Friday, June 29, 2018


မိုက်ကယ်ဂျက်ဆင်ရဲ့ ဖခင် Joe Jackson အသက် ၈၉ နှစ်အရွယ်မှာ ကွယ်လွန် နာမည်ကျော် Jackson 5 အဖွဲ့ကို ထူထောင်သူနဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ ဖခင်ဖြစ်သူ Joe Jackson ဟာ ဇွန်လ ၂၈ ရက်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့အကြောင်း မိသားစုဝင်တွေက ပြောကြားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ သူဟာ အသက် ၈၉ နှစ်ရှိပြီဖြစ်ပါတယ်။ သားသမီး ၁၁ ဦးထဲမှ သမီးဖြစ်သူ Pop အဆိုတော် La Toya Jackson က ဖခင်ဖြစ်သူနဲ့ပတ်သက်လို့ ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ဖခင်ကို အရမ်းလေးစားခဲ့ရတယ်လို့ဆိုပါတယ်။ သမီးဖြစ်သူ အဆိုတော် La Toya က “အဖေ့ကိုအမြဲတမ်း ချစ်နေမှာပါ။ အဖေက ကျမတို့ကို ခွန်အားတွေပေးတယ်။ ကမ္ဘာပေါ်မှာ နာမည်အကျော်ကြားဆုံးမိသားစုတခုဖြစ်အောင် လုပ်ပေးခဲ့ပါတယ်။” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။ မြေးဖြစ်သူ Randy Jackson Jr က “အရာအားလုံးကို ဖြစ်နိုင်အောင်လုပ်ပေးခဲ့တဲ့ဘုရင်ကြီး အေးချမ်းစွာ နားစက်ပါတော့။ အဘိုးကို ချစ်တယ်” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။ မိသားစု ကိုယ်စားလှယ်တွေကတော့ Joe ကွယ်လွန်မှုနဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက် ထုတ်ပြန်ပေးဖို့ တောင်းဆိုမှုကို တုန့်ပြန်တာတော့ မရှိသေးပါဘူး။ ဒါပေမယ့် ဖျော်ဖြေရေး ဝက်ဘ်ဆိုက်တွေ ဖြစ်တဲ့ TMZ နဲ့ ET တို့က Joe ဟာ ဇွန်လ ၂၇ ရက်မနက်ပိုင်းမှာ ကင်ဆာ ရောဂါကိုခံစားရပြီးတဲ့နောက် လော့စ်အင်ဂျလိစ်မြို့မှာ ကွယ်လွန်ခဲ့တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်တုန်းကတော့ သူမကြာမီအသက်သေဆုံးနိုင်တဲ့အကြောင်း Joe က အရိပ်အမြွက်ပြောကြား ခဲ့ပါတယ်။ သူက “ကျနော်ကြည့်ဖို့ကျန်သေးတာတွေထက် နေဝင်ချိန်တော်တော်များများကို တွေ့ြ့မင်ခဲ့ရပြီးပါပြီ။ အချိန်ကျလာရင် နေထွက်လာပြီး ကြိုက်ကြိုက်၊ မကြိုက်ကြိုက် အချိန်ကျလာရင် နေဝင်ရမှာပါ” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။ သားသမီး ၁၁ ဦးရဲ့ ဖခင်၊ တင်းကျပ်တဲ့စည်းမျဉ်းချမှတ်သူ၊ အင်ဒီယားနားပြည်နယ်၊ ဂယ်ရီမြို့က စတီးအလုပ်သမား Joe ဟာ ဂီတသမိုင်းတခုကို ထူးထူးခြားခြားပြောင်းလဲနိုင်ခဲ့တာ မရှိပေမယ့် သူ့မိသားစုကနေ The Jackson 5 အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့တဲ့ အအောင်မြင်ဆုံးမန်နေဂျာတယောက် ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ နာမည်အကြီးဆုံးသားဖြစ်တဲ့ Pop ဘုရင် မိုက်ကယ်ဂျက်ဆင်ဟာ ခါးပတ်နဲ့ သူ့ကို ရိုက်ခဲ့တဲ့ ဖခင်ဖြစ်သူကို ခွင့်လွှတ်တဲ့အကြောင်း သေတမ်းစာမှာ ထည့်သွင်းရေးသားခဲ့ဖူးပါတယ်။ Ref: asiaone The post မိုက်ကယ်ဂျက်ဆင်ရဲ့ ဖခင် Joe Jackson အသက် ၈၉ နှစ်အရွယ်မှာ ကွယ်လွန် appeared first on ဧရာဝတီ.
Source : https://ift.tt/2tKYtmo
via IFTTT

No comments:

Post a Comment