အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခတိုးမြှင့်သတ်မှတ် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၁/၂၀၁၈) ၏ အတည်ပြုဆုံးဖြတ်ချက်အရ အစိုးရဌာန၊ အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကို အလုပ်ချိန် တစ်နေ့(၈)နာရီအတွက် ကျပ် ၄၈၀၀/-(ကျပ်လေးထောင့်ရှစ်ရာတိတိ)သို့ တိုးမြှင့် ပြင်ဆင်သတ်မှတ်လိုက်ကြောင်း၊ ခံစားခွင့်များကို ၂၀၁၈ ခုနှစ်၊ မေလ ၁၄ ရက်နေ့ မှစ၍ ခံစားခွင့်ပြုကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အမိန့်ကြော်ငြာစာအမှတ် ၁၅ /၂၀၁၈ ကို ဇွန် ၂၇ရက်က ထုတ်ပြန်ကြေညာသည်။ အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကို အလုပ်ချိန် တစ်နေ့(၈)နာရီအတွက် နေ့စားလုပ်ခ ကျပ် ၃၆၀၀/-ကို ယခင် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၁၀-၁၂-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၃၀၀၆/ ၂၀၁၅ ဖြင့် သတ်မှတ်ပေးခဲ့ပြီး ယခုအခါ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်သည့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ၁၄-၅-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊ ၂/၂၀၁၈ တွင် ၁၄-၅-၂၀၁၈ ရက်နေ့မှစ၍ မြန်မာတစ်နိုင်ငံလုံးရှိ အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေအဖြစ် အလုပ်ချိန်(၈)နာရီ (တစ်ရက်)အတွက် ကျပ် ၄၈၀၀/- သတ်မှတ်ခဲ့သည်။ #TheMandalayNewsJournal
Source : https://ift.tt/2KsS2yz
via IFTTT
No comments:
Post a Comment