ဆီးရီးယားက သူပုန်တွေ သိမ်းပိုက် ထားသည့် နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သား ၂၅ ဦးထက်မနည်း သေဆုံး (ရုပ်သံ) ဆီးရီးယား နိုင်ငံ အလက်ပိုမြို့ အရှေ့ဘက်က သူပုန်တွေ သိမ်းပိုက်ထားတဲ့ နေရာတွေကို ဆီးရီးယား လေတပ်နဲ့ ရုရှားလေတပ်တွေက ဗြုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် အရပ်သား ၂၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်လို့ သိရပါတယ် ။
Source : http://ift.tt/2cSPhVB
via IFTTT
Sunday, September 25, 2016
Eleven Broadcasting
တောင်ငူမြို့နယ်ရှိ မူလွန်ကျောင်းတစ်ကျောင်းမှ ကလေးသူငယ်များ မျက်လုံးနီခြင်း၊ဖျားနာအော့အန်ခြင်းတို့ဖြစ်ပွားခြင်းကြောင့် တောင်ငူဆေးရုံကြီးသို့လာရောက်ပြသ (ရုပ်သံ) ပဲခူးတိုင်းဒေသကြီး၊တောင်ငူမြို့နယ် ရှိ ရှမ်းပြုံးချောင်းကျေးရွာ၊မှာ မူလတန်းလွန်ကျောင်းမှ ကလေးများနှင့်ရွာထဲရှိကလေးတွေမှာ မျက်စိနာသကဲ့သို့မျက်လုံးများနီခြင်း၊ဖျားနာအာ့အန်ခြင်းတို့ ရက်အနည်းငယ်ကြာဖြစ်ပွားနေတာကြောင့့်် စက်တင်ဘာ ၂၄ ရက်နေ့ မွန်းလွဲပိုင်း ကလေး ၁၃ ယောက်ကို တောင်ငူမြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက် ပြသခဲ့ပါတယ်။
Source : http://ift.tt/2dgHdjU
via IFTTT
Source : http://ift.tt/2dgHdjU
via IFTTT
ပလက်ဝမြို့ရှိ စစ်ဘေးရှောင်များ နေရပ် ပြန်နိုင်တော့မည်
ချင်းပြည်နယ် ပလက်ဝမြို့ လောင်းတင်ကျေးရွာ အနီးရှိ စစ်ဘေးရှောင် စခန်းသို့ ရောက်ရှိနေသူများ နေရပ်ပြန်နိုင်ရေး ပြည်နယ် အစိုးရနှင့် သဘော တူညီမှု ရရှိပြီဖြစ်ကြောင်း ပလက်ဝမြို့ စစ်ဘေးရှောင် ကူညီထောက်ပံ့ရေး ကော်မတီမှ ဘဏ္ဍာရေးမှူး ဦးကျော်အောင်က ပြောကြားသည်။ ယခု လောင်းတင်ကျေးရွာ အနီးရှိ စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိ စစ်ဘေးရှောင်သူများမှာ ပြိုင်စိုကျေးရွာတွင် နေထိုင်သူများဖြစ်သည်။ စစ်ဘေးရှောင်သူများ မိမိတို့ မူရင်းဒေသ ပြိုင်စိုကျေးရွာတွင် ပြန်လည် နေထိုင်နိုင်ရေးအတွက် ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာ ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် ဦးဆောင်သည့် အဖွဲ့က စက်တင်ဘာ ၂၄ ရက်တွင် အဆိုပါ စစ်ဘေးရှောင် စခန်းသို့ လာရောက်ကာ စခန်းတွင် နေထိုင်သူများနှင့် တွေ့ဆုံခဲ့ကြောင်း၊ တိမ်းရှောင် လာခဲ့ရသော ပြိုင်စိုကျေးရွာတွင် ပြန်လည် နေထိုင်နိုင်ရေးအတွက် ပြည်နယ် အစိုးရက မိုင်းရှင်းပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ ပြိုင်စိုကျေးရွာတွင် အိမ်ခြေ ၆၅ အိမ်ရှိပြီး ပြန်လည် ပြုပြင်ရမည့် အိမ်ခြေ ၆၀ အတွက် တစ်အိမ်ထောင်လျှင် ကျပ် တစ်သိန်းစီ၊ ပြောင်းရွေ့ပြီးပါက စားသောက်စရိတ်အဖြစ် တစ်အိမ်ထောင်လျှင် ကျပ် နှစ်သိန်းစီ ထောက်ပံ့မည် ဖြစ်ကြောင်း ပြည်နယ် အစိုးရအဖွဲ့နှင့် စစ်ရှောင်သူများ သဘော တူညီမှု ရရှိခဲ့သဖြင့် အောက်တိုဘာ ၂၀ ရက်တွင် စတင် ပြောင်းရွှေ့တော့မည် ဖြစ်ကြောင်း ဦးကျော်အောင်က ပြောဆိုသည်။ “အောက်တိုဘာလထဲမှာ တစ်အိမ် တစ်ယောက် အိမ်ထောင်ဦးစီးတွေက တောင်ယာလုပ်ဖို့ ရွာမှာ သွားနေကြမယ်။ ကျန်တဲ့သူတွေကတော့ နောက်နှစ် ဖေဖော်ဝါရီမှာ အပြီး ပြောင်းရွှေ့နေကြမယ်။ ကလေးတွေကလည်း ကျောင်းတက်နေရင်း တန်းလန်းဆိုတော့ ရုတ်တရက် အကုန်ပြန်ပြောင်းဖို့ မဖြစ်နိုင်ဘူး”ဟု ၎င်းက ရှင်းပြသည်။ ပြိုင်စိုကျေးရွာ ဒေသခံများမှာ ၂၀၁၅ ခုနှစ် အစောပိုင်းက တပ်မတော်နှင့် AA တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ၂၀၁၅ ခုနှစ် ဧပြီ ၂၇ ရက်က ပြိုင်စိုကျေးရွာမှ ပလက်ဝမြို့နယ် လောင်းတင်ကျေးရွာသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ရပြီး တစ်နှစ်ကျော် အကြာတွင် နေရပ်သို့ ပြန်လည် နေထိုင်နိုင်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ပလက်ဝမြို့ စစ်ဘေးရှောင် ကူညီထောက်ပံ့ရေး ကော်မတီထံမှ သိရှိရသည်။
Source : https://goo.gl/mg1Jsn
via IFTTT
Source : https://goo.gl/mg1Jsn
via IFTTT
Eleven Broadcasting
မိန်းကလေးငယ် တစ်ဦးကို မွေးစားမည် ဟုပြောဆိုကာ အိမ်အကူ အဖြစ်ခိုင်းစေပြီး လုပ်ခလစာ မပေးဘဲ ညှင်းပမ်းနှိပ်စက်သူ ၄ ဦးကို လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေဖြင့် ထပ်မံအရေးယူ (ရုပ်သံ) မိန်းကလေးငယ် တစ်ဦးကို မွေးစားမယ်လို့ပြောဆိုကာ အိမ်အကူအဖြစ် ခိုင်းစေပြီး လုပ်ခလစာ မပေးဘဲ ညှင်းပမ်းနှိပ်စက်သူ ၄ ဦးကို လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဥပဒေနဲ့ ထပ်မံအရေးယူ ထားတယ်လို့ ရဲတပ်ဖွဲ့ကစက်တင်ဘာလ ၂၄ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
Source : http://ift.tt/2dj0EVd
via IFTTT
Source : http://ift.tt/2dj0EVd
via IFTTT
ဆူးလေစကွဲစီမံကိန်း ဒဏ်ကြေးကျပ်နှစ်ဘီလီယံ ပေးဆောင်ရမည်
ဆူးလေစကွဲ (Sule Square) အထပ်မြင့် အဆောက်အအုံ စီမံကိန်းသည် မူလ အဆောက်အအုံ ဒီဇိုင်းကို ပြင်ဆင် ဆောက်လုပ်မှုကြောင့် ဒဏ်ကြေး ကျပ် နှစ်ဘီလီယံကျော် ပေးဆောင်ရမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ဆူးလေရှန်ဂရီလာ ဟိုတယ်နှင့်ကပ်လျက် တည်ဆောက်သော အဆိုပါစီမံကိန်းသည် ၂၃ ထပ် မြင့်သည့် အဆောက်အအုံဖြစ်ပြီး အစိုးရသစ် လက်ထက်တွင် ပထမဆုံး အရေးယူသည့် ဆောက်လုပ်ရေးလုပ်ငန်း ဖြစ်ကာ မူလ ခွင့်ပြုထားသည့် စီမံကိန်းထက် အထပ်ပိုဆောက်ခဲ့၍ ယခုကဲ့သို့ ပြစ်ဒဏ်ပေးခြင်း ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အဆောက်အအုံဌာန ဌာနမှူး ဦးသန်းဌေးက ပြောသည်။ ‘‘တကယ်လို့ ဒဏ်ကြေး ဆောင်ရမယ်ဆိုရင် နှစ်ဘီလီယံ လောက်ရှိမယ်လို့ အကြမ်းဖျင်း တွက်ထားတာ နှစ်ဘီလီယံတောင် ကျော်နိုင်တယ်။ ငွေကတော့ မသွင်းရသေးဘူး’’ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံဌာန အရာရှိတစ်ဦးက ပြောသည််။ ယခုကဲ့သို့ ဒဏ်ကြေးဆောင် ရန်အတွက် ပြီးခဲ့သည့် ဇူလိုင်လ က စစ်ဆေးသတိပေးမှုပြုလုပ်ခဲ့ ပြီး ခေါ်ယူညှိနှိုင်းမှုအချို့ ပြုလုပ်ခဲ့ ကြောင်းသိရသည်။ ဆူးလေစကွဲ သည် အဆောက်အအုံ မူလဒီဇိုင်း ကို ကျော်လွန်တည်ဆောက်၍ ဒဏ်ကြေး ပေးဆောင်မှုသည် ရန်ကုန်မြို့တွင် ပထမဆုံး ဖြစ်သည်။ နောက်ပိုင်းတွင် အခြား အဆောက်အအုံများကို ယခုကဲ့သို့ ထပ်မံစစ်ဆေးရန် အစီအစဉ်ရှိကြောင်း ဌာနမှူး ဦးသန်းဌေးကပြော သည်။ အဆိုပါစီမံကိန်းကို ၂၀၁၃ ဇန်န၀ါရီတွင် ရန်ကုန်စည်ပင် သာယာရေးကော်မတီက ခွင့်ပြု သောမူလဒီဇိုင်းမှာ မြေအောက် နှစ်ထပ်၊ မြေပေါ်အထပ် ၂၀ နှင့် ခေါင်မိုးပေါ်တွင် Penth House တို့ ပါ၀င်ခဲ့သည်။ သို့သော် ယခု နှစ် မတ်လကတင်ပြလာသည့် စီ မံကိန်းဒီဇိုင်းတွင် မြေအောက်တစ် ထပ်နှင့် အထပ်ပေါင်း ၂၃ ထပ် ပါ၀င်နေသည်။ သို့သော် အဆောက်အအုံ၏ အမြင့်သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ခွင့်ပြုထားသည့် အမြင့်ပေ ၃၀၂ ပေခန့်ထက် ပိုမိုဆောက်လုပ်ခြင်း မရှိဟု သတင်းရရှိသည်။ ထို့ပြင် အများပြည်သူအတွက် နေရာနှင့် အများသုံး အိမ်သာများအတွက် နေရာမှာ မူလတင်ခဲ့သော ပုံစံထက် လျော့ကျခဲ့ကြောင်း သတင်းရရှိသည်။ မူလကအများပြည်သူအသုံး ပြုနေရာကို စတုရန်းပေ ၅,၀၀၀ အစား စတုရန်းပေ ၁,၃၀၀ သို့ ပြင်ဆင်ခဲ့ပြီး၊ အများသုံးအိမ်သာများကို စတုရန်းပေ ၉၀၀ အစား စတုရန်းပေ ၅၀၀ မှ ၆၀၀ သို့ တင်ပြလာခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အဆိုပါဆူးလေစကွဲသို့ ဆက်သွယ်ရာတွင် အဆိုပါကိစ္စအတွက် ဖြေကြားခွင့်မရှိကြောင်း အကြောင်းပြန်ခဲ့သည်။ ယခုနှစ်အတွင်း ပြီးစီးရန် ရည်ရွယ်ထားသည့် ယင်းစီမံကိန်းသည် ရှန်ဂရီလာလုပ်ငန်းစုက ပိုင်ဆိုင်သည့် စီမံကိန်းတစ်ခု ဖြစ်သည်။ ဆူးလေ ရှန်ဂရီလာဟိုတယ်က ပြုလုပ်ထားသည့် ကားပါကင်သည် အများပြည်သူပိုင်လမ်းပေါ် ရောက်ရှိနေသဖြင့် ဖျက်သိမ်းပေးရန် ရန်ကုန်စည်ပင်သာယာရေး ကော်မတီက မကြာသေးမီက ညွှန်ကြားခဲ့သည်။
Source : http://ift.tt/2cWnjeJ
via IFTTT
Source : http://ift.tt/2cWnjeJ
via IFTTT
ရွှေဝါရောင် Saffron
၂၀၀၇ ရွှေဝါရောင် အရေးအခင်းတွင် စစ်တပ်က သတ်ဖြတ်နေသည်ကို လျှို့ဝှက်ရိုက်ကူးထားတာပါ ( နှလုံးမကောင်းသူများ မကြည့်သင့် ) သမိုင်းမှတ်တမ်းအဖြစ် သိမ်းဆည်းအပ်ပါသည်။
Source : http://ift.tt/2d0gWV8
via IFTTT
Source : http://ift.tt/2d0gWV8
via IFTTT
Saturday, September 24, 2016
Eleven Broadcasting
မြန်မာနိုင်ငံ ဆိုင်ရာငြိမ်းချမ်းရေး၊ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေး မိတ်ဖက်များအဖွဲ့ကို အဆုံးသတ်ရန် ကုလကို မြန်မာနိုင်ငံ တောင်းဆို (ရုပ်သံ) ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး မိတ်ဖက်များအဖွဲ့ (PGM) ကို အဆုံးသတ်ပေးဖို့ မြန်မာနိုင်ငံခြားရေး ဒု၀န်ကြီး ဦးကျော်တင်က ကုလသမဂ္ဂကို တောင်းဆို လိုက်တယ်လို့ သိရပါတယ်။
Source : http://ift.tt/2d8G7FC
via IFTTT
Source : http://ift.tt/2d8G7FC
via IFTTT
Subscribe to:
Posts (Atom)