Friday, June 29, 2018


အမျိုးသမီးများကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ တိုက်ခိုက်ရေးနည်းများသင်ကြားပေးနေတဲ့ ခင်ချမ်းမြေ့သူ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ ဒိုင်တဦး၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ အသိအမှတ်ပြု နိုင်ငံတော်အဆင့် အားကစားအုပ်ချုပ်စီမံရေးမှူး တဦးလည်းဖြစ်သူ လက်ရှိမှာလည်း Body Art အမျိုးသမီးသီးသန့် အခမဲ့ပညာဒါန လက်နက်မဲ့တိုက်ခိုက်ရေးနည်းပညာရေးများကို သင်ကြားပေးနေလျက်ရှိသူကတော့ မခင်ချမ်းမြေ့သူပဲဖြစ်ပါတယ်။ သူမသင်ကြားနေတဲ့ တိုက်ခိုက်ရေးနည်းပညာများအကြောင်းနှင့် ကမ္ဘာလက်နက်မဲ့တိုက်ခိုက်ရေးနည်း ပညာရေး ကျောင်းတခု ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေပြီး အမျိုးသမီးများအတွက် အဓိကရည်ရွယ်သင်ကြားပေးနေတဲ့အတွက် သူမရဲ့ ရည်ရွက်ချက်၊ အတွေ့အကြုံများကို ဧရာဝတီသတင်းထောက် ယုဖြူဟန်က အခုလို တွေ့ဆုံမေးမြန်း ထားပါတယ်။ မေး။ ။ ပထမဦးဆုံးအနေနဲ့ အစ်မရဲ့ သင်တန်းကျောင်းလေးနဲ့ ပတ်သက်ပြီးသိချင်ပါတယ်။ ဘယ်အချိန်မှာ စဖွင့်ခဲ့တာပါလဲ။ ဖြေ။ ။ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် နှစ်စကတည်းက ကျမက တာမွေ ၁၆၄လမ်းထဲမှာ ဖွင့်ခဲ့တာပါ။ ရည်ရွယ်ချက်က ရုတ်တရက်အန္တရာယ်ကြုံလာတဲ့အခါ ခုခံကာကွယ်တိုက်ခိုက်ဖို့အတွက် ပညာတွေ ဂျူဒို ၊ အာခီဒို၊ ကရာတေးဒို၊ ဂျူဂျစ်ဆု၊ တိုက်ကွမ်ဒို လက်နက်မပါတဲ့ တိုက်ခိုက်တာတွေကို ကျမကပညာဒါနသင်ပေးနေတာ ၁နှစ်ကျော်သွားပြီ။ အခုမိုးရာသီဆိုတော့ ခဏပိတ်ထားတယ်။ နောက်ပြီး ကလေးတွေနဲ့ ပတ်သက်ရင် စမ်းချောင်းမှာ အလင်းရောင် စာသင်ကျောင်းမှာလည်း ပညာဒါနသွားသင်ပေးတယ်။ မေး။ ။ ဒီလိုပညာတွေ သင်ကြားပေးရခြင်းရဲ့ အဓိကရည်ရွယ်ချက်က ဘာများဖြစ်မလဲ။ ဖြေ။ ။ ကျမတို့နိုင်ငံမှာက ကလေးလေးတွေမှ မဟုတ်ဘူး။ သက်ငယ်မုဒိမ်းကစလို့ တခြားလုယက်တာဘဲဖြစ်ဖြစ် သူတို့စိတ်ထဲမှာ အကြောက်တရားမရှိဘူးဆိုရင် ဘာပဲဖြစ်ဖြစ်တုံ့ပြန်နိုင်မယ်။ အန္တရာယ်မကြုံဘူးဆိုရင်တောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရမယ်။ မေး။ ။ ဒါနဲ့ပတ်သက်တဲ့ မခင်ချမ်းမြေ့သူရဲ့အတွေ့အကြုံလေးတွေလည်း ပြောပြပေးပါ။ ဖြေ။ ။၂၀၁၇ခုနှစ်တုန်းက ကမ္ဘာလက်နက်မဲ့တိုက်ခိုက်ရေးနည်းပညာရေး ဒိုင်လူကြီးဆိုပြီး နိုင်ငံတော် အဆင့် ဖိတ်လို့သွားရတယ်။ ကိုယ်ဘာပြန်လုပ်ပေးနိုင်လဲဆိုရင် ကိုယ့်နိုင်ငံမှာ မိန်းကလေးတွေပဲဖြစ်ဖြစ် ခွန်အားနည်းတဲ့ သူတွေပဲဖြစ်ဖြစ် အားလုံးအတွက်ကို ဝေမျှချင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်အိမ်က ပိုက်ဆံနဲ့သွားရတာမဟုတ်ဘူး။ ပြည်သူတွေအားလုံးရဲ့ ပိုက်ဆံနဲ့ နိုင်ငံတော်ကနေ ပညာတော်သင်ဆိုပြီး လွှတ်ပေးထားတာ။ ၂၀၁၁ ကနေအဆင့်ဆင့် စာမေးပွဲတွေ ဖြေလာခဲ့ပြီးတော့ အခုနောက်ဆုံးရလာခဲ့တဲ့ လိုင်စင်ကြီးပေါ့။ ကမ္ဘာလက်နက်မဲ့တိုက်ခိုက်ရေး နည်းပညာ ရေးရဲ့ ဒိုင်လူကြီးလည်းဖြစ်တယ်။ နည်းပြလည်းဖြစ်တယ်။ မခင်ချမ်းမြေ့သူ မေး။ ။ အဲဒီလိုပညာတွေ သင်ကြားလာခဲ့ပြီးတော့ မြန်မာနိုင်ငံမှာရော ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားဖို့ စိတကူးထားလဲ။ ဖြေ။ ။ ဒီမှာက ကမ္ဘာလက်နက်မဲ့တိုက်ခိုက်ရေးနည်းပညာရေးများဆိုတဲ့ ကျောင်းတော့မရှိသေးဘူး။ အဖွဲ့ချုပ်ကြီး တော့ မရှိသေးဘူး။ ကျမရဲ့သင်တန်းခန်းမလေးလောက်ပဲရှိသေးတယ်။ ပထမစဖွင့်တုန်းက လူအယောက် ၅၀၊ ၁၀၀ လောက်ပဲလာမယ်လို့ထင်တာ။ ဖွင့်လိုက်တော့ ၄၀၀ကျော် ၅၀၀ နီးပါးထိရှိတယ်။ အဲဒါကြောင့် ရက်တွေကိုလွှဲပြီး သင်ရတယ်။ မိုးရာသီမှာတော့ ခဏနားထားတယ်။ ဆောင်းရာသီမှာ ပြန်စမယ်။ မေး။ ။ အခု သင်တန်းဖွင့်လာတာလည်း တနှစ်ကျော်လောက်ရှိပြီဆိုတော့ တနှစ်အတွင်းမှာရော ဘယ်လောက်ထိ တိုးတက်မှုကို မြင်တွေ့ရလဲ။ ဖြေ။ ။ သင်ပေးတာက ပြိုင်ပွဲဝင်အဆင့်နဲ့ မသင်ပေးဘူး။ အရေးပေါ် သွားရင်းလာရင်းနဲ့ အိတ်အလုခံရမယ်။ အကြမ်းဖက်မှုတခုခုကြုံလာပြီဆိုရင် ချက်ချင်းတုံ့ပြန်လို့ရမယ့်ဟာမျိုးကို သင်ပေးတယ်။ ပြိုင်ပွဲအတိုင်းကြီးဆိုရင် အခြေခံတွေရှိမယ်။ စည်းမျဉ်းစည်းကမ်းတွေရှိမယ်။ အခုကတို့တွေက လမ်းမှာ အန္တရာယ်ကြုံလာရင် ရုတ်တရက် ကာကွယ်လို့ရမယ့် လိုရင်းလေးတွေကိုဖောက်ပြီး သင်တာဆိုတော့ ကျောင်းဆရာမလေးတွေလာတယ်။ သူနာပြုဆရာမလေးတွေလာတယ်။ အလုပ်မအားတဲ့သူတွေဆို စနေတနင်္ဂနွေ ၂ရက်မှာ နည်းပိုင်းအောင် သင်ပေး လိုက်တယ်။ လူတယောက်က ဘယ်နည်းစနစ်နဲ့ သင်ရင်ရမလဲဆိုတာမျိုးကို စဉ်းစားပြီးတော့ ထိရောက်တဲ့နည်းနဲ့ သင်ပေးတယ်။ ရေရှည်တော့ လူ ၃၊ ၄ယောက်နဲ့တော့ ခုခံတိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။ ကျမဆီမှာကတော့ နည်း အပိုင်ရမယ်။ စိတ်ဓာတ်ခွန်အားရမယ်။ ရက်တိုလည်း အကျိုးရှိပါတယ်။ မေး။ ။ မြန်မာနိုင်ငံမှာက ကမ္ဘာလက်နက်မဲ့တိုက်ခိုက်ရေးနည်းပညာရေးဆိုပြီး အဖွဲ့ချုပ်တို့ကျောင်းတို့ မရှိတဲ့အတွက် ဘယ်လိုဆောင်ရွက်ပေးသွားဖို့ရှိမလဲ။ ဖြေ။ ။ ကျမကို ဆရာကြီးတွေက ဘာပြောလဲဆိုတော့ တာဝန်ပုံစံမျိုးနဲ့ မဟုတ်ဘဲ တောင်းဆိုတဲ့ပုံစံမျိုးနဲ့ ဂိုက်လိုင်း ပေးလိုက်တယ်။ မြန်မာနိုင်ငံမှာမရှိသေးတဲ့အတွက် အဖွဲ့ချုပ်ကြီးထောင်ဖို့အတွက်ကို လုပ်ပါလားပေါ့နော်။ လိုအပ်တာ ရှိရင်အကြောင်းကြားပါ ဆရာတို့ကိုပြောပါ။ ဒီကနေ စလုပ်ပြီးတော့ လုပ်နိုင်စွမ်းကို အရင်ပြပေါ့။ တာဝန်အရမ်းကြီးမှန်းသိတော့ အခုဟာကသင်တန်း သင်တန်းတောင် ပထမဆုံးစသင်တဲ့ သင်တန်းသား ၁၀ယောက်နဲ့ အယောက်၂၀လောက်ကို ကိုယ်လက်ရုံးဖြစ်နိုင်မယ့် လက်ထောက်Trainer မျိုးမွေးရတာ။ အဲဒီလိုမွေးပြီးတော့ တခြား သူတွေကို ပြန်သင်ရတာ။ ကိုယ့်ကိုကူပေးမယ့် သူမရှိရင် အဆင်မပြေဘူး။ အဖွဲ့ချုပ်ကြီး တခုထောင်ဖို့ အတွက်က သက်ဆိုင်ရာ လူကြီးတွေကို ပြောပြထားတယ်။ အချိန်တော့ယူရဦးမယ်။ မေး။ ။ အဓိက လိုအပ်ချက်က ဘာတွေဖြစ်မလဲ။ ဖြေ။ ။ ကိုယ့်နိုင်ငံမှာ ကမ္ဘာလက်နက်မဲ့တိုက်ခိုက်ရေးနည်းပညာရေးဆိုတာကြီးက သင်ငယ်မုဒိမ်းတို့ ၊ အကြမ်းဖက် ရတယ်ဆိုပြီး ကြားတဲ့အချိန်မှာဘဲ သွေးပူကြတာ။ ကျန်တဲ့အချိန်မှာက သွေးအေးနေကြတယ်။ ဒါမျိုးတွေဖြစ်ရင် ၁လ ၊ ၂လပဲ ပြီးရင်သွေးအေးသွားပြန်ရော၊ ဒါကိုအမြဲတမ်းသင်ရမယ်ဆိုတာမျိုးက ခဏပဲစိတ်ဝင်စားတယ်။ The post အမျိုးသမီးများကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ တိုက်ခိုက်ရေးနည်းများသင်ကြားပေးနေတဲ့ ခင်ချမ်းမြေ့သူ appeared first on ဧရာဝတီ.
Source : https://ift.tt/2tQLz6t
via IFTTT

No comments:

Post a Comment