“ည ၈းဝဝ နာရီထိုးပြီ၊ သမီး ဂျူးဂျူးရေ ဆေးသောက်ချိန် ရောက်နေပြီ” လို့ အမျိုးသမီးကြီးတစ်ဦးက အသက် ကိုး နှစ်အရွယ် ကလေးငယ်ကို သတိပေးလိုက် ပါတယ်။ ကလေးငယ်က ဆေးရောင်ခြယ် နေတဲ့ ရုပ်ပုံကားချပ်လေးကို ဘေးမှာချ ထားပြီး၊ သူသောက်နေကျဆေးဘူးလေး ကို ကိုင်လိုက်ပါတယ်။ ကလေးငယ်သောက်နေတဲ့ ဆေးက အိတ်ချ်အိုင်ဗီ ဆက်မတိုးအောင် သောက်ရ တဲ့ အေအာရ်ဗီဆေးပါ။ သည်ကလေးလေးနဲ့ မနွယ်ဆုံစည်းဖို့ အကြောင်းဖန်လာတာက မနွယ်ရဲ့ သမီး လေး မေသင်္ကြန်ကြောင့်ပါပဲ။ တစ်နေ့ မနွယ်တစ်ယောက် အိမ်ရှေ့ ဆိုင်လေးမှာ ဈေးရောင်းနေချိန် သူ့ရဲ့အ သက် ကိုးနှစ်အရွယ် သမီးငယ်လေး မေ သင်္ကြန်က သူ့ရဲ့ကျောင်းက သူငယ်ချင်း အကြောင်းကို လာပြောပြနေပေမဲ့ အလုပ် များနေတာကြောင့် စိတ်မဝင်စားဘဲ လုပ် လက်စအလုပ်တွေကို ဆက်လုပ်နေမိပါ တယ်။ သူငယ်ချင်းအကြောင်း ပြောနေတဲ့ သ မီးငယ်ဆီကနေ ငိုုသံကြားလိုက်တဲ့အချိန် မှာပဲ သူက လုပ်လက်စအလုပ်တွေကို ရပ် ပြီး သမီး ဖြစ်သူကို ကြည့်ကာ စိတ်ဝင်စား တဲ့ပုံနဲ့ နားထောင်လိုက်ပါတယ်။ 'မေမေရယ် သဲရဲ့ သူငယ်ချင်းက ရေယုန်ပေါက်နေတာ အကြီးကြီးပဲ၊ ခါးနား မှာ၊ အပြည့်ပေါက်လာရင်သေရတော့ မယ်၊ အခု အစားလဲမဝင်တော့ဘူး၊ သူ ငယ်ချင်းကို ပဲနို့ရည်လေးတိုက်ချင်လို့ပါ၊ နက်ဖန်ပိုက်ဆံ ၅ဝဝဝ လောက် ပေးနော်လို့ အဆက်မပြတ်ပြောရင်း ငိုနေတယ်၊ သမီး ငယ်ပြောပြနေတဲ့ သူ့သူငယ်ချင်း အ ကြောင်းကို ပိုပြီး စိတ်ဝင်စားရင်း ဆက်နား ထောင်နေလိုက်ပါတယ်။ သမီးဖြစ်သူပြောပြတဲ့ သူ့ရဲ့ အတန်း ဖော်သူငယ်ချင်း ဂျူးဂျူးဟာ အဖေ၊ အမေ မရှိတော့ဘူးဆိုတဲ့ အကြောင်းနဲ့ ဦးလေး တော်စပ်သူရဲ့ လက်ပြန်ရိုက်ချက်ကြောင့် နှာခေါင်းက ဒဏ်ရာက အနာက ပြည်တွေ အမြဲထွက်နေလို့ အတန်းထဲက အခြား ကလေးတွေရဲ့ရှောင်ဖယ်နေတာကို ခံနေ ရတယ်ဆိုတာကို သိလိုက်ရပါတယ်။ “နင်က အဖေနဲ့ အမေနဲ့ နေနေရသေး တယ်၊ ငါနေတဲ့ အခန်းလေးက မှောင်နေ တာပဲ၊ ကျဉ်းကလဲ ကျဉ်းတယ်၊ အနံ့တွေကလဲ ဆိုးတော့ ဘယ်သူမှ ငါ့နားမကပ်ချင် ကြဘူးတဲ့၊ သမီးပြောပြတဲ့ ဒီစကားက ကျွန်မနှလုံးသားကို နာကျင်စေတယ်လေ” လို့ အသက် ၄၀ ကျော်အရွယ် မနွယ်က သူ နဲ့ မလှမ်းမကမ်းမှာ စာထိုင်ရေးနေတဲ့ ခေါင်းတုံးဆံပင်ပေါက် ကလေးငယ်ကို တစ်ချက်လှမ်းကြည့်လိုက်ပါတယ်။ သမီးဆက်ပြောတဲ့ စကားသံကြောင့် မနွယ်ဟာ သမီးကယ်တင်စေချင်တဲ့ ဂျူး ဂျူးလေးအကြောင်းကို စိတ်ဝင်စားပြီး ကိုယ်တိုင်သွားတွေ့ပြီး ကယ်တင်ဖို့ ဆုံး ဖြတ်ချက်ချလိုက်ပါတယ်။ မနွယ်ကိုယ်တိုင် သမီးရဲ့ ကျောင်းကို လိုက်သွားပြီး ဆရာမတွေနဲ့့ တိုင်ပင်တယ်။ ဂျူးဂျူးလေးနေရာကို လိုက်သွားပြီး အ ခြေအနေကို ကြည့်လိုက်ပါတယ်။ သူမြင်လိုက်ရတဲ့ မြင်ကွင်းက မှောင်မဲ နေတဲ့ အခန်းထောင့်လေးမှာ ကလေးငယ် တစ်ဦးဟာ သူ့ကို အားကိုး တကြီးနဲ့ ကြည့် နေတာကို သူမြင်လိုက်ရတာပါပဲ။ “သူ့ကို စတွေ့တော့ ကျွန်မ ငိုမိတယ်၊ နှာခေါင်းဒဏ်ရာက ပုပ်နေပြီ၊ အနံ့တွေကလဲ ထွက်လို့ပေါ့၊ ကျွန်မသမီးသာဆို ရင် ဆိုတဲ့ စိတ်နဲ့ သူ့ကို မရရအောင်ကယ် မယ်ဆိုတဲ့ စိတ်ဝင်သွားတာပါ၊ ရင်ထဲမှာ ဆို့ပြီး ချက်ချင်းကိုပွေ့ပြီး ပါလာတဲ့ အဝတ်ကို ဝတ်ပေးလိုက်တာ”လို့ သူ့ခံစားချက်ကို ပြောပြပါတယ်။ တားကြပေမဲ့ သည်လိုရောဂါအခံရှိနေတဲ့ ကလေး ငယ်ကို မနွယ်စောင့်ရှောက်ပြီး မွေးစား မယ်ဆိုတဲ့အကြောင်း မိတ်ဆွေတွေ သိတဲ့ အချိန်မှာ တားမြစ်ခံခဲ့ရပါတယ်။ သမီးအရင်းနဲ့ ရွယ်တူကလေးငယ်ကို တစ်အိမ်ထဲ မှာ အတူနေစေပါက သမီးငယ်မှာပါ အန္တ ရာယ်ရှိနိုင်တာကြောင့် နေအိမ်မှာ မခေါ် ထားဖို့ ဝိုင်းတားကြပေမဲ့ မနွယ်လက်မခံခဲ့ ပါဘူး။ ခရီးထွက်နေတဲ့ အမျိုးသားကို အကျိုး အကြောင်းလှမ်းပြောပြတော့ သမီး သိပ် ချစ်တဲ့ သူ့သူငယ်ချင်းကို ကယ်ဖို့နဲ့ အိမ်မှာ တစ်ခါတည်းခေါ်ထားဖို့ ခွင့်ပြုချက်ရရှိပါ တယ်။ “နဂိုကတည်းက ကလေးလဲ ချစ်တော့ ဒီကလေးမှာ ရောဂါရှိနေပေမဲ့ ပစ်ပယ် မထားပါဘူး၊ ကျွန်မသမီးနဲ့ တန်း တူထား တယ်၊ သူ့ကို ရသလောက် ကယ်မယ်˘လို့ မနွယ်က ဘေးနားမှာလာရပ်နေတဲ့ ခေါင်း တုံးဆံပင်ပေါက်နဲ့ ကလေးငယ်ကို ပွေ့ဖက် ရင်း ပြောပြပါတယ်။ သည်ကလေးနာမည်က 'ဂျူးဂျူး˘ တောင်ကြီးမြို့ ရပ်ကွက်တစ်ခုက ကျောင်း မှာ ကျောင်းတက်နေရင်းက မနွယ်တို့ မိ သားစုနဲ့ စတင်ဆုံစည်းခဲ့တာ တစ်နှစ်ရှိပါ ပြီ။ အသက် ကိုးနှစ်အရွယ်မှာပဲ ဒုက္ခမျိုးစုံ ရင်ဆိုင်နေရတဲ့ ကလေးတစ်ဦးပါ။ သူမွေးစကတည်းက မိဘတွေဆီက နေ ကူးစက်လာတဲ့ အိတ်ချ်အိုင်ဗီ ပေါ့စ တစ်နဲ့ စတင်ရင်ဆိုင်ခဲ့ရပြီး မိဘနှစ်ဦးလုံး သည် ရောဂါနဲ့ သေဆုံးသွားပြီးတဲ့ အချိန်မှာ ကံဆိုးမှုတွေ ဆက်တိုက်ရောက်လာပါ တော့တယ်။ မောင်နှမအရင်းတွေ ရှိနေပေမဲ့ သူ့ တစ်ယောက်တည်းသာ သည်ရောဂါပါ လာလို့ အစ်ကိုနဲ့ အစ်မအရင်းတွေက သူတို့ကိုယ်ပိုင် မိသားစုတွေ ရှိနေတာ ကြောင့် သူ့ကို မစောင့်ရှောက်နိုင်သလို သည်ရောဂါအကြောင်းကိုလည်း အခြား သူတွေ မသိစေချင်ကြပါဘူး။ ဒါကြောင့် အဒေါ်ဖြစ်သူ အိမ်မှာ နေရင်း ကျောင်း တက်နေရတာပါ။ ဦးလေးဖြစ်သူရဲ့ လက်နဲ့ ရိုက်မိတဲ့ ဒဏ်ကြောင့် နှာခေါင်းမှာ ဒဏ်ရာရကာ သည်ဒဏ်ရာကနေ နေ့တိုင်း ပြည်ပုပ် တွေ ကျနေတာကြောင့် ရောဂါဆိုးရွားလာတဲ့ နေ့တွေမှာ ကျောင်းတက်မမှန်ပါဘူး၊ နှာခေါင်းက ဒဏ်ရာဟာ ကင်ဆာအဆင့် ကို ရောက်နေတယ်ဆိုတာကို ဆေးရုံ ရောက်တဲ့ အချိန်မှ မနွယ်တို့ စတင်သိ လိုက်ရတာပါ။ ဂျူးဂျူးလေးကို သွားတွေ့မယ်ဆိုပြီ း ဆုံးဖြတ်လိုက်ကတည်းက စပြီး သူ့ရဲ့ သမီး ငယ်က ဂျူးဂျူးလေးအတွက် ဝယ်ပေးစေ ချင်တဲ့ အိပ်ရာခင်း အသစ်တစ်စုံ၊ ခြင် ထောင်၊ ဖက်လုံးနဲ့ မီးအိမ်ငယ်လေးကို ကားပေါ်မှာ တစ်ခါတည်း ယူဆောင်သွား ခဲ့ပါတယ်။ ဆေးရုံရောက်တဲ့အချိန်မှာ ပဲ နှာခေါင်း က ဒဏ်ရာကို ချက်ချင်းအရေးပေါ် ခွဲစိတ်ရမှာကြောင့် သွေးလိုတာ ကိုယ်တိုင်ရှာ ဖွေပြီး ဆွေမျိုးတွေရဲ့ အကူအညီနဲ့ ဆေးရုံ မှာ စောင့်ရှောက်ရင်း ကလေးငယ်ကို သူ့ အသက်မသေမချင်း စောင့်ရှောက်မယ်ဆို တဲ့ စိတ်တွေ ဖြစ်နေမိတယ်လို ့မနွယ်က ပြောပါတယ်။ ဂျူဂျူးလေးကို မနွယ်တစ်ယောက် ပြုစုနေတာ လက်ရှိအချိန်မှာ နှာခေါင်းက ဒဏ်ရာကို ကာကွယ်ဆေးသွင်းနေတာ ခြောက်ကြိမ်ရှိပါပြီ။ မနွယ်တို့အိမ်ကို စရောက်ချိန်ကဆို ဂျူးဂျူးလေးဟာ နှာခေါင်းက အနာ ကြောင့် ညတိုင်းမအိပ်နိုင်လို့ မနွယ်ကိုယ် တိုင် ရင်ခွင်ထဲ ထွေးပွေ့ပြီး ပြုစုစောင့် ရှောက်ရပေမဲ့ စိတ်မပျက်ဘူးလို့ ပြောပါ တယ်။ 'အနာက ထွက်တဲ့ ပြည်ပုပ်တွေကို သုတ်ပေးတာ တစ်ည တစ်ည တစ်ရှူး နှစ်လိပ်တောင် ကုန်တယ်၊ မရွံပါဘူး”လို့ မနွယ်က နှာခေါင်းက ဒဏ်ရာကို ပြုစုခဲ့ရပုံ ကို ပြန်ပြောပြတယ်။ ဂျူးဂျူးလေး လက်ရှိ သောက်နေတဲ့ အေအာရ်ဗီဆေးကို ဆေးရုံတွေမှာ သွား ယူတဲ့အချိန်မှာ ကိုယ်တိုင်သွားလေ့ရှိပြီး သည်လိုသွားယူရတဲ့ အတွက် မရှက်ဘူး လို့ ဆိုပါတယ်။ ဆရာဝန်တွေက မိသားစု တွေကို အိတ်ချ်အိုင်ဗီနဲ့ ပတ်သက်တဲ့ နှစ် သိမ့်ပညာပေးတာတွေကိုလည်း သူနား ထောင်တယ်လို့ ဆိုပါတယ်။ ဂျူးဂျူးလေးရဲ့ မိဘတွေက သည်ရော ဂါနဲ့ သေဆုံးသွားတာကို သိတဲ့ ကျောင်း သားမိဘအတော်များများက သည်လို ရောဂါရှိနေတဲ့ ကလေးမျိုးနဲ့ တစ်ခုံတည်း ထိုင်တာမျိုး မလုပ်ဖို့နဲ့ ကျောင်းကနေ ထွက်ခိုင်းဖို့ ကျောင်းက ဆရာမတွေကို ဖိအားပေးတာတွေ ရှိပေမဲ့ မနွယ်ကတော့ ဂျူးဂျူးလေး ခွဲခြား ဆက်ဆံတာ မျိုးမခံရ အောင် ကျောင်းကို ကိုယ်တိုင်ပို့ပြီး အား ပေးတယ်လို့ ဆိုပါတယ်။ မနွယ်ရဲ့ သမီးလေး မေသင်္ကြန်ဆိုရင် လည်း သူ့သူငယ်ချင်း ဂျူးဂျူးလေး အ သက်ရှင်အောင် မိဘတွေကို မကြာခဏ ပြောပြလေ့ရှိပေမဲ့ သူပြောပြပြီး သုံးလ ကျော်ကြာမှာသာ မိဘတွေ သတိထားမိ ကြတာပါ။ သနားမိတယ် သူနဲ့ အတူ ကျောင်းမှာ တစ်ခုံတည်း ထိုင်တဲ့ ဂျူးဂျူးလေးကို အခြားသူငယ်ချင်း တွေက စနောက်တာမျိုးဆိုရင် သူက လက် မခံဘဲ ပြန်လည်တုံ့ပြန်တတ်ပါတယ်။ နှာ ခေါင်းကနေ အမြဲထွက်နေတဲ့ ပြည်ပုပ် တွေနဲ့ ခါးမှာ ပေါက်နေတဲ့ ရေယုန်နာကို ကြည့်ရင်း သူငယ်ချင်းကို သနားမိတယ်လို့ အသက် ကိုးနှစ်အရွယ် ကလေးငယ် မေ သင်္ကြန်က ပြောပြပါတယ်။ သူငယ်ချင်းဖြစ်သူက ခါးက ရေယုန် နာကို လှမ်းပြပြီး သည်အနာတစ်ပတ်ပြည့် ရင် သေတော့မယ်ဆိုတဲ့ ပြောစကား ကြောင့် ကျောင်းကနေ အိမ်ပြန်ရောက်ချိန် မှာ သူငယ်ချင်းကို ကယ်ဖို့ မိခင်ကို ငိုပြီး ပြောခဲ့ရတာပါ။ ကင်ဆာဆေးသွင်းထားတဲ့ အရှိန် ကြောင့် ခေါင်းတုံးတုံးထားရတဲ့ သူငယ် ချင်းကို အခြားအတန်းဖော်တွေက “ကတုံးမ”လို့ စရင် မခံဘဲ ပြန်ရန်တွေ့တတ်သလို သူငယ်ချင်း ဂျူးဂျူးနေမကောင်းချိန်မှာ မိခင်နား တစ်ချိန်လုံးကပ်နေရင်တောင် မနာလိုစိတ်မဖြစ်ဘဲ သံယောဇဉ်ကြီးမား သူ တစ်ဦးပါ။ သူ့ကို ပစ္စည်းတစ်ခုခု ဝယ်ပေးရင် အ တူနေတဲ့ သူငယ်ချင်းကိုပါ ဝယ်ပေးဖို့ ပြောဆိုတတ်တာကြောင့် နှစ်ယောက်လုံးကို အမြဲအတူဝယ်ပေးမှ ကျေနပ်တာလို့ မေသင်္ကြန် လေးက ပြောပါတယ်။ 'သူ့အနားကနေ ယားလို့ သွေးတွေ ထွက်လာရင် သိပ်သနားတာပဲ၊ သမီးကြီး လာရင် ဆရာဝန်လုပ်ပြီး၊ ဂျူးဂျူးကို ပြုစု မှာ”လို့ စားပွဲပေါ်မှာ ထိုင်ရင်းစာရေးနေတဲ့ သူငယ်ချင်းဘက်ကို လှည့်ကြည့်လိုက်ပါတယ်။ မနွယ်ကတော့ သမီးဖြစ်သူနဲ့ ဂျူးဂျူး ကို တစ်တန်းတည်းထားပေမဲ့ သမီးဖြစ်သူ ကို ကျန်းမာရေးအသိရှိအောင်၊ မကူးစက် အောင် နေထိုင်ဖို့ သင်ပေးထားပြီး သူငယ် ချင်းအပေါ် မေတ္တာထားဖို့၊ မိဘတွေကို နားလည်ဖို့ သင်ပေးထားတယ်လို့ ဆိုပါ တယ်။ မနွယ်ကတော့ သူ့သမီး မေသင်္ကြန် ဟာ ငယ်ငယ်ကတည်းက သူများရဲ့ အပူ တွေကို မျှဝေတတ်သူတစ်ဦး ဖြစ်တယ်လို့ သမီးနဲ့ ပတ်သက်တဲ့ အမှတ်တရကို ပြန် ပြောပါတယ်။ 'သူတို့ ကျောင်းက ၁၀ တန်းကျောင်း သူတစ်ဦး ငိုနေတာကို ကြည့်ရင်း သမီးက မမ ဘာလို့ငိုတာလဲ ဆိုပြီး ဘေးနားထိုင် ချော့နေတာ၊ နောက်ဆုံးတော့ ဆရာမ ကိုယ်တိုင် မေသင်္ကြန်ရယ်၊ နင်က ငိုလိုက်၊ နင့်အမေက ကယ်လိုက်နဲ့ အိမ်မှာ လူတွေ များလာလိမ့်မယ်လို့ ကို ပြောယူရတယ်”လို့ ပြောရင်း ရယ်နေပါတယ်။ မနွယ်ကတော့ သမီးအရင်းရဲ့ မွေးနေ့ ရောက်ရင် ကျောင်းက အခန်းဖော်တွေကို မုန့်ဝေပေးရင် ကိုယ်တိုင်မလိုက်ဘဲ သား အကြီးတွေနဲ့ ထည့်ပေးတတ်ပေမဲ့ ဂျူးဂျူး လေးမွေးနေ့မှာတော့ ကိုယ်တိုင်ကျောင်း ကို သွားပြီး မုန့်ဝေပေးရင်း အခြားကလေး တွေလို မိဘရှိကြောင်း သက်သေပြတဲ့ အ နေ နဲ့ လိုက်သွားခဲ့တယ်လို့ ပြောပြပါတယ်။ 'ကျွန်မ ကျောင်းကိုလိုက်သွားတော့ ဂျူးဂျူးက သူ့သူငယ်ချင်းတွေကို လှမ်း ပြောတာ ကျွန်မကြားတယ်၊ ငါ့အမေပါလာ ပြီ၊ ငါ့အမေက ဝတုတ်၊ ငါ့ကိုစော်ကားတဲ့ သူဆိုရင် ဝိတ်နဲ့ဖိမှာတဲ့၊ သူအားမငယ် အောင် ကျွန်မကိုယ်တိုင်အားပေးရတာ˘လို့ ပြောပါတယ်။ မနွယ်ရဲ့အမျိုးသားကတော့ ဂျူးဂျူး လေးကို တစ်တန်းကျောင်းသူ ဘဝက တည်းက စတွေ့ဖူးပြီး သမီးနဲ့ ရုပ်ချင်းဆင် တဲ့ကလေးကို သတိထားမိတာပါ။ သမီးနဲ့ငယ်ကတည်းက ရုပ်ရည်ရော အရပ်ပါတူညီခဲ့တဲ့ ဂျူးဂျူးဟာ အရွယ်နဲ့ မမျှ အောင် ခံစားခဲ့ရတဲ့ အရှိန်ကြောင့် လက်ရှိအချိန်မှာ သမီးမေသင်္ကြန်နဲ့ အရပ် ရော ခန္ဓာကိုယ်ပါ သိသိသာသာ ကွာခြား ပြီး ရောဂါကို အန်တုရင်ဆိုင်နေရဆဲ ဖြစ် တာကြောင့် ကရုဏာ ပိုနေရတယ်လို့ ဆို ပါတယ်။ အရင်တုန်းက ဂျူးဂျူးရဲ့မိဘတွေ ကျောင်းလာကြိုဖို့ နောက်ကျနေရင် ကိုယ် တိုင် ဆိုင်ကယ်နဲ့တင်ပြီး ကျူရှင်လိုက်ပို့ဖူး တာကြောင့် သံယောဇဉ်ဖြစ်နေတဲ့ ကလေး ဖြစ်တယ်လို့ ပြောပါတယ်။ 'စတွေ့ကတည်းက သူက သွားအ မည်းလေးနဲ့၊ မှတ်မိနေတယ်၊ ဒီကလေး ကိုခေါ်မယ်လို့ မိန်းမကလှမ်းပြောတုန်းက ကျွန်တော် ချက်ချင်းခေါ်ပြီး မွေးစားဖို့ပြော တာ၊ ခရီးထွက်တဲ့ အချိန်တိုင်း သူသက် သာလားဆိုပြီး မေးရတာအမောပဲ၊ မိန်းမ ကတော့ သူကိုယ်တိုင် မမွေးရုံတစ်မည်ပဲ၊ စောင့်ရှောက်တာ ၊ အနာက ပြည်ပုပ်တွေ ကို သူပဲ ဒိုင်ခံသုတ်ပေးပြီး ပြုစုတာ”လို့ ကလေးနဲ့ပတ်သက်ပြီး ခံစားချက်ကို ပြော ပါတယ်။ ချမ်းသာလို့မဟုတ် ဂျူးဂျူးလေးလို ကလေးမျိုးကို နေအိမ် မှာ တစ်သက်လုံးစောင့်ရှောက်ဖို့ ဆုံးဖြတ် ထားတာဟာ မနွယ်တို့မိသားစုဟာ ငွေ ကြေးချမ်းသာသူတွေ မဟုတ်ကြပါဘူး။ မနွယ်က အရောင်းအဝယ်လုပ်ပြီး သူ့ရဲ့ ခင်ပွန်းက အဝေးပြေးကားမောင်းတဲ့ အလုပ်လုပ်ပါတယ်။ ကင်ဆာဆေးသွင်းဖို့ မကြာခဏ ဆေးရုံတက်နေရတဲ့ ဂျူးဂျူးကို စောင့် ရှောက်ဖို့ နေ့လယ်ခင်းတွေမှာ ဆွေမျိုးနီး စပ်တွေကို အခကြေးငွေဗပးပြီး စောင့် ရှောက်ခိုင်းရသလို ညအိပ်ချိန်မှာတော့ မနွယ်ကိုယ်တိုင် ပြုစုစောင့်ရှောက်ရပါ တယ်။ ဂျူးဂျူးအတွက် ဆေးဖိုးနဲ့ အသုံး စရိတ် သုံးငွေပိုလာတာကြောင့် အရင်က ထက် နှစ်ဆကြိုးစားနေတယ်လို့ ပြောပါ တယ်။ လက်ရှိအချိန်မှာ ကလေးကို စောင့် ရှောက်ထားပေမဲ့ စာချုပ်စာတမ်းနဲ့ တရား ဝင်မွေးစားဖို့ စီစဉ်ထားတယ်၊ ကလေးက ဆွေမျိုးသားချင်းတွေကို သတိရလို့ သွား ချင်ရင်လည်း လိုက်ပို့ပေးတယ်လို့ ဆိုပါ တယ်။ မနွယ်ကိုယ်တိုင်က ကျန်းမာရေးအ သိရှိ တဲ့ မိသားစု ကနေ ပေါက်ဖွားလာသူ ဖြစ်တာ ကြောင့် သည်ပိုးရှိနေသူနဲ့ တစ် အိမ်တည်းနေ ရတာကို ကြောက်ရွံ့ခြင်း လုံးဝ မရှိပါဘူး။ ဂျူးဂျူး ကို စောင့်ရှောက်တယ်ဆိုတာ ကလည်း သားသမီးနည်းလို့ မဟုတ်ဘဲ ဂျူးဂျူး နဲ့ ရွယ်တူ မေသင်္ကြန်လေး အပါအ ဝင် သားသမီး လေးယောက် ရှိပါတယ်။ သည်လိုစောင့်ရှောက်နေတယ်ဆိုတာက ဘာမျှော်လင့်ချက် မှမရှိဘူးလို့ သူက ရှင်း ပြပါတယ်။ “ဂျူးဂျူး က သမီးကြီးလာရင် အမေကို လုပ်ကျွေးမယ်နော်၊ ပြုလဲပြုစုမယ်ဆိုပြီး ဆံပင်ဖြူလေးတွေ လာနုတ်ပေးတာ ဒါ လေးတွေနဲ့ ပဲ ကျေနပ်နေရတာပါ”လို့ ရင် ခွင်ထဲ တိုးဝင်ပြီး ဖက်ထားတဲ့ ဂျူးဂျူးကို ကြည့်ရင်း ပြုံးနေပါတယ်။ ဂျူးဂျူးနဲ့ ပတ်သက်ပြီး အခြားသူတွေ ဆီကိုလည်း ငွေရေး ကြေးရေး ကအစ အကူအညီ တောင်းတာမျိုး မလုပ်ဘဲ သူ အ သက်ရှင်နေသမျှ ကာလပတ်လုံး စောင့် ရှောက်နိုင်တယ်လို့ မနွယ်က သူ့ခံစား ချက် ကို ပြောပါတယ်။ မနွယ်က “သူသာ အသက်ရှင်မယ်ဆို ရင် သူ့ရှေ့မှာ အမေရယ်လို့ မားမားမတ် မတ် ရပ်မယ်၊ သူ့ကို မေတ္တာ တွေအပြည့် ပေးထားတဲ့အတွက် သူ့ဆီကနေ ကူးချင် လဲ ကူးပါစေ˘လို့ ပြောရင်း ဘေးနားမှာ လာ ရပ်နေတဲ့ ကလေးငယ်ကို တင်းကျပ်စွာ ပွေ့ ဖက်လိုက်ပါတယ်။ TAGS: အေးအေးအောင် Author: အေးအေးအောင်
Source : https://bit.ly/2MWbMcm
via IFTTT
No comments:
Post a Comment