်ကျေး အဆင့် ပြီးပါပြီ။ မြို့နယ်အဆင့် လုပ်နေပါတယ်။ ဒါလည်း ကျနော်တို့ ဘက်ကနေ တွန်းတွန်း တိုက်တိုက်နဲ့ တွန်းအားပေးပြီးတော့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ပြောဆို သည်။ အဆိုပါ တွေ့ဆုံ ဆွေးနွေးမှု၌ ကယားပြည်နယ် အစိုးရဘက်က အတွင်းရေးမှူး ဦးသိန်းဇော် ဦးဆောင်၍ ရဲမှူးကြီး အောင် စန်းမြင့်၊ တပ်မတော်က ဗိုလ်မှူးကြီး သက်နိုင်၊ ကျန်းမာရေး ဌာနနှင့် မြေစာရင်းဌာနတို့က တာဝန်ရှိသူ တဦးစီ ပါဝင်ကြ ကြောင်း သိရသည်။ KNPP ဘက်က KNPP ၏ လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံ ခူညေးရယ်၊ ဗိုလ်မှူးကြီး ဖုန်းနိုင်၊ ခွန်သောရယ်၊ သတင်း ပိုင်း နှင့် မှတ်တမ်းပိုင်းက တဦးစီ ပါဝင်ကြကြောင်း KNPP က ပြောသည်။ The post KNPP စီးပွားရေး ကယား အစိုးရ နှင့် ဆွေးနွေး appeared first on ဧရာဝတီ.
Source : https://ift.tt/2MCrmJ5
via IFTTT
Source : https://ift.tt/2MCrmJ5
via IFTTT
The Irrawaddy - Burmese Edition
ရန်ကုန် ပြည်သူ့ ဆေးရုံကြီး အတွင်းရှိ ဈေးသည်များ၏ စည်းကမ်းမဲ့ အပြုအမူများကြောင့် ဆရာဝန်များနှင့် ဝန်ထမ်း များ လုပ်ငန်းခွင် အတွင်း အနှောင့်အယှက်များစွာ ဖြစ်နေကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီး တာဝန်ရှိသူများက ပြော သည်။ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ အစာအိမ် အူလမ်းကြောင်း ဆေးကုဌာန ပါမောက္ခဌာနမှူး ဒေါက်တာ သိန်းမြင့်က “ဆေးရုံအရေးပေါ် အောက်ဆီဂျင်ကားတွေ လာရင်တောင် သူတို့ဖယ်မပေးကြတော့ဘူး။ လူနာ Ambulance လာ လည်း မဖယ်ပေးတော့ဘူး။ အရေးပေါ်လူနာတင်တယ်ဆိုလည်း ဖယ်မပေးတော့ဘူး ဆိုတော့ တော်တော့်ကို အခြေ အနေဆိုး လာတာပေါ့နော်” ဟု ပြောပြသည်။ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် အဆိုပါဈေးသည်များ၏ စည်းကမ်းမဲ့ လုပ်ရပ်များကြောင့် တွေ့ကြုံနေရသည့် အခက်အခဲ များနှင့်ပတ်သက်ပြီး မီဒီယာများကို ယခုလို ပြောကြားခြင်း ဖြစ်သည်။ ရန်ကုန် ဆေးရုံကြီး အတွင်း ဆေးရုံကြီးမှ ဈေးရောင်းချခွင့် ပြုထားသည့် ဆိုင်ခန်း ၇၀ ရှိပြီး ပျံကျဈေးသည်များ ရာကျော် ရှိနေကြောင်းလည်း သိရသည်။ ဒေါက်တာ သိန်းမြင့်က “သူတို့လည်း စည်းကမ်းတကျ ရောင်းမယ်ဆိုရင် ဆေးရုံက လူနာစောင့်တွေလည်း အဆင်ပြေ မယ်။ အဝေးကြီး မသွားရတော့ဘူးပေါ့။ အခုကျတော့ အနှောင့်အယှက်တအား ဖြစ်လာတယ်။ သူတို့ကို မှီပြီးတော့ နောက်ထပ် ပွားပွား လာတာပေါ့” ဟု ပြောဆိုသည်။ ဆေးရုံတွင်းရှိ ဈေးသည်များသည် ဆိုင်ခန်းများအားတိုးချဲ့ပြီး စည်းကမ်းမဲ့ ဈေးရောင်းချခြင်း၊ တားမြစ်ထားသည့် ဆေးလိပ် ကွမ်းယာများ ရောင်းချခြင်း၊ ကြော်လှော် ချက်ပြုတ်ခြင်း၊ နေထိုင်ခြင်း၊ စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်း၊ ဆူညံသံ များ ပြုလုပ်ခြင်း၊ ဆေးရုံမှ ရေမီး၊ အိမ်သာများ သုံးစွဲခြင်း၊ အရက်ဝိုင်းဖွဲ့သောက်ခြင်း နှင့် ခိုက်ရန်ဖြစ်ပွားခြင်းများ ဖြစ်နေ ကြောင်းလည်း ရန်ကုန် ပြည်သူ့ ဆေးရုံကြီး တာဝန်ရှိသူများက ပြောသည်။ ထို့အပြင် ဆေးရုံတွင် တာဝန်ကျ ဆရာဝန် (အမျိုးသမီး) များကို ကာယိန္ဒြေပျက်စေရန် အပြုအမှု၊ အပြောဆို များလည်း ရှိနေကြောင်း ဒေါက်တာ သိန်းမြင့်က ပြောပြသည်။ ထို့အတွက်ကြောင့် အဆိုပါ ပျံကျဈေးသည်များကို ဥပဒေနှင့်အညီ ဖယ်ရှားမည်ဖြစ်ကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီး မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်ကြီးက ပြောသည်။ “ပျံကျတွေ အတွက်က နေရာမပေးနိုင်လို့ ဖယ်ရှားရမှာ ဖြစ်ပါတယ်။ နေရာပေးနိုင်တဲ့ အင်အားကို မရှိပါဘူး။ ကာလ အတိ အကျတော့ မပြောနိုင်သေးပါဘူး။ ဒါနဲ့ပတ်သက်ပြီးတော့ အစီအစဉ်ဆွဲပြီးတော့ တင်ပြပါမယ်”ဟု ဒေါက်တာ ခင်မောင်ကြီးက ပြောဆိုသည်။ ဆေးရုံကြီးမှ ခွင့်ပြုထားသည့် ဆိုင်ခန်းများသည်လည်း ကတိကဝတ်ပြုထားသည့် စည်ကမ်းများကို လိုက်နာမှု မရှိ ကြောင်း သိရသည်။ “သူတို့လည်း ရောင်းရပါစေ၊ ဆေးရုံမှာလည်း စည်းကမ်းရှိအောင် စည်းကမ်းချက်တွေ ချမှတ်ပေးလိုက်တယ်။ ၂၁ ချက် ရှိတယ်။ အဲဒီစည်းကမ်းတွေကို လိုက်နာပြီး ရောင်းဖို့ အဲဒီစည်းကမ်းချက်တွေကို လုပ်ထားလိုက်တယ်။ ကျနော် သိ သလောက် အဲဒီ ၂၁ ချက်က ဘယ်စည်းကမ်းချက်မှ သူတို့မလိုက်နာဘူး”ဟု ဒေါက်တာ သိန်းမြင့်က ပြောသည်။ ဆက်လက်ပြီး ဒေါက်တာ ခင်မောင်ကြီးကလည်း “တကယ်တမ်း စည်းကမ်းတကျနဲ့ ရောင်းမယ်ဆိုရင် ဘယ်သူ့ ဘယ်သူ ကိုမှ မထိခိုက်နိုင်ဘူး။ ဘာမှလည်း ကျနော်တို့က အရေးယူ ဆောင်ရွက်စရာ မလိုဘူး။ ဒါပေမယ့် ဒီလို များပြား လာတဲ့အခါ ယှဉ်ကြည့်တဲ့အခါမှာ တဖက်ကလည်း ဈေးသည် တဖက်ကလည်း လူနာနဲ့ ဝန်ထမ်းတွေ ပြည်သူ တွေထဲမှာ ဘယ်သူ့ကို အလေးထားပြီးလုပ်ရမလဲ၊ ဘာတွေက လိုအပ်လာလဲဆိုတာ ကျနော်တို့ စဉ်းစားဆုံးဖြတ်ပြီး တော့ အချိန်ကာလ တခုကတော့ သူတို့ကို ပေးရပါမယ်”ဟု ပြောဆိုသည်။ Did you find apk for android? You can find new Free Android Games and apps. Topics: ရန်ကုန် ဆေးရုံကြီး
Source : https://bit.ly/2tRqrNe
via IFTTT
Source : https://bit.ly/2tRqrNe
via IFTTT
Friday, June 29, 2018
စည်းကမ်းမဲ့ ဈေးသည်များကြောင့် ရန်ကုန် ဆေးရုံကြီး ဝန်ထမ်းများ အခက်အခဲ ကြုံနေ ရန်ကုန် ပြည်သူ့ ဆေးရုံကြီး အတွင်းရှိ ဈေးသည်များ၏ စည်းကမ်းမဲ့ အပြုအမူများကြောင့် ဆရာဝန်များနှင့် ဝန်ထမ်း များ လုပ်ငန်းခွင် အတွင်း အနှောင့်အယှက်များစွာ ဖြစ်နေကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီး တာဝန်ရှိသူများက ပြော သည်။ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ အစာအိမ် အူလမ်းကြောင်း ဆေးကုဌာန ပါမောက္ခဌာနမှူး ဒေါက်တာ သိန်းမြင့်က “ဆေးရုံအရေးပေါ် အောက်ဆီဂျင်ကားတွေ လာရင်တောင် သူတို့ဖယ်မပေးကြတော့ဘူး။ လူနာ Ambulance လာ လည်း မဖယ်ပေးတော့ဘူး။ အရေးပေါ်လူနာတင်တယ်ဆိုလည်း ဖယ်မပေးတော့ဘူး ဆိုတော့ တော်တော့်ကို အခြေ အနေဆိုး လာတာပေါ့နော်” ဟု ပြောပြသည်။ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် အဆိုပါဈေးသည်များ၏ စည်းကမ်းမဲ့ လုပ်ရပ်များကြောင့် တွေ့ကြုံနေရသည့် အခက်အခဲ များနှင့်ပတ်သက်ပြီး မီဒီယာများကို ယခုလို ပြောကြားခြင်း ဖြစ်သည်။ ရန်ကုန် ဆေးရုံကြီး အတွင်း ဆေးရုံကြီးမှ ဈေးရောင်းချခွင့် ပြုထားသည့် ဆိုင်ခန်း ၇၀ ရှိပြီး ပျံကျဈေးသည်များ ရာကျော် ရှိနေကြောင်းလည်း သိရသည်။ ဒေါက်တာ သိန်းမြင့်က “သူတို့လည်း စည်းကမ်းတကျ ရောင်းမယ်ဆိုရင် ဆေးရုံက လူနာစောင့်တွေလည်း အဆင်ပြေ မယ်။ အဝေးကြီး မသွားရတော့ဘူးပေါ့။ အခုကျတော့ အနှောင့်အယှက်တအား ဖြစ်လာတယ်။ သူတို့ကို မှီပြီးတော့ နောက်ထပ် ပွားပွား လာတာပေါ့” ဟု ပြောဆိုသည်။ ဆေးရုံတွင်းရှိ ဈေးသည်များသည် ဆိုင်ခန်းများအားတိုးချဲ့ပြီး စည်းကမ်းမဲ့ ဈေးရောင်းချခြင်း၊ တားမြစ်ထားသည့် ဆေးလိပ် ကွမ်းယာများ ရောင်းချခြင်း၊ ကြော်လှော် ချက်ပြုတ်ခြင်း၊ နေထိုင်ခြင်း၊ စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်း၊ ဆူညံသံ များ ပြုလုပ်ခြင်း၊ ဆေးရုံမှ ရေမီး၊ အိမ်သာများ သုံးစွဲခြင်း၊ အရက်ဝိုင်းဖွဲ့သောက်ခြင်း နှင့် ခိုက်ရန်ဖြစ်ပွားခြင်းများ ဖြစ်နေ ကြောင်းလည်း ရန်ကုန် ပြည်သူ့ ဆေးရုံကြီး တာဝန်ရှိသူများက ပြောသည်။ ထို့အပြင် ဆေးရုံတွင် တာဝန်ကျ ဆရာဝန် (အမျိုးသမီး) များကို ကာယိန္ဒြေပျက်စေရန် အပြုအမှု၊ အပြောဆို များလည်း ရှိနေကြောင်း ဒေါက်တာ သိန်းမြင့်က ပြောပြသည်။ ထို့အတွက်ကြောင့် အဆိုပါ ပျံကျဈေးသည်များကို ဥပဒေနှင့်အညီ ဖယ်ရှားမည်ဖြစ်ကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီး မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်ကြီးက ပြောသည်။ “ပျံကျတွေ အတွက်က နေရာမပေးနိုင်လို့ ဖယ်ရှားရမှာ ဖြစ်ပါတယ်။ နေရာပေးနိုင်တဲ့ အင်အားကို မရှိပါဘူး။ ကာလ အတိ အကျတော့ မပြောနိုင်သေးပါဘူး။ ဒါနဲ့ပတ်သက်ပြီးတော့ အစီအစဉ်ဆွဲပြီးတော့ တင်ပြပါမယ်”ဟု ဒေါက်တာ ခင်မောင်ကြီးက ပြောဆိုသည်။ ဆေးရုံကြီးမှ ခွင့်ပြုထားသည့် ဆိုင်ခန်းများသည်လည်း ကတိကဝတ်ပြုထားသည့် စည်ကမ်းများကို လိုက်နာမှု မရှိ ကြောင်း သိရသည်။ “သူတို့လည်း ရောင်းရပါစေ၊ ဆေးရုံမှာလည်း စည်းကမ်းရှိအောင် စည်းကမ်းချက်တွေ ချမှတ်ပေးလိုက်တယ်။ ၂၁ ချက် ရှိတယ်။ အဲဒီစည်းကမ်းတွေကို လိုက်နာပြီး ရောင်းဖို့ အဲဒီစည်းကမ်းချက်တွေကို လုပ်ထားလိုက်တယ်။ ကျနော် သိ သလောက် အဲဒီ ၂၁ ချက်က ဘယ်စည်းကမ်းချက်မှ သူတို့မလိုက်နာဘူး”ဟု ဒေါက်တာ သိန်းမြင့်က ပြောသည်။ ဆက်လက်ပြီး ဒေါက်တာ ခင်မောင်ကြီးကလည်း “တကယ်တမ်း စည်းကမ်းတကျနဲ့ ရောင်းမယ်ဆိုရင် ဘယ်သူ့ ဘယ်သူ ကိုမှ မထိခိုက်နိုင်ဘူး။ ဘာမှလည်း ကျနော်တို့က အရေးယူ ဆောင်ရွက်စရာ မလိုဘူး။ ဒါပေမယ့် ဒီလို များပြား လာတဲ့အခါ ယှဉ်ကြည့်တဲ့အခါမှာ တဖက်ကလည်း ဈေးသည် တဖက်ကလည်း လူနာနဲ့ ဝန်ထမ်းတွေ ပြည်သူ တွေထဲမှာ ဘယ်သူ့ကို အလေးထားပြီးလုပ်ရမလဲ၊ ဘာတွေက လိုအပ်လာလဲဆိုတာ ကျနော်တို့ စဉ်းစားဆုံးဖြတ်ပြီး တော့ အချိန်ကာလ တခုကတော့ သူတို့ကို ပေးရပါမယ်”ဟု ပြောဆိုသည်။ The post စည်းကမ်းမဲ့ ဈေးသည်များကြောင့် ရန်ကုန် ဆေးရုံကြီး ဝန်ထမ်းများ အခက်အခဲ ကြုံနေ appeared first on ဧရာဝတီ.
Source : https://ift.tt/2Ktff0t
via IFTTT
Source : https://ift.tt/2Ktff0t
via IFTTT
မလေးရှား မူးယစ်မှု ကွင်းဆက် ဖမ်းဆီးထားသူများ ခရိုင် တရားရုံး တင် မလေးရှား နိုင်ငံတွင် စံချိန်တင် ဖမ်းမိသည့် မူးယစ် ဆေးဝါးများနှင့် ပတ်သက်၍ ဖမ်းဆီးထားသူများအား သေဒဏ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် အနောက်ပိုင်း ခရိုင် တရားရုံးသို့ ပြောင်းလဲ တရားစွဲတင်ကာ ယနေ့ ရုံးထုတ်သည်။ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၀(ခ)၊၂၂(က) တို့ဖြင့် တရားစွဲခံထား ရသည့် မောင်မောင် (ခ) HJ Yassin၊ ဦးမင်းနိုင်နှင့် ဇေယျာဟိန်း တို့ သုံးဦးအနက် ယနေ့ ရုံးချိန်းတွင် မောင်မောင်နှင့် ဦးမင်းနိုင်တို့၏ ရှေ့နေများ က အမှုလိုက်ပါ ဆောင်ရွက်ခွင့် တင်သည်ကို တွေ့ရှိရသော်လည်း ဇေယျာဟိန်း အနေဖြင့် ရှေ့နေ ငှားရမ်း ထားခြင်း မရှိသေးပေ။ အမှုအား အနောက်ပိုင်း ခရိုင် တရားရုံးမှ တွဲဖက် ခရိုင် တရားသူကြီး(၁) ဒေါ်မိုးမိုးအေး က ကိုင်တွယ်နေပြီး လာမည့် ရုံးချိန်းကို ဇူလိုင် ၁၃ ရက်သို့ ပြန်လည် ချိန်းဆိုကြောင်း တရားခွင်၌ တရားသူကြီးက ပြောသည်။ အမှုမှ ကွင်းဆက် သံသယရှိသူများ ဖြစ်သည့် မချင်ကျားမူ(ခ) မကျားဝေ(ခ) မနှင်းဦးလွင်နှင့် ဟူစိန်(ခ) မိုဟာမက် ဟူစိန် တို့အား တွေ့ရှိပါက နီးစပ်ရာ ရဲစခန်းသို့ အသိပေး အကြောင်းကြားရန် ရဲတပ်ဖွဲ့ က ကြေညာထားသည်။ ယင်းအမှုတွင် နောက်ထပ် ကွင်းဆက် သံသယရှိသူ တဦးဖြစ်သည့် ထားဝယ်မြို့နေ အောင်လွင်(ခ) ထားဝယ်ကြီး ဆိုသူ အား ဇွန်လ ၁၂ ရက်၌ မလွှဲတောင် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။ အမှုတွင်ပါဝင် ပတ်သက်သည့် မောင်မောင်(ခ) HJ Yassin ထံမှ ကျပ်သိန်းပေါင်း ခုနှစ်သောင်းကျော်၊ ထားဝယ်ကြီး(ခ) အောင်လွင်ထံမှ ကျပ်သိန်းပေါင်း နှစ်သောင်း ခုနှစ်ထောင်ကျော်၊ ဇေယျာဟိန်း ထံမှ ကျပ်သိန်းပေါင်း လေးထောင်ကျော်၊ မင်းနိုင်ထံမှ ကျပ်သိန်းပေါင်း ငါးရာခန့်၊ ချင်ကျားမူ (ခ) မကျားဝေ (ခ)နှင်းဦးလွင် (တိမ်းရှောင်) ပိုင်ဆိုင်သည့် ခန့်မှန်းကျပ် သိန်းပေါင်း ရှစ်သောင်းကျော်၊ ဟူစိန်(ခ) မိုဟာမက်ဟူစိန် (တိမ်းရှောင်) ပိုင်ဆိုင်သည့် ခန့်မှန်းကျပ်သိန်းပေါင်း ငါးထောင် ကျော်တို့အား ကနဦး စိစစ်တွေ့ရှိရ၍ ထိန်းသိမ်းကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ ဆက်လက် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်းလည်း ပြည်ထဲရေး ဝန်ကြီးဌာနက ဇွန်လ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။ မူးယစ် ဥပဒေတွင် မူးယစ်ဆေးဝါး(သို့) စိတ်ကို ပြောင်းလဲစေသော ဆေးဝါးကို ပြည်ပမှ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ ခြင်း၊ ယင်းသို့ တင်ပို့ခြင်း၊ တင်သွင်းခြင်း လုပ်ငန်းပြုလုပ်ရန် ဆက်သွယ်ခြင်း ပုဒ်မ ၂၀(ခ) ကို ကျူးလွန်ပါက အနည်းဆုံး ထောင်ဒဏ် ၁၅ နှစ်မှ နှစ် အကန့်အသတ် မရှိ ထောင်ဒဏ် ဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်ရမည် ဟု ပြန်ဋ္ဌာန်း ထားသည်။ ပုဒ်မ ၂၂(က) တွင် မူးယစ်ဆေး(သို့) စိတ်ကို ပြောင်းလဲစေသော ဆေးဝါး မှုခင်းများ ကျူးလွန်သည့် ပြည်တွင်း ပြည်ပဂိုဏ်း၊ အုပ်စု၏ အဖွဲ့ဝင် ဖြစ်ခြင်း(သို့) ထိုအုပ်စုများနှင့် ဆက်သွယ်ပြီး ပါဝင် ကျူးလွန်ခြင်း ဖြစ်လျှင် ပြဋ္ဌာန်းထားသည့် အမြင့်ဆုံး ပြစ်ဒဏ်ကို ကျခံရမည် ဖြစ်ကြောင်း သိရသည်။ ဆက်စပ် ဖတ်ရှုရန် – မလေးရှား မူးယစ်ဆေးအမှု ၃ ဦး တိမ်းရှောင်၊ ၄ ဦး ဖမ်းထား The post မလေးရှား မူးယစ်မှု ကွင်းဆက် ဖမ်းဆီးထားသူများ ခရိုင် တရားရုံး တင် appeared first on ဧရာဝတီ.
Source : https://ift.tt/2tMqcmJ
via IFTTT
Source : https://ift.tt/2tMqcmJ
via IFTTT
လာဘ်စားမှုတရားခံပြေး ၁၆ ဦး ကူညီစုံစမ်းရန် ရဲတပ်ဖွဲ့ထုတ်ပြန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆၊ ၅၇ တို့ဖြင့် အမှုဖွင့်တရားစွဲဆိုခံထားရသည့် တရားခံပြေး ၁၆ ဦးအား ကူညီစုံစမ်းပေးရန် ရဲတပ်ဖွဲ့က ယနေ့ညနေပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။ ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည့် စာရင်းတွင် တွဲဖက်မြို့နယ်တရားသူကြီးဟောင်း ဒေါ်ခင်လေးငယ်၊ ပဲခူးတိုင်းတရားရေးဦးစီးဌာန လက်ထောက်ညွန်မှူးဟောင်း ဦးရွှေ၊ မိတ္ထီလာတက္ကသိုလ်ပါမောက္ခချုပ်ဟောင်း ဒေါက်တာကိုကိုကျော်စိုး၊ မလှိုင်မြို့နယ် တွဲဖက်တရားသူကြီး ဦးထင်လင်းအပါအဝင် ၁၆ ဦးကို လာဘ်စားမှုကြောင့် တိုင်တန်းခဲ့ကြကြောင်း၊ ၎င်းတို့မှာ ထွက်ပြေးလွတ်မြောက်နေပြီး တိုင်တန်းခံရသူ အများစုမှာ တရားရေးဘက်မှအများဆုံးဖြစ်ပြီး ရဲ၊ အုပ်ချုပ်ရေးမှူးနှင့် တောအုပ်၊ ပါမောက္ခချုပ်နှင့် မြေစာရင်းဦးစီးအရာရှိအဖြစ် လုပ်ဆောင်ခဲ့သူများလည်း ပါဝင်နေသည်။ The post လာဘ်စားမှုတရားခံပြေး ၁၆ ဦး ကူညီစုံစမ်းရန် ရဲတပ်ဖွဲ့ထုတ်ပြန် appeared first on ဧရာဝတီ.
Source : https://ift.tt/2tFioE8
via IFTTT
Source : https://ift.tt/2tFioE8
via IFTTT
‘Jumanji 2’ ရုပ်ရှင်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ပြသမည် “Jumanji: Welcome to the Jungle” ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်မှာ ပြသတော့မယ်လို့ သိရပါတယ်။ အဲဒီသတင်းကို Jumanji ရုပ်ရှင်မှာပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Dwayne Johnson က သူ့ရဲ့ Instagram အကောင့်မှာ ဝေမျှခဲ့တာဖြစ်ပါတယ်။ မင်းသား Johnson က “ကျနော်တို့ရဲ့ ‘Jumanji’ အလံကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ စိုက်ထူမှာဖြစ်ပါတယ်။ ကစားပွဲက မပြီးသေးပါဘူး။ ကျနော်က ‘Jumanji’ ကို နှလုံးသားနဲ့ တရင်းတနှီးသဘောကျမိပြီး တကမ္ဘာလုံးကနေ ဒေါ်လာ ၁ ဘီလီယံနီးပါး ရရှိအောင် လုပ်ပေးခဲ့တဲ့အတွက် ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ်” “ခရစ်စမတ်ကာလမတိုင်ခင်မှာ စွန့်စားခန်းအသစ်နဲ့ ဇာတ်ကောင်အ သစ်တို့ကို ကြည့်ဖို့ မစောင့်စေချင်တော့ပါဘူး။ ထပ်ပြီးတော့လည်း လာမယ့်သီတင်းပတ်မှာ Kevin Hart ရဲ့ နှုတ်ခမ်းကို ရိုက်ရဦးမှာပါ။ ကမ္ဘာကြီးက ပျော်နေကြပါပြီ” လို့ ရေးသားခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ မင်းသားကြီး Robin Williams ရဲ့ “Jumanji” ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်း “Jumanji: Welcome to the Jungle” ရုပ်ရှင်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ဖြန့်ချိခဲ့ပြီး ကမ္ဘာတဝန်းမှာ ရုံဝင်ငွေ ဒေါ်လာ သန်း ၉၆၀ ရရှိခဲ့ပါတယ်။ မင်းသား Johnson အပြင် ဒါရိုက်တာ Jake Kasdan ရိုက်ကူးခဲ့တဲ့ အဲဒီရုပ်ရှင်မှာတော့ သရုပ်ဆောင်တွေအဖြစ် Jack Black, Hart, Karen Gillan, Nick Jonas နဲ့ Bobby Cannavale တို့ပါဝင်ခဲ့ပါတယ်။ Ref:ptinews The post ‘Jumanji 2’ ရုပ်ရှင်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ပြသမည် appeared first on ဧရာဝတီ.
Source : https://ift.tt/2KhjLTz
via IFTTT
Source : https://ift.tt/2KhjLTz
via IFTTT
“သိန်းတသောင်းကျော် အကုန်ကျခံတည်ဆောက်ထားတယ်” ဆိုတဲ့ နေတိုးရဲ့ ရုပ်ရှင်စတူဒီယို သရုပ်ဆောင်နေတိုးက တနေရာထဲမှာ ရုပ်ရှင်ကားကြီးတကားရဲ့ ၆၀ ရာခိုင်နှုန်းလောက်ထိရိုက်ကူးလို့ရမယ့် နေရာထိုင်ခင်းတွေရှိတဲ့ ကိုယ်ပိုင် Movie Studio ကို ဒီနေ့ ဇွန်လ ၂၉ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ “Story Book” လို့နာမည်ပေးထားတဲ့ နေတိုးရဲ့ Movie Studio ဟာ မြောက်ဒဂုံမြိုနယ်၊တော်ဝင်အိမ်ရာ၊ မြတ်လေးလမ်း ၊အမှတ် G-10 မှာဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။ “ဒီStudio မှာ ပါဝင်တာတွေက အပြင်မှာရိုက်ရခက်ခဲတဲ့ Location တွေကိုဦးစားပေးထားပါတယ်။ အခန်းတခန်းမှာပဲ ပုံစံလေး၊ငါးမျိုးလောက်ပြောင်းလို့ ရအောင်လုပ်ထားတော့ အခန်းစုစုပေါင်း ၁၀ ခန်းပဲရှိတယ်ဆိုပေမယ့် အခန်း၄၀ လောက်ပြောင်းပြီးလုပ်ယူလို့်ရပါတယ်” “Production ဒီဇိုင်းက စိတ်ကြိုက်လုပ်ချင်တဲ့ ပုံစံတွေဖန်တီးပြီး ရိုက်ကူးလို့ရတယ်။ လက်ရှိကျနော်တို့ ဆင်ထားတဲ့ အခန်းတွေမှာလည်း ရိုက်မယ်ဆိုရင်ရတယ်”လို့ နေတိုးက Studio ခန်းဖွဲ့စည်းပုံအကြောင်း ပြောပြပါတယ်။ နေတိုးရဲ့ “Story Book Movie Studio” ဒီဇိုင်းကို သရုပ်ဆောင် သက်မွန်မြင့်ရဲ့ခင်ပွန်း ကိုစစ်နိုင်နဲ့ တည်ဆောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။ “သူငယ်ချင်းသက်မွန်မြင့်ရဲ့အမျိုးသားလည်း ဖြစ်နေတယ်။ ရုပ်ရှင်နဲ့ပတ်သက်ပြီးလည်း သူကဝါသနာပါတော့ ကျနော်တို့က နိုင်ငံခြား Movie Studioတွေကို Reference ယူပြီးတော့မြန်မာပြည်မှာ လုပ်လို့ရသလောက်အနေအထားမျိုးလောက်နဲ့ ဒီ Studio လေးကိုစတင်လိုက်တာပါ” “နောက်ထပ်အဆင့်တွေမြှင့်ပြီး ထပ်တည်ဆောက်လို့ရအောင်လည်း ဖောင်ဒေးရှင်းကို အကောင်းဆုံးတည်ဆောက်ထားတယ် “လို့နေတိုးကဆိုပါတယ်။ လက်ရှိအချိန်ထိကုန်ကျစားရိတ် သိန်းတသောင်းကျော်ခန့်မှန်းကုန်ကျနေပြီး Quality ကိုအကောင်းဆုံးတည်ဆောက်ထားတဲ့အတွက် သာမန်ထက်ပိုကုန်ကျခဲ့တယ်လို့လည်း သိရပါတယ်။ အနုပညာဝန်းကျင်၊စီးပွားရေးဝန်းကျင်မခွဲခြားဘဲ Customer တိုင်းကို တပြေးညီဈေးနှုန်းများစီစဉ်ထားပြီး Story Book Movie Studio ရဲ့အထူး Service အနေနဲ့ စိတ်ကြိုက်ဖန်တီးခွင့်ပိုရမယ်လို့လည်း နေတိုးက ဆိုပါတယ်။ “ဒီ Studio လုပ်တာဟာ စီးပွားရေးလုပ်ငန်းဆိုတာထက် အနုပညာကို ဖန်တီးတယ်ဆိုတဲ့ရာခိုင်နှုန်းက ပိုများပါတယ်။ အနုပညာကို ဖန်တီးဖို့အတွက် နေရာပေါ့။ ရုပ်ရှင်လောကအတွက် အထောက်အကူဖြစ်စေမယ့် နေရာတခုပေါ့။ ကျနော့်မှာ အဲဒီထက်ကြီးတဲ့ ရည်ရွယ်ချက်တွေအများကြီး ရှိပါတယ်။ကျနော်အမြဲတမ်းကြိုးစားပြီးတော့ ပံ့ပိုးသွားမှာပါ” လို့်နေတိုးကပြောပါတယ်။ နေတိုးရဲ့ Studio မှာမဖွင့်ခင်ကတည်းက လာရောက်ရိုက်ကူးကြတဲ့ ရိုက်ကူးရေးတွေ ရှိနေပြီး ဒီလထဲမှာလည်း ရုပ်ရှင်ကားများရိုက်ကူးဖို့ ရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။ The post “သိန်းတသောင်းကျော် အကုန်ကျခံတည်ဆောက်ထားတယ်” ဆိုတဲ့ နေတိုးရဲ့ ရုပ်ရှင်စတူဒီယို appeared first on ဧရာဝတီ.
Source : https://ift.tt/2KzUBvu
via IFTTT
Source : https://ift.tt/2KzUBvu
via IFTTT
ဖိအားများ တိုးလာချိန် အပြုသဘောဆောင် ဖော်ပြရန် မီဒီယာကို တပ်ချုပ် တိုက်တွန်း တိုင်းပြည် ဒီမိုကရေအသွင်သို့ ကူးပြောင်းသည့် အချိန်မှာ သတင်းမီဒီယာသမားများက မှန်မှန်ကန်ကန် တိတိကျကျ ရေးသားဖို့ လိုကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စာနင်းဇင်းကောင်စီဝင်များနှင့် နေပြည်တော်တွင် တွေ့ဆုံပွဲ တိုက်တွန်းလိုက်သည်။ ယင်းသည် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ ခေါ် ဘင်္ဂလီများကို ကျူးလွန်သော ရာဇဝတ်မှုဖြင့် မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သက်ဆိုင်ရာ တပ်မတော်အရာရှိကြီးများအား တရားစွဲဆိုရန် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က တောင်းဆိုချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ဇွန်လ ၂၈ ရက်နေ့က နေပြည်တော်ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး ဘုရင့်နောင် ရိပ်သာတွင် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင်တို့နှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တခြားနိုင်ငံများတွင်လည်း မိမိတို့တိုင်းပြည် အကျိုးစီးပွားနှင့် ပတ်သက်လာလျှင် အထိမခံဘဲ ပြန်လည်တုန့်ပြန်မှုများရှိကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ စည်းလုံးညီညွတ်သည့် အင်အားမျိုးဖြစ်ပေါ်စေရန် မီဒီယာများမှ လုုပ်ဆောင်ပေးစေလိုကြောင်း၊ အပြုသဘောဆောင်သည့် ရေးသားချက်များ၊ စည်းလုံးညီညွတ်မှုကို ဖြစ်ပေါ်စေသည့်လုပ်ဆောင်ချက်များကို ဖော်ပြစေလိုကြောင်း၊ ပြည်သူ လူထုကို အားပေးသည့် သတင်းထုတ်ပြန်မှုများထက် အားနည်းချက်များကိုသာ ထောက်ပြသည့် ထုတ်ပြန်မှုများသည် စိတ်ဓာတ်ကျဆင်းမှုများကို ပိုမိုဖြစ်ပေါ်စေနိုင်သောကြောင့် ပြည်သူများ၏ စိတ်ဓာတ်မြှင့် တင်ပေးရာ ရောက်သည့် သတင်းများကို အပြုသဘောဆောင်၍ မျှတစွာဖြင့် ရေးသားဖေါ်ပြသင့်ကြောင်း ပြောဆိုခဲ့သည်။ တပ်မတော်နှင့် အချိန် ၄ နာရီကြာ တွေ့ဆုံပွဲ အပြီး စာနယ်ဇင်းကောင်စီ ဒုက္ကဌ ဟံသာဝတီ ဦးအုန်းကြိုင်က “တိုင်းပြည်ရဲ့ လက်ရှိ အခြေအနေအရ ဒီသတင်းမီဒီယာသမားတွေ ရေးသားတာတွေနဲ့ ပတ်သက်လို့ မှန်မှန်ကန်ကန်နဲ့ တိတိကျကျ ရေးနိုင်ဖို့ လိုတယ်ဆိုတဲ့ အကြောင်း ပြောပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားချက်ကို မီဒီယာများသို့ ပြောသည်။ ထို့ပြင် သတင်းစာဆရာများသည် သတင်းရေးသားသည့်အခါ နိုင်ငံ အကျိုးပြုများ ရေးသားစေလိုကြောင်း၊ ယနေ့ နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ကိစ္စရပ်များကို စဉ်းစားပြီး ရေးသားမှသာလျှင် တိုင်းပြည် အခြေအနေ ကောင်းလာမည်ဟု ဦးအုန်းကြိုင်က ပြောသည်။ သို့ရာတွင် ရခိုင်ပြည်မြောက်ပိုင်းအရေးနှင့် ဆက်နွယ်ပြီး မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးများနှင့်ပတ်သက်၍ နိုင်ငံတကာမှ ထွက်ပေါ်လာသော သတင်းများမှာ မကောင်းလှချေ။ ပြီးခဲ့သော ရက်ပိုင်းအတွင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က နောက်ဆုံးထုတ်ပြန်ခဲ့သော “အရာရာကို ဖျက်ဆီးမည် – မြန်မာနိုင်ငံရခိုင်ပြည်မှ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုအတွက် စစ်ဖက်တာဝန်ရှိမှု” အမည်ရှိ အစီရင်ခံစာတွင် တပ်မတော်အကြီးအကဲနှင့် သူ၏လက်ထောက် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပါအဝင် အရာရှိ ၁၃ ဦးတို့၏ အမည်များကို ဖော်ပြထားပြီး လူသတ်မှု၊ အဓမ္မပြုကျင့်မှုနှင့် ရိုဟင်ဂျာ များကို မောင်းထုတ်မှုတို့အတွက် ကွပ်ကဲရာတွင် တာဝန်ရှိသည်ဟု ဖော်ပြထားသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့အပြင် အဆိုးရွားဆုံး ရက်စက်ကြမ်းကြုတ်မှု အများအပြားကို ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသည့် တပ်ဖွဲ့များအတွက် တာဝန်ရှိသော အဆင့်မြင့် တပ်မှူးများဖြစ်သည့် အမှတ် ၁၅ စစ်ဆင်ရေးဌာနချုပ်မှူး ဗိုလ်မှူးချုပ် ခင်မောင်စိုး၊ အမှတ် ၃၃ ခြေမြန်တပ်မ တပ်မမှူး ဗိုလ်မှူးချုပ် အောင်အောင်နှင့် အမှတ် ၉၉ ခြေမြန်တပ်မ တပ်မမှူးဟောင်း ဗိုလ်မှူးချုပ် သန်းဦးတို့လည်း ပါဝင်သည်။ ထို့အပြင် အမှတ် ၃ အထူးစစ်ဆင်ရေးအဖွဲ့မှူး ဒု ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အမှတ် ၃၃ ခြေမြန်တပ်မမှ စစ်မြေပြင်တပ်မှူး တဦးဖြစ်သူ ဗိုလ်မှူး အောင်မျိုးသူ၊ ရခိုင်ပြည်နယ်ကို ကွပ်ကဲသော အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုး၊ ထိုစွပ်စွဲထားသော ရာဇဝတ်မှုများ ဖြစ်ပွားချိန်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ တပ်ဖွဲ့မှူး ဗိုလ်မှူးချုပ်စန်းလွင်တို့ ပါဝင်သည်။ အမှတ် ၃၃ နှင့် ၉၉ ခြေမြန်တပ်မများကို သြဂုတ်လ လယ်တွင် ရခိုင်ပြည်နယ်တွင် ဖြန့်ချခဲ့သည်။ လွန်ခဲ့သောနှစ် သြဂုတ်လနှောင်းပိုင်းတွင် ARSA အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ် ရဲနှင့် စစ်ကင်းစခန်း ၃၀ ကို ချိန်ကိုက် တိုက်ခိုက်ခဲ့သောကြောင့် ထိုနေရာများတွင် ဖြစ်ပေါ်လာသော နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများအတွင်း မွတ်ဆလင် ၇၀၀၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။ ထိုအစီရင်ခံစာက မြန်မာနိုင်ငံကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးပို့ စစ်ဆေးစီရင်ရန် တောင်းဆိုသည်။ ICC က မြန်မာနိုင်ငံကို နိုင်ငံတကာ နယ်စပ်ဖြတ်ကျော် မောင်းထုတ်မှု စွပ်စွဲချက်ဖြင့် အမှုဖွင့်ရန် စဉ်းစားနေချိန်နှင့် ထိုအစီရင်ခံစာ ထုတ်ပြန်ချိန် တိုက်ဆိုင်နေသည်။ လွန်ခဲ့သော နှစ်က ရခိုင်ပြည်နယ်မှ ဟိန္ဒူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အထောက်အထားများ ပါသော အခြား အစီရင်ခံစာကို လွန်ခဲ့သောလတွင် AI က ထုတ်ပြန်ခဲ့သောကြောင့် AI သည် ၎င်းတို့ အဆိုအရ “အကြီးအကျယ် လျှော့လျှော့ပေါ့ပေါ့ ထုတ်ပြန်နေသော ARSA စစ်သွေးကြွအုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ” ကို ပထမဆုံးထုတ်ပြန်သော အဖွဲ့ဖြစ်လာသည်။ AI သည် ဘက်မလိုက်သော အဖွဲ့အစည်းဖြစ်သည်ဟု တပ်မတော်က ထိုစဉ်က ချီးကျူးပြီး အခြား နိုင်ငံတကာ အဖွဲ့အစည်းများနှင့် မီဒီယာများလည်း အလားတူ လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့သည်။ ယခု AI ၏ အစီရင်ခံစာတွင် မြန်မာ့တပ်မတော်သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည် မြောက်ပိုင်း အပါအဝင် အခြားနေရာများတွင်လည်း အနည်းဆုံး ၂၀၁၁ ခုနှစ်မှစတင်ပြီး နိုင်ငံတကာဥပဒေအရ ရာဇဝတ်မှုများ ကျူးလွန်သောကြောင့် ထိုသို့ လွှဲအပ်ခြင်းသည် တနိုင်ငံလုံးမှ ရာဇဝတ်မှုများ အကျုံးဝင်သင့်သည်ဟုလည်း ဆိုသည်။ စုံစမ်းစစ်ဆေးစီရင်မှု အလားအလာကို စဉ်းစားသုံးသပ်ရန် မြန်မာနိုင်ငံကို ICC ၏ လွန်ခဲ့သောအပတ်က တောင်းဆိုမှုနှင့် ပတ်သက်ပြီး အစိုးရပြောခွင့်ရသူ ဦးဇော်ဌေးက “ICC နဲ့ မြန်မာနိုင်ငံနဲ့က ဘာမှ မပတ်သက်ဘူး။ ICC က စုံစမ်းစစ်ဆေးစီရင်ဖို့ ဘာတွေပဲ လုပ်နေနေ မြန်မာနိုင်ငံအနေနဲ့ တုန့်ပြန်စရာ အကြောင်းမရှိဘူး” ဟု ပြောကြားခဲ့သည်။ ဇွန်လ ၂၅ ရက်နေ့က ဥရောပသမဂ္ဂ EU သည် AI ၏ စာရင်းမှ လူ ၆ ဦးအပါအဝင် မြန်မာစစ်အရာရှိ ၇ ဦးတို့ကို ပိတ်ဆို့ အရေးယူကြောင်း ကြေညာခဲ့သည်။ ရိုဟင်ဂျာ စစ်သွေးကြွ တိုက်ခိုက်မှုကို တုန့်ပြန်ရာတွင် အရည်အချင်း မပြည့်မီသောကြောင့် ဗိုလ်မှူးချုပ် မောင်မောင်စိုးကို ထိုနေ့အစောပိုင်းကပင် ထုတ်ပယ်ခဲ့ကြောင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောကို မေလကပင် တပ်မှ နုတ်ထွက်ခွင့် ပြုခဲ့ကြောင်းကို EU ၏ အရေးယူပိတ်ဆို့ကြောင်း ကြေညာပြီး နာရီပိုင်းအကြာ ထိုညမှာပင် တပ်မတော်က ကြေညာခဲ့သည်။ The post ဖိအားများ တိုးလာချိန် အပြုသဘောဆောင် ဖော်ပြရန် မီဒီယာကို တပ်ချုပ် တိုက်တွန်း appeared first on ဧရာဝတီ.
Source : https://ift.tt/2tGz7a1
via IFTTT
Source : https://ift.tt/2tGz7a1
via IFTTT
အလိုလိုနေရင်း ပင်ပန်းနွမ်းနယ်နေရတဲ့ အကြောင်းရင်း (၅) ချက် သင့်ရဲ့နေ့စဉ်လုပ်ငန်းတာဝန်တွေမှာ သင်ဟာ လန်းဆန်းမှုမရှိဘဲ အမြဲလိုလို ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ ပင်ပန်းနွမ်းနယ် နေပြီဆိုရင်တော့ ဒီလိုမျိုး ဖြစ်ပေါ်နေခြင်းရဲ့ နောက်ကွယ်မှာ အကြောင်းအရင်းတွေကလည်း အခိုင်အလုံရှိနေပါတယ်။ ဘယ်လိုအကြောင်းအရင်းတွေက သင့်ကို အမြဲတမ်းပင်ပန်းနွမ်းနယ်မှုကို ခံစားစေသလဲဆိုတာကို သိရှိနိုင်အောင်လို့ ဖော်ပြပေးလိုက်ပါတယ်။ (၁) ခန္ဓာကိုယ်တွင်းမှာ ရေဓာတ်လုံလောက်စွာ မရရှိတဲ့အခါမျိုးတွေမှာလည်း အလိုလိုနေရင်း ပင်ပန်းနွမ်းနယ် နေတတ် ပါတယ်။ အာဟာရပညာရှင်တွေကတော့ တနေ့ကို ရေနှစ်လီတာခန့် အနည်းဆုံးသောက်သုံးပေးမှသာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေရရှိနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ (၂) ရုံးမှာတနေကုန် ကွန်ပျူတာရှေ့ထိုင်အလုပ်လုပ်ပြီး အိမ်ပြန်ရောက်တဲ့အချိန်တွေမှာလည်း တီဗီကြည့်တာမျိုးနဲ့ ဖုန်းအသုံးပြုတာမျိုးတွေဟာလည်း သင့်ကို ဘာမှမလုပ်ဘဲ ပင်ပန်းနွမ်းနယ်စေနိုင်ပါတယ်။ ကွန်ပျူတာနဲ့ ဖုန်းတွေဆီကနေ ရောင်ပြန်ဟပ်တဲ့ ရောင်ခြည်တွေဟာ ဦးနှောက်ရဲ့လုပ်ဆောင်နိုင်စွမ်းတွေကို လျော့ကျစေပြီး ပင်ပန်းနွမ်းနယ်မှုကို ခံစားရစေပါတယ်။ (၃) လူအများစုဟာ မိမိမှာ သွေးအားနည်းဝေဒနာ ခံစားနေရတယ်ဆိုတာကို သတိမထားမိတတ်ကြပါဘူး။ သွေးထဲမှာ ဟေမိုဂလိုဘင်ဓာတ်နည်းတဲ့အခါ ခန္ဓာကိုယ်တွင်းက တစ်ရှူးတွေဟာ အောက်ဆီဂျင်ဓာတ်လုံလောက်စွာ မရတာကြောင့် ပင်ပန်းနွမ်းနယ်ခြင်းကို ခံစားရနိုင်ပါတယ်။ (၄) ကော်ဖီအသောက်များခြင်းဟာ ခန္ဓာကိုယ်ထဲမှာ ကဖင်းဓာတ်အများအပြား စုပုံနေစေတဲ့အတွက်ကြောင့် ပင်ပန်း နွမ်းနယ်ပြီး ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်စေနိုင်ပါတယ်။ ကော်ဖီဟာ စိတ်ကိုလန်းဆန်းစေနိုင်တာမှန်ပေမယ့် လိုအပ်တာထက် ပိုသွားရင်တော့ သင့်ကို ပင်ပန်းနွမ်းနယ်စေနိုင်ပါတယ်။ (၅) အိပ်ရေးမဝခြင်းဟာလည်း အလိုလိုနေရင်း ပင်ပန်းနွမ်းနယ်စေနိုင်တဲ့ အကြောင်းအရင်းတခုပဲ ဖြစ်ပါတယ်။ အိပ်ရေးမဝ ခြင်းကြောင့် အလုပ်မှာ တက်ကြွလန်းဆန်းမှုမရှိဘဲ ပင်ပန်းနွမ်းနယ်နေစေမှာ ဖြစ်ပါတယ်။ အိပ်ရေးမဝခြင်းဟာ ပင်ပန်းနွမ်းနယ်စေရုံသာမက ရေရှည်မှာ နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေတို့ကို မြင့်တက်စေတာကြောင့် လုံလောက်တဲ့ အိပ်စက်ချိန်ရှိဖို့ လိုအပ်ပါတယ်။ Ref. https://ift.tt/2hzH4Gi The post အလိုလိုနေရင်း ပင်ပန်းနွမ်းနယ်နေရတဲ့ အကြောင်းရင်း (၅) ချက် appeared first on ဧရာဝတီ.
Source : https://ift.tt/2z0sZPc
via IFTTT
Source : https://ift.tt/2z0sZPc
via IFTTT
ကူးစက်ရောဂါ ထိန်းချုပ်ရေး တရုတ်က ယွမ် သန်း ၄၀၀ ကူညီမည် တရုတ်နိုင်ငံမှ ကူးစက်ရောဂါ ထိန်းချုပ်ရေး သင်တန်းကျောင်းတခုကို ယွမ် သန်း ၄၀၀ အကုန်ကျခံ၍ နေပြည်တော်၌ တည် ဆောက်ပေးသွားမည်ဟု ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင် သည်။ ဇွန်လ၂၈ ရက်၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတွင် တရုတ်- မြန်မာ နှစ်နိုင်ငံ ရောဂါထိန်းချုပ်ရေး ဗဟို ဌာနနှင့် ကျန်းမာရေး ဝန်ထမ်း သင်တန်းကျောင်းကို မြန်မာနိုင်ငံတွင် ဆောက်လုပ် လှူဒါန်းသည့် လက်မှတ် ရေးထိုးခြင်း အခမ်းအနား၌ ပြောဆိုသွားခြင်း ဖြစ်သည်။ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင် က “ အခုဆောက်မယ့် အဆောက် အအုံက မြန်မာနိုင်ငံမှာ ပထမ ဆုံး ဖြစ်တယ်။ ဝန်ထမ်းဦးရေ ၁ ထောင် ထားလို့ရတဲ့ အဆောက်အအုံပါ။ ၃ ထပ် ၁ ဆောင်၊ အုပ်ချုပ်မှု ၁ ဆောင်၊ ဓာတ်ခွဲ ခန်း ၁ ဆောင် အားလုံး ၃ ဆောင် ဆောက်မယ်” ဟု အခမ်းအနားအပြီးတွင် မီဒီယာများကို ပြောသည်။ အဆိုပါ အဆောက်အအုံကို နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ မြေ ဧက ၂၀ ပေါ်၌ တည်ဆောက်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ မြေနေရာ၊ ရေ၊ လျှပ်စစ်မီးနှင့် လာရောက် ဆောက်လုပ်ပေးမည့် တရုတ်ဘက် အင်ဂျင်နီယာများ၏ လုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် တရုတ်နိုင်ငံမှ သင်တန်းသားများကို ခေါ်ယူ၍ ကူးစက်ရောဂါများနှင့် ပတ်သက်သည့် သင်တန်းပေးမည်ဖြစ်ပြီး၊ အဆောက်အအုံ ပြီးစီးသွားပါကလည်း နိုင်ငံတကာ ပညာရှင်များ ခေါ်ယူ၍ အောက်ခြေ အဆင့် သားဖွား ဆရာမများမှ အစ အထူးကု ဆရာဝန်ကြီးများကိုလည်း သင်တန်းများ ပို့ချသွားမည် ဖြစ်ကြောင်း ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။ ယင်းကဲ့သို့ ရောဂါထိန်းချုပ်ရေး ဗဟိုဌာနမှာ တရုတ်နိုင်ငံ နှင့် အမေရိကန် နိုင်ငံတို့တွင် တည်ဆောက်ထားရှိသည့် အတွက် မြန်မာနိုင်ငံတွင်လည်း တည်ဆောက်လိုကြောင်း၊ တရုတ် အစိုးရကလည်း ကူညီဖို့ စိတ်အားထက်သန်သည့် အတွက် ယခုလို ဆောက်လုပ်ရန် အတွက် သမ္မတနှင့် ဒုသမ္မတ ထံမှ ခွင့်ပြုချက်ရသဖြင့် ဆောက်လုပ်ရန် တရုတ်- မြန်မာ ၂ နိုင်ငံ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး က အခမ်းအနား၏ အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။ ကျန်းမာရေးနှင့် အာကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “ကိုယ့်နိုင်ငံ ဘတ်ဂျက် မလုံလောက်တဲ့ အချိန်မှာ ဒီလို ကူညီတာ အထူး ကျေးဇူးတင်ရမယ်။ ကျနော်တို့ နိုင်ငံရဲ့ ရောဂါ တွေကို ထိန်းချုပ်ရေး အတွက် အဆောက်အအုံ လှူတယ်ဆိုတာ အိမ်နီးချင်း နိုင်ငံလည်း ပီသပါတယ်” ဟု ဧရာဝတီ သို့ ပြောသည်။ တရုတ်အနေနှင့် မြန်မာနိုင်ငံ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် အလှူငွေများ၊ ကျောင်းဆောက်လုပ် လှူဒါန်းခြင်း၊ ဈေး များ၊ သမဝါယမ ဌာနများကိုလည်း ချေးငွေများ ထုတ်ချေးခြင်း အစရှိသည့် လူမှုရေး ကိစ္စများကိုလည်း တရုတ်နိုင်ငံမှ အကူအညီများစွာ ပံ့ပိုးမှု ရှိကြောင်း ၎င်းက ဆိုသည်။ ဆောက်လုပ်မည့် မြေဧက တန်ဖိုးကို ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီအား ကျပ် သိန်း ၁ ထောင် ပေးရပြီး အလုပ်ကြမ်းသမား အပါအဝင် လိုအပ်သည့် အရာများကို ကူညီပံ့ပိုးပေးရမည် ဖြစ်ကြောင်း ဒေါက်တာ သန်းထွန်းအောင် က ပြောသည်။ အဆိုပါ ဆောက်လုပ်မည့် ရောဂါထိန်းချုပ်ရေး ဗဟိုဌာနမှာ ယင်းအဆောက်အအုံ တခုတည်းတွင် ရောဂါထောက်လှမ်း သည့် ဌာန၊ ကာကွယ် နှိမ်နင်းရေး လုပ်ဆောင်သည့်ဌာန၊ အဆင့်မြင့် ဓာတ်ခွဲခန်း၊ သုတေသနဌာန၊ ကျန်းမာရေး ပညာပေးဌာန၊ သင်ကြားရေး အစရှိသည်များကို တစုတစည်းတည်း ရှိမည့် အဆောက်အအုံလည်း ဖြစ်ကြောင်း ဆိုသည်။ “ကိုယ့်နိုင်ငံမှာ အရေးပေါ် ရောဂါတွေဖြစ်တဲ့ အီဘိုလာတို့ ၊ မားစ်တို့၊ ဇီကာ၊ မနှစ်ကဆိုရင် ရာသီတုပ်ကွေး အဲဒါ ဖြစ်ရင် ချက်ချင်း ကာကွယ် နှိမ်နင်းရေး လုပ်မယ် ချက်ချင်း ဓာတ်ခွဲမယ်။ ထိန်းချုပ်ရေး လုပ်ငန်းတွေကို တနိုင်ငံလုံးအနှံ့ လုပ်နိုင် အောင် လုပ်မယ်” ဟု ဒေါက်တာ သန်းထွန်းအောင် က ရှင်းပြသည်။ အဆိုပါ အဆောက်အအုံကို ယခုနှစ်တွင်း စတင် တည်ဆောက်မည် ဖြစ်ကာ ၂၀၂၂ ခုနှစ်ကျော် မှ ပြီးစီးနိုင်မည် ဖြစ်ကြောင်း လက်ရှိ မြန်မာနိုင်ငံတွင် အခြားနိုင်ငံများနည်းတူ တနေရာတည်းတွင် ရောဂါကာကွယ်နှိမ်နှင်းရေး လုပ်နိုင်သည့် ဌာန၊ အဆင့်မြင့် ဓာတ်ခွဲခန်း၊ သုတေသနဌာန၊ သင်ကြားရေး ကျောင်းများ မရှိသေးကြောင်းလည်း ဒေါက်တာ သန်းထွန်းအောင်က ပြောဆိုသည်။ The post ကူးစက်ရောဂါ ထိန်းချုပ်ရေး တရုတ်က ယွမ် သန်း ၄၀၀ ကူညီမည် appeared first on ဧရာဝတီ.
Source : https://ift.tt/2Kgp31G
via IFTTT
Source : https://ift.tt/2Kgp31G
via IFTTT
“ကျနော်တို့နိုင်ငံက ဂီတပညာရေးမှာ နည်းပါးတယ်” လို့ ပြောလာတဲ့ ဂီတမှူးဓိရာမိုရ် ဂီတမှူးတယောက်လည်း ဖြစ်သလို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ရဲ့ ပါမောက္ခတဦးလည်းဖြစ်တဲ့ အကယ်ဒမီဓိရာမိုရ်ကတော့ မြန်မာနိုင်ငံမှာ ဂီတပညာရေးဆိုပြီး နည်းပါးခဲ့ပါတယ်လို့ ဆိုပါတယ်။ “ကျနော်တို့နိုင်ငံက ဂီတပညာရေးဆိုပြီး နည်းပါးခဲ့ပါတယ်။ မိသားစုထဲမှာလည်း ကိုယ့်သားသမီးကို ဂီတပညာရေးနဲ့ ပတ်သက်ပြီး အားမပေးချင်ကြသလို ကျောင်းတွေမှာလည်း တခြားတိုးတက်နေတဲ့ နိုင်ငံတွေနဲ့ ယှဉ်ရင်မရှိသလောက် ပါ။ အခုမှသာ ကလေးတွေကို ဂီတပညာသင်ယူ ကြိုးစားနေကြတာပါ။ ဂီတပညာရေးကို ကျနော်တို့က အစွမ်းကုန် ကြိုးစားရင်တောင် နောက်ထပ်နှစ်ပေါင်းများစွာ ကြိုးစားရမှာပါ” လို့ အကယ်ဒမီ ဓိရာမိုရ်က ပြောပါတယ်။ ဂီတမှူး ဓိရာမိုရ်ကတော့ ဂီတအမျိုးအစားအစုံအလင်ကို သူ့ရဲ့ Orchestra တီးဝိုင်းနဲ့ ပေါင်းစပ်ကာ ဖန်တီးလျက်ရှိပြီး မျိုးဆက်သစ်များကိုလည်း ဂီတပညာများကို ဝေမျှပေးလျက်ရှိပါတယ်။ “ဂီတပညာရေးကို ကျနော်တို့က အစွမ်းကုန်ကြိုးစားရင်တောင် နောက်ထပ်နှစ်ပေါင်းများစွာ ကြိုးစားရမှာပါ။ အခု လက်ရှိကျောင်းမှာ လာတက်တဲ့ကလေးတွေဆို အရမ်းထူးချွန်ပါတယ်။ Generation လည်းပြောင်းလာပါတယ်။ အရမ်း လည်းကြိုးစားပါတယ်။ ဒီကလေးတွေရဲ့ အနာဂတ်သည် ကျနော်တို့ ဂီတပညာရေးရဲ့ အနာဂတ်လို့ အလေးအနက် ခံယူပြီးတော့ ကြိုးစားနေပါတယ်။ ကလေးတွေကိုအားပေးခြင်းအားဖြင့် ဂီတပညာရေးကို အားပေးရာကျပါတယ်” လို့ ဓိရာမိုရ်က ပြောပါတယ်။ ဓိရာမိုရ်က ခမ်းနားတဲ့ ဂီတဖျော်ဖြေပွဲများကို အမြဲဖန်တီးဖို့ ကြိုးစားနေလျက်ရှိပြီး သမိုင်းဝင်ဂီတပွဲတွေ ဖြစ်ဖို့အတွက် လည်း နှစ်စဉ်ကြိုးပမ်းနေလျက်ရှိတယ်လို့ သိရပါတယ်။ မကြာခင်မှာ အကယ်ဓိရာမိုရ်ဦးဆောင်ကျင်းပမယ့် NUAC ရဲ့ Orchestra Music Showcase ကိုလည်း နှစ်စဉ် ကျင်းပ နေကြပုံစံများနှင့် မတူဆန်းပြားအောင် တင်ဆက်သွားဖို့ရှိတယ်လို့ ပြောပါတယ်။ “NUAC Orchestra ကကျန်တဲ့ဖျော်ဖြေမှုနဲ့ ဘာကွာတာလဲဆိုရင် နံပါတ် ၁ အလွယ်တကူပြောမယ်ဆိုရင် Education ဆိုတဲ့ဂီတပညာရေးကို Blackground လုပ်ထားတာလေးကွာပါတယ်။ ရိုးရိုးတန်းတန်းဖျော်ဖြေတာ မဟုတ်ဘဲနဲ့ ဗဟုသုတတွေ အကြောင်းအချက်တွေအများကြီး ရနိုင်ဖို့အတွက် အများကြီး ကြိုးစားပါတယ်။ တနှစ်နဲ့ တနှစ် ပုံစံမတူပါဘူး” ဓိရာမိုရ်က ဆိုပါတယ်။ ဂီတမှူးဓိရာမိုရ်ကတော့ အသက် ၁၃နှစ်အရွယ်ကတည်း ဂီတလောကကို ဝင်ရောက်ခဲ့ပြီး အခက်အခဲများကိုလည်း ကြုံတွေ့လာခဲ့ရာမှ တစိုက်မတ်မတ်ကြိုးစားလာခဲ့မှုကြောင့် ယခုအခါမှာတော့ ဂီတနှင့်ပတ်သက်တဲ့ အကယ်ဒမီ ရွှေစင်ရုပ်ထုများလည်း ရရှိခဲ့သူတဦးပါ။ လက်ရှိမှာလည်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှာ ပါမောက္ခတယောက်အနေနဲ့ တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ ဆက္စပ္သတင္း မတူညီတဲ့ ပုံစံနဲ့ မြင်တွေ့ရဦးမယ့် NUAC ရဲ့ Orchestra Music Showcase The post “ကျနော်တို့နိုင်ငံက ဂီတပညာရေးမှာ နည်းပါးတယ်” လို့ ပြောလာတဲ့ ဂီတမှူးဓိရာမိုရ် appeared first on ဧရာဝတီ.
Source : https://ift.tt/2MAERcC
via IFTTT
Source : https://ift.tt/2MAERcC
via IFTTT
ကလေးများ၏ မိဘများကို ထိုင်းဝန်ကြီးချုပ် အားပေးနှစ်သိမ့် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွဒ် ချန်အိုချာသည် မယ်ဆိုင်မြို့နယ်ရှိ ထမ်လုံခွန်နမ်ဂူသို့ ယနေ့ နံနက်က ရောက်ရှိ လာပြီး ပျောက်ဆုံးနေသည့် ကလေးငယ်များ၏ မိဘများနှင့် တွေ့ဆုံကာ အားပေး ခဲ့သည်။ “ခင်ဗျားတို့ ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ စွမ်းပကားကို ခင်ဗျား တို့အနေနဲ ယုံကြည် စိတ်ချဖို့ လိုပါတယ်” ဟု ဗိုလ်ချုပ်ကြီးပရာယွဒ်က ကယ်ဆယ်ရေး စီမံဌာနတွင် စုဝေးနေကြသောမိသားစုများကို ပြောကြား ခဲ့သည်။ ပျောက်ဆုံးနေသည့် ကလေးငယ်များ၏ မိဘများ မိသားစုဝင်အများအပြားသည် ပြီးခဲ့သည့် တနင်္ဂနွေ နေ့ ကယ်ဆယ်ရေး အဖွဲ့များ ရောက်ရှိကတည်းက ဂူပြင်ပတွင် စုရုံးရောက်ရှိနေခြင်းဖြစ်သည်။ ပျောက်ဆုံးနေဆဲ ကလေးများနှင့် ဆယ်ကျော်သက်လူငယ်များသည် ဘောလုံးအားကစားသမားများ ဖြစ်ကြခြင်းကို ထောက်ရှု၍ ၎င်းတို့အနေဖြင့် အသက်ရှင်ရပ်တည်ရန် ရင်ဆိုင်ရသောအခက်အခဲများကို ရုပ်ပိုင်းဆိုင်ရာအရ ခံနိုင်ရည်ရှိမည်ဟု မှန်းဆရသည်။ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွဒ်သည် ကလေးငယ်များ၏ မိဘများ၊ မိသားစုများကို မနှစ်သိမ့်မီ ကယ်ဆယ်ရေး လုပ်ဆောင်နေမှု နောက်ဆုံးအခြေအနေ အစီရင်ခံခြင်းကို နားထောင်သည်။ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်နေကြသော မိဘများကို ဝန်ကြီးချုပ်က မိမိအနေဖြင့်လည်း စိတ်ထိခိုက်ခံစားရပါကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ “ကျနော်မွေးထားတဲ့ကလေးတွေလိုပဲ ကျနော်လည်း ခံစားရပါတယ်”ဟု ပြောသည်။ ထမ်လုံခွန်နမ် နန်နွန့်အမျိုးသားဥယျာဉ်သို့ ထိုင်းဝန်ကြီးချုပ် ယနေ့နံနက်ပိုင်းက ရောက်ရှိလာစဉ် ကယ်ဆယ်ရေးအဖွဲ့က ကလေးငယ်များကို ကယ်ထုတ်နိုင်မည်ဟုယုံကြည်ထားသော လိုဏ်ဂူ အတွင်းအခန်းကျယ်တခုကို ထွင်းဖောက်ရောက်ရှိရန် ကြိုးစားနေဆဲဖြစ်သလို၊ ကြမ်းတမ်းသည့် ရေမြေသဘာဝနှင့် မိုးသည်းထန်ခြင်းက အဟန့်အတားပြုနေသည်။ ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် မိသားစုဝင်တချို့က ကလေးငယ်များသည် လိုဏ်ဂူအတွင်းရှိ ပတ္တယား ကမ်းခြေဟု တင်စား ခေါ်ဝေါ်နေသည့် နေရာတွင် ရှိနိုင်ကြောင်း တင်ပြရာ ဗိုလ်ချုပ်ကြီး ပရာယွဒ် ချန်အိုချာက “လုပ်ကြတာပေါ့။ သူတို့ အကုန်လုံး ဘေးကင်းရန်ကင်းထွက်လာပြီဆို ကျနော်တို့က သူတို့ကိုခေါ်ပြီး ပတ္တယားကမ်းခြေ သွားလည်ကြမယ်” ဟု နာမည်ကျော်ပတ္တယားကမ်းခြေကို ရည်ညွှန်း၍ ပြောဆိုသည့်အတွက် စိတ်ဝေဒနာခံစားနေရ သည့် မိဘများထံမှ အပြုံးများထွက်ပေါ်ခဲသည်။ ယင်းနောက် ဝန်ကြီးချုပ် ပရာယွဒ်က မိသားစုဝင်များအား စိတ်တင်းကျပ်မှုလျှော့ချရန် တရားထိုင်သင့်ပုံများကို ပြောပြကာ နှစ်သိမ့်ခဲ့ရာ လက်ခုပ်သံများဖြင့် သောင်းသောင်းဖျဖျ သြဘာပေး၍ ရယ်မောခဲ့ကြသည်။ ဝန်ကြီးချုပ်သည် ယခုခရီးစဉ်တွင် ဝိုင်းဝန်းကူညီကြသည့် နိုင်ငံခြား ကျွမ်းကျင်ပညာရှင်များကို ကျေးဇူူးစကားပြောကြား သည်။ ယနေ့နေ့လည်ပိုင်းကမူ လိုဏ်ဂူအတွင်းရှိ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများမှ တဆင့် ဓာတ်လိုက်မှုဖြစ်ပွားသည့် အတွက် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များတချို့ ဒဏ်ရာရရှိခဲ့သည်။ The post ကလေးများ၏ မိဘများကို ထိုင်းဝန်ကြီးချုပ် အားပေးနှစ်သိမ့် appeared first on ဧရာဝတီ.
Source : https://ift.tt/2tNTq4M
via IFTTT
Source : https://ift.tt/2tNTq4M
via IFTTT
ပင့်ကူလူသားရဲ့ ရန်သူတော်ကြီး ‘Morbius’ အဖြစ် သရုပ်ဆောင်မယ့် မင်းသား Jared Leto ဟောလိဝုဒ်မင်းသား Jared Leto ဟာ “Morbius: The Living Vampire” လို့အမည်ရတဲ့ ရုပ်ရှင်မှာ ပင့်ကူလူသားရဲ့ ရန်သူတော်ကြီး “Morbius” အဖြစ်သရုပ်ဆောင်ဖို့ လက်မှတ်ရေးထိုး သဘောတူလိုက်ပြီ ဖြစ်ပါတယ်။ “Safe House” နဲ့ “Life” ရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Daniel Espinosa က Sony ရုပ်ရှင်ထုတ်လုပ်ရေး အတွက် အဲဒီရုပ်ရှင်ကို ရိုက်ကူးပေးမှာဖြစ်ပါတယ်။ အသက် ၄၆ နှစ်အရွယ် မင်းသား Leto ဟာ အဲဒီရုပ်ရှင်မှာ လျှပ်စစ်ရှော့ခ် ကုထုံးနဲ့ လင်းနို့တွေကို ပေါင်းစပ်ထားတဲ့ စမ်းသပ်ကုသချက်တခုကို အသုံးပြုပြီး ရှားပါးတဲ့ သွေးရောဂါတခုကို ကုသဖို့ ကြိုးစားခဲ့တဲ့ နိုဘယ်ဆုရ ဇီဝဓာတုပညာရှင် Michael Morbius အဖြစ် ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ ဒါပေမယ့် စမ်းသပ်ချက် ရလဒ်ကဆိုးရွားခဲ့ပြီး သူဟာ သွေးစုပ်ဖုတ်ကောင်ရဲ့ စွမ်းရည်တွေ ရရှိခဲ့ပါတယ်။ Morbius: The Living Vampire ဟာ ပင့်ကူလူသားနဲ့ အကြိမ်များစွာ တိုက်ခိုက်ခဲ့ပေမယ့် တခါတရံ Morbius ဟာ သူမှန်တယ်ထင်ရန် သူရဲကောင်းဆန်တဲ့အလုပ်တွေကိုလည်း လုပ်တတ်ပါသေးတယ်။ Roy Thomas နဲ့ Gil Kane တို့ ဖန်တီးထားတဲ့ ဒီဇာတ်ကောင်ဟာ “Amazing Spider-Man” ရုပ်ရှင်မှာ ပထမဆုံးပါဝင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ အော်စကာဆုရမင်းသား Leto အတွက်တော့ ကာတွန်းဇာတ်ကောင်တခုကို ရုပ်ရှင်တခုမှာ သရုပ်ဆောင်ရတာ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။ သူဟာ Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Suicide Squad” ရုပ်ရှင်မှာလည်း ဗီလန် Joker အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ပင့်ကူလူသား ရုပ်ရှင်ထဲက ဇာတ်ကောင်တခုတည်းကို အထူးပြုရိုက်ကူး မယ့် “Morbius” ရုပ်ရှင်ဟာ ဒီနှစ် အောက်တိုဘာလမှာဖြန့်ချိတော့မယ့် မင်းသား Tom Hardy ရဲ့ “Venom” ရုပ်ရှင်လိုမျိုးပဲ ဖြစ်တယ်လို့ Sony က အတည်ပြုထားပါတယ်။ Ref: aceshowbiz The post ပင့်ကူလူသားရဲ့ ရန်သူတော်ကြီး ‘Morbius’ အဖြစ် သရုပ်ဆောင်မယ့် မင်းသား Jared Leto appeared first on ဧရာဝတီ.
Source : https://ift.tt/2tQfY4y
via IFTTT
Source : https://ift.tt/2tQfY4y
via IFTTT
Time မဂ္ဂဇင်းက အင်တာနက်ပေါ်မှာ လွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၂၅ ဦးစာရင်းကို ထုတ်ပြန် Time မဂ္ဂဇင်းကနေ ရွေးချယ်တဲ့အင်တာနက်ပေါ်မှ လွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၂၅ ဦးထဲကို ထုတ်ပြန်တဲ့အခါ နာမည် ကျော်ကြားသူ တဦးဖြစ်တဲ့ Kylie Jenner က Instagram နဲ့ Twitter အကောင့်တွေမှာ သူ့ရဲ့ ပရိသတ်အင်အား ရရှိထားမှုအပေါ် မူတည်ပြီး နံပါတ် ၁ နေရာမှာ ရပ်တည်နေတယ်လို့သိရပါတယ်။ Kylie ဟာ သမီးလေး Stormi Webster ကို မွေးဖွားခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့တဲ့အချိန်မှာ တင်ခဲ့တဲ့ ဓာတ်ပုံဟာ လူကြိုက်အများဆုံးဖြစ်ခဲ့ပြီး အဆိုတော် ဘီယွန်းစေးရဲ့ စံချိန်ကို ကျော်တက်ပြီး ထိပ်ဆုံးနေရာကို တက်လာခဲ့တာ ဖြစ်ပါတယ်။ အခုလိုမျိုး လွှမ်းမိုးမှုအရှိဆုံးလူပုဂ္ဂိုလ်စာရင်းမှာ ပါဝင်လာသူက အလှဘုရင်မတဦးဖြစ်တဲ့ အဆိုတော် Rihanna ဖြစ်ပါတယ်။ သူဟာ ပရိသတ်တော်တော်များများ Follow ထားတဲ့ Instagram အကောင့်ကို ပိုင်ဆိုင်ထားတဲ့ အပြင် ပြီးခဲ့တဲ့ မတ်လတုန်းကလည်း Snapchat ကို ကြော်ငြာကိစ္စနဲ့ပတ်သက်လို့ ဒေါ်လာ သန်း ၈၀၀ ဆုံးရှုံးအောင် လုပ်ခဲ့တာမျိုးတွေမှာလည်း လွှမ်းမိုးမှုတွေရှိခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ဓာတ်ပုံကို အိမ်တွင်း အကြမ်းဖက်မှုမှာ အသက်ရှင်ကျန်ရစ်သူ ဖြစ်တဲ့အကြောင်း တရားမဝင် ဖော်ပြထားတဲ့ ကြော်ငြာမှာ အသုံးပြုခဲ့တဲ့အတွက် Snapchat ကိုရှုတ်ချခဲ့ပါတယ်။ Twitter အကောင့်မှာ Follower ဦးရေ ၅၃ သန်းပိုင်ဆိုင်ထားတဲ့ အမေရိကန်သမ္မတ Donald Trump ကတော့ စာရင်းထဲမှာ Busy Philipps, အဆိုတော် Kanye West, ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ BTS နဲ့ Matt Drudge တို့နဲ့အတူပါဝင်လာခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ လက်နက်ကိုင်ဆောင်မှုဥပဒေကို ပြုပြင်ပြောင်းလဲ ပေးဖို့ တောင်းဆိုနေကြတဲ့ ဖလော်ရီဒါပြည်နယ်၊ Parkland မြို့က ကျောင်းသူကျောင်းသားတွေဟာလည်း Time မဂ္ဂဇင်းရဲ့ အဲဒီစာရင်းမှာ ပါဝင်လာပါတယ်။ Ref: etcanada The post Time မဂ္ဂဇင်းက အင်တာနက်ပေါ်မှာ လွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၂၅ ဦးစာရင်းကို ထုတ်ပြန် appeared first on ဧရာဝတီ.
Source : https://ift.tt/2yWfksm
via IFTTT
Source : https://ift.tt/2yWfksm
via IFTTT
ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် မရမချင်း တောင်းဆိုမည်ဟု CNF ခေါင်းဆောင် ပြော တိုင်းပြည်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပိတ်ဆို့မှုများ ရှိနေသော်လည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို မရမချင်း တောင်းဆို သွား မည်ဟု ချင်း အမျိုးသား တဦး (CNF) နာယက ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်း က ပြောသည်။ ဇွန်လ ၂၉ ရက်က နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ကျင်းပ သည့် ၁၅ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး အဖွင့် မိန့်ခွန်း တွင် ပြောခြင်း ဖြစ်သည်။ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းသည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ၏ ဒုတိယ ဥက္ကဋ္ဌ လည်း ဖြစ်သည်။ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက “ဗိုလ်ချုပ်အောင်ဆန်းက ခွဲထွက်ခွင့်ဆိုတာ တိုင်းရင်းသား လူမျိုးတွေရဲ့ ရပိုင်ခွင့် ဖြစ်တယ်။ သို့သော် ဒီခွဲထွက်မှုကို မကျင့်သုံးရအောင် ပြည်ထောင် စု ထဲက တိုင်းရင်းသား လူမျိုးတွေ ခွဲထွက် ချင်စိတ် မရှိအောင် လုပ်ဆောင်မှုက ဗမာလူမျိုးတွေရဲ့ တာဝန်ဖြစ်တယ် ဆိုပြီးတော့ အတိအလင်း ပြောထားခဲ့ပါတယ်” ဟု ပြောဆိုသည်။ တိုင်းရင်းသား လူမျိုးများ လိုအပ်ချက်ဖြစ်သည့် နိုင်ငံရေး အခြေခံမူ ၃ ချက် ဖြစ်သော ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူ ရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို ရရှိရန် စတင် တောင်းဆိုသည့် အချိန်ကစ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ ပိတ်ဆို့မှုများ ကြုံနေရပြီး ၂၁ ရာစု ပင်လုံ ညီလာခံကို မကျင်းပနိုင်ဘဲ ရပ်တန့်နေရသည်ကို တွေ့နိုင် ကြောင်း ၎င်းက ထောက်ပြ ဆွေးနွေးသည်။ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက “ကျနော်တို့ တိုင်းရင်းသား လူမျိုးတွေ ပြည်ထောင်စုထဲက ခွဲထွက်ချင်စိတ် မရှိအောင် မခွဲထွက် ရလေအောင် အာမခံချက်ပေးနိုင်တဲ့ နိုင်ငံရေး အခြေခံမူကတော့ စောစောက ပြောနေတဲ့ ဒီမိုကရေစီ ရေး၊ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး အပြည့်အဝရှိတဲ့ ပြည်ထောင်စု တည်ဆောက် ရေးပဲ ဖြစ်ပါတယ်” ဟုလည်း ပြောဆိုသွားသည်။ အစိုးရ ကိုယ်စားလှယ် UPDJC ၏ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ယခု ကျင်းပရန် ရှိသည့် တတိယ အကြိမ် မြောက် ၂၁ ရာစု ပင်လုံ ညီလာခံတွင် အနာဂတ်အတွက် ဖက်ဒရယ် အခြေခံမူများကို ပြီးပြတ်အောင် ညှိနှိုင်းဆွေးလို ကြောင်း အစည်းအဝေး၌ တိုက်တွန်းသည်။ ဒေါက်တာ တင်မျိုးဝင်းက “အခု ၃ ကြိမ်မြောက်မှာ (တတိယ အကြိမ် ၂၁ ပင်လုံ) ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေ ချမှတ် နိုင်အောင် ဖက်ဒရယ် အုတ်မြစ်ကို ခိုင်ခိုင်မာမာ စိုက်ထူဖို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားပြီးလည်း ဖြစ်ပါတယ်”ဟု ပြောဆိုသည်။ တတိယ အကြိမ်မြောက် ၂၁ ရာစု ပင်လုံ ညီလာခံ အစည်းအဝေးကို လာမည့် ဇူလိုင်လ အတွင်း ကျင်းပရန် သတ်မှတ် လျာထားကြောင်း သိရသည်။ တိုင်းရင်းသား ကိုယ်စားလှယ်များ၏ ခေါင်းဆောင် တဦးလည်းဖြစ်သူ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက တိုင်းရင်း သားများ ယုံကြည်မှု ရှိသဖြင့် ပြည်ထောင်စုကြီးကို ပူးပေါင်းထူထောင်ရန် ပင်လုံစာချုပ်အား လက်မှတ် ရေးထိုး ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ အခြေခံမူများကို အပြည့်အဝ အကောင်ထည် ဖော်ရန်အတွက် နှစ်ပေါင်း ၅၀ ခန့် ကတည်းက တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ယခု အချိန်အထိ ယင်းမူများကိုသာ ပြန်လည် တောင်းဆိုနေရ ကြောင်း ပြောဆိုသည်။ ၂၁ ရာစု ပင်လုံ ညီလာခံ အကြို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် မြေယာ၊ လုံခြုံရေး ကဏ္ဍ စသည့် ခေါင်းစဉ် ၅ ခုကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေး ပါတီ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက သက်ဆိုင်ရာ အစုအဖွဲ့အလိုက် ဆွေး နွေးမှုများကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက် အထိ နေပြည်တော် MICC – 2 တွင် ပြုလုပ်ပြီးနောက် ယင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်များကို ယခု ကျင်းပလျက်ရှိသည့် UPDJC တွင် ဆက်လက် အတည်ပြုမည်ဟု သိရသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာ သဘောတူညီချက်များ ချမှတ်ရမည့် ငြိမ်းချမ်းရေး ညီလာခံ အပါအဝင် နိုင်ငံရေး ဆွေးနွေးပွဲ အ ဆင့်ဆင့်ကို ကြီးကြပ် လမ်းညွှန်ရန် တာဝန်ရှိသည့် UPDJC ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ပြီး အစိုးရ၊ နိုင်ငံရေး ပါတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ မှ ကိုယ်စားလှယ် စုစုပေါင်း ၄၈ ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ The post ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် မရမချင်း တောင်းဆိုမည်ဟု CNF ခေါင်းဆောင် ပြော appeared first on ဧရာဝတီ.
Source : https://ift.tt/2lKrKKm
via IFTTT
Source : https://ift.tt/2lKrKKm
via IFTTT
Subscribe to:
Posts (Atom)