ဘီယာကန်မှာ ဘီယာကူးရင်း ဘီယာသောက်မယ် ခေါင်းစဉ် ကြားလိုက်တာနဲ့ တမျိုးဖြစ်နေမှာပါ။ သို့ပေမယ့် ဘီယာနှစ်သက်သူတွေ၊ ခရီးသွားရတာ နှစ်ခြိုက်တဲ့ သူတွေ အတွက် တမျိုး တဘာသာ ထူးထူးခြားခြား ကျေနပ် ပျော်ရွှင်စရာ ဖြစ်စေမယ့် နေရာလေး တခုအကြောင်း ပြောပြပါမယ်။ ပုံမှာတွေ့ရတဲ့ အတိုင်း သာယာလှပတဲ့ တောင်ကုန်းတောင်တန်းများရဲ့ ပတ်ဝန်းကျင်ဒေသရဲ့ ရှခင်းတွေကို ခံစားပြီး ထူးခြားတဲ့ ဘီယာကန်လေးမှာ သွားရောက် အပန်းဖြေနိုင်ဖို့ ဖော်ပြပေးလိုက်ရပါတယ်။ သြစတြီးယား (Austria) နိုင်ငံမှာ “Starkenberger’s Castle” လို့ အမည်ပေးထားတဲ့ ရဲတိုက်မှာ ဖွင့်လှစ်ထားတဲ့ ဘီယာကန်တွေ အကြောင်းပဲ ဖြစ်ပါတယ်။ ရဲတိုက်ရဲ့ မြေအောက်ခန်းမှာ အနက် ၄ မီတာ (၁၃ ပေ) ရှိတဲ့ ရေကူးကန်တွေ ရှိပြီး တကန်ချင်းစီမှာ ဘီယာ ၄၂,၀၀၀ ပိုင့် (၅၂၅၀ ဂါလံ) ကို အပူပေးပြီး ဖြည့်ထားတာပါ။ အဲဒီ ဘီယာကန် ဝန်ဆောင်မူ လုပ်ငန်းကို ၂၀၀၅ ခုနှစ်မှာ စတင်ဖွင့်လှစ် ခဲ့တာပါ။ ရေပူရေနွေးစိမ်ရင်း အပန်းဖြေတတ် သူများ အတွက် ဘီယာ ရေနွေးကန်မှာ စိမ်တာဟာ ထူးခြားတဲ့ ခံစားမှုကို ပေးစွမ်းနိုင်မှာပါ။ ဘီယာကန်မှာ ဘီယာစိမ်ခြင်း အားဖြင့် အရေပြားမှာ ဖြစ်နေတဲ့ ထိခိုက်ဒဏ်ရာများ သက်သာပျောက်ကင်း စေသလို အဖုအပိမ့် ထွက်တာကိုလည်း ကာကွယ်ပေးပါတယ်။ ပြီးတော့ အသားအရေ အတွက် လိုအပ်တဲ့ အာဟာရတွေလည်း ပေးစွမ်းနိုင်တယ်လို့ ဆိုပါတယ်။ ဘီယာကန်မှာ ဘီယာစိမ်လိုသူများ အနေနဲ့ ကတော့ တကန်လုံး သီးသန့် အသုံးပြုလိုသူများ အတွက် တကန်ကို အမေရိကန် ဒေါ်လာ ၃၀၀ (ကျပ် ၃ သိန်းခန့်) ကျသင့်မှာ ဖြစ်ပြီး သာမန် တယောက်ချင်း အတွက်ကိုတော့ အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၀ (ကျပ် ၈ သောင်း ခွဲခန့်) ကျသင့်မှာ ဖြစ်ပါတယ်။ ဘီယာကန် တကန်မှာ လူ ၄ ယောက်တပြိုင်နက် စိမ်နိုင် ပါတယ်။ (www.curiousity.com တွင် ဖော်ပြထားသည့် You Can Swim In Warm Pools Of Beer at Starkenberger’s Castle ကို ငြိမ်းချမ်းစိုး ဘာသာပြန်သည်။) The post ဘီယာကန်မှာ ဘီယာကူးရင်း ဘီယာသောက်မယ် appeared first on ဧရာဝတီ.
Source : http://ift.tt/2vmNaDs
via IFTTT
No comments:
Post a Comment