မြန်မာပြည်ကပရိသတ်တွေနဲ့ တိုက်ရိုက်ထိတွေ့ချင်လို့ Facebook Page ဖွင့်လိုက်တဲ့ အဝင်း မြန်မာမိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုအထူးရရှိထားတဲ့ မိုရီဆာကီဝင်းက ဇွန်လ ၁၈ နေ့မှာ မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာပါတယ်။ အဝင်း(ခ) မိုရီဆာကီဝင်းက ရန်ကုန်ကို ရောက်ရှိနေတုန်းမှာ ကြော်ငြာများနဲ့ ရိုက်ကူးရေးများ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ “ကျနော်ဒီတခေါက် မြန်မာပြည်ကိုလာတာကတော့ စာချုပ်လာယူတာပါခင်ဗျ၊ နောက်တာပါ။ ကျနော်ရဲ့ Program အသစ်တခု ထွက်မှာဖြစ်တဲ့အတွက် ရှုတင်လေး လာရိုက်တာပေါ့။ ပြီးခဲ့တဲ့ ၁၈ ရက်နေ့ တနလာၤနေ့က ကျနော် ဒီကို ရောက်တယ်၊ ဟိုရွာသွား၊ ဒီရွာသွားနဲ့ Location တွေနဲ့ ရိုက်ကူးရေးတွေ အများကြီးလုပ်ခဲ့တယ်” “ဒါပေမယ့် နေ့တိုင်းက Schedule တွေက အပြည့်ဆိုတော့ ဘယ်ရောက်လို့ ရောက်မှန်းလည်း ကျနော်မသိပါဘူး။ Google Map မှာ ရှာလည်း မဖတ်တတ်ဘူး။ ဘယ်တွေသွားပြီးဘာတွေ လုပ်ခဲ့လဲဆိုတာ Program လာပါလိမ့်မယ်။ ကြည့်ပေး ပါနော်” လို့ သူက ပြောပါတယ်။ မိုရီဆာကီဝင်းဟာ မြန်မာလူမျိုးတယောက်လည်းဖြစ်တာကြောင့် မြန်မာသီချင်းလည်း ဆိုချင်တယ် လို့ သူ့ရဲ့ ဆန္ဒကို ပြောလာပါတယ်။ ဒါပေမယ့် မြန်မာစာသားတွေကို မကျွမ်းကျင်တာကြောင့် ဂျပန်လိုရေးပြီး အဖေ့ကို ဘာသာပြန် ခိုင်းမယ်လို့လည်း ဆိုပါတယ်။ ” ကျနော် မြန်မာသီချင်းလည်း ဆိုချင်တယ်၊ သီချင်းလည်း ဆက်နေတယ် ဒါပေမယ့် မြန်မာစာသားက ကျနော် သိပ်ပြီး တော့ မကျွမ်းဘူးဆိုတော့ ဂျပန်လို ရေးပြီးတော့ အဖေ့ကို ဘာသာပြန်ခိုင်းမလားလို့ မြန်မာပြည်မှာ ၁၀ တန်းအထိ နေတယ်” လို့ ဆိုပါတယ်။ အဝင်းက မြန်မာပြည်ကို ရောက်တုန်းရိုက်ကူးရေးအတွက် ရွာဘက်တွေမှာသွားရောက်ရိုက်ကူးခဲ့ပြီး ရိုက်ကူးရေးနဲ့ ပတ်သက်တဲ့အကြောင်းနဲ့ မြန်မာမိန်းကလေးများအပေါ် အမြင်ကိုလည်း အခုလိုဆိုပါတယ်။ “ ကျနော်က ငယ်ငယ်က ပဲခူးလောက်ပဲ ရောက်ဖူးတာ အခုလို ရွာလေးတွေ သွားခဲ့ရတော့ နေလို့ ကောင်းတယ်နော်။ အဲကွန်းတွေလည်း မလိုဘူးအေးနေတာပဲ။ စိတ်တွေလည်း အေးနေတာပဲ။ ကျနော်ဆီကို လက်ထပ်စာချုပ် ယူလာတဲ့ မိန်းကလေးတော့ အခုချိန်အထိ မရှိသေးပါဘူး။ ကျနော်ကို မြန်မာမိန်းကလေးတွေက မချစ်ကြရင် ဘယ်လို စိတ်နဲ့ ဂျပန် ကို ပြန်ရမှာလဲ” လို့ ဆိုပါတယ်။ အဝင်က လက်ရှိမှာ မြန်မာပြည်ကပရိတ်တွေနဲ့ တိုက်ရိုက်ထိတွေ့ခွင့်ရချင်တဲ့အတွက် ကိုယ်တိုင်သုံးတဲ့ Facebook Official Page ဖွင့်ထားတယ်လို့ ဆိုပါတယ်။ “တယောက်ထဲသုံးမယ့် Official facebookကို ဖွင့်ထားပါတယ်။ မြန်မာပြည်ကပရိသတ်တွေနဲ့ ပိုပြီးထိတွေ့ချင်လို့ပါ။ အဲ့တာကြောင့် မြန်မာလိုကြိုးစားပြီးတော့ မြန်မာဖောင့်ထည့်လိုက်တယ်။မြန်မာဖောင့်တွေကြိုးစားပြီးရေးမယ်။ စာလုံးပေါင်း မှား ရင်ခွင့်လွတ်ပါ။ အကောင့်နာမည်ကို ကျနော်နာမည် Winmorisaki Official Page ဆိုပြီးပေးထားပါတယ်။ ကျနော် ကိုယ်တိုင်သုံးမှာပါ” လို့ ပြောပါတယ်။ မိုရီဆာကီဝင်းဟာ မြန်မာနိုင်ငံသားတဦးဖြစ်ပြီး ဂျပန်နိုင်ငံမှာ ကြီးပြင်းလာတဲ့ လူငယ်တယောက်ဖြစ်ပါတယ်။ အဲ့ဒီနောက် ဂျပန်နိုင်ငံမှာပဲ PrizmaX ဆိုတဲ့ Boys Band နဲ့ အတူ အနုပညာအလုပ်တွေလုပ်နေတာပါ။ သူပါဝင်တဲ့ PrizmaX ဂီတအဖွဲ့ကလည်း ဂျပန်နိုင်ငံမှာ လူကြိုက်များတဲ့ အဖွဲ့တခုလည်း ဖြစ်ပါတယ်။ The post မြန်မာပြည်ကပရိသတ်တွေနဲ့ တိုက်ရိုက်ထိတွေ့ချင်လို့ Facebook Page ဖွင့်လိုက်တဲ့ အဝင်း appeared first on ဧရာဝတီ.
Source : https://ift.tt/2tzBbk6
via IFTTT
No comments:
Post a Comment