ဂူထဲမွာပိတ်မိနေတဲ့ ဘောလုံးသမား ၁၃ ထဲမှာ မြန်မာနိုင်ငံသား ဝ တိုင်းရင်းသား လူငယ်တစ်ဦးပါဝင်နေ ထိိုင်းနိုင်ငံက ဂူထဲမှာပိတ်မိနေတဲ့ ဘောလုံးသမား ၁၃ ထဲမှာ မြန်မာနိုင်ငံသား ဝ တိုင်းရင်းသား လူငယ်တဦးပါဝင်နေပြီး တာချီလိတ်ဘက်ကမ်းမှလည်း ရှာဖွေမှုတွေစတင်နေပြီတယ်လို့ သိရပါတယ်။ လားရှိုးမြို့ ဝပြည်နယ် ပြင်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက “ကလေးမိဘတွေနဲ့ အဆက်အသွယ်မရသေးဘူး”လို့ ပြောပါတယ်။ ဝ တိုင်းရင်းသား အိုက်လူးဟာ အသက် ၁၆ နှစ်ဖြစ်ပြီး ထိုင်းကျောင်းမှာတက်ရောက်နေတာဖြစ်ပါတယ်။ မြန်မာ - ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ(မြောက်ပိုင်း)၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၊ ပုံဖာရပ်ကွက်ရှိ ဒွိုင်းနန်းနွန်းတောင်ခြေ အနီး ထမ့်လွမ်လှိုဏ်ဂူ ပိတ်မိနေတဲ့ ဘောလုံးသမားတွေဟာ အသက် ၁၁ နှစ်ကနေ ၁၆ နှစ် အရွယ်ကြားမှာရှိတဲ့ လူငယ်ဘောလုံး သမား ၁၂ဦးနဲ့ အသက် ၂၅ နှစ်အရွယ် သူတို့ ရဲ့နည်းပြတစ်ဦးတို့ဖြစ်ပါတယ်။ သူတို့ဟာ ဇွန်လ ၂၃ရက် မွန်းလွဲပိုင်းက ဂူထဲကိုဝင်ရောက်ခဲ့ကြတာဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းတာကြောင့် ဂူထဲမှာ ရေတွေပြည့်လျှံပြီး ပိတ်မိနေခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာဖော်ပြထားပါတယ်။ မယ်ဆိုင်က ဦးထွန်းက “ကလေးမိဘတွေရဲ့ အမျိုးတွေကတော့ တာချီလိတ်မှာရှိတယ် ရှမ်းတွေပါ ကလေးမိဘ တွေက မြန်မာပြည်ကနေလာပြီး မယ်ဆိုင်မှာနေတယ် နေထိုင်တာကြာတော့ နေထိုင်ခွင့် ကဒ်တွေရပြီး သားသမီး တွေက ထိုင်းမှာကျောင်းတက်နေတာ”လို့ပြောပါတယ် ကလေးတွေပျောက်ဆုံးနေမှုကို ထိုင်းအစိုးရက နိုင်ငံတော်အဆင့် သတ်မှတ်ကာ ကျွမ်းကျင်ပညာရှင်တွေနဲ့ တပ်အင်အားဖြည့်တင်းပြီးရှာဖွေမှုတွေ လုပ်နေပါတယ်။ မိုးသည်းထန်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ခက်ခဲနေတယ်လို့သိရပါတယ်။ ဦးထွန်းက “အခုလည်း မြန်မာဘက်ခရိုင်အုပ်ချုပ်ရေးက ထိုင်းနိုင်ငံဘက်ကို ဘယ်လို ကူညီမှုပေးရမလဲဆိုပြီးတော့မေးတော့ ဟိုဘက် ကလည်း မြန်မာပြည်ဘက်ကမ်းမှာ ဂယ်ပေါက်တွေရှိရင် ရှာဖွေပေးပါဆိုလို့ အခု တာချီလိတ် ဘက်ကမ်းမှာ ရှာဖွေရေးစတင်နေပြီ”လို့ ပြောပါတယ်။ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်အတွင်းရှိ ငွေစေတီကုန်းရဲ့ လှိုဏ်ဂူမှာ ဒီကနေ့ညနေပိုင်းက စတင်ပြီး ရှာဖွေမှုတွေလုပ်နေပါပြီ။ ကလေးတွေ ဂူအတွင်းပိတ်မိနေတာ (၆) ရက်မြောက်နေ့ကိုရောက်လာပြီဖြစ်ပါတယ်။ မေစုကြည် Author: မေစုကြည်
Source : https://ift.tt/2Kuuma1
via IFTTT
No comments:
Post a Comment