အသားအရေထိန်းသိမ်းမှုအပိုင်းမှာ ပြုလုပ်မိတတ်တဲ့ အမှား (၇) ချက် အသားအရေထိန်းသိမ်းမှုအပိုင်းကို အမြဲဂရုတစိုက် ပြုလုပ်နေပေမယ့် ထူးခြားတဲ့ ရလဒ်မျိုး မပိုင်ဆိုင်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် အသားအရေနဲ့ပက်သက်ပြီး ပြုလုပ်မိတတ်တဲ့ အမှားတွေနဲ့ ကိုက်ညီနေလားဆိုတာကို ဆန်းစစ် ကြည့်သင့်ပါတယ်။ (၁) Skincare တွေဘယ်လိုပဲလုပ်လုပ် သင့်ခန္ဓာကိုယ်က လုံလောက်တဲ့ရေဓာတ်မရရှိနေဘူးဆိုရင်တော့ အသားအရေ ဟာ စိုပြည်ကြည်လင်မှာ မဟုတ်ပါဘူး။ အသားအရေထိန်းသိမ်းမှုအပိုင်းမှာ ရေဓာတ်လုံလောက်နေဖို့က အရေးကြီးတာ ကြောင့် ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ (၂) Alcohol ပါဝင်တဲ့ Skincare ပစ္စည်းတွေဟာ သင့်အသားအရေကို ပျက်စီးစေနိုင်ပြီး ခြောက်သွေ့ကြမ်းတမ်း စေနိုင် တာကြောင့် Skincare ပစ္စည်းတွေ ရွေးချယ်ဝယ်ယူတဲ့အခါ Alcohol Free ဆိုတဲ့ စာတမ်းပါမပါကို အမြဲစီစစ်သင့်ပါတယ်။ (၃) အသားအရေထိန်းသိမ်းမှုအပိုင်းမှာ အရေးကြီးဆုံးလို့ပြောလို့ရတဲ့ ညဘက်အိပ်ရာမဝင်ခင် မျက်နှာကို သေချာ သန့်စင်ပေးဖို့ကို များသောအားဖြင့် မေ့လျော့တတ်ကြပါတယ်။ ညဘက် မျက်နှာသန့်စင်ပေးခြင်းဟာ မျက်နှာပေါ်က မိတ်ကပ်တွေအပြင် ဖုန်မှုန့်နဲ့အညစ်အကြေးတွေကိုပါ သန့်စင်စေပါတယ်။ (၄) မိတ်ကပ်နဲ့ Skincare ပစ္စည်းတွေ အသုံးပြုတဲ့အခါမှာ အတတ်နိုင်ဆုံး သဘာဝပစ္စည်းတွေကို အခြေခံပြီး ထုတ်လုပ် ထားတဲ့ ပစ္စည်းမျိုးတွေကိုပဲ ရွေးချယ်အသုံးပြုသင့်ပါတယ်။ (၅) အရိပ်ထဲမှာပဲ အလုပ်လုပ်ရတာကြောင့် နေရောင်ကာလိမ်းဆေး (Sunscreen) အသုံးမပြုရဘူးလို့ မထင်လိုက်ပါနဲ့။ အသားအရေဟာ နေရောင်ခြည်နဲ့ တနည်းမဟုတ်တနည်း ထိတွေ့နေရတာကြောင့် နေရောင်ကာလိမ်းဆေးကို မဖြစ်မနေ လိမ်းပေးသင့်ပါတယ်။ (၆) အသားအရေထိန်းသိမ်းတဲ့နေရာမှာ Skincare ပစ္စည်းတွေသာမက အစားအသောက်ပိုင်းမှာပါ အရေးကြီးလှပါတယ်။ အသင့်စားအစားအစာတွေဟာ ကျန်းမာရေးနဲ့ အသားအရေအတွက် အထောက်အကူမဖြစ်တာကြောင့် အသင့်စား အစားအစာတွေ မကြာခဏစားသုံးခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ (၇) အစိုဓာတ်ဖြည့်ခရင်မ် (Moisturizer) ကို ခြောက်သွေ့တဲ့အသားအရေ ပိုင်ရှင်တွေသာမက ဘယ်လိုအသားအရေ အမျိုးအစားတွေမဆို မဖြစ်မနေအသုံးပြုပေးသင့်ပါတယ်။ Ref. https://ift.tt/2moSdPR The post အသားအရေထိန်းသိမ်းမှုအပိုင်းမှာ ပြုလုပ်မိတတ်တဲ့ အမှား (၇) ချက် appeared first on ဧရာဝတီ.
Source : https://ift.tt/2tD3ePx
via IFTTT
No comments:
Post a Comment