Thursday, June 28, 2018


အမျိုးသမီးတွေနဲ့ အိမ်ခြေယာမဲ့တွေကို အလုပ်ခန့်အပ်သွားမဲ့ Crust& Core ကော်ဖီဆိုင် ကော်ဖီဆိုင်နာမည်က Crust& Core Cafe ပါ။ ကာလကတ္တားမှာ ရှိတဲ့ကော်ဖီဆိုင်လေးတခုဖြစ်ပါတယ်။ အခြား ကော်ဖီဆိုင်တွေနဲ့ မတူဘဲထူးခြားနေတဲ့အချက်က သူ့ရဲ့ အိုင်ဒီယာပဲ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်ညှင်းပန်းမှု တွေ၊ လူမှုအသိုင်းအဝိုင်းကြားမှာ ခက်ခက်ခဲခဲရုန်းကန်နေရတဲ့ အမျိုးသမီးတွေကို ကူညီချင်တာက အဓိက ရည်ရွယ်ချက်ဖြစ်တယ်လို့ဆိုပါတယ်။ အသက် ၂၁ နှစ်အရွယ်ရှိတဲ့ Haripriya က ပြင်းထန်တဲ့စိတ်ဖိစီးမှုဒဏ်ကို ခံစားနေရပါတယ်။ သူမကို ရဲအဖွဲ့က ရှာဖွေတွေ့ရှိတဲ့အခါ ဦးလေးဖြစ်သူက မာဟာရရှာတရာကနေ ကာလကတ္တားကို ခေါ်လာပြီးနောက် စွန့်ပစ်သွား တယ်လို့ သိရပါတယ်။ အနာဂတ်အတွက် ဘာဆက်လုပ်ရမှန်းမသိသလို လမ်းပျောက်နေတဲ့ သူမဟာ အခုတော့ Crust& Coreရဲ့ အဖွဲ့ဝင်တဦးဖြစ်လာပြီး မုန့်ဖုတ်ရတာနဲ့ပတ်သက်ပြီး ပျော်ရွှင်နေသလို အနာဂတ်အတွက်လည်း ပျေ်ာရွှင်တက်ကြွ နေပြီဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီကမှ စဖွင့်ခဲ့တဲ့ Crust& Core မှာ အခုတော့ စိတ်ကျရောဂါနဲ့ အခြားစိတ်ကျန်းမာရေး ရောဂါခံစားနေရတဲ့ အမျိုးသမီး ၁၁ ယောက် အလုပ်လုပ်နေကြပါပြီ။ NGO တခုက ဒီဆိုင်ကို ထောက်ပံ့ပေးနေသလို ဝန်ထမ်းအမျိုးသမီးတွေအတွက် ချက်ပြုတ်နည်းတွေ သင်တန်းပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီဆိုင်မှာ ထရိန်နင်ပြီးသွားရင်တော့ အမျိုးသမီးတွေအနေနဲ့ လက်ရှိခံစားနေရတဲ့အခြေအနေကနေ လွတ်မြောက်ပြီး ပိုမို ကောင်းမွန်တဲ့အနာဂတ်ကိုရှာဖွေနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီလိုချစ်စရာကောင်းတဲ့ကော်ဖီဆိုင်မှာ ပါစတာ၊ ပေါင်မုန့်၊ ကော်ဖီနဲ့ အခြားသောစားစရာမျိုးစုံ ရရှိမှာပဲဖြစ်ပါတယ်။ ဆိုင်ဖွင့်တဲ့အချိန်ကတော့ နေ့လည် ၁ နာရီကနေ ည ၈ နာရီအထိပါ။ လူ့ပတ်ဝန်းကျင်မှာ ဒီလိုကောင်းမွန်တဲ့အိုင်ဒီယာနဲ့ မုန့်ဆိုင်တွေ အများကြီးရှိလာမယ်ဆိုရင်တော့ ပျော်ရွှင်စရာ ကောင်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ကြမှာ ဖြစ်ပါတယ်။ The post အမျိုးသမီးတွေနဲ့ အိမ်ခြေယာမဲ့တွေကို အလုပ်ခန့်အပ်သွားမဲ့ Crust& Core ကော်ဖီဆိုင် appeared first on ဧရာဝတီ.
Source : https://ift.tt/2lIOmux
via IFTTT

No comments:

Post a Comment