Tuesday, January 30, 2018
The Ladies News
ရန်ကုန်မြစ်ကမ်းတစ်လျှောက် အများပြည်သူ အပန်းဖြေနေရာများ လုပ်ဆောင်မည် ရန်ကုန်မြစ်ကမ်း တစ်လျှောက်တွင် အများပြည်သူ အပန်းဖြေနိုင်ရန် အတွက် အပန်းဖြေနေရာများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (YHT) ဒုတိယဥက္ကဋ္ဌ ဒေါ်မိုးမိုးလွင်ထံမှ သိရသည်။ ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ အနေုဖြင့် အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေး ဧရိယာသတ်မှတ်ခြင်း၊ ရေရှည်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းစဉ်များချမှတ်ခြင်း များကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ယင်းအပြင် အဆိုပါ အဖွဲ့အနေဖြင့် ရွှေတိဂုံစေတီတော် မှ ရန်ကုန်မြစ်ကမ်း တစ်လျှောက်လမ်းများ၊ အစိုးရပိုင် အဆောက် အအုံများ ပြန်လည်ပြုပြင်နိုင်ရန် ဘဏ္ဍာရေး အစီအစဉ်တစ်ခု ရေးဆွဲခြင်း၊ ဘဏ်လမ်းနှင့် ကမ်းနားလမ်း တစ်လျှောက် စံနမူနာပြသနိုင်ရန် နေရာတစ်ခု ဖန်တီးနိုင်ရေး တို့ကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ The Ladies News
Source : http://ift.tt/2Gr5Rc1
via IFTTT
ဒီမိုကရေစီ ထွန်းကားလာပါက နိုင်ငံပိုင် သတင်းစာ ပျောက်ကွယ်နိုင်ဟု ပြန်ကြားရေး ဒု ဝန်ကြီး ပြော မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ်ထွန်းကားလာပါက နိုင်ငံပိုင်သတင်းစာများ ပျောက်ကွယ်သွားနိုင်ပြီး ပုဂ္ဂလိက မီဒီယာ အားကောင်း လာနိုင်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးအောင်လှထွန်း က ပြောသည်။ ဇန်နဝါရီလ ၂၉ရက်၌ ကျင်းပသည့် အမျိုးသား လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး အဋ္ဌမနေ့ အပြီးတွင် သတင်း ထောက်များ၏ မေးမြန်းမှုကို ထိုသို့ ပြန်လည် ပြောကြားခြင်း ဖြစ်သည်။ ဦးအောင်လှထွန်းက “ရေရှည်မှာတော့ အဲဒီလိုဖြစ်သင့်တာပေါ့။ နိုင်ငံပိုင် သတင်းစာ ဆိုတာလည်း ရှိချင်မှလည်း ရှိသင့် တာပေါ့၊ တကယ့်ကို ဒီမိုကရေစီ ထွန်းကားလာရင်လေ။ ပုဂ္ဂလိက မီဒီယာကလည်း နုနယ်နေသေးတယ်။ ပုဂ္ဂလိက သတင်းစာ ဆိုတာ ၃ နှစ်သားပဲ ရှိသေးတယ်” ဟု ပြောသည်။ ယခု အချိန်တွင် နိုင်ငံပိုင် သတင်းစာရော၊ ပုဂ္ဂလိက သတင်းစာကိုပါ မျှပြီး လုပ်ရမည့် အခြေအနေဖြစ်ကြောင်း၊ ဒီမိုကရေစီ လူ့ဘောင်တခုတွင် နိုင်ငံ၏ ဇာတ်ကြောင်း (Narrative) ကို ကမ္ဘာကို တင်ပြနိုင်ခြင်းသည် ပုဂ္ဂလိက မီဒီယာသာ ဖြစ်သဖြင့် ပုဂ္ဂလိကမီဒီယာ အားကောင်းရန် အရေးကြီးကြောင်းလည်း ၎င်း က ပြောဆိုသည်။ ဆက်လက်၍ “ပုဂ္ဂလိက သတင်းစာတွေ ပိုပြီးတေ့ာ လွတ်လွတ်လပ်လပ် အခက်အခဲမရှိ ရှင်သန်နိုင်အောင်လို့ အားပေးရမယ်။ နိုင်ငံပိုင် သတင်းစာကိုလည်း ပိုပြီးတေ့ာ ထက်မြက်အောင် လုပ်ရမယ်”ဟု ပြောသည်။ ပုဂ္ဂလိက မီဒီယာ အများစုသည်လည်း မြန်မာ ဘာသာ တခုတည်းဖြင့် ထွက်ရှိနေခြင်းကြောင့် နိုင်ငံတကာ ဘာသာနှင့် လည်း ထွက်ရှိရန် လိုအပ်လျက်ရှိကြောင်း ဦးအောင်လှထွန်းက ဆိုသည်။ မန္တလေးမြို့ အခြေစိုက် မန္တလေး သတင်းစာ ပညာကျောင်းမှ ကျောင်းတာဝန်ခံ တဦးဖြစ်သူ ဦးစန်းယုကျော်က “မီဒီယာ အသိုင်းအဝိုင်းက လာတဲ့ ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ ဦးဆောင်နေတဲ့ ပြန်ကြားရေး ဝန်ကြီးဌာန အနေနဲ့ ပုဂ္ဂလိက မီဒီယာ ဖွံ့ဖြိုးရေးကို တကယ် လုပ်ပေးချင်တယ်ဆိုရင် လုပ်ပေးလို့ ရတဲ့ အပိုင်းကနေ စလုပ်ပေးပါ။ သူတို့ လုပ်ပေးလို့ ရတဲ့ အပိုင်း တွေ အများကြီး ရှိပါတယ်”ဟု ပြောသည်။ မြန်မာနိုင်ငံ၌ အစိုးရ သတင်းစာ လုံးဝမရှိသင့်ဟု မဆိုလိုကြောင်း မြန်မာ့ အလင်းနှင့် ကြေးမုံ သတင်းစာ၂ စောင်လုံး တွင် မျက်နှာဖုံးနှင့် နောက်ကျော၊ အာဘော် မှအစ အားလုံး တူညီနေသဖြင့် တစောင်ကို ရပ်နား၍ ရနိုင်ကြောင်း ၎င်းက ပြောဆိုသည်။ ထို့ပြင် နိုင်ငံပိုင် သတင်းစာများကို ပုဂ္ဂလိကနှင့် ပူးပေါင်းလုပ်မည်ဆိုပါက အစိုးရအာဘော်များ လျော့ကျလာနိုင်ကာ ပြန်ကြားရေး ဝန်ကြီးဌာန အနေနှင့် ယခုအချိန်ကတည်းက အစီအစဉ်တကျ ချမှတ်လုပ်သင့်ကြောင်းလည်း ဦးစန်းယုကျော် က ပြောသည်။ ပြည်သူလူထုက နိုင်ငံပိုင် သတင်းစာမှ ကြေညာချက်၊ ထုတ်ပြန်ချက် များကိုသာ အတည်ပြု မှတ်ချက်ယူသည့် အလေ့အထ သည်လည်း ယနေ့အထိ အရိုးစွဲနေသေးသည်ဟု ဆိုသည်။ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင် ဦးမြင့်ကျော်က “သတင်းစာတွေရဲ့ အခန်းကဏ္ဍ အရေးကြီး တယ်ဆိုတဲ့ ဟာကို ထည့်သွင်း စဉ်းစားပြီး မူဝါဒကို ထိန်းညှိပေးရမှာက အစိုးရရဲ့ အလုပ်လို့ ကျနော် မြင်တယ်။ ကိုယ့်ဟာကိုယ် မရပ်တည် နိုင်လို့ ရပ်ပေါ့ ဆိုတာမျိုးကတော့ အစိုးရတရပ်က သတင်း မီဒီယာရဲ့ အခန်းကဏ္ဍကို နားမလည်နိုင်ရာ ကျတယ်” ဟု ဧရာဝတီသို့ ပြောသည်။ နိုင်ငံပိုင် မီဒီယာများသည် ပုဂ္ဂလိက မီဒီယာများနှင့် ပြိုင်ဖက် ဖြစ်နေခြင်းသည် ကြီးမားသည့် အချက် တခုဖြစ်နေ ကြောင်း၊ နိုင်ငံတော် ဘတ်ဂျက်ဖြင့် ရပ်တည်နေသည့် အတွက် ရပ်တန့်သွားမည် မဟုတ်ကြောင်းလည်း ဦးမြင့်ကျော် က ပြောဆိုသည်။ ၂၀၁၃ ခုနှစ် ဧပြီ ၁ရက်မှစ၍ ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့်ပြုခဲ့ပြီး လက်ရှိအချိန်တွင် ဂျာနယ် ပေါင်း ၁၅၀ ခန့် နှင့် သတင်းစာ ပေါင်း ၁၀ စောင်ခန့် ရှိသည်ဟု သိရသည်။ The post ဒီမိုကရေစီ ထွန်းကားလာပါက နိုင်ငံပိုင် သတင်းစာ ပျောက်ကွယ်နိုင်ဟု ပြန်ကြားရေး ဒု ဝန်ကြီး ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2Eo8omS
via IFTTT
၂၀၁၇ အတွင်း လူကုန်ကူးခံရမှု တရုတ်မယားအဖြစ် ရောင်းချခံရမှု အများဆုံးဟုဆို မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ (နေပြည်တော်) ထံမှ စုံစမ်းသိရှိရသော အချက်အလက်များ အရ ၂၀၁၇ ခုနှစ် အတွင်း မြန်မာနိုင်ငံမှ လူကုန်ကူးခံရသူအများစုမှာ အမျိုးသမီးများဖြစ်ကြပြီး တရုတ်အမျိုးသားများနှင့် အတင်းအဓမ္မလက်ထပ်ခိုင်းစေသည့် အမှုများက အများဆုံး ဖြစ်ကြောင်း သိရသည်။ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ (နေပြည် တော်) မှ ဒုတိယရဲမှူးကြီး သက်နောင် က “မြန်မာအမျိုးသမီးတွေကို တရုတ်နိုင်ငံသား တွေနဲ့ လက်ထပ်စေဖို့ လူကုန်ကူးခံရတာ အများဆုံးပဲ။ တရုတ်နိုင်ငံကို လူကုန်ကူးခံရတာက ၇၂ ရာခိုင်နှုန်းလောက် ရှိတယ်” ဟု ပြောသည်။ မြန်မာတနိုင်ငံလုံး အတိုင်းအတာအရ ၂၀၁၇ ခုနှစ်အတွင်း လူကုန်ကူးမှု ၂၂၅ မှု ဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူ ၃၆၀ ဦးရှိကြောင်း၊ လူကုန်ကူး ခံရသူများတွင် အသက် ၁၈ နှစ်မပြည့်သေးသည့် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၄၄ ဦးပါဝင်ခဲ့သည်။ ယင်းအနက် တရုတ်အမျိုးသားများနှင့် အဓမ္မလက်ထပ် ပေါင်းသင်းရန်အတွက် ၁၅၃ မှုအထိ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ (နေပြည်တော်)၏ စာရင်းများအရသိရသည်။ လူကုန်ကူးခံရသည့် အမျိုးသမီးများမှာအသက် ၁၈ နှစ် မှ ၃၀ အကြား အမျိုးသမီး အများဆုံး ဖြစ်ပြီး လုပ်ခလစာငွေ ကောင်းကောင်းဖြင့် အလုပ် အကိုင်ကောင်း ရရှိမည်ဟု မက်လုံးပေး ခေါ်ဆောင်ခံရခြင်း၊ ချစ်သူသမီးရည်းစားအဖြစ် စည်းရုံးခြင်းမျိုးဖြင့် တရုတ်နိုင်ငံအတွင်းသို့ ခေါ်ဆောင်သွားကာ တရုတ်အမျိုးသားများနှင့် အဓမ္မ လက်ထပ်စေခြင်းများ အပြင် ပြည့်တန်ဆာအိမ်များသို့ ပို့၍ ရောင်းစားခံရခြင်းမျိုး အထိ ရှိကြောင်း၊ အမျိုးသားများကိုလည်း ထိုင်းနိုင်ငံရှိ ငါးဖမ်းလှေများ၊ စက်ရုံ၊ အလုပ်ရုံများတွင် ရောင်းစားခံရခြင်းများဟု သိရသည်။ ၂၀၁၇ ခုနှစ် လူကုန်ကူးခံခဲ့ရသူများ အနက် အမျိုးသား ၅၉ ဦးနှင့် အမျိုးသမီး ၂၂၉ ဦးကိုကယ်တင်နိုင်ခဲ့ပြီး အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၅၄ ဦးကို ကယ်တင်နိုင်ခြင်း မရှိသေးပေ။ လူကုန်ကူးခံရမှုများ ဖြစ်ပွားရာတွင် တဖက်နိုင်ငံများသို့ ရောက်ရှိသွားလျှင် ပြန်လည် ကယ်တင်နိုင်ရန် အတွက် အခက်အခဲများစွာ ရှိနေသေးသည်ဟု ဒုတိယရဲမှူးကြီး သက်နောင်က ပြောသည်။ ၂၀၁၆ ခုနှစ်တွင်တနိုင်ငံလုံး အတိုင်းအတာဖြင့် လူကုန်ကူးမှု ၃၀၅ မှုဖြစ်ပွားခဲ့ပြီး ၂၅၄ဦးအား ပြန်လည် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းထဲမှ ၈၈ မှုမှာ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရခြင်းဖြစ်သည်။ လူကုန်ကူးခံရသည့် အမှု အမျိုးအစားများတွင် အဓမ္မလက်ထပ်ခြင်း အမှုသည် ၂၀၁၄၊ ၂၀၁၅ ခုနှစ်များတွင်လည်း အများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမှတ် ၁၁ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ (မန္တလေး) မှ ဒုတိယရဲမှူး မျိုးဇင်က “အမျိုးသမီးတွေ လူကုန်ကူးခံရမှုက အများဆုံးပါပဲ။ အမျိုးသမီးလူကုန် ကူးခံရမှုတွေကို ကြည့်မယ်ဆိုရင် တော်တော်များများက ကျေးလက်ဒေသ နေသူတွေများတယ်။ ဆင်းရဲနွမ်းပါးမှုနဲ့ အတူ အသိပညာ နည်းပါးကြတော့ အယုံလွယ်ပြီး လူကုန်ကူးခံကြရတယ်။ တချို့ဆိုရင် သူတို့ကိုယ်သူတို့ လူကုန်ကူး ခံရမှန်းတောင် မသိကြဘူး” ဟု ပြောသည်။ ၂၀၁၇ ခုနှစ် အတွင်း လူကုန်ကူးခံရမှုများတွင် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရမှု ၇၂ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရမှု ၆ ရာခိုင်နှုန်းနှင့် ပြည်တွင်း လူကုန်ကူးခံရမှု ၂၂ ရာခိုင်နှုန်းရှိခဲ့သည်။ “လူကုန်ကူးတဲ့ နည်းလမ်းတွေက လည်းစုံတယ်။ ဥပမာတခု ပြောရမယ်ဆိုရင် မိန်းမပျိုလေးတွေကို ချဉ်းကပ်ပြီး ချစ်သူသမီးရည်းစား ဖြစ်လို့ လက်ထပ်ယူတယ်။ ပြီးမှ လိမ်လည်လှည့်ဖျားပြီး ရောင်းစားခံရတဲ့ အဖြစ်မျိုးတောင်ရှိတယ်။ လူကုန်ကူးမှုတွေမှာ တရုတ်မယား အဖြစ် ရောင်းစားခံရတာတွေ များတယ်။ ဒါကြောင့် တရုတ်ပြည်နဲ့ အဆက်အစပ်ရှိနေတဲ့ သွားလာ နေထိုင်နေသူတွေကို သတိထားသင့်တယ်” ဟု ဒုတိယရဲမှူး မျိုးဇင်က ဆက်လက်ပြောသည်။ ထို့အပြင် နိုင်ငံတွင်း လူကုန်ကူးမှုများထဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၆၀ မှုအဖြစ် အများဆုံးဖြစ်ပွားခဲ့ပြီး ဒုတိယ အများဆုံးအဖြစ် ရှမ်းပြည်နယ် အတွင်း ၅၁ မှု၊ ကချင်ပြည်နယ်တွင် တတိယ အများဆုံး ဖြစ်ပွားခဲ့ပြီး လူကုန်ကူးမှု ဖြစ်ပွားခဲ့ခြင်း မရှိသည့် နေရာမှာ ချင်းပြည်နယ်ဖြစ်ကြောင်း သိရသည်။ မန္တလေးတိုင်း ဒေသကြီးအတွင်း၌လည်း ၂၀၁၇ ခုနှစ်အတွင်း လူကုန်ကူးခံရမှု ၁၄ မှုရှိခဲ့ပြီး အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁၉ ဦး လူကုန်ကူး ခံခဲ့ရသည်။ လူကုန်ကူးမှုများကို ၂၀၁၆ ခုနှစ်၌ ၁၃ မှု၊ ၂၀၁၇ ခုနှစ်၌ ၁၄ မှု ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်းနှင့် လူကုန်ကူး ခံရသူများသည် ပြည်ကြီးတံခွန်၊ မြင်းခြံ၊ ကျောက်ဆည်၊ ပုသိမ်ကြီး၊ မိတ္ထီလာ၊ မဟာအောင်မြေ၊ နွားထိုးကြီး၊ မလှိုင်၊ သပိတ်ကျင်းစသည့်မြို့နယ်များ၌ နေထိုင်ကြသူများဟု သိရသည်။ ယူနီဆက် မြန်မာ (Unicef Myanmar) မန္တလေးရုံးခွဲမှ တာဝန်ရှိသူ တဦးက “လူကုန်ကူးမှုတွေကို ကြည့်ရင် အဓိက အားနည်းချက်ကတော့ စီးပွားရေးမပြေလည်မှုပေါ့၊ နောက်ဖွံ့ဖြိုးတိုးတက်လာတဲ့ နည်းပညာနဲ့ ရုပ်ဝတ္ထု ပစ္စည်းတွေကြောင့်လည်း ဖြစ်ရတယ်။ နောက်တစ်ခုက ပြည်တွင်းစစ်ကြောင့်လည်း လူကုန်ကူးမှုတွေ ဖြစ်တယ်။ စစ်ပွဲတွေဖြစ်တာကြောင့် နေရပ်စွန့်ခွာပြေးရသူတွေဟာ လူကုန်ကူးသူတွေရဲ့ သားကောင်အဖြစ် ပါဝင်လာတယ်။ ဒါကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးဟာလည်း လူကုန်ကူးမှုတွေ အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်” ဟု ဧရာဝတီသို့ ပြောသည်။ တရုတ်နိုင်ငံဘက်သို့ လူကုန်ကူးခံရမှုများသည် မန္တလေး-မူဆယ် လမ်းကြောင်းကို အဓိကအသုံးပြုကာ မန္တလေး-ဗန်းမော်၊ မန္တလေး-လွယ်ဂျယ် လမ်းကြောင်းကိုလည်း အသုံးပြုသူများ ရှိကြောင်း၊ ထိုင်းနိုင်ငံသို့ လူကုန်ကူးမှုများကို မန္တလေး-ပဲခူး-သထုံ-ဘားအံ-မြဝတီလမ်းကြောင်းနှင့် မန္တလေး၊-ရန်ကုန်-ကော့သောင်း လမ်းကြောင်း၊ မန္တလေး-တောင်ကြီး-တာချီလိတ် လမ်းကြောင်းများကို အသုံးပြုကြပြီး အိန္ဒိယ နိုင်ငံသို့ မန္တလေး-မုံရွာ-ကလေးဝ-တမူးလမ်းကြောင်းတို့မှ လူကုန်ကူးမှုများ ကျူးလွန်နေကြသည်ဟု မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ မှတ်တမ်းများ အရသိရသည်။ မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ်မှ စတင်၍ လူကုန်ကူးခံရမှု အဆင့်သတ်မှတ်ချက်သည် အနီရောင်အဆင့် (အန္တရာယ်ရှိသည့် အဆင့်) မှ အဝါရောင် အဆင့်သို့ လျှော့ချနိုင်ခဲ့ပြီးဖြစ်သလို ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်သည် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် တတိယ ၅ နှစ် စီမံကိန်းကာလ အဖြစ်သတ်မှတ်၍ မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တရားစွဲဆိုရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ဆိုသည့် ကဏ္ဍ ၄ ရပ် ဖြင့် ဆက်လက်ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။ The post ၂၀၁၇ အတွင်း လူကုန်ကူးခံရမှု တရုတ်မယားအဖြစ် ရောင်းချခံရမှု အများဆုံးဟုဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2FvsF9t
via IFTTT
ဦးကိုနီနှင့် ဦးနေဝင်းအမှု ကြန့်ကြာနေခြင်းအပေါ် ကျေနပ်မှုမရှိ ဟု ဦးနေဝင်းဇနီးပြော တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် တက္ကစီ ယာဉ်မောင်း ဦးနေဝင်း တို့ လုပ်ကြံ သတ်ဖြတ်ခံရမှုမှာ တနှစ်ပြည့်လာခဲ့ပြီ ဖြစ်သော်လည်း တရားဥပဒေအရ စီရင်ချက် မချနိုင်သေးဘဲ ကြန့်ကြာ နေခြင်းအပေါ် အားရကျေနပ်မှုမရှိကြောင်း သေဆုံးသူ ဦးနေဝင်း၏ ဇနီးဖြစ်သူ မစုသက်ခိုင်က သတင်းမီဒီယာများကို ပြောဆိုသည်။ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ဇန်နဝါရီလ ၂၉ ရက်နေ့က ပြုလုပ်သည့် ဦးကိုနီနှင့် ဦးနေဝင်းတို့၏ တနှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်လာစဉ် ပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုအမှုကို အမှုစစ်ဆေးမှု အခြေ အနေများသည်လည်း အားနည်းနေသည်ဟု ထင်မြင်ကြောင်း ထပ်မံပြောကြားသည်။ မစုသက်ခိုင် က “အမှုမှန် မြန်မြန်ပေါ်ပေါက်စေချင်တာပဲ အမရင်ထဲမှာ ရှိပါတယ်။ တရားခံတွေကို အမြန်ဆုံးမိမှလည်း ဒီစီရင်ချက်ကို ချနိုင်မှာလေ။ အခုဟာက အီလည်လည်ဖြစ်နေလို့ ကျမအတွက်လည်း ကျေနပ်မှုမရှိပါဘူး” ဟု ပြောသည်။ ဦးကိုနီနှင့် ဦးနေဝင်းတို့ လုပ်ကြံခံခဲ့ရသည်မှာ တနှစ်ပြည့်ပြီဖြစ်သော်လည်း အဓိကတရာခံဟု ယူဆရသူ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်အား ရဲတပ်ဖွဲ့မှ ယနေ့ အထိဖမ်းဆီးနိုင်ခြင်း မရှိသေးသည့်အပြင် ဖမ်းမိထားသည့် သေနတ်သမား ကြည်လင်းနှင့် အောင်ဝင်းထွန်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးတို့ ကိုလည်း အမှုနှင့်ပတ်သက် သည့် စွဲချက်များတင်နိုင်ခြင်းမရှိသေးပေ။ အမှုကို မြောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးချိန်း ၄၀ ကျော်၊ တရားလိုပြသက်သေ ၇၀ ဦးကျော်တို့ကို စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ဖမ်းမိထားသူ လေးဦးအား အမှုစွဲချက်များ တင်နိုင်ရန် လာမည့် ဖေဖော်ဝါရီ ၂ ရက်နေ့ ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများ အပြန် အလှန် လျှောက်လှဲကြမည်ဖြစ်ကြောင်း သေနတ်သမားကြည်လင်း၏ ရှေ့နေဖြစ်သူ ဦးကျော်ကျော်ထိုက် က ပြောသည်။ ဦးကျော်ကျော်ထိုက် က “တရားလိုဘက်က တင်ပြမယ့် သက်သေတွေကတော့ ကုန်သွားပြီလို့ ပြောလို့ရတယ်၊ နောက်တပတ် ရုံးချိန်းမှာ ဘာကြောင့် စွဲချက်တင်သင့်တယ်၊ မတင်သင့်ဘူးဆိုတာ နှစ်ဖက်ရှေ့နေတွေ ကြားနာကြမယ်”ဟုဇန်နဝါရီ ၂၆ ရက်နေ့ ရုံးချိန်းအပြီးတွင် ပြောထားသည်။ လက်ရှိတွင် သေနတ်သမားကြည်လင်း အပါအဝင် ဖမ်းဆီးထားသူ ၄ ဦးကိုလူသတ်မှု၊ လက်နက်မှု၊ ပူးပေါင်းကြံစည်မှု၊ လ.ဝ.က ဥပဒေများဖြင့် အမှုဖွင့်ကာ စစ်ဆေးလျှက်ရှိသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟိုဥပဒေ အကြံပေးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သေနတ်သမား ကြည်လင်း၏ လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။ လုပ်ကြံမှုတွင် လေဆိပ် တက္ကစီယာဉ်မောင်း ဦးနေဝင်မှာ တရားခံအား ဝိုင်းဝန်းဖမ်းဆီးရန် ကြိုးပမ်းစဉ် သေနတ်သမား၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။ ဦးနေဝင်း သေဆုံးချိန်တွင် ဇနီးဖြစ်သူ မစုသက်အောင်နှင့် အတူ ၇ နှစ်တဦး၊ ၃ နှစ်ခွဲတဦးနှင့် ၄၅ ရက်သားအရွယ် တဦး စုစုပေါင်းသား ၃ ဦးကျန်ရစ်ခဲ့သည်။ The post ဦးကိုနီနှင့် ဦးနေဝင်းအမှု ကြန့်ကြာနေခြင်းအပေါ် ကျေနပ်မှုမရှိ ဟု ဦးနေဝင်းဇနီးပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2DW4Pqi
via IFTTT
နိုင်ငံတော်ကနေ ဆောက်လုပ်ရေးကဏ္ဍကို အကူအညီတွေ မြန်မြန်ပေးပါ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှစတင်ကာ အိမ်ခြံမြေတိုက်ခန်းအရောင်းအဝယ်နှင့် ပတ်သက်သော အခွန်ဆိုင်ရာ စံနှုန်းများကို ပြုပြင်ကောက်ခံခဲ့ပြီးနောက် မြန်မာ့ဆောက်လုပ်ရေးယန္တရားသည် တဖြည်းဖြည်းနှေးသွားခဲ့ရာ ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းအများစုသည် ဆက်လက်ရပ်တည်နိုင်ရေးအတွက် ဘဏ်ချေးငွေဖြင့်ဆက်လက် အသက်ဆက်ခဲ့ကြရပါတယ်။ ယခုမူ ဘဏ်မှ ချေးငွေရရှိရန် ခက်ခဲလာခြင်း၊ ချေးထားသော ငွေများအား သုံးနှစ်အတွင်း အတိုး၊ အရင်းပြန်ဆပ်ရ မည်ဆိုသော ကြေညာချက်တို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် ကပ်ဆိုက်မည့်အချိန်တခုသို့ ပိုနီးကပ် လာပြီဆိုလျှင်လည်း မမှားပေ။ ထို့အတွက် ဆောက်လုပ်ရေးကဏ္ဍပြန်လည်ရှင်သန်ရေးအတွက် လုပ်ငန်းရှင်များက အခွန်နှင့်ဘဏ်ချေးငွေဆိုင်ရာ ကိစ္စနှင့် သက်ဆိုင်သော အချက် ၆ ချက်ကို ဇန်နဝါရီ ၂၆ ရက်က အစိုးရထံသို့စတင် တောင်းဆိုထားကြပါတယ်။ လက်ရှိ ဆောက်လုပ်ရေးကဏ္ဍတွင် ကြုံတွေ့နေရသော အကျပ်အတည်းနှင့် အခြေအနေတို့အား ဆောက်လုပ်ရေး ကဏ္ဍ၌ ၂၅ နှစ်ကြာလုပ်ကိုင်နေသော လုပ်ငန်းရှင် ဦးမောင်ဝိတ်ကို ဧရာဝတီသတင်းထောက် မြတ်ပြည့်ဖြိုးက သီးသန့် မေးမြန်းခဲ့ပါတယ်။ မေး။ ။ အခုလက်ရှိဆောက်လုပ်ရေးကဏ္ဍက ကျပ်တည်းလာတယ်လို့ဆိုတဲ့အတွက် ဘယ်လိုအခက်အခဲတွေ အဓိက ကြုံတွေ့နေရပါသလဲ။ ဖြေ။ ။ ငွေကြေးနဲ့ ပတ်သက်ပြီးကတော့ Cash Flow (ငွေကြေးစီးဆင်းမှု)ကြီး တခုလုံးက ဆောက်လုပ်ရေး စီမံကိန်း အကုန်လုံးအတွက် ခက်လာတာပေါ့။ စီမံကိန်းတခုလုပ်ဖို့ဆိုရင် ရင်းနှီးမြှပ်နှံမှုက အကြမ်းဖျင်းအားဖြင့် ငွေကြေးရရှိမှုကို သုံးပိုင်းခွဲလို့ရနိုင်ပါတယ်။ ကိုယ့်ရင်းနှီးမြှပ်နှံမှုက ၃ ပုံတပုံလောက်ပေါ့။ ကျန်တဲ့ သုံးပုံတပုံ ရောင်းတဲ့ဟာက ရမယ်။ တကယ်လို့ ရောင်းတာ အားနည်းခဲ့ရင် ဘဏ်တွေကနေ ငွေချေးမယ်ပေါ့။ ဖြစ်ချင်တော့ အဲဒီအရောင်းအဝယ်က အကြောင်းအမျိုးမျိုးကြောင့် နှေးလာတယ်။ ပိုပြီးတိတိကျကျ ပြောရရင်တော့ စောင့်ကြည့်ပါဦးမယ် ဆိုတဲ့စကားလုံးလေးဟာ ကျနော်တို့အရောင်းအဝယ် အကုန်လုံးကို အတော် နှေးကွေးသွားစေတယ်ဆိုတာ တွေ့ရတယ်။ အဲဒီ စကားလုံးက ဘယ်နေရာကလာတဲ့ စကားလုံးများလဲဆိုပြီး ဒါကို ကျနော်တို့အတော်လေး သတိထားရမဲ့သဘော ရှိပါတယ်။ အရောင်းအဝယ်မှာ နှေးသွားတော့ ဘဏ်ချေးငွေကို ပိုပြီးအားကိုးလာရတယ်။ အခုခါကျ ဘဏ်ကနေ ငွေချေးပေးဖို့ အမျိုးမျိုးသော အခက်အခဲတွေ ထပ်ဖြစ်လာတယ်။ ဒါကြောင့် ရောင်းတဲ့နေရာကနေ ငွေတွေနှေးသွားရင်၊ ဘဏ်က စီးဆင်းလာမယ့် ငွေနှေးသွားရင် ရင်းနှီးမြှပ်နှံသူ (တည်ဆောက်သူ)ရဲ့ ငွေတခုပဲ ကျန်ပါတော့မယ်။ ဒါဆိုရင်တော့ လုပ်ငန်းအတော်လေး နှေးသွားနိုင်ပါတယ်။ ဒါက စီမံကိန်း အကုန်လုံးပါ။ ပြီးခဲ့တဲ့ ၂ နှစ်ကျော်အတွင်းမှာ ဆောက်လုပ် ရေးလုပ်ငန်းရှင်တွေက ဝန်ထမ်းစရိတ်တွေ၊ အုပ်ချုပ်မှုစရိတ်တွေစတဲ့ စရိတ်တွေနဲ့ ဘဏ်တိုးငွေပေးတယ်။ အဲဒါနဲ့ပဲ အချိန်ကုန်နေတာ။ ဆောက်လုပ်ရေးလုပ်ငန်းမှာ ဒီ ၂ နှစ်အတွင်းမှာ မြတ်တယ်လို့ မကြားမိဘူး။ မေး။ ။ အဲဒီလိုနှေးသွားပြီဆိုရင် နောက်ဆက်တွဲ အကျိုးဆက်က ဘာဖြစ်မလဲ။ ဖြေ။ ။ တကယ်တော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုဆိုတာ နေ့စဉ်နဲ့အမျှ ဆောက်လုပ်ရေး လုပ်ငန်းက ဝင်လာတဲ့ ငွေကို အခြေခံလုပ်သားတွေကို နေ့စဉ်လုပ်အားခ ရှင်းရပါတယ်။ ဒီလုပ်သားတွေကို ကြီးကြပ်တဲ့သူတွေ၊ အင်ဂျင်နီ ယာတွေ၊ ဝန်ထမ်းတွေ၊ လိုအပ်တဲ့ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေကို ငွေတွေပေးနေရပါတယ်။ စီမံကိန်း တွေလုပ်တဲ့အခါ လိုအပ်တဲ့ စက်ယန္တရားတွေ ဝယ်ယူရပါတယ်။ ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ အုတ်၊ သဲ၊ ကျောက် စတဲ့ပစ္စည်းတွေ နေ့စဉ်ဝယ်ရပါတယ်။ ဒီမှာရပ်ပြီဆိုတာနဲ့ တပြိုင်နက် ဒီလုပ်ငန်းကြီးကို မှီခိုနေတဲ့ လူတွေဟာ ရပ်ဆိုင်း သွားမှာဖြစ်ပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းရှင်ကတော့ ဒါကြီးရပ်သွားရင် သူ ပိုက်ဆံ နည်းနည်းလေး ဆုံးရှုံးမယ်။ စီးပွားရေး နည်းနည်းကျသွားမယ်ပေါ့။ အဲဒီ သက်ရောက်မှုပဲ ရှိမယ်။ ဒါပေမယ့် ဒီဘက်မှာ စားဝတ်နေရေး အခက်အခဲ ဖြစ်နိုင်တဲ့ လုပ်သားထုက တော်တော်ကြီး ကြီးမားပါတယ်။ မေး။ ။ ဒီဆောက်လုပ်ရေးလုပ်ငန်း ရပ်သွားပြီဆိုတာနဲ့ အဲဒါကိုမှီခိုနေကြတဲ့ အခြေခံလူတန်းစားတွေက တကယ်ကို ထမင်းငတ်သွားကြမှာလား။ ဖြေ။ ။ နေ့စဉ်ဝင်ငွေကို မှီခိုနေတဲ့သူတွေအတွက်က အဲဒီနေ့အတွက် လုပ်အားခမရတော့ဘူးဆိုရင်ဖြင့် သူ့မှာ ပြဿနာ ရှိပါပြီ။ ရိုးရိုးတွေးကြည့်ရင် သူ့သူငယ်ချင်းဆီ ပိုက်ဆံသွားချေးမယ်ပေါ့။ အဲဒီလိုချေးမယ်ဆိုရင်လည်း သူဘယ်နှခါချေး လို့ရမလဲ။ သူ့အလုပ်က ၁ ရက်၊ ၂ ရက်နဲ့ပြန်ရရင်၊ တပတ်၊ နှပတ်နဲ့ ပြန်ရရင် ကိစ္စမရှိဘူး။ အဲလိုမှမဟုတ်ဘဲ ၁ လ၊ ၂ လများ ပြန်မရရင် အတော်လေး ခက်သွားမှာပါ။ မေး။ ။တနိုင်ငံလုံးမှာလည်း စီးပွားရေးတွေကျနေတယ်။ အစိုးရကလည်း ဆင်းရဲနေတယ်။ အစိုးရကလည်း အခွန်တွေ တိုးကောက်တယ်ဆိုတာ တိုင်းပြည်အတွက် ပြန်လုပ်ပေးနိုင်တာ လုပ်ဖို့ ကောက်နေတယ်။ အကိုတို့ တောင်းဆိုတဲ့အရာတွေက ဖြစ်နိုင်ပါ့မလား။ ဖြေ။ ။ ဒီနေရာမှာ တင်ပြဖို့ ရှိတာက ၂ ပိုင်းရှိတာပေါ့။ သာမန်အားဖြင့် အခွန်ငွေ ပမာဏပိုရဖို့က အခွန်ကောက်တဲ့ ရာခိုင်နှုန်းတိုးရမယ်လို့ ထင်တာက ကျနော်တို့နိုင်ငံက နည်းနည်းထူးခြားနေတယ်။ တခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်ဖို့ နည်းနည်းလေး ခက်တာပေါ့လေ။ အခွန်ရာခိုင်နှုန်း ၃၀ ကနေ ၅ လို့ဆင်းလိုက်ရင် ဆောက်လုပ်ရေးကဏ္ဍမှာ အခုရနေတဲ့အခွန် ၂၅ ဘီလီယံနဲ့ တွက်ရင် ဆယ်ဆလောက် ချက်ချင်းတိုးသွားမှာပါ။ အဲဒီတော့ အခွန်ပမာဏ ပိုရချင်တာလား အခွန် ရာခိုင်နှုန်း တိုးချင်တာလားဆိုတာ စဉ်းစားရမဲ့အချက်တခု ဖြစ်ပါတယ်။ ကျနော်တို့ တင်ပြတဲ့အချက်တွေ လုပ်ပေးနိုင်မှာဆိုတာက ပြည်သူ့အစိုးရဖြစ်တဲ့အတွက် ပြည်သူတွေ တကယ်ခက်ခဲရင် တကယ်ပဲ ကူညီမယ်လို့ ရိုးရိုးသားသားပဲ ယုံကြည်ပါတယ်။ မေး။ ။ တကယ်လို့ အကိုတို့မျှော်လင့်တဲ့အတိုင်း ဖြစ်မလာခဲ့ရင်ကော…. ဖြေ။ ။ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ရင်တော့ လုပ်ငန်းတွေ ရပ်သွားကြပါလိမ့်မယ်။ ရပ်သွားပြီးရင် ဆင့်ကဲ ရိုက်ခတ်မှုတွေ လာပါလိမ့်မယ်။ အဲဒါဟာ တော်တော်လေး ကြောက်စရာကောင်းတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ အဲဒီလိုကို နှုတ်ကနေ မပြောချင်တာပါ။ ကူညီလိမ့်မယ်လို့ ယုံကြည်ပါတယ်။ မေး။ ။ အစိုးရရဲ့ အခွန်စနစ်က ဘယ်လိုပုံစံဖြစ်သင့်ပါသလဲ။ ဖြေ။ ။ အခွန်တွေကို သတ်မှတ်တဲ့သူတွေက ပညာရှင်များပဲဖြစ်ပါတယ်။ အခုပြည်သူ့အစိုးရလက်ထက်မှာ တခုခုကို စီမံရင် ပညာရှင်တွေရဲ့ အမြင်အများကြီးယူတယ်လို့လည်း ကြားသိရပါတယ်။ ဒီအခါမှာ ပညာရှင်တွေဆိုတဲ့ဟာနဲ့ ကျနော်တို့နိုင်ငံရဲ့ ထူးခြားချက်ဆိုတာက ဈေးကွက်ရဲ့သဘော၊ မြေပြင်ရဲ့ သဘောပေါ့လေ။ လူတွေအားလုံး အခွန် ဆောင်နိုင်တဲ့ ရာခိုင်နှုန်းရောက်မှ လူတွေ အခွန်ဆောင်ကြမယ်ဆိုတာလေး နည်းနည်းထည့်တွက်ရလိမ့်မယ်လို့ ထင်ပါ တယ်။ လွဲနေတယ်ဆိုတာထက် အဲဒီလိုလေးမြင်ပါတယ်။ မေး။ ။ အကိုတို့ တင်ပြတဲ့အချက် ခြောက်ချက်ထဲမှာ ဘဏ်ချေးငွေနဲ့ ပတ်သက်ပြီး အတိုးနှုန်းကို ၁၃ ရာခိုင်နှုန်းကနေ ၉ ရာခိုင်နှုန်းကို လျော့ချပေးဖို့ဆိုတဲ့အချက်ကို အစိုးရက လုပ်ပေးနိုင်ပါ့မလား။ ဖြေ။ ။ ဗဟိုဘဏ်ဆိုတာလည်း Part of the Government (အစိုးရ အစိတ်အပိုင်း) ပါပဲ။ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေတွေ အကုန်လုံး ခက်ခဲနေပြီဆိုရင် ငွေကြေးဆိုင်ရာ ပေါ်လစီတွေ ပြင်ဖို့ လိုအပ်မယ်ဆိုရင် ပြင်ကြလိမ့်မယ် လို့ ထင်ပါတယ်။ လုပ်ပိုင်ခွင့်အာဏာကလည်း အစိုးရမှာ ရှိကိုရှိရမှာပါ။ ဗဟိုဘဏ်ဖြစ်တဲ့အတွက် ဘယ်သူမှ ပြောလို့ မရဘူးဆိုတာတော့ မဟုတ်ပါဘူး။ လုပ်ပိုင်ခွင့် ခွဲဝေမှုသာ ကွာခြားတာ ရှိမှာပါ။ မေး။ ။ အစိုးရရဲ့ စီးပွားရေးပေါ်လစီအပေါ် ဘယ်လိုသုံးသပ်ချင်ပါသလဲ။ ဖြေ။ ။ ပေါ်လစီကို သုံးသပ်တာထက်စာရင် စီးပွားရေးလုပ်ငန်းရှင်တွေကို အားပေးလိုက်ရင်ကို လုပ်ကြပါ၊ ကိုင်ကြပါ၊ ရဲရဲတင်းတင်း လုပ်ကြပါ။ ပြသနာတွေဖြစ်လာရင် ဝိုင်းဝန်းပြီးတော့ အဖြေရှာ ဖြေရှင်းကြမယ်။ နည်းနည်းမှားသွားလည်း မှားသွားတဲ့နေရာမှာ အဖြေရှာ ဖြေရှင်းကြမယ် ဆိုတာမျိုးေပေါ့။ ပေါ်လစီ ကြီးကြီးမားမားနဲ့ အများကြီး စဉ်းစားတာထက် စာရင် အားပေးလိုက်ရင်ကို အဆင်ပြေမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုရင် အကုန်လုံးက သူကဏ္ဍနဲ့သူ လုပ်တတ် ကိုင်တတ်ရှိကြပါတယ်။ မေး။ ။ အကိုက မန္တလေးကလည်း မြို့ပြစီမံကိန်းလုပ်နေတဲ့သူဆိုတော့ ဒီလိုအကျပ်အတည်းကြောင့် စီမံကိန်းမှာ ဘယ်လောက်ရာခိုင်နှုန်းအထိ နှေးသွားပါသလဲ။ ဖြေ။ ။ အကြမ်းဖျင်းအားဖြင့် ပြောမယ်ဆိုရင် ရာခိုင်နှုန်း ၄၀ လောက်အထိ လျော့သွား/နှေးသွားပါတယ်။ ၁၀၀ ပြီးရမှာ ၆၀ လောက်ပဲ ပြီးနိုင်တဲ့ သဘောမှာရှိပါတယ်။ နောက်ချိန်ဆနေရတာကတော့ ရှေ့မှာ ပံ့ပိုးမှုတွေ ဘယ် အချိန်လောက်မှာ ဝင်လာမလဲဆိုတာ တွက်ဆနေပါတယ်။ ဒီတိုင်းဆက်သွားရင်တော့ တဖြေးဖြေးချင်းနှေးသွားမဲ့ သဘောမှာ ရှိပါတယ်။ ဒါပေမဲ့ ကူညီမယ်လို့ပဲ ယုံကြည်နေတုန်းပါပဲ။ မေး။ ။ လက်ရှိ ဘဏ်ချေးငွေနဲ့ ဆက်တောင့်ခံနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင် ၁၀၀ မှာ ဘယ်နှယောက် လောက်ရှိမလဲ။ ဖြေ။ ။ အရောင်းအဝယ်အေးလာတဲ့ကာလဟာ ခန့်မှန်းအားဖြင့် ၂ နှစ်ကျော်လာပြီ။ ၂၀၁၅ လောက်က စပြီး ဖြစ်တယ်။ ဒါကြောင့်မို့ ဒီကာလအတွင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်အားလုံး ဘဏ်ချေးငွေ မပါတဲ့သူကို မရှိဘူးလား မသိဘူး။ ကျနော်နဲ့ သိတဲ့သူအကုန်လုံးသည် အယောက်မှာ ၁၀၀ မှာ ၁၀၀ လုံးက ဘဏ်ချေးငွေနဲ့ပဲ လည်ပတ်နေကြတာပါ။ မေး။ ။ အခုအကိုတို့ မန္တလေးတိုင်းဝန်ကြီးချုပ်ကို တင်ပြတောင်းဆိုထားတဲ့အပေါ်မှာကော သူက ဘယ်လောက်အထိ လုပ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါသလဲ။ ဖြေ။ ။ ဝန်ကြီးချုပ်ကြီးအနေနဲ့ သူလုပ်ပေးနိုင်တာကို လုပ်ပေးပြီးတော့ မလုပ်ပေးနိုင်တာ ရှိရင်လည်း လုပ်ပေးနိုင်တဲ့ သူတွေကို ဆက်တင်ပြပေးသွားမယ်လို့ ထင်ပါတယ်။ ရန်ကုန် ဝန်ကြီးချုပ်ကိုလည်း ဆက်တင်ပြသွားဖို့ရှိသလို မန္တလေး ဝန်ကြီးချုပ် လမ်းညွှန်သလို နေပြည်တော် လွှတ်တော်ကိုလည်း တင်ပြသွားဖို့ရှိပါတယ်။ အဲဒါကြောင့် အဆင်ပြေသွား မယ်လို့ ထင်ပါတယ်။ မေး။ ။ ဆောက်လုပ်ရေးကဏ္ဍနဲ့ ပတ်သက်ပြီး တခြားဘာများ မက်ဆေ့ ပေးချင်ပါသေးလဲ။ ဖြေ။ ။ နိုင်ငံတော်ကနေ ဆောက်လုပ်ရေးကဏ္ဍကို အကူအညီတွေ မြန်မြန်ပေးပါလို့ ပြောချင်ပါတယ်။ The post နိုင်ငံတော်ကနေ ဆောက်လုပ်ရေးကဏ္ဍကို အကူအညီတွေ မြန်မြန်ပေးပါ appeared first on ဧရာဝတီ.
Source : http://ift.tt/2GtDB8I
via IFTTT
လာနီညာ ဖြစ်စဉ်ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုနှင့် မုန်တိုင်းများ ဖြစ်ပေါ်နိုင် လာနီညာဖြစ်စဉ် သက်ရောက်မှုများကြောင့် မုန်တိုင်းများနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်စေနိုင် ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) မှ သတိပေးလိုက်သည်။ လာနီညာ ဖြစ်စဉ်ဖြစ်ပေါ်ပြီး နောက်ပိုင်းတွင် ပုံမှန်ရာသီဥတုနှင့် သွေဖည်သည့် သက်ရောက်မှုများ ဖြစ်ပေါ် လာနိုင်ကာ မုန်တိုင်း အန္တရာယ်ကို စိုးရိမ်ရကြောင်း မိုး/ဇလ ဒု ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဧရာဝတီသို့ ပြောသည်။ ဦးကျော်မိုးဦးက “ဘာကိုစိုးရိမ်ရလဲဆိုတော့ နောက်ဆုံး ၁၀ နှစ်ကို ပြန်ကြည့်တဲ့ အချိန်ကျတော့ ဒီလိုမျိုး လာနီညာ ဖြစ်ပြီးတဲ့ နောက်နှစ်တွေမှာ (ဧပြီနဲ့ မေလ တွေဆို) မုုန်တိုင်းတွေ ဖြစ်တတ်တယ်။ ဒီလိုမျိုး မုန်တိုင်းတွေဟာ မြန်မာ နိုင်ငံကို ဝင်ခဲ့တာ ရှိတယ်။ ၂၀၀၇-၂၀၀၈ မှာ လာနီညာဖြစ်တယ်။ ပြီးသွားတော့ ၂၀၀၈ မှာ မုန်တိုင်းဝင်တယ်။ လာနီညာ ပြီးသွားရင်လည်း သူ့ရဲ့ သက်ရောက်မှုက ကျန်သေးတယ်ဆိုတာ သတိပြုရမယ်”ဟုလည်း ပြောပြသည်။ ၂၀၀၈ ခုနှစ်တွင် လာနီညာ၏ သက်ရောက်မှုကြောင့် နာဂစ်မုန်တိုင်း ဖြစ်ပွားခဲ့ကြောင်း ဦးကျော်မိုးဦးက ပြောသည်။ ၂၀၀၈ ခုနှစ် မေလ ၂ ရက်က မြန်မာနိုင်ငံတွင် ပျက်စီးဆုံးရှုံးမှုနှင့် လူသေဆုံးမှု အများဆုံး ဖြစ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ခဲ့ကာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ အထိ ရိုက်ခတ်ခဲ့ပြီး လူဦးရေ ၁ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ကာ စုစုပေါင်း ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ် ၁၁ ဒသမ ၇ ထရီလီယံ ရှိခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများ က ဖော်ပြသည်။ လာနီညာ ဖြစ်စဉ်ကြောင့် အအေးဓာတ်ပိုကာ မြို့တချို့တွင် အနိမ့်ဆုံး အပူချိန်များ စံချိန်သစ်ဖြစ်ခဲ့ပြီး မိုးရွာသွန်းမှု ကြောင့် မြို့ ၁၇ မြို့၏ မိုးရေချိန် စံချိန်ကျိုးခဲ့ကြောင်း မိုး/ဇလ ဦးစီးဌာနမှ သိရသည်။ “ဒီနှစ်ဆိုရင် ၂၀၁၇ ဒီဇင်ဘာမှာဆိုရင် အေးတဲ့အတွက်ကြောင့်မို့လို့ မော်လိုက်မြို့မှာ စံချိန်ကျိုးခဲ့တယ်။ ဒီ၂၀၁၈ ဇန်နဝါရီ လထဲမှာပဲ မိုးရွာသွန်းမှုကြောင့် မြို့ ၁၇ မြို့မှာ မိုးရေချိန် စံချိန်ကျိုးခဲ့တယ်။ ပုံမှန် မဟုတ်တဲ့ ရာသီဥတုတွေ ဖြစ်တယ်”ဟု ဦးကျော်မိုးဦးက ပြောသည်။ မိုးရေချိန် စံချိန်ကျိုးသည့် ၁၇ မြို့မှာ နေပြည်တော်၊ ကိုကိုးကျွန်း၊ မာန်အောင်၊ မြင်းမူ၊ မကွေး၊ မုံရွာ၊ အမ်း၊ လှိုင်းတက်၊ ဟဲဟိုး၊ မင်းတပ်၊ ပြင်ဦးလွင်၊ မန္တလေး၊ ချောက်၊ တံတားဦး၊ ကျောက်မဲ၊ ပေါက်၊ ကျောက်ဆည် မြို့တို့ဖြစ်ကြောင်း မိုး/ဇလ ဦးစီးဌာနမှ သိရသည်။ လာနီညာ ရာသီဥတုကြောင့် မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများတွင် အအေးပိုလာနိုင်ပြီး ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီ လ ၆ ရက်အထိ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် အအေးပိုလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်ကလည်း ခန့်မှန်းထားသည်။ ထို့ပြင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းကလည်း အချိန်အခါမဟုတ် မိုုးရွာသွန်းမှုများ ဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း နှင့် ရှမ်း၊ ရခိုင် အစရှိသည့် တိုင်းနှင့်ပြည်နည် အသီးသီးရှိ မြို့နယ် တချို့တွင် စံချိန်သစ် တင် မိုးရွာသွန်းမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အီကွေတာ အနီးရှိ အပူပိုင်း ပစိဖိတ် သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ် ရေမျက်နှာပြင် အပူချိန်နှင့် လေထု ဖြစ်စဉ်များမှာ လာနီညာ အခြေအနေ၌ ဆက်လက် တည်ရှိနေပြီး ဇန်နဝါရီလမှ မတ်လအထိ လာနီညာ ဖြစ်ပေါ်မှု ရာခိုင်နှုန်းမှာ ၆၉ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီလ၊ မတ်လ၊ ဧပြီလတွင် ၅၀ ရာခိုင်နှုန်းရှိရာ မေလတွင် ၃၀ ရာခိုင်နှုန်း သို့ ပြန်လည် လျော့ကျလာနိုင်ကြောင်း၊ မတ်လနှင့် ဧပြီလ သည်လည်း ၃၀ ရာခိုင်နှုန်းသို့ ပြန်လည် လျော့ ကျ လာနိုင်ကြောင်း နိုင်ငံတကာ ပစိဖိတ်သမုဒ္ဒရာ ပင်လယ် ရေမျက်နှာပြင် အပူချိန် လေ့လာစောင့်ကြည့်ရေး ဗဟို ဌာန များက ထုတ်ပြန်ထားသည်။ လာနီညာ ဖြစ်စဉ်ကြောင့် ဆောင်းရာသီကာလ အတွင်း ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်းများ ပိုမိုဖြစ် ပေါ်လာနိုင် ခြင်း၊ ဆောင်းရာသီ ကာလ အရှေ့မြောက် မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့ နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါ မဟုတ် မိုးရွာသွန်းမှု ဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်း စသည့် ရာသီဥတုဖြစ်စဉ်များ ကြုံတွေ့နိုင်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။ The post လာနီညာ ဖြစ်စဉ်ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုနှင့် မုန်တိုင်းများ ဖြစ်ပေါ်နိုင် appeared first on ဧရာဝတီ.
Source : http://ift.tt/2npxHN6
via IFTTT
ဒူတာတေရဲ့ ဆောက်လုပ်ရေး မဟာဗျူဟာ ၂၀၁၈ ခုနှစ် အစပိုင်းတွင် မနီလာမြောက်ပိုင်းသို့ တဒါဇင်ခန့်ရှိသော အလုပ်သမားများ ထရပ်ကားများ၊ ဘူဒိုဇာများ နှင့် ရောက်ကြပြီး ဖိလစ်ပိုင်နိုင်ငံ၏ အကြီးဆုံး အခြေခံ အဆောက်အဦး စီမံကိန်းများထဲမှ တခုဖြစ်သည့် ၃၈ ကီလိုမီတာရှည် သော ရထားလမ်းကြောင်းများအတွင်းတွင် ကျရောက်နေသော မြက်ပင်ရှည်များကို ရိတ်ခြင်း၊ ဓာတ်တိုင်များကို ပြန်လည် နေရာချထားခြင်းနှင့် တဲအိမ်များကို ဖြိုဖျက်ခြင်းများ စတင်ပြုလုပ်နေကြသည်။ ဖိလစ်ပိုင်ငွေ ပီဆို ၁၀၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ ဘီလီယံ) တန်သည့် စီမံကိန်းကို ငွေကြေးထောက်ပံ့ ပေးမည့် ဂျပန် နိုင်ငံက တည်ဆောက်ပေးမည့်သူကို မရွေးချယ်ရသေးသော်လည်း ဖိလစ်ပိုင် အစိုးရက စတင်ဆောင်ရွက်ရန် ဟန်ပြင်နေပြီ ဖြစ်သည်။ စီမံကိန်း စတင်သည့် အခမ်းအနားတခုကို ဇန်နဝါရီလ ၅ ရက်နေ့က Marilao တွင် ပြုလုပ်ခဲ့ရာတွင် ပို့ဆောင်ရေး ဝန်ကြီး အာသာတူဂါဒီက ဆောက်လုပ်ရေးများ အရှိန်မြှင့်တင်ရေးကို အခိုင်အမာ ပြောခဲ့သည်။ “ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က ဒါကို ၂၀၂၂ မှာပြီးချင်တယ်။ ကျနော်တို့က အနည်းဆုံး အဲဒါကို ၂၀၂၁ မှာ ပြီးစေချင်တယ်” ဟု အာသာတူဂါဒီက ပြောသည်။ ထိုစီမံကိန်းသည် မနီလာနှင့် မြောက်ပိုင်းမှ ကလာ့ Clark ကို ဆက်သွယ်ပေးမည့် လမ်းကြောင်းရှည်တခုပေါ်မှ ကနဦး အစိတ်အပိုင်းတခု ဖြစ်သည်။ မြို့တော်တွင် ပြည့်ကျပ် ရှုပ်ထွေးနေခြင်းများကို ရှောင်လွှဲနိုင်ရန် အတွက် ကလာ့တွင် အစိုးရက မြို့သစ်တခု တည်ဆောက်နေပါသည်။ အဆိုပါ အားထုတ်မှုများသည် သမ္မတ ဒူတာတေ၏ “ဆောက်၊ ဆောက်၊ ဆောက် (Build, Build, Build)” အခြေခံ အဆောက်အဦး အစီအစဉ် သို့မဟုတ် အချို့က ခေါ်ကြသလို “ဒူတာတေဘောဂဗေဒ Dutertenomics” ၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။ ဒူတာတေဘောဂဗေဒ၏ အဓိကအပိုင်းမှာ တိုင်းပြည်၏ ပထမဆုံးမြေအောက် ရထားလမ်းဖြစ်ပြီး ဒေါ်လာ ၇ ဘီလီယံ ခန့် ကုန်ကျမည့် မနီလာ မြေအောက်ရထားလမ်း အပါအဝင် ရည်မှန်းချက်ကြီးမားသော စီမံကိန်းများတွင် ပီဆို ၈.၄ ထရီလီယံ သုံးစွဲမည့် အစဉ်အလာမဟုတ်သည့် အစီအစဉ်တရပ်ဖြစ်ပါသည်။ အစိုးရက တိုးတက်မှုကို အရှိန်မြှင့်ရန်နှင့် ၂၀၂၂ ခုနှစ် အထိဖြစ်သော ဒူတာတေ၏ သမ္မတ သက်တမ်းအတွင်းတွင် အဆိုပါ စီမံကိန်းများမှ တဆင့် အလုပ်အကိုင် နေရာသစ် ၁၂ သန်း ဖန်တီးပေးရန် ရည်ရွယ်ထားပါသည်။ ပို့ဆောင်ရေးဝန်ကြီးက ထိုအချိန်မတိုင်မီ ရထားလမ်းကို ပြီးစီးပြေးဆွဲရန် စိတ်အားထက်သန်နေခြင်းမှာ ထိုအကြောင်း ကြောင့် ဖြစ်ပါသည်။ ဒူတာတေကလည်း “နောက်လာမယ့် နှစ် အနည်းငယ်က ဖိလစ်ပိုင်နိုင်ငံမှာ ကျနော်တို့ရဲ့ ဆက်သွယ်မှုတွေ သွား လာရေးတွေ ပိုမိုအားကောင်းလာစေမယ့် အခြေခံအဆောက်အဦး ရွှေခေတ် ဖြစ်လာအောင် ကျနော်တို့ ပြုလုပ်သွားပါ မယ်။ အဲဒါက ဖွံံဖြိုးတိုးတက်ရေးကို တွန်းအားပေးပါလိမ့်မယ်။ တနည်းပြောရ ရင်တော့ ကျနော်တို့က ဆောက်ပြီးဆောက် တော့မှာ ဖြစ်ပါတယ်” ဟု ဇူလိုင်လအတွင်းက ပြောကြားခဲ့သည့် သူ၏ ဒုတိယမြောက် နိုင်ငံ အခြေပြမိန့်ခွန်းတွင် ထည့် ပြောသွားခဲ့သည်။ ဒူတာတေက သူ၏ အမွေအနှစ်ကို ရက်စက်သည့် အပြစ်ပေးသူ တယောက်အဖြစ် သက်သက်မဟုတ်ဘဲ တည်ဆောက်သူ တယောက်အဖြစ်လည်း ထားခဲ့ရန် စိတ်အားထက်သန်နေသည့် အသွင်ရှိပါသည်။ သူ အာဏာရလာပြီး ၂ နှစ် ပင်မရှိသေးသည့် အချိန်တွင် ရဲ အဖွဲ့က မူးယစ်ဆေးမှုဖြင့် သံသယရှိသူ ၄၀၀၀ ကျော်ကို ပစ်သတ်ခဲ့ပြီး ဖြစ်သည်။ အခြေခံ အဆောက်အဦး တည်ဆောက်ခြင်းက စီးပွားရေးအတွက်သာ ကောင်းသည်မဟုတ်ပါ။ နိုင်ငံရေး အတွက်လည်း ကောင်းပါသည်။ အသက် ၂၇ နှစ်အရွယ် ဂျက်စမင်း စန်တော့စ်က သူသည် ဒူတာတေ၏ ပရိသတ် မဟုတ်သော်လည်း ပရိသတ်တယောက် ဖြစ်ကောင်း ဖြစ်လာနိုင်သည်ဟု ပြောသည်။ “မြေအောက် ရထားလမ်းနဲ့ ပတ်သက်ပြီး ကျမ အရမ်းကို စိတ်လှုပ်ရှားနေတယ်။ “ဖိလစ်ပိုင် အကြောင်းကိုသိနေတော့ သူတို့ အချိန်မီ လုပ်နိုင်ပါမလားလို့ ကျမ သံသယ ဝင်တယ်။ ဒါပေမယ့် ဒူတာတေက လုပ်နိုင်မယ်လို့ ကျမ မျှော်လင့်ပါတယ်” ဟု ဂျက်စမင်း စန်တော့စ်က ပြောသည်။ ဂျက်စမင်း စန်တော့စ် အလုပ်သွားလျှင် ၂ နာရီကျော်ကြာသည်။ မနီလာမြို့တော်မှ ခရီးသွားများ အတွက် ကြုံနေကျ ကိစ္စ ဖြစ်သည်။ လတ်တလောနှစ်များအတွင်းတွင် မြို့တော် ဒေသတွင် လူဦးရေက တရှိန်ထိုးတက်လာခဲ့သည်။ ယာဉ်ကြော ပိတ်ဆို့မှုများကို သက်သာစေမည့် လူအမြောက်အများ ပို့ဆောင်ပေးနိုင်သည့် စနစ်သစ်တခုလည်း မရှိခဲ့ပါ။ ယာဉ်ကြော ပြဿနာကြောင့် မနီလာမြို့တွင် တနေ့လျှင် ပီဆို ၂.၄ ဘီလီယံ အထိ ဆုံးရှုံးနေပြီး အကယ်၍ ထိုပြဿနာကို မဖြေ ရှင်းနိုင်ခဲ့လျှင် ၂၀၃၀ ခုနှစ်သို့ ရောက်သည့်အခါ ဆုံးရှုံးမှုက တနေ့လျှင် ပီဆို ၆ ဘီလီယံ အထိ ရောက်ရှိလာနိုင်သည်ဟု JICA ကပြောသည်။ တနှစ်စာတွက်ကြည့်လိုက်မည် ဆိုလျှင် ၂၀၁၈ ခုနှစ် အတွက် ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံတော် ဘတ်ဂျက် ၏ တဝက်ထက်ပင်များနေသည်။ မြေအောက်ရထားလမ်း အစီအစဉ်က ၂ နာရီမှ ၃ နာရီအတွင်း သွားရသော မနီလာမြောက်ပိုင်းနှင့် လေဆိပ်ခရီးကို မိနစ် ၃၀ နှင့်သွားနိုင်သည် အထိ လျှော့ချပေးနိုင်မည်ဟု မျှော်လင့်ရသည်။ ထိုစီမံကိန်းကို ယခုနှစ်ကုန်ပိုင်းတွင် စတင်နိုင်ရန် အစိုးရက ရည်ရွယ်ထားသည်။ သယ်ယူပို့ဆောင်ရေး စီမံကိန်းများ အခြေအနေနှင့် ပတ်သက်၍ ဇန်နဝါရီလ ၅ ရက်နေ့က မေးသည့် အခါ “ အားလုံး မြန် ဆန်တိုးတက်သွားပါလိမ့်မယ်” ဟု ပို့ဆောင်ရေးဝန်ကြီးက ပြောသည်။ ဒူတာတေက တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတွင် တောင်တရုတ်ပင်လယ် အငြင်းပွားမှုကို နောက်ပို့လိုက်သည်/Reuters ဗျူဟာသစ် ထိုသိုု့ ပြုလုပ်ရန် အတွက် ဒူတာတေအစိုးရက ဂျပန်နှင့် တရုတ်နိုင်ငံများမှ ကြီးမားသော ချေးငွေများ အပါအဝင် အာရှ ဖွံ့ ဖြိုးရေး ဘဏ်၊ ကမ္ဘာ့ဘဏ် နှင့် အာရှ အခြေခံအဆောက်အဦး ရင်းနှီးမြှုပ်နှံမှုဘဏ် အစရှိသည့် ငွေချေးသော အဖွဲ့အစည်း များ ထံမှ ဘဏ္ဍာငွေ အမျိုးမျိုး ရရှိခဲ့သည်။ ဗျူဟာ အသစ်ကို ယခင်သမ္မတဟောင်း ဘီနစ်နို အကွီနို Benigno Aquino လက်ထက်တွင် အကောင်အထည်ဖော်ခဲ့ပြီး ဒေသတွင်းတွင် ခေတ်မီဆုံးအဖြစ် သတ်မှတ်ခံရသော အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး မူဘောင်၏ နေရာတွင် အစားထိုးခဲ့သည်။ ပုံမှန်အားဖြင့် ဘီနစ်နို အကွီနို၏ အစိုးရက စီမံကိန်းများ ချထားပေးရာတွင် တင်ဒါတင်သွင်းလာသူများထဲမှ ကုန်ကျစရိတ် အနည်းဆုံးတင်သွင်းသူ သို့မဟုတ် နိုင်ငံတော်သို့ အာမခံငွေ အမြင့်ဆုံးတင်သွင်းသူကို ရွေးချယ်လေ့ရှိပါသည်။ သို့သော် နှောင့်နှေးခြင်းက ပြဿနာတခု ဖြစ်ခဲ့သည်။ ၄၅ ကီလိုမီတာ ရှည်သည့် ကာဗိတေ – လာဂူနာ အမြန်လမ်းက စီမံကိန်းရေးဆွဲသည့် အချိန်မှ စတင်တည်ဆောက်သည့် အချိန်အထိ ၄ နှစ်နီးပါး ကြာမြင့်ခဲ့သည်။ စာစီ စာရိုက်မှား ယွင်းခြင်း ကြောင့် စီမံကိန်း အတွက် တင်ဒါ ပြန်ခေါ်ရခြင်းတို့ကဲ့သို့သော နည်းပညာဆိုင်ရာ ရှုပ်ထွေးမှုများကြောင့် ဖြစ်သည်။ ခန်မှန်းရ ခက်သည့် ဒါဗောင်း မြို့တော်ဝန်ဟောင်း သမ္မတ ဒူတာတေက ပိုကောင်းသည့် နည်းလမ်းတခုကို လိုချင်ခဲ့သည်။ “ကုန်ကျစရိတ် အနည်းဆုံးတင်သွင်းတဲ့ အပေါ်မှာ မှီခိုနေရတဲ့ မိုက်မဲတဲ့ နည်းလမ်းကို ကျနော်တို့ ဖယ်ရှား ပစ်သင့်တယ်။ ကျနော်တို့က အရည်အသွေးဖက်ကို သွားသင့်တယ်” ဟု သူက နိုဝင်ဘာလ အတွင်းတွင် ပြောကြားခဲ့သည်။ သူ အာဏာရရှိလာသည့် ၂၀၁၆ ခုနှစ် ဇွန်လမှ စ၍ ယခုအချိန် အထိ ဒူတာတေက စုစုပေါင်း ပီဆို ၁.၂၄ ထရီလီယံ တန် သည့် တန်ဖိုးကြီး အခြေခံ အဆောက်အဦး စီမံကိန်း ၃၅ ခုကို အလျှင်အမြန် အတည်ပြုပေးခဲ့သည်။ ယခင် သမ္မတ အကွီနို၏ ၆ နှစ်ကြာရာထူး သက်တမ်းအတွင်း ခွင့်ပြုပေးခဲ့သော စီမံကိန်း အားလုံးတန်ဖိုး၏ ၇၅ ရာခိုင်နှုန်း ဖြင့် ညီသော ပမာဏ ဖြစ်ပါသည်။ ပီဆို ၉.၃၆ ဘီလီယံတန်သည့် ကလာ့ လေဆိပ်တိုးချဲ့ရေး စီမံကိန်းသည် တင်ဒါပိတ်ပြီး ၁၆ လ အကြာတွင် စတင်နိုင်ခဲ့ သည်။ ကျောင်းနေဖက်များနှင့် မဟာမိတ်များ သူ၏ အမည်နောက်တွင် ဘောဂဗေဒဆိုသည့်စကားလုံး အထည့်ခံရသော်လည်း သမ္မတ ဒူတာတေက စီးပွားရေးသည် သူ တိုက်ရိုက်ကိုင်တွယ်ရမည့် ကိစ္စတခု မဟုတ်ဟု အခိုင်အမာပြောကြားခဲ့သည်။ ဒါဗောင်းမှ ကျောင်းနေဖက် ငယ်သူငယ်ချင်း ဘဏ္ဍာရေး ဝန်ကြီး ကားလော့စ်ဒိုမင်ဂွဇ် Carlos Dominguez အပါအဝင် သူ၏ လက်ထောက်များကို လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပေးထားသည်။ ကားလော့စ်ဒိုမင်ဂွဇ်သည် ဒူတာတေ၏ အချက် ၁၀ ချက်ပါ လူမှုစီးပွားရေး အစီအစဉ်၏ ဗိသုကာ ဖြစ်သည်။ အခွန် စနစ် နှင့် စက်မှုလုပ်ငန်းများ လွတ်လပ်ရေးနှင့် ပတ်သက်သည့် စီးပွားရေး ပြုပြင်ပြောင်းလည်းရေးများတွင် ရှေ့တန်းမှ ဦးဆောင် နေသူ ဖြစ်သည်။ ကျန်သည့် စီးပွားရေးအဖွဲ့ဝင်များမှာ ဒူတာတေနှင့် ကျောင်းနေဖက် ပင်ဖြစ်သည့် ပို့ဆောင်ရေး ဝန်ကြီး အာသာတူဂါဒီနှင့် ယခုအခါ ဒူတာတေ၏ မဟာမိတ်ပါတီတခုကို ဦးဆောင်နေသော အထက်လွှတ်တော် ဥက္ကဌဟောင်း မန်နျူယယ်ဗေလာ Manuel Villar ၏ သားဖြစ်သူ ပြည်သူ့လုပ်ငန်း ဝန်ကြီး မာ့က်ဗေလာ Mark Villar ဖြစ်သည်။ သူတို့က စီးပွားရေးကို ကိုင်တွယ်နေချိန်တွင် သမ္မတက လုံခြုံရေးနှင့် မူးယစ်ဆေး ကုန်သွယ်မှု တိုက်ဖျက်ရေးတို့ အပေါ်တွင် အလေးပေးခဲ့ပြီး လူသိများသည့် ဆောင်ရွက်မှုများ ဖြစ်လာသည်။ ထိပ်ဆုံးမှနေ၍ သူ၏ ခွင့်ပြုချက်များနှင့်အတူ အောက်လွှတ်တော်တွင် မဟာမိတ်များ အပါအဝင် လူများစု ဖြစ်နေခြင်းတို့ကြောင့် အခြေခံ အဆောက်အဦး အစီ အစဉ်များကို တွန်းအားပေးရန် ပိုမို၍ လွယ်ကူစေခဲ့သည်။ ဒီဇင်ဘာလအတွင်း အစိုးရက ၎င်းတို့၏ ပထမဆုံးဖြစ်သော အခွန်စနစ် ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို အတည်ပြုခဲ့ရာ အစိုးရ အလုပ်လုပ်နိုင်ရန် ပီဆို ဘီလီယံ ၉၀ အပို ရရှိလာခဲ့သည်။ ဘဏ္ဍာငွေ ရှာဖွေခြင်းကလည်း သံတမန်ရေးရာ ဗျူဟာ အပြောင်းအလဲတခုနှင့် အံဝင်ခွင်ကျ ဖြစ်ခဲ့သည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းက တရုတ်နိုင်ငံသို့သွားရောက်ခဲ့သည့် အချိန်တွင် ဒူတာတေက ဖိလစ်ပိုင် အစိုးရအတွက် ကာလရှည်ကြာစွာ စီးပွားရေးနှင့် စစ်ရေးမဟာမိတ် အဖြစ်ရှိခဲ့သော အမေရိကန်နိုင်ငံနှင့် ခွာပြဲကြောင်း ကြေညာပြီး တရုတ် စီးပွားရေးသမားများ၏ ထောက်ခံမှုကို ရယူနိုင်ခဲ့သည်။ မြို့တော်မနီလာ အတွက် တရုတ်နိုင်ငံက လှူဒါန်းမည့် တံတား ၂ စင်း အပါအဝင် တရုတ် အစိုးရ၏ ဘီလီယံ နှင့် ချီသော စီးပွားရေး ကူညီထောက်ပံ့မှုများ သေချာစေရန် ဒူတာတေက တောင်တရုတ်ပင်လယ်မှ ရေပိုင်နက် အငြင်းပွားမှု ပြဿနာကို ချောင်ထိုးထားလိုက်သည်။ တရုတ်နိုင်ငံကို ဗဟိုပြုထားသော်လည်း သမ္မတ ဒူတာတေက ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေ Shinzo Abe နှင့် နီးကပ်သော ဆက်ဆံရေး ရှိအောင် ပုံဖော်နိုင်ခဲ့သည်။ ဒါဗောင်းမြို့မှ သူ၏ အိမ်တွင် ဂျပန် ဝန်ကြီးချုပ်ကို ဧည့်ခံခဲ့သလို ဂျပန်နိုင်ငံသို့လည်း ၂ ကြိမ် သွားရောက်လည်ပတ်ခဲ့သည်။ ပြီးခဲ့သည့် နှစ် အတွင်းက မနီလာသို့ လာရောက်ခဲ့စဉ် အတွင်းတွင် ဖိလစ်ပိုင်နိုင်ငံ ကို ယန်းငွေ ၁ ထရီလီယံ( အမေရိကန် ဒေါ်လာ ၉ ဘီလီယံ) ထောက်ပံ့ရန် ရှင်ဇိုအာဘေက ကတိပြုခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံက ပါးနပ်သော ကစားပွဲတခုကို ကစားနေသည်။ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့ကဲ့သို့ မဟုတ်ဘဲ ၎င်း၏ အခြေခံ အဆောက်အဦး စီမံကိန်းများကို တရုတ်နှင့် ဂျပန်တို့၏ စိတ်ရှုပ်စရာ ပြိုင်ဆိုင်မှု ကြားထဲသို့ အရောက်မခံခဲ့ပါ။ ရထား ကဏ္ဍတွင် မြောက်ပိုင်း လမ်းကြောင်းများကို ဂျပန်သို့ ပေး၍ တောင်ပိုင်းကို တရုတ်သို့ ပေးခဲ့သည်။ “ကျနော်တို့ ဈေးကွက်ကို ဖြန့်ကျက်တာက စည်းချက်ကျကျ၊ ကြောင်းကျိုးဆီလျှော်မှု ရှိပါတယ်” ဟု ပို့ဆောင်ရေး ဝန်ကြီး အာသာတူဂါဒီက ပြီးခဲ့သည့် နှစ် အတွင်း ပြောကြားခဲ့သည်။ ရလဒ် အနေဖြင့် ဒူတာတေ၏ မူးယစ်ဆေး စစ်ပွဲအပေါ် လူ့အခွင့်အရေးနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း အမေရိကန်နှင့် ဥရောပက ပြောခဲ့ကြသည့်တိုင် တရုတ်နှင့် ဂျပန်တို့က နှုတ်ဆိတ်နေခဲ့ကြသည်။ ပြည်တွင်း ကုမ္ပဏီများ ဘေးရောက်သွားခြင်း မဖြစ်စေရန် အတွက် ဒူတာတေက (အကွီနို၏ နည်းလမ်း ကို ချိုးဖောက်၍) တင်ဒါမခေါ်ဘဲ ရောက်လာသည့် အဆိုပြုလွှာများကိုလည်း လက်ခံခဲ့သည်။ Alliance Global Group က မနီလာမြို့တော် အတွက် monorail (သံလမ်း တခုတည်း ပေါ်တွင်ပြေးဆွဲသည့် ရထား) စီမံကိန်း လုပ်ရန် ကြိုးစားနေသည်။ Ayala Corp နှင့် SM Investments တို့ ပူးပေါင်း၍ ပီဆို ၂၅ ဘီလီယံတန် အဆင့်မြင့် အခပေးလမ်း တည်ဆောက်ရေးကို အဆိုပြုထားသည်။ San Miguel က အမေရိကန် ဒေါ်လာ ၂ ဘီလီယံတန် ရေလွှမ်းမိုးမှု ထိန်းချုပ်ရေး စီမံကိန်းတခုကို ဆောင်ရွက်ရန် ဆန္ဒရှိနေသည်။ JG Summit Holdings နှင့် LT Group အပါအဝင် ကုမ္ပဏီ အုပ်စုကြီး များက မနီလာလေဆိပ် တိုးချဲ့ရေး စီမံကိန်းကို အဆိုပြုရန် ပူးပေါင်း ထားသည်။ အခြေခံအဆောက် အဦးစီမံကိန်းများ အပေါ် လူကြိုက်များမှုက ဖိလစ်ပိုင်နိုင်ငံ စတော့အိတ်ချိန်း၏ ညွှန်းကိန်းကို ပြီးခဲ့သည့် နှစ်အတွင်းက အကြိမ်ကြိမ် စံချိန်တင်မြင့်တက်စေခဲ့သည်။ တာဝန်ရှိသူများက ၂၀၁၈ ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်း များ ပိုပြီး အရှိန်မြှင့်ရန် ဆုံးဖြတ်ထားသည်။ ဇန်နဝါရီလ ၁၀ရက်နေ့က အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ချေးငွေ လက်မှတ်ထိုးသည့် အခန်းအနားတွင် ပြည်သူ့ လုပ်ငန်း ဝန်ကြီး မာ့က်ဗေလာ က “၂၀၁၇ က အရမ်းကို ပင်ပန်းတဲ့ နှစ်ပါ။ ဒါပေမယ့် ၂၀၁၈ ခု နှစ်ထဲမှာ စီမံကိန်းတွေ ပိုပြီး ရှိလာမယ်လို့ ကျနော်တို့ မျှော်လင့်နိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။ လူမှုစီးပွား စီမံကိန်း ဝန်ကြီး အာနက်စတိုပါနီယာ Ernesto Pernia က ၂၀၁၈ ခုနှစ်တွင် ဆောက်၊ ဆောက်၊ ဆောက် အစီအစဉ်က နိုင်ငံ တိုးတက်မှုကို ၁ ရာခိုင် နှုန်းမှ ၂ ရာခိုင်နှုန်း အထိ ထပ်တိုးစေနိုင်မည်ဟု ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပြောကြားခဲ့သည်။ “တနည်းပြောရရင် ကျနော်တို့ရဲ့ ဦးတည်ချက်ဖြစ်တဲ့ ၇ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းအထိတိုးလာဖို့က ပိုပြီး ဖြစ်နိုင်လာ ပါတယ်။” စုစုပေါင်း တန်ဖိုး ပီဆို ၁.၁၈ ထရီလီယံ ရှိသည့် စီမံကိန်း ၁၅ ခုက ဆောက်လုပ်ရန် ပြင်ဆင်သည့် အခြေအနေသို့ ရောက် ရှိနေပြီ ဖြစ်ကြောင်း ဘဏ္ဍာရေး ဌာနက ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပြောသည်။ အဆိုပါ စီမံကိန်းများအတွက် ဘဏ္ဍာငွေ မှာ နိုင်ငံခြားချေးငွေမှ ရရှိခြင်း ဖြစ်သည်။ ဒူတာတေဘောဂဗေဒက ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိနေသော်လည်း အချို့ က အကြွေးပိမည်ကို စိုးရိမ်ကြသည်။ တရုတ်နိုင်ငံက ငွေကြေးထောက်ပံ့သည့် ရထားလမ်းက မနီလာနှင့် သူ၏ ဇာတိ လူဇွန် Luzon တောင်ပိုင်းမှ ဘီကိုလ် Bicol တို့ကြားတွင် ခရီးသွားလာရေးကို ပို၍ လွယ်ကူစေမည် ဖြစ်သော်လည်း ဒုတိယ သမ္မတ လီနီရိုဘရီဒို Leni Robredo က စိုးရိမ်မှု ရှိနေသည်။ သူက ဒူတာတေကို ဝေဖန်သည့် ပါတီ တခုနှင့် သက်ဆိုင်နေသူ ဖြစ်သည်။ “ကျမတို့ စိုးရိမ်တာက သီရိလင်္ကာမှာ ကြုံတွေ့ခဲ့ရသလိုမျိုး အကြွေးထောင်ချောက်ထဲမှာ ပိတ်မိသွားမှာကိုပါ” ဟု လီနီရိုဘရီဒိုက အောက်တိုဘာလအတွင်းတွင် ပြောကြားခဲ့သည်။ သီရိလင်္ကာက တရုတ်နိုင်ငံကို ပေးဆပ်ရမည့် ကြွေးမြီ များစွာ ရှိနေခြင်းကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။ ၂၀၁၇ အောက်တိုဘာလအတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေနှင့်အတူ/Reuters အခွန်စနစ် ပြုပြင်ပြောင်းလဲရေးက မျှော်လင့်ထားသလောက် ဝင်ငွေ မရရှိခဲ့ပါ။ အခြားသော အခွန်စနစ် ပြောင်းလဲမှုများ အတွက် ပြင်ဆင်မှုများ ပြုလုပ်နေသော်လည်း ဒူတာတေ၏ ပင်မ ရည်မှန်း ချက်ဖြစ်သော အခြေခံဥပဒေ ပြင်ဆင် ရေးဆွဲရေး နှင့် ဖက်ဒရယ်စနစ်သို့ ကူးပြောင်းရေးက လွှတ်တော်ကိုယ်စားလှယ်များကို လွှမ်းမိုးထားနိုင်သောကြောင့် လတ်တလော စီးပွားရေးပြုပြင်ပြောင်းလဲရေးများကို လမ်းချော်စေနိုင်ပါသည်။ ချေးငွေများ ပိုမို၍ ဆက်လက်ရယူရသည့် အခြေအနေသို့ ရောက်ရှိသွားနိုင်ပါသည်။ မက်ခရို စီးပွားရေးအရကြည့်မည်ဆိုလျှင် “ဆောက်၊ ဆောက်၊ ဆောက်” အစီအစဉ်က နိုဝင်ဘာလအတွင်း စံချိန်တင် ဖြစ်ခဲ့သည့် ကုန်သွယ်ရေး လိုငွေပြမှုကို ပိုကျယ်ပြန့်သွားစေမည်ဟု မျှော်လင့်ရပါသည်။ တည်ဆောက်ရေးများ မြင့်တက် လာသည်နှင့်အမျှ သံမဏိနှင့် စက်ပစ္စည်းများ တင်သွင်းမှုက တိုးလာဖွယ်ရာ ရှိပါသည်။ ထိုသို့ သွင်းကုန်တိုးလာခြင်းက ဆယ်စုနှစ် တခုအတွင်းတွင် အများဆုံး အခြေအနေအထိ ကျဆင်းခဲ့ပြီး ဖြစ်သော ပီဆိုငွေကြေး အပေါ်တွင် ဖိအား ဖြစ်လာ နိုင်ပါသည်။ သမ္မတ ဒူတာတေ၏ စီးပွားရေး အဖွဲ့ အနေဖြင့် အကြွေးများကို စနစ်တကျ ဖြစ်အောင် လုပ်ခဲ့သော၊ အခွန် ကောက်ခံမှုစနစ်ကို တိုးတက်အောင် ပြင်ဆင်ခဲ့သော၊ ခိုင်မာအားကောင်းသည့် စီးပွားရေးတခု ချန်ထားပေးခဲ့သော ယခင် သမ္မတ အကွီနို၏ ကျေးဇူးကြောင့် အဆိုပါ စိုးရိမ်ဖွယ်ရာများကို အရေးမထားဘဲ နေနိုင်ပါလိမ့်မည်။ ဖိလစ်ပိုင် နိုင်ငံ၏ စီးပွားရေးသည် ၂၀၁၇ ခုနှစ်အတွင်းက အရှေ့တောင် အာရှတွင် အလျှင်မြန်ဆုံး တိုးတက်နေသည့် စီးပွားရေးတခု ဖြစ်ခဲ့ပြီး တိုးတက်မှုနှုန်းက ၆.၇ ရာခိုင်နှုန်း အထိရောက်ခဲ့သည်။ “ဖိလစ်ပိုင် နိုင်ငံက ပိုက်ဆံတွေ အများကြီး ချေးနေမှာကို လူတော်တော်များများက ကြောက်ကြတယ်။ ဒါပေမယ့် ကျနော် ထောက်ပြချင်တာ တခုက ကျနော်တို့ GDP မှာ အကြွေးရဲ့ ရာခိုင်နှုန်းက မှန်မှန် ကျဆင်းလာနေပါတယ်” ဟု ဘဏ္ဍာရေး ဝန်ကြီး ကားလော့စ်ဒိုမင်ဂွဇ်က ပြောသည်။ JICA မှ တာဝန်ရှိသူများနှင့် အတူ တက်ရောက်သည့် အခန်းအနားတခုတွင် သမ္မတ ဒူတာတေက နှစ်ကုန်သည့် အချိန် တွင် ရွှေခေတ်၏ အသီးအပွင့် တစုံတရာကို ရိတ်သိမ်းနိုင်မည်မှာ မသေချာဘဲ ရွှေခေတ်ဆိုသည့် စကားလုံးကို မသုံးစွဲရန် သူ့ ဝန်ထမ်းများကို အမိန့်ထုတ်ခဲ့သည်။ “ခင်ဗျားတို့ အဲဒါကို ကြေးလို့ပဲ ခေါ်ရလိမ့်မယ်” (Nikkei Asian Review ပါ Cliff Venzon ၏ Duterte has three words on infrastructure: ‘Build, Build, Build’ ဆောင်းပါးကို ဘာသာပြန်ဆိုသည်) The post ဒူတာတေရဲ့ ဆောက်လုပ်ရေး မဟာဗျူဟာ appeared first on ဧရာဝတီ.
Source : http://ift.tt/2DNgjsU
via IFTTT