Wednesday, June 27, 2018


Single (တကိုယ်တည်းသမား) ဖြစ်ခြင်းက ဘယ်လိုအားသာချက်တွေရှိလဲ တချို့သော Single သမားတွေဟာ ဘဝကို တကိုယ်တော်ဖြတ်သန်းရတဲ့အတွက် မကြာခဏဆိုသလို အထီးကျန်ဆန်မှု၊ ဝမ်းနည်းမှုတွေကို ခံစားလေ့ရှိကြပါတယ်။ တကယ်တမ်းတော့ Single သမားတွေမှာလည်း သူ့အားသာချက်နဲ့ သူရှိတာကြောင့် Single ဖြစ်ရခြင်းရဲ့ အားသာချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) သင့်ရဲ့ကိုယ်ပိုင်အချိန်တွေဟာ သင်တဦးတည်းသာ ပိုင်ဆိုင်တာဖြစ်တာကြောင့် ဝါသနာပါရာတွေ လုပ်ဖို့တွေအပြင် ခန္ဓာကိုယ်အလှအပနဲ့ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ အချိန်ပေးနိုင်မှာ ဖြစ်ပါတယ်။ (၂) လေ့လာချက်တွေအရ Single တွေဟာ စုံတွဲတွေထက် ပိုမိုကျန်းမာပြီး အသက်ရှည်တယ်လို့ ဆိုပါတယ်။ အကောင်းမြင်စိတ်ထားတတ်ခြင်းနဲ့ စားသောက်နေထိုင်မှုပုံစံမှာဆိုရင်လည်း မိမိကိုယ်ကို ပိုမိုဂရုစိုက်ဖို့ အချိန်တွေ ပိုင်ဆိုင်ထားတာကြောင့် Single တွေဟာ ကျန်းမာပြီး အသက်ရှည်လေ့ရှိကြတာ ဖြစ်တယ်လို့ဆိုပါတယ်။ (၃) Single အဖြစ်အချိန်ကြာကြာ နေထိုင်လာတာနဲ့အမျှ တယောက်တည်း အထီးကျန်ဖြစ်ရတာကို ကြောက်မနေတော့ဘဲ ကိုယ့်ကိုယ်ကိုသာ ပိုမိုပြီးအားကိုးတတ်လာမှာပဲ ဖြစ်ပါတယ်။ (၄) နောက်ထပ် အားသာချက်တခုကတော့ ငွေကြေးနဲ့ပက်သက်ပြီး ဘယ်သူ့ဘယ်သူကိုမှ ရှင်းပြနေစရာမလိုတာပဲ ဖြစ်ပါတယ်။ သင့်ဝင်ငွေရဲ့ ဘယ်လောက်ကိုစုပြီး ဘယ်လောက်ကိုတော့ သုံးပါတယ်ဆိုတာကို ရှင်းပြနေစရာမလို တော့တဲ့အပြင် တယောက်တည်းဖြစ်တဲ့အတွက် ကိုယ်သုံးချင်တဲ့နေရာမှာ သုံးချင်တာကို သုံးပစ်နိုင်ပါတယ်။ (၅) Single တယောက်ဖြစ်တာကြောင့် မိမိကြိုက်နှစ်သက်တဲ့ ဘယ်အရာမဆို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် စိတ်ကူးပေါက်တဲ့အချိန် ခရီးထသွားတာမျိုးကို ခွင့်ပြုချက်တွေတောင်းခံနေစရာမလိုဘဲ လွတ်လွတ်လပ်လပ် သွားနိုင်မှာ ဖြစ်ပါတယ်။ (၆) သင်ဟာ Single တယောက်ဆိုရင်တော့ ခင်မင်ရတဲ့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အချိန်မရွေး လွတ်လွတ်လပ်လပ် တွေ့ဆုံနိုင်မှာပဲ ဖြစ်ပါတယ်။ တချို့သောစုံတွဲတွေမှာ ဖြစ်တတ်တဲ့ ကိုယ့်ရဲ့လက်တွဲဖော်က နားမလည်ပေးမှုတွေကြောင့် သူငယ်ချင်းတွေနဲ့တောင် အဆက်ဖြတ်ထားရတဲ့ အခြေအနေမျိုးတွေ မရှိတဲ့အတွက် ပျော်ရွှင်ဖွယ်အချိန်တွေကို သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ကုန်ဆုံးနိုင်မှာပဲ ဖြစ်ပါတယ်။ Ref. https://ift.tt/2wTlggo The post Single (တကိုယ်တည်းသမား) ဖြစ်ခြင်းက ဘယ်လိုအားသာချက်တွေရှိလဲ appeared first on ဧရာဝတီ.
Source : https://ift.tt/2Kqfr0z
via IFTTT

No comments:

Post a Comment