မတူညီတဲ့ ပုံစံနဲ့ မြင်တွေ့ရဦးမယ့် NUAC ရဲ့ Orchestra Music Showcase အမျိုးသားယဉ်ကျေးမှုတက္ကသိုလ်(ရန်ကုန်) ရဲ့တတိယအကြိမ်အဖြစ် ပြုလုပ်ကျင်းပမယ့် Orchestra Music Showcase မှာတော့ ယခင်နှစ်များနဲ့မတူညီတဲ့ ပုံစံများနဲ့ တင်ဆက်ပြသသွားဖို့ရှိတယ်လို့ NUAC Orchestra ရဲ့ Music Director အကယ်ဒမီဓိရာမိုရ်က ပြောပါတယ်။ “ဒီနှစ်မှာတော့ ကျနော်တို့ NUAC ရဲ့ ၂၅နှစ်ပြည့်ကို Reflect လုပ်ထားပါတယ်။ NUAC Orchestra က ကျန်တဲ့ ဖျော်ဖြေမှုနဲ့ ဘာကွာတာလဲဆိုရင် နံပါတ် ၁အလွယ်တကူပြောမယ်ဆိုရင် Education ဆိုတဲ့ဂီတပညာရေးကို Blackground လုပ်ထားတာလေးကွာပါတယ်။ ရိုးရိုးတန်းတန်းဖျော်ဖြေတာ မဟုတ်ဘဲနဲ့ ဗဟုသုတတွေ အကြောင်းအချက်တွေအများကြီး ရနိုင်ဖို့အတွက် အများကြီး ကြိုးစားပါတယ်။ တနှစ်နဲ့ တနှစ် ပုံစံမတူပါဘူး” လို့ NUAC Orchestra ရဲ့ Music Director အကယ်ဒမီဓိရာမိုရ်က ပြောပါတယ်။ အဆိုပါ NUAC Orchestra Music Showcase 2018 ကိုတော့ ဇူလိုင်လ ၂၃ရက်နေ့မှာ ရန်ကုန်မြို့ အမျိုးသားက ဇာတ်ရုံမှာ ပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။ NUAC Orchestra Music Showcase ကိုတော့ ၂၀၁၆ခုနှစ်မှစတင်ကာ မတူညီတဲ့ဖျော်ဖြေမှုပုံစံကောင်းများနှင့် တင်ဆက်ခဲ့ရာယခုနှစ် သုံးကြိမ်မြောက်မှာတော့ အကယ်ဓိရာမိုရ်က ဦးဆောင်ပြီး တူရိယာမျိုးစုံတီးခတ်သူ အင်အား(၇၀) ဦး ၊ သံပြိုင်သီဆိုသူ Choir အဖွဲ့(၈၀) ဦး စုစုပေါင်း အယောက်(၁၅၀) တို့က အပိုင်းနှစ်ပိုင်းနှင့် ပါဝင်ပုံဖော်တီးခတ်ကြမှာ ဖြစ်ပါတယ်။ ဖျော်ဖြေမှုများကိုတော့ အပိုင်းနှစ်ပိုင်းခွဲထားပြီး ပထမပိုင်းမှာတော့ စကားပြောခြင်းမပါဘဲ ဂီတနဲ့သာ ဖျော်ဖြေသွားမယ့် ဂီတဇာတ်နှင့် ဒုတိယပိုင်းမှာတော့ နိုင်ငံကျော်အဆိုတော်တွေရဲ့ သီချင်းများကို DJ Wine ရဲ့တီထွင်မှုဖြင့် တင်ဆက် သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပါဝင်ဖျော်ဖြေပေးသွားမယ့် နိုင်ငံကျော်အဆိုတော်များကတော့ Rဇာနည် ၊ အောင်ထက် ၊ DJ Wine ၊ ဝိုင်းစုခိုင်သိန်း ၊ အိမ့်ချစ် ၊ နီနီခင်ဇော်တို့က ပါဝင်အားဖြည့် သီဆိုပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ “အပိုင်းနှစ်ပိုင်းရှိပါတယ်။ ပထမပိုင်းကတော့ ဂီတဇာတ်ပေါ့။ စကားပြောတာ တခုမပါဘဲ သီချင်းတွေပဲ ဆိုသွားမယ့် တနာရီစာ ဂီတဇာတ်ပါ။ အဲဒီထဲမှာက တက္ကသိုလ်နဲ့ပတ်သက်ပြီးတော့ ထင်ရှားတဲ့သီချင်းတွေကို ချိတ်ဆက်ပြီးတော့ ဇာတ်လမ်းအနေနဲ့ တင်ပြသွားမှာ ဖြစ်ပါတယ်” “ဒုတိယပိုင်းမှာတော့ နိုင်ငံကျော်အဆိုတော်တွေရဲ့ သီချင်းတွေကို ကျနော်တို့ဆီက ကျောင်းသား၊ကျောင်းသူ အယောက် ၁၅၀နဲ့ DJ Wine နဲ့ပေါင်းပြီးတော့ ဖန်တီးသွားမှာ ဖြစ်ပါတယ်” လို့ NUAC Orchestra ရဲ့ Music Director အကယ်ဒမီဓိရာမိုရ်ကပြောပါတယ်။ NUAC Orchestra Music Showcase 2018 ကိုတော့ ဧရာဝတီဘဏ်က အဓိကကူညီပံ့ပိုးပေးတာဖြစ်ပြီး Xenon Entertainment နှင့် ပူးပေါင်းတင်ဆက်မှာ ဖြစ်ပါတယ်။ ဖျော်ဖြေပွဲရဲ့ လက်မှတ်များကိုတော့ ငွေကျပ် ၁သောင်းမှစတင်ကာ ကျပ် ၅သောင်းထိ ဈေးနှုန်းများရှိပြီး ဇူလိုင် ၂၇ရက်နေ့တွင် စတင်ဝယ်ယူနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ The post မတူညီတဲ့ ပုံစံနဲ့ မြင်တွေ့ရဦးမယ့် NUAC ရဲ့ Orchestra Music Showcase appeared first on ဧရာဝတီ.
Source : https://ift.tt/2Kx82Q4
via IFTTT
No comments:
Post a Comment