Galaxy Note 9 ကို သြဂုတ်လ ၉ ရက်နေ့မှာ မိတ်ဆက်မှာဖြစ်ကြောင်း Samsung ကြေညာ Samsung Galaxy Note ပရိတ်သတ်တွေ စောင့်မျှော်နေတဲ့ ‘Unpacked Event’ ကတော့ တရားဝင်ရက်သတ်မှတ်လိုက် ပြီဖြစ်ပါတယ်။ Samsung ဟာ Galaxy Note ဖုန်းတွေရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ Galaxy Note 9 ဖုန်းကို သြဂုတ်လ (၉) ရက်နေ့ကျရင် Brooklyn က Barclays Center မှာ မိတ်ဆက်သွားမှာဖြစ်ကြောင်း မီဒီယာတွေကို တရားဝင်ဖိတ်ကြားလိုက်ပြီဖြစ်ပါတယ်။ Galaxy Note 9 ဖုန်းကို မိတ်ဆက်မှာဖြစ်တယ်လို့ အတိအကျမရေးသားထားပေမယ့် ‘Unpacked Event’ ဟာ Samsung ရဲ့ Flagship ဖုန်းတွေကို မိတ်ဆက်နေကြပွဲဆိုတာ Samsung ပရိတ်သတ်တိုင်းသိပါတယ်။ ပြီးတော့ အခုနှစ် ဖေဖော်ဝါရီလက လုပ်ခဲ့တဲ့ Unpacked ပွဲမှာ Galaxy S9 နဲ့ S9+ ကို မိတ်ဆက်ခဲ့တာကြောင့် ဒီတခါ အလှည့်ကျသူက Galaxy Note 9 ပဲ ဖြစ်ပါတယ်။ ပွဲဖိတ်တဲ့ဓာတ်ပုံမှာဖော်ပြထားတာကလည်း Note Series ရဲ့ အထင်ကရ S Pen Stylus ပုံဆိုတော့ Note 9 ဆိုတာ မပြောလည်း သေချာပါတယ်။ Galaxy Note 9 နဲ့ ပတ်သက်ပြီး လတ်တလောသိရှိထားသလောက်ကတော့ Note 9 ဟာ Note 8 လိုပဲ ကင်မရာပိုင်း အဆင့်မြှင့်တင်ထားတဲ့မော်ဒယ်အဖြစ် ထွက်ရှိလာနိုင်ပါတယ်။ Galaxy S9 တုန်းကလည်း အရင်မော်ဒယ် Galaxy S8 ကိုမှ ကင်မရာ Upgrade လုပ်ပြီး ထွက်ရှိခဲ့တာကြောင့် Note 9 လည်း အလားတူ လမ်းစဉ်ကို လိုက်ဖို့ရှိပါတယ်။ ဒါပေမယ့် Samsung ဟာ Galaxy Note တွေမှာ နည်းပညာအသစ်တွေကို ထပ်ပေးလေ့ရှိတာကြောင့် Galaxy Note 9 မှာ ကင်မရာ Upgrade အပြင် In-Display Fingerprint Sensor နည်းပညာကိုလည်း တွေ့မြင်နိုင်ခြေရှိတယ်လို့ ခန့်မှန်းထား ကြပါတယ်။ ဒီ့အပြင် S Pen ကို ဦးစားပေးဖော်ပြထားပုံထောက်ရင် S Pen မှာလည်း ထူးခြားတဲ့နည်းပညာအသစ်တွေ ပါဝင်လာဖို့ များပါတယ်။ Samsung Galaxy Note 9 ဟာ ဘယ်လိုထူးခြားတဲ့ Feature တွေနဲ့ ထွက်ရှိလာမလဲဆိုတာကိုတော့ Unpacked ပွဲမှာ စောင့်ကြည့်ရမှာပါ။ စိတ်ဝင်စားသူတွေအနေနဲ့ Unpacked ပွဲကို Samsung ရဲ့ တရားဝင်ဝဘ်ဆိုဒ်ကနေလည်း တိုက်ရိုက် ကြည့်ရှုနိုင်မှာပါ။ Ref: The Verge, Engadget The post Galaxy Note 9 ကို သြဂုတ်လ ၉ ရက်နေ့မှာ မိတ်ဆက်မှာဖြစ်ကြောင်း Samsung ကြေညာ appeared first on ဧရာဝတီ.
Source : https://ift.tt/2Kwkv3e
via IFTTT
No comments:
Post a Comment