Wednesday, June 27, 2018


ထိုင်းနိုင်ငံကို စက်ရုံပြောင်းမယ့် Harley-Davidson ကုမ္ပဏီကို အခွန်ကောက်မယ်လို့ Trump ခြိမ်းခြောက် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ ကမ္ဘာကျော် မော်တော်ဆိုင်ကယ်ကုမ္ပဏီတခုဖြစ်တဲ့ Harley-Davidson ကို အရေးယူဒဏ်ခတ်မှုအသစ် ပြုလုပ်မှာဖြစ်ကြောင်း ဇွန်လ ၂၆ ရက်နေ့မှာ ကြေညာခဲ့ပြီး နိုင်ငံရပ်ခြားမှာ ထုတ်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်မယ့် ကုမ္ပဏီအပေါ် အခွန်ကောက်ခံတော့မှာဖြစ်တယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ ဒါ့အပြင့် ကမ္ဘာကျော်အမေရိကန်မော်တော်ဆိုင်ကယ်ကုမ္ပဏီအနေနဲ့လည်း အမေရိကန်နိုင်ငံပြင်ပမှာ စက်ရုံ မဆောက်လုပ်သင့်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဝင်ကောင်စင်ပြည်နယ် အခြေစိုက် ကုမ္ပဏီက ဥရောပသမဂ္ဂ (အီးယူ) ရဲ့ အမေရိကန်အပေါ်လက်တုန့်ပြန်တဲ့ အခွန်စည်းကြပ်မှုကြောင့် နိုင်ငံရပ်ခြား ဒေသတွေမှာ ထုတ်လုပ်ရေး လုပ်ငန်းအချို့ လုပ်ကိုင်ဖို့ ပြောင်းလဲရေးအတွက် စီစဉ်ထားတဲ့အကြောင်း ကြေညာခဲ့ပြီး တရက်အကြာမှာ သမ္မတ Trump က Harley-Davidson ကုမ္ပဏီအနေနဲ့ ကုန်သွယ်ရေးစစ်ပွဲကို “ဆင်ခြေ” တခုလို ကိုယ်ကျိုးအတွက် အသုံးချနေကြောင်း စွပ်စွဲပြောဆိုလိုက်ပါတယ်။ စတီးနဲ့ အလူမီနီယမ်တွေအပေါ် အမေရိကန်က အခွန်တိုးကောက်မှာကို အီးယူက တုန့်ပြန်ခဲ့ပေမယ့် မော်တော်ဆိုင်ကယ်၊ bourbon ဝီစကီနဲ့ ဂျင်းန်ပြာ တို့အပါအဝင် သွင်းကုန်အခွန်များနဲ့ အမေရိကန် ထုတ်ကုန်ပစ္စည်း တော်တော်များများအပေါ် ရိုက်ခတ်မှုရှိမှာဖြစ်ပါတယ်။ အီးယူကုန်သွယ်ရေးကော်မရှင်နာမင်းကြီး Cecilia Malmstrom က “ကျနော်တို့အပြစ်မပေးလိုပါဘူး။ ဒါပေမယ့် ဒါဟာကံမကောင်းတဲ့အကျိုးဆက်ဖြစ်ပါတယ်။ အမေရိကန်ကုမ္ပဏီတွေက အမေရိကန်အစိုးရကို ခဏလောက်နေပါဦး ဒါက အမေရိကန်စီးပွားရေးအတွက် မကောင်းဘူးလို့ ဖိအားပေးရမှာဖြစ်ပါတယ်” လို့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောဆိုခဲ့ပါတယ်။ ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းမှာ Twitter မှာ တင်ခဲ့တဲ့ ပို့စ်တွေမှာဆိုရင် သမ္မတ Trump က Harley-Davidson ကုမ္ပဏီရဲ့ အပြောင်းအရွှေ့ဟာ သူ့မူဝါဒတွေမှာ တာဝန်ရှိတယ်ဆိုတဲ့ ထင်မြင်ချက်တွေကို ပယ်ချခဲ့ပါတယ်။ သမ္မတ Trump က “ဒီနှစ်အစောပိုင်းမှာ Harley-Davidson က သူတို့အနေနဲ့ ကန်းဆက်စ် စီးတီးကနေ ထိုင်းနိုင်ငံ ကို သူတို့ရဲ့ စက်ရုံလုပ်ငန်းအများစု ရွှေ့မယ်လို့ ပြောပါတယ်” “အခွန်ကိစ္စမကြေညာခင် ခပ်စောစောပိုင်းကတည်းက ဖြစ်ပါတယ်။ သူတို့ဟာ အခွန်-ကုန်သွယ်ရေးစစ်ပွဲကို ဆင်ခြေပေး အသုံးချနေပါတယ်။ ကျနော် အိမ်ဖြူတော်မှာ Harley-Davidson အရာရှိတွေနဲ့ တွေ့ဆုံခဲ့ချိန်မှာတော့ အိန္ဒိယလိုနိုင်ငံမျိုးမှာ အခွန်တိုးမြင့်နေတဲ့အကြောင်း သူတို့ကို ထောက်ပြလိုက်ပါသေးတယ်။ အခွန်ကြီးကြီးမားမား မပေးဘဲနဲ့ အမေရိကန်ကို ပစ္စည်းတွေ ပြန်ရောင်းလို့မရဘူး ဆိုတာ Harley သိကိုသိရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ကမ္ဘာ့စီးပွားရေးရဲ့ ၄၀ ရာခိုင်နှုန်းရှိပြီး သူတို့ရဲ့ မော်တော်ဆိုင်ကယ်တွေအပေါ် အခွန်အခပယ်ဖျက်ထားတဲ့ ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်ရေးသဘောတူညီချက်ကနေ သမ္မတ Trump ကနုတ်ထွက် လိုက်ပြီးတဲ့နောက် ထိုင်းနိုင်ငံမှာ စက်ရုံတခုဆောက်လုပ်မှာဖြစ်တယ်လို့ Harley-Davidson က ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာတော့ Harley-Davidson အမှုဆောင်အရာရှိချုပ် Matthew Levatich က “ကျနော်တို့ဟာ အရှေ့တောင်အာရှမှာ ကြီးမားတဲ့အခွင့်အလမ်းကို တွေ့မြင်ခဲ့ရပြီး အရမ်းအရေးကြီးတဲ့ ဈေးကွက်တခုနဲ့ ချိတ်ဆက်ဖို့ တစိတ်တပိုင်းဟာ သွင်းကုန်စည်းကြပ်ခွန်နဲ့ အခွန်အကောက်ဆိုးရွားမှုကို ကျော်လွှားနိုင်ဖို့ ထိုင်းနိုင်ငံမှာစက်ရုံအတွက် ရင်းနှီးမြှုပ်နှံလိုက်တာပဲ ဖြစ်ပါတယ်။ ကျနော်တို့အဲဒီမှာ ရှိနေဖို့နဲ့ ချိတ်ဆက်ထားဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာဖွံ့ဖြိုးရေး အခွင့်အလမ်းထဲမှာ တခန်းတကဏ္ဍ အနေနဲ့ ကုမ္ပဏီရဲ့ ကာလရှည် တိုးတက်မှုအတွက် အရမ်းအရေးကြီးပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် သမ္မတ ကတော့ Harley-Davidson အနေနဲ့ တခြားနိုင်ငံတခုမှာ စက်ရုံမဆောက်သင့်ဘူးလို့ ပြောဆိုထား ပါတယ်။ ထိုင်းနိုင်ငံမှာ ဆောက်လုပ်မယ့် စက်ရုံကတော့ ယခင်က အိန္ဒိယနဲ့ အမေရိကန် နိုင်ငံတို့ကနေ တင်သွင်းနေ ရတဲ့အာရှဒေသအတွင် မော်တော်ဆိုင်ကယ်တွေကို တပ်ဆင်မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ထုတ်လုပ်မယ့် Harley-Davidson မော်တော်ဆိုင်ကယ်တွေဟာ အမေရိကန်နိုင်ငံရဲ့ တင်သွင်း မော်တော် ဆိုင်ကယ်အပေါ် အခွန် ၆၀ ရာခိုင်နှုန်းကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံကြားမှာ ကုန်သွယ်ရေးသဘောတူညီချက်ကြောင့် ထိုင်းရဲ့ အိမ်နီးချင်းနိုင်ငံတွေကိုလည်း တင်ပို့တဲ့အခါ ကြီးမားတဲ့ အခွန်ကင်း လွတ်ခွင့်ရရှိဦးမှာ ဖြစ်ပါတယ်။ ထိုင်းစက်ရုံကတော့ တရုတ်ပြည်မကြီးမှာရှိတဲ့ ကြီးတားတဲ့ ဈေးကွက်ကို အထောက်ကူပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အာဆီယံအဖွဲ့ကတော့ တရုတ်နဲ့ လွတ်လပ်စွာကုန်သွယ်ရေး လုပ်ဆောင်ထားပါတယ်။ Harley-Davidson မှ McAllister ရဲ့ အဆိုအရထိုင်းစက်ရုံဟာ အမေရိကန်နိုင်ငံကနေ ၄၅ ရက်ကနေ ရက်ပေါင်း ၆၀ အထိ ကြာမြင့်တဲ့နေရာကနေ ၅ ရက်ကနေ ၇ ရက်ပတ်ဝန်းကျင်အချိန်တဲ့ တရုတ်ဈေးကွက်ဆီ အရောက်တင်ပို့နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ မစ်ဆူရီပြည်နယ်၊ ကန်းဆက်စ်စီးတီးမှာရှိတဲ့ သူတို့ရဲ့ စက်ရုံကို ပိတ်ပစ်ပြီး Pennsylvania ပြည်နယ်မှာရှိတဲ့ York မြို့မှာ လုပ်သားအင်အားပေါင်းစည်းမယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာပဲ ကြေညာထားခဲ့တာပါ။ ဒေသတွင်းအမေရိကန် မီဒီယာ တခုကတော့ Harley-Davidson ရဲ့ အလုပ်သမား သမဂ္ဂက ကန်းဆက်စ်စီးတီးမှာရှိတဲ့ တချို့အလုပ်တွေကို ကုမ္ပဏီက ငြင်းဆိုထားတဲ့ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းဖို့ အကြံပေးတိုက်တွန်းခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့မေလတုန်းက သတင်းထုတ်ပြန် ထားပါတယ်။ Ref:bangkokpost The post ထိုင်းနိုင်ငံကို စက်ရုံပြောင်းမယ့် Harley-Davidson ကုမ္ပဏီကို အခွန်ကောက်မယ်လို့ Trump ခြိမ်းခြောက် appeared first on ဧရာဝတီ.
Source : https://ift.tt/2yOIXLW
via IFTTT

No comments:

Post a Comment