Wednesday, June 27, 2018


မယ့်လိမ့်လုံဆိုင်ရှင်အမှု တရားလိုရှေ့နေများကို ပါဝါပြန်ရုတ် မယ့်လိမ့်လုံစားသောက်ဆိုင်ပိုင်ရှင်က ဓမ္မတာနှင့်ဆန့်ကျင့်သည့် လိင်တူပြုကျင့်ခဲ့သည်ဟုဆိုကာ ပုဒ်မ ၃၇၇ ဖြင့် တရားစွဲဆိုထားမှုတွင် တရားလိုအမှုလိုက်ရှေ့နေများမှ ယနေ့ရုံးချိန်တွင် ပါဝါပြန်ရုတ်သိမ်းခဲ့သည်။ ပါဝါရုတ်သိမ်းခဲ့သည့်ရှေ့နေများသည် Legal Clinic Myanmar(ဥပဒေရေးရာကုစားရေး(မြန်မာ))အဖွဲ့မှ ရှေ့နေ များဖြစ်ပြီး ယင်းသို့ပါဝါရုတ်သိမ်းပေးရန် တရားလိုဘက်က တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တရားလိုအား ကူညီပေးနေသူ မနှင်းနုအေးက “ ခုလက်ရှိအခြေအနေက အမှုနဲ့ပတ်သက်ပြီး ကျမတို့သိပ်နားမ လည်နိုင်ဘူး၊ ကျမတို့နောက်ထပ်ရှေ့နေ ငှားဖို့အစီအစဉ်ရှိလို့ လက်ရှိ ရှေ့နေတွေကို ပါဝါရုတ်ဖို့ တောင်းဆိုခဲ့တာပါ”ဟုပြောသည်။ ယနေ့ရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် စစ်ဆေးရန်ဆင့်ခေါ်ထားသူများအနေဖြင့် တရားရုံးသို့လာရောက် သတင်းပို့ခြင်းမရှိခဲ့သည့်အတွက် အမှုအား စစ်ဆေးနိုင်ခြင်းမရှိခဲ့ဘဲ ဇူလိုင် ၁၁ ရက်နေ့ကို ရုံးချိန်းထပ်မံချိန်းဆိုခဲ့သည်။ တရားလိုဖြစ်သူ ကိုထွန်းထွန်း(အမည်လွဲ)က “ ကျနော့ရဲ့ ရှေ့နေမရှိသေးတဲ့အတွက် အမှုကို မစစ်ဆေးစေချင် ပါဘူး၊ ကျနော်တောင်းဆိုတာပါ”ဟု တရားခွင်အတွင်း ပြောဆိုသည်။ အမှုတွင် တရားလိုအပါအဝင် တရားလိုပြသက်သေ ၁၁ ဦးရှိသည့်အနက် ၂ ဦးသာစစ်ဆေးရသေးပြီး ဆက်လက်စစ်ဆေးရန်အတွက် တရားလိုဘက်က အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်မှုမှာ ရုံးချိန်းနှစ်ကြိမ်ဆက်ရှိပြီဖြစ်သည်။ တောင်ဥက္ကလာပမြို့နယ် တရားသူကြီးအနေဖြင့် လာမည့်ရုံးချိန်းတွင် အမှုအား ကြိမ်းသေစစ်ဆေးမည်ဖြစ်ပြီး တရားလိုပြသက်သေအဖြစ် လက်ရှိခေါ်ထားသူများအပြင် နောက်ထပ် ၃ဦးကိုလည်း ဆင့်ခေါ်စာထုတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယနေ့ရုံးချိန်းတွင် မယ့်လိမ့်လုံဆိုင်ပိုင်ရှင် ကိုအောင်မျိုးထွဋ်၏ ရှေ့နေဖြစ်သူမှ အချုပ်လွတ်ထုချေခွင့်လျှောက် ထားမှုကိုလည်း တရားရုံးက ပယ်ချခဲ့သည်။ တရားလိုဘက်မှ ရုံးချိန်းပျက်ကွက်မှုနေသည့်အတွက် စွပ်စွဲခံထားရသူ မယ့်လိမ့်လုံဆိုင်ပိုင်ရှင် ကိုအောင်မျိုးထွဋ် အနေဖြင့် နစ်နာရပြီး အမှုအား တရားလိုဘက်က အချိန်ဆွဲနေခြင်းဖြစ်ကြောင်း စွပ်စွဲခံရသူ၏ရှေ့နေ ဒေါ်အေးအေးသက်က ပြောသည်။ အဆိုပါ အမှုတွင် ရုံးတော်သို့တင်ပြထားသည့် ဆေးစစ်ချက်များအရ တရားလိုဖြစ်သူ၏ ခန္ဓာကိုယ်တွင် ပြင်ပဒဏ်ရာများ မတွေ့ရှိရကြောင်း၊ စအိုတွင် လတ်တလောဒဏ်ရာမတွေ့ရကြောင်း ဖော်ပြထားပြီး လတ်တလော(စအို)အား ပြုကျင့်ထားခြင်းရှိ၊ မရှိကို ဆေးပညာအနေဖြင့် ထင်မြင်ချက်အတိအကျမပေးနိုင်ကြောင်း ဖော်ပြထားသည်။ တရားလို၏ပြောကြားချက်အရ ပြုကျင့်ခံရသည်မှာ မတ်လ ၇ ရက်နေ့ညပိုင်းကဖြစ်ပြီး အမှုဖွင့်တိုင်ကြားကာ ဆေးစစ်ချိန်သည် မတ်လ ၉ ရက်နေ့ဖြစ်သည့်အတွက် နာရီ ၃၀ ကျော်ကြား ကွာခြားလျှက်ရှိသည်။ ထို့ပြင် စွပ်စွဲခံထားရသူမှာ HIV ဝေဒနာရှင်တဦးဖြစ်သည့်အတွက် ပြုကျင့်ခံရသည်ဆိုသည့် ကိုထွန်းထွန်းအနေဖြင့် ကူးစက်ခံထားရမှုရှိ၊ မရှိကို သိရှိနိုင်ရန် ဆေးစစ်မှုများ ထပ်မံပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။ မယ့်လိမ့်လုံဆိုင်ရှင်အား အမှုဖွင့်ထားသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇ တွင် ယောကျ်ားနှင့်ဖြစ်စေ၊ မိန်းမနှင့် ဖြစ်စေ၊ တိရိစ္ဆာန်နှင့်ဖြစ်စေ မည်သူမဆို မိမိအလိုအလျောက် ဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှုကိုပြု လျှင် ထိုသူကို တသက်တကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိထောင်ဒဏ်တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဌာန်ထားသည်။ The post မယ့်လိမ့်လုံဆိုင်ရှင်အမှု တရားလိုရှေ့နေများကို ပါဝါပြန်ရုတ် appeared first on ဧရာဝတီ.
Source : https://ift.tt/2tzzZ03
via IFTTT

No comments:

Post a Comment